MLBB Beginner Guide Page
Guide post for Mobile Legend Posting MLBB Videos, Posting Guide Line
10/09/2022
(ဘာကြောင့်ကြည့်နေတာလဲ သွား သူငယ်ချင်းတွေကို အကြောင်းကြားလိုက်တော့လေ)
EPIC SKIN ရမယ့် အခွင့် အရေးလာပြီနော်
×××
ကဲ ထမင်းစားရင်း ရေသောက်ရင်း တစ်တော့ပ်လေး ကစားရင်း ဆော်လေးကြူရင်း ကိုကိုနဲ့ တော်ကီပွားရင်း အလကားနေ အလကား MLBB ရဲ့ Epic Skin လေးရနိုင်မယ့် လမ်းကြောင်းလေး ပေးလိုက်ပါပြီ။
ပေ့အသစ်လေးမို့ လက်ဆောင်(Give Way) ပေါ့။ ဘယ်လိုလဲ ဆိုတော့ကာ....
ဟောဒီ ပိုစ်ကို ရှဲပေးပြီး ဒီအောက်မှာ ရှဲ ထားကြောင်း ကွန်းမန့်လေးတွေ လာမန့်ပေးလိုက်ဖို့ပါပဲ။ ရှဲပြီး မန့်တဲ့ ဘော်ဘော်တွေကို လကုန်ရက်မှာ Epic Skin ၅ ခု မဲနှိုက်ရွေးချယ်ပေးသွားပါ့မယ်။
ကဲ ဘာကြည့်နေတာလဲ သူငယ်ချင်းတွေကိုလည်း အကြောင်းကြား လာShare ခိုင်းတော့လေ..။
02/09/2022
Wing Talker / Scarlet Phantom/Beserker's Fury ဆိုတဲ့ Item သုံးခုရဲ့စွမ်းအားကို တင်ပြပေးပါ့မယ်။
လိုအပ်သလို သုံးနိုင်ပါတယ်။
(Wing Talker)
+++
STAT
+40% Attack Speed
+10% Crit Chance
+20 Movement SPD
PASSIVE
+++
5-3 စက္ကန့်တိုင်း၊ နောက်ထပ် Basic Attack သည် ရန်သူယူနစ် 3 ခုအထိ ထိမှန်ပြီး 150-362 Magic damage ပေးသည်။ Crit Chance 50% တက်လာသောအခါတွင် ဤအကျိုးသက်ရောက်မှု CD သည် အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး Attack SPD သည် 3.00 အထိ အမြင့်ဆုံးအထိ ကျဆင်းသွားပါသည်။ ဤတိုက်ခိုက်မှုသည် Crit Damage ဖြစ်စေနိုင်သည်။ Minions များအတွက် 400% Damage တိုးပေးသည်။
အသက်သွင်းပါ- တိုင်ဖွန်းမုန်တိုင်းကို ချလိုက်တိုင်း၊ လူတစ်ဦး၏ ရွေ့လျားမှုအမြန်နှုန်းသည် အချိန်တိုအတွင်း 30% တိုးလာမည်ဖြစ်သည်။
--------------------------------------
(Scarlet Phantom)
+++
STAT
+30 Physical ATK
+20% Attack Speed
+25% Crit Chance
PASSIVE
Frenzy- Crit hits သည် hero ၏ ATK Speed ကို 30% နှင့် Crit Chance 5% တိုးစေသည်။ နောက်ဆုံး ၂ စက္ကန့်။
--------------------------------------
(Beserker's Fury)
STAT
+65 Physical ATK
+25% Crit Chance
Passive
+40% ပြင်းထန်သောပျက်စီးဆုံးရှုံးမှု
PASSIVE
Doom- Crit hit သည် ဟီးရိုး၏ Physical Attack ကို 2 စက္ကန့်အတွင်း 5% တိုးစေသည်
----------------------------
#အားလုံးကို ချစ်ခင်လျက်
Beginner Guide
30/08/2022
တွဲဖက် အသုံးပြုလို့ရတဲ့ Item တွေကို အနည်းငယ် တင်ပြထားပါတယ်။ အလျဉ်းသင့်သလို အသုံးပြုကြပါ။
ဟီးရိုး အမျိုးမျိုးကို လိုသလို ခြယ်လှယ် ဆော့နိုင်ပေမဲ့ လက်သင်တချို့ အတွက်တော့ အလွယ်တကူရွေးချယ်နိုင်ပါလိမ့်မယ်။ တစ်ပုံချင်း ထောက်ပြီး စာလေးတွေ ဝင်ဖတ်ပေးဦးနော်။ ပြီးတော့ ရှဲပေးလည်း စိတ်မဆိုးပါဘူး
19/08/2022
ဆေးထိုးကြသူများ
+++
ဆေးထိုးတယ်ဆိုတာ ဘာလဲလို့ Beginner ဖြစ်စေ Old Service ဖြစ်စေ သိကြပါတယ်နော်။
ဟီးရိုး Pick ကတည်းက mm ၂ ကောင် ယူတာ၊ Mage ၂ ကောင်ယူတာမျိုးကစပြီဒ AFK လုပ်တာ ၊ Rank ချတာ ၊ ကိုယ့်လမ်းကိုယ် မသွားတာ၊ ဝင်မပစ်တာ၊ Buff လိုက်လုစားတာ တွေအ ပြင်၊ လမ်းမထိန်းဘဲ တစ်ယောက်တည်း ဆော့နေတာမျိုးတွေက အစပေါ့။
ဘယ်အရာက အဆိုးဆုံးလဲ၊ အားလုံးက ဆိုးပါတယ်၊
ပွဲတစ်ပွဲမှာ hyper ကစားတဲ့သူဟာ ပထမဆုံး သားကောင်တွေ အမြန် စားရမယ်။ ဒါကို ကိုယ့်လူက အတင်းတွေ လိုက်စားနေတာမျိုးက ကိုယ့်ရဲ့ Farming ကို တက်မလာစေလို့ ကြမ်းလာဖို့ အတော် ကြာပါတယ်။
ဒါက ဟိုက်ပါတစ်ကောင် အတွက် အကြီးဆုံး အန္တရာယ်ပါ။ ဒါကို မတွေးတဲ့ သူတွေက သူတို့ ဟီးရိုးပါဝါ တက်စေဖို့ ရည်ရွယ်ပြီး ကိုယ့်အသင်း ဟိုက်ပါ ရဲ့ သားကောင်တွေကို အတင်းလိုက်စားနေရုံနဲ့ တက်လာမှာ မဟုတ်ပါဘူး။
ဟိုက်ပါကို ဥ◌ီးစားပေး ရမှာကို အားလုံး သတိထားပေးဖို့ လိုပါတယ်။ သဲထဲရေသွန် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေမှာ ဖြစ်လို့ပါ/
ဟီးရိုး အမျိုးအစားတူ ၂ ကောင်ရွေးလိုက်ရင် ဖြစ်လာတဲ့ ပြသနာ တစ်လမ်းတည်း နှစ်ကောင်ထပ်နေတာမျိုးပါ။ ဒါက ရွှေရမယ့်ဟီးရိုးအတွက် ရွေးတစ်ဝက်ခွဲပေးနေရသလို ဖြစ်တာအပြင် Damage စုမယ့် ဟီးရိုးတွေအတွက် Damage တစ်၀◌က်ခွဲပေးနေရသလိုပါပဲ ။
လမ်းထိန်းတဲ့ နေရာမှာ သူထိန်းရမလို ငါထိန်းရမလိုတွေ ဖြစ်ပြီး လွတ်သွားတတ်ပါတယ်။ လမ်းဘေးမှာ ရှိတဲ့ သားကောင်လေးတွေကို လည်း လုစားနေရတာမို့ ဟီရိုးနှစ်ကောင်လုံး အတွက် အကျိုးမဖြစ်ထွန်းပါဘူး။
ကိုယ့်လမ်းကိုယ် မသွားတဲ့ ပြသနာတွေ ကြုံပြီဆိုလည်း ဒါဆေးထိုးတယ်လို့ သုံးနိုင်ပါတယ်။ mm က အလယ်တွေ ဇွတ်သွားနေတာ၊ mage က အပေါ်တွေ အောက်တွေကနေ စတက်တာ တွေက အသင်းကို များစွာထိခိုက်စေပါတယ်။ ဒါမျိုးတွေလည်း တွေ့တွေ့နေရလို့ ဒီလူတွေကိုလည်း ဆေးသမားတွေလို့ သတ်မှတ်ပါတယ်။
နောက် အချင်းချင်း ရန်ဖြစ်ပြီး မကစားတော့တာမျိုး၊ ဒါလည်း သိပ်ကြောက်ဖို့ကောင်းပါတယ်။ ကြယ်တစ်လုံးစုဖို့က ခက်ခဲတယ်ဆိုတာ Rank မြင့်လာတာနဲ့ အမျှ သိသာလာမှာပါ။ ဒါကို ပွဲထဲဝင်ပြီး မဆော့တော့ဘဲ သွားချင်ရာသွား၊ သေချင်သလို သေနေကြတာတွေက အတော်ဆိုးတဲ့ ပြသနာပါ။ ဒါကြောင့် ချော့မော့ပြီး ပွဲကစားသင့် ကစားရဦးမှာပါ။
Tank ဆေး ဆိုရင် သေချာတယ် Battle တွေ မဝင်တော့ဘူး။
Hyper ဆေးဆိုရင် သေချာတယ် Buff ကလွဲပြီး ဘာကိုမှ မတိုက်ခိုက်တော့သလို မသေအောင် ရှောင်နေတော့မယ်။
Mage ဆေးဆိုရင် သေချာတယ် အလယ်တိုင်ကို အခမဲ့ ၀◌န်ဆောင်မှုနဲ့ ပေးတော့မှာ
MM တွေဆေးထိုးြပီဆိုရင်တော့ တဖုတ်ဖုတ်ေကြွပြပါတော့မယ်။
ဒီကြားထဲ ကိုယ့်စခန်းထဲကိုယ် ဝင်ရင်း စခန်းကို ယောက်ခမအမွေလို လွတ်မှာစိုးလို့ ခိုကပ်ရင်း ထွက်ကို မဆော့တော့တာမျိုးတွေကလည်း ရှိသေး။
နောက် အသေကြမ်းတဲ့ ဆေးကောင်တွေကျ တိုင်တွေထဲက ပြေးပြေးဝင်တာ ဝင်တာ ဆိုတာ..
ဆေးတွေကတော့ အမျိုးအစားစုံပါတယ်။ ကိုယ်တွေ လုပ်ရမှာက ကိုယ့်ဘာသာ ပုံမှန်ပဲ ဆော့နေဖို့နဲ့ မဆဲဘဲ ဆော့တတ်ဖို့ လေ့ကျင့်နေရုံပါပဲ။ ဘုရားရှိခိုးပြီးလည်း ဆုတောင်းကြည့်ပေါ့.
အဲ့တော့ဆေးများနိုင်တယ်ထင်ရင် Solo ကစားတဲ့သူတွေက ကြမ်းပေ့ရမ်းပေ့ဆိုတာတွေ ကိုင်ပါ။ တိုင်ကို ရှယ်ပက်ကေ့နဲ့ ခိုးပါ။ ဆဲမနေပါနဲ့။ ဒါကတော့ ဆေးတွေ နဲ့ ဆုံပြီဆိုရင် ကစားသင့်တဲ့ ပုံစံပါပဲ။
ကဲ ကိုယ့်လူတို့လည်း ဆေးလောကကြီးထဲက MLBBMBBS တွေကို ရှောင်ရှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်/
ကိုယ့်တို့ရဲ့ ပေ့လေးကိုလည်း လိုက်ကလေးတွေ ရှဲကလေးတွေ မစကြပါဦးလို့..။
03/08/2022
Hyper တစ်ကောင် စတင် အသုံးပြုခြင်း
=====
Hyper(HP) ကတော့ စတင်ကစားသူတွေ အကိုင်နည်းပြီး ကိုင်ရတာ အနည်းငယ် ခက်တဲ့ ဟီးရိုးထဲမှာပါပါတယ်။
ဟိုက်ပါ အခုမှ ကစားချင်သူတွေ အတွက် လိုအပ်တဲ့ နည်းစနစ် အနည်းငယ်ကို တင်ပြပေးချင်ပါတယ်။
ကစားသက်ရင့်နေသူတွေ ဟိုက်ပါကိုင်နေတာ လိုက်ကိုင်ချင်လို့ ဖြစ်စေ မိမိဘာသာ နှစ်သက်လို့ ဖြစ်စေ
စတင်ကစားတော့မယ်ဆိုရင် ဟိုက်ပါရဲ့ တာဝန်တွေကို အရင်ဆုံး သိထားသင့်ပါတယ်။
(၁) တောတိုးကစား နိုင်ရမယ် ( သားကောင် Farm တတ်ရမယ်)
(၂) ဟီးရိုး Level အမြန်တက်နိုင်ရမယ်
(၃) ချောင်းမြောင်းတိုက်ခိုက်တတ်ရမယ်
(၄) မြေပုံကို အမြဲတစေ ကြည့်နေရမယ်
(၅) Early Game (ဂိမ်းအစောပိုင်း) မှာ အသေနည်းနိုင်သမျှ နည်းအောင် ဆော့ရမယ်
(၆) Item ကောင်းကောင်း ဆက်နိုင်ရမယ်
(၇) လမ်း အစုံကို Roam ကစားနိုင်ရမယ်(မြေပုံကြည့်ပြီး လမ်း သုံးလမ်းကို ပြေးလွှားကားနိုင်ရမယ်)
ဒါကတော့ ဟိုက်ပါကောင်းတစ်ယောက် လိုအပ်တဲ့ အချက်တွေပါပဲ။ တစ်ပွဲကို ဟိုက်ပါက တစ်ယောက်ပဲ ယူသင့်တာတော့ သိထားရပါ့မယ်။
(၁) တောတိုးနိုင်ဖို့ ဆိုရင်တော့ Spell ကို Retribution ယူထားဖို့ လိုပါတယ်။
Retri Spell ဆိုတာတောင် တချို့ မသိသေးရင်တော့ လက်ပုံစံ Spell ကို ဆိုလိုတာပါ။
Spell တွေ အကြောင်း ကျွန်တော် တင်ပြတဲ့ အခါ ပြည့်စုံအောင် ဖော်ပြပေးပါ့မယ်
လက်ပုံစံ Spell လေးဟာ သားကောင်ကို စားတဲ့ နေရာမှာ ပိုမိုမြန်ဆန်စေပြီး သားကောင် ရဲ့ သွေးအနည်းငယ်လေး ကျန်တဲ့ အချိန်မှာ ဖိနှိပ်ပြီး အမြန်ရအောင် စားလို့ ရပါတယ်။
ဒါကတော့ ရန်သူက လာလုနေတာမျိုးတွေ၊ ရန်သူ့ ဘက်က သားကောင်ကို ကိုယ်က သွားလုစားတာမျိုးတွေမှာ အသုံးပြုဖို့ ပိုလိုပါတယ်။
ဒီနည်းကို ရီထရီ ပေါက်တယ်လို့ အများက သုံးကြပါတယ်။
(၂) တောထဲဝင်တဲ့ အခါ ပထမဆုံး အလယ်လမ်းဘေးက လမ်းလျှောက်နေတဲ့ ဂေါ်ဖီထုတ်ပုံစံ( Walking Crack) သားကောင်လေး ရှိတဲ့ Buff ကို
အရင်ဆုံး စားသင့်ပါတယ်။ ဒီဂေါ်ဖီထုတ်ကလေးဟာ ပွဲအစပိုင်းမှာ Farming တက်ဖို့ များစွာ အထောက်အကူပြုပြီး ရန်သူဘက်ကလည်း
ဒါကို ဦးတည်ပြီး လုစားဖို့ ကြိုးစားမှာမို့ ကိုယ်ပထမဆုံးစစားမယ့် သားကောင်ဟာ အဲဒီဂေါ်ဖီထုတ်နဲ့
နီးတဲ့ သားကောင်ကို အရင် စားသင့်တယ်လို့ ဆိုလိုတာပါ။ အမြန် ပြေးလုနိုင်ဖို့ပါ။ ဒီဂေါ်ဖီထုတ်စားတဲ့ အချိန် ရန်သူဘက်က လာလုနိုင်ချေ တအားများတာကြောင့်
ရီထရီပေါက်သင့် ပေါက်နိုင်အောင် ရီထရီ( Retri) ကို ချန်ထားသင့်ပါတယ်။ နောက် ဘက်နီ( Blue) ဘက်ပြာ( Red Buff) တွေကို စနစ်တကျ စားပြီးတာနဲ့ တာတယ်(လိပ်) ကို ချောင်းမြောင်းစားသောက်ဖို့ ကြိုးစားရမှာပါ။
လိပ်စားမယ့် အချိန်မှာ ကိုယ့်ရဲ့ (Retri Spell) ဟာ အသင့် ဖြစ်နေဖို့တော့ လိုပါတယ်။
ကိုယ့်ရဲ့ Resistant ရော Damage ရောတက်လာစေတဲ့ အပြင် Hero Level ပါ တက်ဖို့ မြန်ဆန်စေလို့ လိပ်ကို နှစ်ဖက်အသင်း Hp တွေဟာလုယက် စားသောက်လေ့ရှိပါတယ်။
လိပ်(တာတယ်လ်) စားနိုင်ခြင်းက အသင်းတစ်ခုလုံးအတွက်ပါ ခံနိုင်ရည်စွမ်းအား တိုးသွားစေပြီး အသင်းရဲ့ Network ကိုလည်း တက်လာစေပါတယ်။
အဲ့လိုနဲ့ စနစ်တကျ အမြန်ဆုံး farm နိုင်လေ ဟီးရိုး Level အမြန်ဆုံး တက်နိုင်လေ ဖြစ်ပါတယ်။
(၃) ချောင်းမြောင်း တိုက်ခိုက်တတ်ဖို့ ဆိုတာကတော့ ဟိုက်ပါတစ်ကောင်ရဲ့ တာဝန်တစ်ခုပါပဲ။ သွေးနည်းနေတဲ့ ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ရင် Damage မြန်မြန် ထိစေသလို၊ Cold down လျှော့ချမှုအတွက်လည်း အဆင်ပြေစေပါတယ်။
သွေးတက်ကြမ်းတဲ့ ဟိုက်ပါ တွေဆိုရင် ရန်သူကို သတ်တာနဲ့ ကိုယ်သွေး ၂၅% လောက်က အသာလေး ပြန်တက်ပါတယ်။ Battle တွေမှာ ကိုယ့်ဘက်က Tank တို့ Mage တို့ ရင်ဆိုင်နေတဲ့ မြေပုံကြည့်ပြီး ချောင်းမြောင်း သတ်နိုင်ဖို့ အမြဲ အနီါ်အနားက ချုံပုတ်တစ်ခုခုကနေ ပြင်ဆင်နေရပါ့မယ်။
ကိုယ့် ဝင်ပိုင်းတဲ့ ရန်သူဟာ တစ်ချက်တည်းနဲ့ ပျောက်မသွားဘူးဆိုရင်တောင် ကိုယ့်မှာရှိတဲ့ သွေးနဲ့ Damage နဲ့ ရန်သူကို ဆက်တိုက်ခိုက်သင့်လား၊ ပြေးသင့်လားဆိုတာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။
တစ်ခါတလေမှာ ကိုယ်က ကြမ်းနေပါပြီဆိုပြီး မဖြစ်နိုင်တဲ့ အရာတွေ လုပ်နေတဲ့ သူတွေ ရှိတတ်ပါတယ်။ ရန်သူကို ဘယ်တော့မှ အထင်မသေးပါနဲ့။
(၄) မြေပုံကြည့်ဖို့ ကတော့ ဘယ်သူမဆို( ဘယ်ဟီးရိုးမဆို) လိုပါတယ်။ ဘယ်ဘက်ထောင့်မှာ ရှိတဲ့ မြေပုံ အကွက်ကလေးကို အမြဲ စစ်ဆေးကြည့်ပြီး လမ်းချိန်းတာ၊ လှည့်ပတ်သွားလာတာမျိုးတွေ၊ တာဝါတွေကို လှည့်ထိန်း ကူထိန်းပေးတာမျိုးတွေ ကအစ ပြုလုပ်နေဖို့ လိုပါတယ်။
(၅)အချက်ကတော့ ရိုးရှင်းပါတယ်။ မသေအောင် ရှောင်နိုင်သမျှ ရှောင်ဆော့တာမျိုးကို ဆိုလိုတာပါ။ ခနခန သေနေတဲ့ ဟီးရိုးတစ်ကောင်ဟာ Level လည်း တက်မလာသလို၊ အသင်းအတွက်လည်း များစွာ ထိခိုက်ပြီး Damange ထွက်လာဖို့လည်း နှေးကွေးနေမှာ ဖြစ်ပါတယ်။
( ၆) Item ဆက်နိုင်ဖို့ကတော့ Item တွေကို နားလည်ဖို့ လိုတာမို့ ကျွန်တော် Item တွေအကြောင်း တင်တဲ့ အခါမှ ပိုမိုလေ့လာပေးကြပါ။ လတ်တလော စဆော့ဆော့ချင်းတော့ ဂိမ်းထဲရောက်ခါနီး ဟီးရိုးရွေးချယ်ချိန်မှာ (ပြင်ဆင်ခြင်း) လို့ ပြတဲ့ နေရာထဲမှာ အသုံးများတဲ့ Item တချို့နဲ့ ပရိုပလေယာတွေရဲ့ Item တွေကို ပေးထားတာမို့ ရွေးချယ်သုံးစွဲနိုင်ပါတယ်နော်။
(၇) Roam တယ်ဆိုတာကတော့ လမ်းအစုံကို လိုအပ်သလို လိုက်ဖြည့် ကစားတာကို ဆိုလိုတာပါ။ မြေပုံကြည့်ပြီး လိုအပ်တဲ့ နေရာကို ကူးပြောင်း တတ်ဖို့ ဟိုက်ပါတွေမှာလည်း တာဝန် အပြည့်ရှိပါတယ်။
ဟိုက်ပါကစားလို့ ရတဲ့ ဟီးရိုးတွေကို တင်ပြရရင်တော့ အရမ်းများနေမှာမို့ မတင်ပြတော့ပါဘူး။ Role အနေနဲ့ကတော့ Maskman, Assasin,Fighter တွေ ဆော့လေ့ ရှိပြီး၊ အလိုက်ဖက်ဆုံးကတော့ Assasin တွေ ဖြစ်ပါတယ်။ တစ်ခါတလေ Role အစုံ ကို Hyper ကစားတတ်သူတွေကတော့ အဆင်ပြေသလို ဆော့တတ်ကြပါတယ်။
ဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးပါနော်။ နောက် ပိုစ်တွေလည်း ဆက်လက် အားပေးကြပါဦး။ Like လေး Share လေးလည်း မစပေးခဲ့ကြပါဦးနော်။
02/08/2022
Maskman (mm) အခြေခံ ကစားနည်း
===
အခြေခံ အချက်တွေပဲ ဖြစ်လို့ အစပြုကစားလိုသူလေးတွေနဲ့ တကယ် လုံးလုံး နားမလည်သေးသူတွေ အတွက် ပို အဆင်ပြေစေပါတယ်နော်။
mm လို့ ခေါ်ကြတဲ့ Maskman တွေဟာ အများအား ဖြင့် သွေးအားပျော့တတ်ကြပြီး၊ စစချင်းမှာ ထိရောက်တဲ့ Damage ပေးနိုင်ဖို့ ခက်ခဲကြပါတယ်။ သူတို့ကို များသောအားဖြင့် မြန်မြန် Damage ထွက်ချင်တယ်ဆိုရင်တော့ အပေါ်လမ်း( Gold Lane) ကိုသွားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့Maskman တစ်ကောင်ဟာ Level အနိမ့်ဆုံး ကာလမှာ တပ်သားလေးတွေကို Gold Lane ကနေ အမြန်ဆုံး ပစ်ခတ်ရှင်းလင်းပြီး ငွေရအောင် စုဖို့ လိုတာကြောင့်ပါ။
တချို့ကတော့ လူမသွားတဲ့ လမ်းကို သွားပေးတတ်ကြတယ်။ ဒါပေမဲ့ နည်းစနစ်တကျ ဆော့ဖို့ ဆိုရင်တော့ Maskman တွေဟာ Gold Lane ကိုပဲ သွားသင့်ပြီး လိုအပ်တဲ့ အခါ Gold Lane က သားကောင် အသေးတွေကို စားပေးသင့်ပါတယ်။
Maskman တစ်ကောင်ဟာ များသော အားဖြင့် နည်းစနစ်အမှန်အတိုင်း တဖြည်းဖြည်း ကစားပေးနေရုံနဲ့ Level မြင့်လာတဲ့ အခါ Damage Output ပြင်းပြင်းကို အလိုလို ရရှိလာတတ်ပါတယ်။
အကယ်လို့ Hp(Hyper) ကစားတဲ့ Maskman တချို့ကတော့ တောတိုးခြင်းကို အစောပိုင်းပြုလုပ်ရမှာဖြစ်ပြီး အဲ့လို လုပ်တဲ့ အခါ အခြား Roam ထားတဲ့ ဟီးရိုးတစ်ကောင်ကောင်က Maskman ရဲ့ Gold Lane ကို သွားဖြည့် ကစားပေးရမှာ ဖြစ်ပါတယ်။ Maskman တွေကို တောတိုးကစားဖို့ ဆိုတာ ကိုယ့်ဘက်က အသေအချာ ကစားတတ်တဲ့ ကစားသမား မျိုး ပါပြီး ကိုယ်နဲ့ အချိတ်အဆက်မိမှသာ ကစားသင့်တာဖြစ်ပါတယ်။
နို့ မဟုတ်ရင် လမ်းထိန်းတဲ့ နေရာမှာ သူသွားရနိုးနိုး ငါသွားရနိုးနိုး တွေ ဖြစ်ပြီး Tower တွေကို ပေးရတတ်ပါတယ်။
Maskman တစ်ကောင်ကို သေသေချာချာ ဖြည်းဖြည်းချင်း ကစားချင်ရင်တော့ Hp မဆော့ဘဲ Gold Lane ကိုသာ သွားဖို့ အကြံပြုပါရစေ။
တချို့က ဟီးရိုးရွေးချယ်တဲ့ နေရာမှာ Maskman ကိုတောင် ဘယ်သူတွေမှန်း မသိသေးတာတွေ ရှိနေပါတယ်။
လက်တလော Maskman စစ်စစ် ဖြစ်တဲ့ ဟီးရိုးတွေကတော့ အောက်ပါအတိုင်းပါပဲ။
- Mira
- Layla
- Bruno
- Clint
- Brody
- Hanabi
- Granger
- Natan
- Beatrix
- Melisa
- Moskov
- Wan Wan
- Claude
- Kimmy
- Popol & Kupa
- Karrie
- leslay
- Erithal
ဒါတွေက Maskman စစ်စစ်တွေ အဖြစ် အသုံးပြုကြတာတွေ ဖြစ်ပြီး၊( ကျန်ခဲ့တာရှိလည်း မန့်ပေးကြပါနော်) ကျန်တဲ့ အမျိုးအစားရောပြီး သုံးလို့ရတဲ့ နှစ်မျိုးစပ် Maskman တွေကတော့
- Yesung Shin (Ass+mm)
- Malthida (mm+mage)
- Edith (mm+ tank)
- Roger (fighter+mm)
တို့ပဲ ဖြစ်ကြပါတယ်။ အများကြီး ကျန်နေပါသေးတယ်။ အခြား ကျန်နေတဲ့ နှစ်မျိုးစပ် Maskman တွေကို မန့်ပေးလို့ ရပါတယ်နော်။
ကဲဒါလေးကတော့ Maskman ကစားချင်တဲ့ ပလေယာ အသစ်လေးတွေ အတွက် အလွယ်ကူ အရိုးရှင်းဆုံး ပြောပြပေးလိုက်တာဖြစ်ပါတယ်။
-Guide-Page
02/08/2022
ဟီးရိုး အမျိုး အစားများ နှင့် ဟီးရိုး Pick ခြင်း
------------------------------ -----------------------
အခြေခံ အနေနဲ့ Hero Pick တဲ့ အခါမှာ လိုအပ်တာလေးကို စပြီးပြောပြပေးပါ့မယ်။
တစ်ဖက်(၅) ဦးစီ ကစားရတဲ့ ဂိမ်းဖြစ်တာနဲ့ အညီ ဟီးရိုး အမျိုးအစား (Role) ၆ မျိုးထဲက ရွေးချယ်နိုင်ပါတယ်။ ဘယ်လို Role တွေဆိုတော့
- Maskman
- Fighter
- Tank
- Mage
- Assasin
- Support အစရှိတဲ့ အမျိုးအစားတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခုမှ စဆော့တဲ့ သူတွေ အတွက် ဘယ်ဟီးရိုးက ဘာအမျိုး အစားလဲဆိုတာကို သိဖို့ Hero ဆိုင်မှာ ဝင်လေ့လာထားဖို့လည်း လိုပါသေးတယ်။
ဟုတ်ပြီ။ Role တွေကို သိပြီဆိုပါစို့။ ဘယ်လိုတွေ ရွေးချယ် ကြမလဲ။
တစ်ဖက် (၅) ဦးစီ ကစားရတဲ့ ဂိမ်းမို့ Role(6) Role ထဲက ၁ မျိုးကိုတော့ ဖယ်ထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ Role တစ်ခုကို တစ်ယောက် ကိုင်မယ်ဆိုရင် အသင့်တော်ဆုံးပါပဲ။
ဥပမာ - Maskman, Mage, Fighter, Assasin နဲ့ Tank အတွဲမျိုးက အသင့်တော်ဆုံး တွဲစပ်မှုလို့ သတ်မှတ်လို့ ရပါတယ်။
ရန်သူဘက်ကို ကြည့်ပြီး အပြောင်းအလဲ လုပ်နိုင်ပေမယ့် Support တစ်ကောင်ကောင်နဲ့ တွဲစပ်ကိုင်တွယ် တာမျိုးမှ မဟုတ်ရင် Role တစ်ခုထဲကို နှစ်ယောက်ထပ်နေတာမျိုးက များသော အားဖြင့် မယူသင့်ဘူးဆိုရပါ့မယ်။
တချို့ ငါကိုင်ချင်တာ ကိုင်မယ်ဆိုတာမျိုး (ငါကျွမ်းတာ ငါ ကိုင်မယ်) ဆိုတဲ့ လူတွေရှိနေတတ်ပါတယ်။ ဘာလို့ မကိုင်သင့်ဘူးလို့ သတ်မှတ်ရသလဲ ဆိုရင်တော့ ဂိမ်းမှာ လမ်း(၃) လမ်းကို သွားရတာပါ။
- S (Gold Lane)
- E (Exp Lane)
- M (Mid Lane) ဆိုပြီး သုံးလမ်းကို ခွဲသွားရတဲ့ အခါ သက်ဆိုင်ရာ လမ်းတွေကို သက်ဆိုင်တဲ့ ဟီးရိုးတွေက သွားရပါတယ်။ အသွားသင့်ဆုံးနဲ့ အလိုက်ဖက်ဆုံးတွေကတော့
Gold Lane ကို Maskman... Mid Lane( အလယ်လမ်းကို) Mage.... Exp Lane ကို Fighter တွေ သွားတာ အသင့်တော်ဆုံး ဖြစ်လို့ပါ။
ဘာလို့ အဲ့လို သတ်မှတ်ထားကြတာလဲ။
ဟုတ်ကဲ့ပါ။ ဥပမာ mm (Maskman) တွေဟာ ရွှေ ရနိုင်တဲ့ Gold Lane ကိုသွားမှသာ ဟီးရိုး Level အတက်မြန်ပြီး အချိန်တိုတိုနဲ့ ထိ ရောက်တဲ့ Damage တွေ ပေးနိုင်မှာ ဖြစ်ပြီး။
Fighter အများစုဟာ ပွဲအစမှာ ရန်သူနဲ့ ထိတွေ့မှု ရှိတဲ့ အခါ ပိုပြီး ပြင်ထန်တဲ့ Damage ပေးနိုင်ဖို့ Exp Lane က creek( တပ်သားလေးစတွေကို) အမြန်ဆုံး ရှင်းဖို့ လိုပါတယ်။ အလယ်လမ်း( Mid Lane) ဟာ ရန်သူဘက်က အလာနိုင်ဆုံးနဲ့ အချက်အချာ အကျဆုံး လမ်း ဖြစ်တာကြောင့် အစောပိုင်း Damage များများ ထုတ်နိင်တဲ့ Mage တွေက တာဝန်ယူသင့်တာ ဖြစ်ပါတယ်။
Tank တွေ အနေနဲ့တော့ ပွဲကို ထိန်းကျောင်းဖို့၊ ကိုယ့်လူတွေကို အရှေ့ကနေ မားမားမတ်မတ် ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ နေရာတွေဆီ ပြေးသွား ကူးပြောင်း ကစားကြရတာပါ။ ဒါကို ( Roam) တယ်လို့ ဆိုကြပါတယ်။
ပွဲတစ်ပွဲမှာ ကိုယ့်ရဲံ Damage Output များများ ထိစေနိုင်ဖို့ တောထဲက Buff လို့ ခေါ်တဲ့ သားကောင်တွေကို သတ်ရတဲ့ (Farm) ရတဲ့ Hyper( တောတိုးသူ) ဆိုတာ သီးသန့် ပါသင့်ပါတယ်။ ဒါမှ အဆုံးသတ်ပိုင်းမှာ ရန်သူတွေကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အားတစ်ရပ် ရရှိစေမှာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ယူဖို့ တစ်ယောက်က အမြဲ ရှိနေသင့်ပြီး အလိုက်ဖက်ဆုံးကတော့ Assasin နဲ Fighter တွေပါပဲ။
ဒါကြောင့် သက်ဆိုင်ရာ လမ်းတွေကို တာဝန်ယူ ရွေးချယ်ရမှာ ဖြစ်ပြီး လမ်းတူဟီးရိုး ထပ်မသွားဖို့နဲ့ ကိုယ့်တာဝန်ကိုယ် လွတ်လွတ်လပ်လပ် ယူနိုင်ဖို့ ဟီးရိုးတွေ ထပ်မသွားသင့်တာ ဖြစ်ပါတယ်။
ဒါက အခြေခံ သဘောတရားကိုသာ ပြောပြခြင်းဖြစ်ပြီး လိုအပ်တဲ့ အခါတော့ Support, Fighter, Tank, Assasin တွေဟာ အလဲ အလှယ်နဲ့ ရန်သူ့ ဟီးရိုးတွေကို ကြည့်ပြီး ကစားကြရတာမျိုး ရှိပါတယ်။ စကစားမယ့် သူတွေကတော့ အစောက ပြောခဲ့တဲ့ အတိုင်းကိုသာ ဦးတည်ကစားတာ အကောင်းဆုံး ဖြစ်ပါတယ်။
ဟီးရိုးရွေးချယ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် Role တူနေကြရင် ကစားပွဲ အခက်အခဲ ဖြစ်လာနိုင်ပြီး လမ်းတစ်ခုခုမှာ လစ်လပ်သွားတာမျိုး ကြုံနိုင်လို့ အတတ်နိုင်ဆုံး သည်းခံ ရွေးချယ်ပေးနိုင်ကြဖို့တော့ လိုပါတယ်။ ကိုယ်က Mage ကို ကျွမ်းတယ်။ ဒါပေမဲ့ အရင်ဆုံး တစ်ယောက်က Mage ကို Pick လိုက်ပြီဆိုရင်တော့ ကိုယ်က အခြား ဟီးရိုးကို ရွေးချယ်ပေးသင့်ပါတယ်။ ဒါကြောင့် ဟီးရိုးကိုင်တဲ့ အခါမှာ တစ်ကောင်တည်း ကိုင်တတ်တာ သုံးကောင်လောက်ပဲ ကိုင်တတ်တာမျိုး ဖြစ်မနေအောင် လေ့ကျင့်တဲ့ အခါကတည်းက Mage, Maskman, Fighter, Tank, Assasin, Support စသဖြင့် တစ်ကောင်စီ(သို့) နှစ်ကောင်စီလောက်ကို လေ့ကျင့်ထားကြဖို့ လိုပါတယ်။
ဟုတ်ကဲ့ပါ။ အခု ပြောပြတာလေးကတော့ မိုဘိုင်းလိဂျန့် စဆော့မယ့် လူငယ်တွေအတွက် သာဖြစ်ပြီး ပရိုတွေကတော့ ပွဲအလှည့်အပြောင်းကို ကြည့်ပြီး ရွေးတတ်ကြတာမို့ မပြောလိုပါဘူး။ နောက်တစ်ဆင့်ကျရင်တော့ Spell တချို့ အကြောင်းနဲ့ Hp ဘယ်လိုကစားကြတယ် ဆိုတာလေး ပြောပြပေးသွားပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ like & Share လေးနဲ့လည်း ကူညီပေးကြပါဦးနော်။
ကဲ ပေ့လေးကို တစ်တော့က ဖိုင်လေးနဲ့ မိတ်ဆက်လိုက်ပြီ ကောင်လေးတွေ အတွက် Ahah
31/07/2022
ကဲ Bro တို့ Sis တို့ရေ
ဒီ ပေ့လေးကတော့ မိုးဘိုင်းလိဂျန့် ဝါသနာရှင် Beginner လေးတွေ အတွက် ရည်ရွယ်ပါတယ်..။ ဘာတွေတင်မလဲဆိုတော့ မိုဘိုင်းလိဂျန့် ဂိမ်းကို စတင်ကစားသူတွေ နားလည်ဖို့ လိုအပ်တဲ့ Item တွေ Emblem Set တွေ အကြောင်း အပြင် ဟီးရိုး ကစားပုံ တစ်ချို့နဲ့ စကေးဗွီဒီယိုတွေ ဟာသတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ပေ့ဆက်သူဟာ ပရိုတစ်ယောက် မဟုတ်ပါဘူး။ MLBB ရူးသွပ်သူတစ်ဦးသာ ဖြစ်ပြီး လူငယ်သူငယ်ချင်းများ ပြုံးပျော်စေရန်၊ ဗဟုသုတ ရစေရန်၊ နည်းစနစ်ကျကျ ကစားတတ်စေရန် ရည်ရွယ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Like & Share လေးနဲ့ ကူညီပေးကြမှာ မဟုတ်လား..။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Insein
13051