M1 Plaza
M1 Plaza is Myanmar’s first virtual retail shopping platform serving the local businesses & consumers with a wide varieties of products and services.
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေပေးချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါသည်။
Online payment, Bank transferများဖြင့်လည်း ပေးချေနိုင်ပါပြီ။
23/01/2023
ချစ်တို့ရေ😍 thai ပစ္စည်းလေးတွေကို ကိုယ်တိုင်သုံးချင်တာဘဲဖြစ်ဖြစ် onlineမှာ ပြန်ရောင်းချင်တာဘဲဖြစ်ဖြစ် ဝန်ဆောင်ခ 5%+ကားခ ဖြင့်ဝယ်ယူပေးပါတယ်နော်
16/12/2022
ဒါလေးကတော့ colour 2ရောင်ဘဲရှိပါမယ် အညိုလေးနဲ့ မိတ်ကပ်ရောင်လေးပါ
size - 12cm×23cm
price - 23000 kyats (ပို့ခမပါ***)
Deposit -10000
waiting time -2weeks
16/12/2022
အရမ်ဂေါ်တဲ့ အိတ်လေးနော် စတိုင်မိုက်တယ် အသားကောင်းတယ် စျေးချတုန်းလေးအမြန်မှာထားကြနော်
ဆိုဒ် - 13cm × 21cm
price -35000 kyats(ပို့ခမပါ ***)
Deposit-10000
waiting time : 2 weeks
16/12/2022
အရမ်းမိမိုက်တဲ့အိတ်လေးပါ Good Quality ပါ စျေးလေးကလည်းသင့်တယ်နော်..
ဆိုဒ် - 16.5cm x 15.5cm
၆ရောင် - အသားရောင်၊ အပြာ၊ အနက်၊ အစိမ်း၊ အညို အဖြူ
Price. -25000 Kyats (ပို့ခမပါ***)
Deposit: - 10000 kyats
Waiting Time: 2 weeks
15/12/2022
Post Test (2)
15/12/2022
Collagen Serene
December Promotion: 10 Boxes of Collagen, Get FREE 5 Whitening Cream
Price: 235,000 Kyats (ပို့ခမပါ)
18/07/2022
၇၅ နှစ်မြောက် အာဇာနည်နေ့
၁၉. ၇. ၂၀၂၂ အင်္ဂါနေ့
အာဇာနည်နေ့ ...
ငယ်ငယ်ထဲက ကျောင်းကသင်ပေးခဲ့တဲ့အသိနဲ့ လေးစားရတဲ့ ဗိုလ်ချုပ် ...
ကြီးလာပြန်တော့လဲ ရင်ထဲကနေ တလေးတစားချစ်ခင်ရတဲ့ ဗိုလ်ချုပ် ...
အမျိုးချစ်တဲ့ ၊ ပြည်သူပြည်သားတွေကို သူ့ကျွန်ဘဝက ကယ်ထုတ်ပေးခဲ့တဲ့ ဗိုလ်ချုပ် ...
ဘုန်းကြီးပြီး သက်မရှည်ရတဲ့ ဗိုလ်ချုပ် ...
ကိုယ်တွေလဲ ဗိုလ်ချုပ် ကို မမေ့နိုင်သလို ကိုယ့်ရဲ့နောင်လာနောင်သားတွေကိုလည်း ဗိုလ်ချုပ် ကို မမေ့အောင် ၊ မျိုးချစ်စိတ်ဓာတ်ရှိလာအောင် သင်ပေးရပါဦးမယ် ...
-plaza
#ဗိုလ်ချုပ်အောင်ဆန်း
#အာဇာနည်နေ့
11/07/2022
ဝါဆိုလပြည့်နေ့- ဓမ္မစကြာအခါတော်နေ့
****************************************
"သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို"
၁၂.၇.၂၀၂၂ ယနေ့ အင်္ဂါနေ့တွင်ကျရောက်သော "ဝါဆိုလပြည့် ဓမ္မစကြာနေ့" အခါသမယမှာ
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း M1-Plaza မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ ။
ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓုပ္ပတ္တိတွင် ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋိသန္ဓေတည်တော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ပဉ္စဝဂ္ဂီ ငါးဦး တို့အား တရားဦးဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူသောနေ့၊ တာဝတိံသာ နတ်ပြည်တွင် သတ္တမ ဝါဆိုတော်မူသောနေ့ စသည့်ဖြင့် ထူးခြားလျက်ရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပေသည်။
မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ ဆည်းဆာနေအဝင် လအထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ ဣသိပတန မိဂဒါဝုန်ဥယျာဉ်တွင် သုံးလူ့ထွက်ထား ဂေါတမမြတ်စွာဘုရားသည် “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာတရားထူး တရားမြတ်ကို အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်ခဲ့သည်။
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားသည် မဇ္စျိမပဋိပဒါ အလယ်အလတ် ကျင့်စဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး အစုတရားဖြစ်၍ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်သည့် လမ်းစဉ်ဖြစ်ပေသည်။
ဤမဂ္ဂင်ရှစ်ပါး အစုတရားများမှာ
(၁)။ သမ္မာဒိဋ္ဌိ- ကောင်းစွာသိမြင်ခြင်း။
(၂)။ သမ္မာသင်္ကပ္ပ- ကောင်းစွာကြံစည်ခြင်း။
(၃)။ သမ္မာဝါစာ - ကောင်းစွာပြောဆိုခြင်း။
(၄)။သမ္မာကမ္မန္တ - ကောင်းစွာပြုခြင်း။
(၅)။ သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း။
(၆)။ သမ္မာဝါယာမ- ကောင်းစွာအားထုတ်ခြင်း။
(၇)။သမ္မာသတိ - ကောင်းစွာအောက်မေ့ခြင်း။
(၈)။ သမ္မာသမာဓိ- ကောင်းစွာတည်ကြည်ခြင်း။ တို့ပင်ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော် ဝါဆိုလပြည့်တွင် ဘုရားရတနာတည်းဟူသော ဂေါတမမြတ်စွာ ဘုရားသည် ကိုယ်တော်အရှင်မြတ်၏ လမ်းစဉ်ဖြစ်သည့် တရားရတနာတည်းဟူသော ဓမ္မစကြာ ဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့၍ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတည်းဟူသော ပဉ္စဝဂ္ဂီငါးဦးတို့သည် သံဃာရတနာများဖြစ်ခဲ့ကြသည်။
လောကသုံးပါးတွင် အတုလံအတုမရှိ ကိုယ့်ကျိုးစွန့်လွှတ်တော်မူနိုင်သည့် ဂေါတမမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာသတ္တဝါအပေါင်းတို့အပေါ် မဟာကရုဏာတော်ရှေ့ထားပြီး ဒုက္ခဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါး မဇ္စျိမပဋိပဒါကျင့်စဉ် တရားကိုဟောကြားတော်မူခဲ့သည်ဖြစ်ရာ ဤမဂ္ဂင်ရှစ်ပါး မြတ်တရားသည် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အတွက် များစွာ အကျိုးပြုသည့် တရားတော်၊ ထူးခြားလေးနက်သည့် တရားတော်ဟူ၍ ဗုဒ္ဓဘာသာဝင်များ ယုံကြည်သက်ဝင်လျက်ရှိနေကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်လွန် လာခဲ့ပြီဖြစ်ပေသည်။
ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မစကြာဒေသနာတော်တွင် ပါဝင်သည့် အစွန်းတရားနှစ်ပါးကို အမြဲရှောင်ကြဉ်ပြီး မဇ္စျိမပဋိပဒါကျင့်စဉ်မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါးတရားတို့ကို အမြဲမမြတ်နှလုံးသွင်းကြမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ အဖို့ လောကီနှင့် လောကုတ္တရာတွင် နှစ်ဖြာသော အကျိုးကို ဖြစ်ထွန်းစေမည်သာ ဖြစ်ပေသည်။
သို့ဖြစ်ရာ ဗုဒ္ဓကိုယ်တော်ရှင်မြတ်ထံပါး၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် ဓမ္မစကြာဒေသနာတော်ကို နားကြားရ၍ ဥာဏ်အလင်းပေါက်မြောက်ခဲ့ကြသည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များသည်လည်း ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့တွင် ကောင်းစွာနှလုံးသွင်းဆင်ခြင် ကျင့်ကြံအားထုတ်နိုင်ကြစေရန် M1- Plaza မိသားစုမှ ရည်သန်ရေးသားလိုက်ရပေသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
- plaza.
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့ 🙏🏻
09/07/2022
Eid Mubarak 2022
10th July 2022 (SUN)
ယနေ့ကျရောက်သော ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာ အီး(ဒ်)နေ့လေးမှာ မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့တစ်ဝှမ်းမှ အစ်စလာ(မ်)ဘာသာဝင်များအားလုံး စိတ်ရွှင်လန်း၊ ကိုယ်ကျန်းမာ၍ လိုရာခပ်သိမ်းပြည့်စုံနိုင်ကြပါစေကြောင်း M1 Plaza မှဆုမွန်ကောင်းတောင်းဆန္ဒပြုလိုက်ရပါစေခင်ဗျာ🙏🙏🙏
စုံတယ်...လုံတယ်... သာတယ်...ဗျို့📣📣📣
25/06/2022
ရောင်းချင်လွန်းလို့ပါဗျို့...😍📣
🏡မိုးဦးရာသီမှာ အိမ်မှာနေရင်း ကျန်းမာရေးနဲ့လည်းမညီညွတ် Calories လဲများတဲ့ အစားအစာတွေကိုပဲ အိမ်မှာထိုင်စားနေမယ့်အစား...⛈⛈⛈
💪✨ ထိုင်းနိုင်ငံမှ အရည်အသွေးမြှင့်စွာ ထုတ်လုပ်ထားတဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သော Vitamin C , Zinc နဲ့ အခြား အကျိုးပြု Vitamins နဲ့ Antioxidant တွေပါတဲ့ Jele Beautie အထုပ်လေတွေနဲ့ မကြာသေးမှီကမှ အသစ်ထွက်ရှိထားတဲ့ Jele Beautie ရဲ့ (low sugar) ထုပ်လေးတွေကို မြည်းစမ်းစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါစေနော်...
💸 သက်သာသောစျေးနှုန်းနဲ့ အရည်အသွေးမှီတဲ့ပစ္စည်းများကို သိလိုပါက Chatbox ကို ကြွခဲ့ပါရှင့်...🤗🤗🤗
တခြားသော စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုလည်း မင်မင်တို့ M1 Plaza ကနေ လက်လီ ၊ လက်ကား ရောင်းချပေးနေတာဖြစ်လို့ အခုဘဲ Chat Box မှာ အော်ဒါတင်လိုက်ပါနော် ချစ်တို့ရေ 😉😉😉
စုံတယ် လုံတယ် သာတယ်ဗျို့
25/05/2022
မွှေးပျံတဲ့ရနံ့နဲ့ လျှာပေါ်မှာစွဲသွားစေမဲ့
မြန်မာဟန်နီရဲ့ " ပုစွန်ချဥ်စပ်အရသာလေး " 😋🦐
မြန်မာဟန်နီရဲ့ အသင့်စားပုစွန်ချဥ်စပ် ကော်ပြန့်လိပ်ကြော်တွေမှာ ရေချို ၊ ရေငံမှထွက်ရှိတဲ့ ပုစွန်စစ်စစ်တွေကို သေချာအမှုန့်ကြိတ်ပြီး လက်နဲ့ သေချာ ထည့်လိပ်ထားတာဖြစ်လို့ ကြွပ်ရွနေတဲ့ကော်ပြန့်ရွက်နဲ့အတူ အစပ်အမှုန့်လေးတွေနဲ့ ပေါင်းစပ်ထားတော့ ပုံမှန်စားနေကျ ကော်ပြန့်ကြော်တွေနဲ့ လုံးဝမတူဘဲ စားပြီးရင်စားချင် လျှာပေါ်မှာ စွဲနေမှာနော် ...🤤🦐🦐🦐
ဈေးနှုန်းတွေကတော့ -
50 G - ၈၅၀ ကျပ်
100 G - ၁ , ၅၀၀ ကျပ်
188 G - ၂, ၅၀၀ ကျပ် ပဲ ပေးရတာမို့
အရမ်းတန်တယ်နော်...😉
တခြားသော စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုလည်း မင်မင်တို့ M1 Plaza ကနေ လက်လီ ၊ လက်ကား ရောင်းချပေးနေတာဖြစ်လို့ အခုဘဲ Chat Box မှာ အော်ဒါတင်လိုက်ပါနော် ချစ်တို့ရေ 🤩🍡🍭🍬🍻
စုံတယ် လုံတယ် သာတယ်ဗျို့ 📣📣📣
#မြန်မာဟန်နီ #ပုစွန်ချဥ်စပ်ကော်ပြန့်လိပ်ကြော်
24/05/2022
😋 Candy candy 🍬🍭🍡
သားသားမီးမီးလေးတွေတောင်မကဘူး
ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ပါ လျှာပေါ်မှာ
စွဲသွားအောင် အရသာသိပ်ရှိလှတဲ့
Beatss ချိုချဥ်လေး 🍬🍬🍬
မန်ကျည်းအနံ့သင်းသင်းလေးနဲ့
အာခေါင်ရှင်း ခံတွင်းသန့်သွားစေတဲ့အပြင်
မွှေးလဲမွှေး စားလို့အရမ်းကောင်း
တစ်လုံးဆိုတစ်လုံး အရသာလေးက
စိတ်ကျေနပ်စရာ မန်ကျည်းအရသာလေး 🤤🍬
တခြားသော စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုလည်း မင်မင်တို့ M1 Plaza ကနေ လက်လီ ၊ လက်ကား ရောင်းချပေးနေတာဖြစ်လို့ အခုဘဲ Chat Box မှာ အော်ဒါတင်လိုက်ပါနော် ချစ်တို့ရေ 🤩🍡🍭🍬🍻
စုံတယ် လုံတယ် သာတယ်ဗျို့ 📣📣📣
#ချိုချဥ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 15, Shan Gone Road, Nan Thar Gone Ward
Insein
11012