La MIN

La MIN

Share

Photos from La MIN's post 11/03/2022

🌈🌈crazy colorကိုမှ နည်းနည်းလေး
strong ကြည့်လိုက်ပြီး Gawwကြမယ်😎

Highlight crazy color🌈

LaMin Beauty Salon
📱09.250366766

09/12/2021

မနက်ဖြန် (10.12.21 ) ဆိုင်တစ်ရက်ပိတ်ပါမည်။
ကျန်သည့်​နေ့များတွင် ပုံမှန်အတိုင်း ပြန်လည်ဝန်​ဆောင်မူ ​​ပေးပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။
Ph 09250366766

24/08/2021

Colour+cutting(before/after)

❤️အခုကာလမှာ စိတ်‌ေတွညစ်ညူးပြီး အိမ်ထဲမှာပဲအောင်းနေရလို့ မလှမပဖြစ်ပြီး😭ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတယ်မလား😥(စိတ်မပူနဲ့)
❤️

ဆိုးချင်တိုင်းဆိုး ကောက်ချင်တိုင်းကောက်လို့ရမယ့် ဆံပင်လေးရှိသေးတယ်မလား😁😁

😍ဆံနွယ်‌ေလးမလှမပဖြစ်နေရင် 'LAMIN' ကိုသာလာခဲ့...လှပတဲ့Hairstyleလေးရပြီး စိတ်ညစ်ညူးနေတာတွေလည်းပျောက်သွားမှာ အာမခံတယ်🥰🥰
LAMIN Beauty Saloon
📲📲09.250366766

01/08/2021

ဆံကေသာ မပျက်စီးအောင် ရှောင်ရမယ့် အမူအကျင့်များ

ဆံပင်ဆိုတာဟာ လူတယောက်ရဲ့ဒုတိယမျက်နှာပါ။

ရုပ်ထွက်ကောင်းခြင်း မကောင်းခြင်းဟာ ဆံပင်ကောင်းခြင်း၊ မကောင်းခြင်း၊ ပါးခြင်း၊ ထူခြင်းတွေအပေါ်မှာ အများကြီး သက်ဆိုင်မှုရှိပါတယ်။

အမျိုးသမီးတွေရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်ရဲ့ ကောင်းခြင်းပါတဲ့အတွက် အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေအနေနဲ့ မိမိဆံကေသာကို ပိုဂရုစိုက်ဖို့လိုပါတယ်။

ကျွန်တော်တို့တွေရဲ့ အမှုမဲ့အမှတ်မဲ့ပြုလုပ်မိတဲ့ အကျင့်လေးတွေဟာ ကျွန်တော်တို့ရဲ့ဆံကေသာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ဆံကေသာမပျက်စီးစေရန်အတွက် သတိထား ရှောင်ရမယ့် အမူအကျင့်လေးတွေအကြောင်းကို ရေးသားတင်ပြချင်ပါတယ။်

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ခေါင်းခဏခဏလျှော်ခြင်း

လူအများစုအနေနဲ့ ခေါင်းလျှော်ရတာကို နှစ်သက်ကြပါတယ်။

ခေါင်းလျှော်လိုက်ခြင်းဖြင့် ခေါင်းတခုလုံးပေါ့ပါးသွားပြီး နေရထိုင်ရပေါ့ပါးသွားသလို ခံစားရပါတယ်။

ဒါ့အပြင် စိတ်ထဲမှာရှိတဲ့ တင်းကြပ်မှုတွေလည်း လျော့ပါးသွားသလို ခံစားရပါတယ်။

ဒါပေမယ့် မကြာခဏ သို့မဟုတ် နေ့စဉ်ခေါင်းလျှော်တာက ကျွန်တော်တို့ရဲ့ ဦးရေပြားမှာရှိတဲ့ အဆီတွေကို ကုန်ခန်းစေပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တိုရဲ့ ဦးရေပြားကနေ သဘာဝအဆီတွေကို ထုတ်ပေးပါတယ်။

အဲ့အဆီတွေဟာ ဆံသားတွေကို အစိုဓါတ်ဖြည့်ပေးရုံသာမက ဆံပင်နဲ့ဦးရေပြားအတွက်လည်း အကာအကွယ်ဖြစ်စေပါတယ်။

မကြာခဏ သို့မဟုတ် နေ့စဉ်ခေါင်းလျှော်ပါက ခေါင်းလျှော်ရည်တွေဟာ ဒီအဆီတွေကို ဖယ်ရှားပစ်လိုက်ပစ်လိုက်တာကြောင့် ကြာရင် အဆီဓါတ်တွေကုန်ခန်းလာပြီး ဆံသားခြောက်သွေ့ ကျိုးကြေတာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဗောက်ထတာ၊ ဦးရေပြားမှိုစွဲတာ၊ ဆံပင်ကျွတ်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

၂။ ဆံပင်ရေစိုနေတုန်း ဘီးဖြီးခြင်း

ခေါင်းလျှော်ပြီးလို့ ခေါင်းမခြောက်ခင်မှာ ဘီးဖြီးတာဟာ ဆံပင်ကိုထိခိုက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ဟာရေစိုနေတဲ့အချိန်မှာ အားနည်းနေလို့ဖြစ်ပါတယ်။

ဒါကြောင့် ခေါင်းအရင်ခြောက်အောင်လုပ်ပြီးမှပဲ ဆံပင်ဖြီးတာ၊ ပုံသွင်းတာတွေ လုပ်သင့်ပါတယ်။

၃။ မသန့်ရှင်းသောဘီးနဲ့ ခေါင်းဖြီးခြင်း

မသန့်ရှင်းတဲ့ ဘီးနဲ့ ခေါင်းဖြီးရင် ဘီးမှာကပ်နေတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ ဦးရေပြားဆီကိုရောက်သွားပြီး ဆံပင်ကျွတ်တာ၊ ဆံပင်မကောင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ ဆံပင်ရေစိုနဲ့ အိပ်ခြင်း

ခေါင်းလျှော်တဲ့အခါ အလုပ်အားမအား အချိန်အားမအားပေါ်မူတည်ပြီး မနက်လျှော်ရတာမျိုးလည်းရှိနိုင်သလို ညအိပ်ခါနီးမှ လျှော်ရတာမျိုးလည်းရှိနိုင်ပါတယ်။

မနက်လျှော်တာက ကိစ္စမရှိပေမယ့် ညဘက်လျှော်တဲ့အခါကျ တနေကုန်အလုပ်လုပ်ပြီးလို့ ပင်ပန်းတာကြောင့်ဖြစ်ဖြစ် သို့မဟုတ် တခြားသူတွေ လူကြီးမိဘတွေ အိပ်မောကျနေစဉ် ဆူညံသံမဖြစ်စေလိုတာကြောင့်ဖြစ်ဖြစ် ဆံပင်ခြောက်အောင် အခြောက်ခံစက် (Hair dryer) ကို မသုံးဘဲ ရေစိုကြီးနဲ့ ရေမ ခြောက်တခြောက်နဲ့ အိပ်ရာဝင်တတ်ကြပါတယ်။

ဒီလို ဆံပင်ရေစိုနဲ့ အိပ်ခြင်းဟာ ဆံပင်ကို များစွာထိခိုက်ပျက်စီးစေပါတယ်။

ဆံပင်ရေစိုနဲ့အိပ်ခြင်းဖြင့် ဆံပင်တွေကျိုးကြေတာ၊ ဆံပင်ထွေးတာ၊ ဆံပင်အရောင်မွဲတာ၊ ဗောက်ထတာ၊ မှိုပိုးစွဲကပ်ပြီး ဆံပင်အကွက်လိုက်ကျွတ်တာ တွေကိုဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ခေါင်းအုံ၊ ခေါင်းကိုက်တာ၊ ဖျားတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။

၅။ ဆံပင်နဲ့ နေရောင်ခြည်ထိတွေ့မှုများခြင်း

နေပူထဲအထွက်များတဲ့အခါ၊ နေပူထဲ လဟာပြင်မှာ အားကစားလုပ်တဲ့အခါ စတဲ့အခါတွေမှာ နေရောင်ခြည်ဟာ ဦးခေါင်းနဲ့ ဆံပင်ပေါ်ကို တိုက်ရိုက်ကျရောက်ပြီး အချိန်ကြာလာပါက ဆံပင်ကို မီးအပူပေးထားသလိုမျိုးဖြစ်စေပါတယ်။

အဲ့အခါမှာ ဆံကေသာ အရောင်မွဲခြောက်တာ၊ ဆံပင်နှစ်ခွဖြစ်တာမျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် နေပူထဲသိပ်မထွက်ပါနဲ့။ မဖြစ်မနေ နေပူထဲထွက်တဲ့ အခါတွေမှာလည်း ထီး၊ ဦးထုပ်တွေဆောင်းဖို့ လိုပါတယ်။

၆။ ဆံပင်ကို တင်းတင်းကြပ်ကြပ် စုစည်းထားခြင်း

ဆံပင်သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ဆံပင်ကို တင်းကြပ်စွာစုကာ ဆံထုံးထုံးထားခြင်း၊ ကျစ်ဆံပြီးစည်းထားခြင်းတွေဟာ ဆံပင်တွေကို အမြစ်ကနေဆွဲဆန့်ထားသလိုဖြစ်စေပြီး ရေရှည်မှာ ဆံပင်ထိခိုက်ပျက်စီးမှုကို ဖြစ်စေကြောင်း သိရပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ ဆံထုံးထုံးတာ၊ ကျစ်ဆံပြီးကျစ်ထားတာတွေ ရှောင်ပါ။ မတတ်သာလို့ ထုံးရ၊ ကျစ်ရတဲ့အခါမှာလည်း တအားကြီး တင်းကြပ်စွာထုံးတာ၊ ကျစ်တာတွေမလုပ်ပါနဲ့။

၇။ ကလိုရင်းခပ်ထားတဲ့ ရေကူးကန်ထဲ ရေကူးခြင်း

အများသုံးရေကူးကန်တွေထဲမှာ ပိုးသေအောင် ခပ်ထားတဲ့ကလိုရင်းဟာ ဆံပင်ခြောက်သွေ့ခြင်းနဲ့ ဆံပင်တွေကျိုးပြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် အများသုံးရေကူးကန်တွေထဲ မကြာခဏရေကူးခြင်းကို ရှောင်သင့်ပါတယ်။

မရှောင်နိုင်ဘူးဆိုပါက ရေကူးတဲ့အခါဝတ်တဲ့ ခေါင်းစွပ် စွပ်ကူးပါ။

ဖော်ပြပါ အမူအကျင့်လေးတွေကို ဂရုစိုက်ရှောင်လိုက်ခြင်းဖြင့် သင့်ဆံကေသာတွေ ထိခိုက်ပျက်စီးမှုနည်းပြီး ကျန်းမာသန်စွမ်းလာနိုင်ပါတယ်။

Crd to original writer

Photos from La MIN's post 31/07/2021

ကျန်းမာရေးဂရုစိုက်ကြပါ အိမ်ထဲမှာနေပါ

ပျင်းရင် ဆံပင်ပုံလှလှလေးတွေကြည့်ပြီး

နေကောင်းကျန်းမာသွားရင် အလှဆုံးတွေပြင်ကြရင်း
ပြန်‌တွေ့ကြမယ်နော်😍😍😍

Photos from La MIN's post 08/07/2021

😭ဆံပင်လေးပါးပြီး ဖွာနေလို့ စိတ်မညစ်နဲ့😍

ဆံသားလေးလည်းထူသွားပြီး ကောက်သားလေးလည်း လှသွားစေမယ့်Digital permလေးသာလာလုပ်လိုက်❤️❤️

#နောက်ဆုံးရလဒ်လေးရပြီးရင်ပျော်ပြီးအိမ်ပြန်သွားရစေမယ်လို့အာမခံတယ်😁😁❤️❤️

Bookingလေး တချက်လှမ်းယူပေးရုံပဲနော်🥰🥰




📲09250366766

07/07/2021

လိုချင်တဲ့အတိုင်းလေးရလို့ ကျေနပ်စွာ ပြုံးသွား

တယ်ဆိုရင်ဘဲ ဒီလူပျော်နေပါပြီ😍😍😍

Photos from La MIN's post 06/07/2021

ခေါင်းလျှော်ပြီးတာတောင် အရမ်းလှနေတဲ့ Digital wave လေး🥰
dryerမှုတ်ပြီး ရလဒ်😱

(ပုံသွင်းစရာလုံးဝမလို)🤭

Photos from La MIN's post 04/07/2021

ါးပါးလေးပုတ်ရုံလေး😁😍

ဆံပင်လေးကတိုလည်းတို,ပါးလည်းပါးလို့ ကပ်ကပ်ကြီးနဲ့စိတ်ညစ်နေလား😭
(Don't careပါနော် အဲ့ဆံပင်တွေ😏)

ဆံသားအုပ်အုပ်လေးနဲ့ထူထူလေးဖြစ်သွားဖို့digital waveခပ်ပြေပြေလေး ထည့်လို့ရတယ်နော် ကာကာတို့ရေ😍🥰

ဒီတစ်လလုံး50% offမို့အပြေးသာလာခဲ့😘😘😘
Booking လေးတော့ ကြိုယူပေးနော်😍

Hair by Chue

Photos from La MIN's post 03/07/2021

Digitalကောက် အထူးpromotion👏👏👏

ဒီjulyတစ်လလုံးအတွက် 50%discount offမို့ 👉LaMin Salon👈ကို အမြန်သာလာလိုက်တော့😘

Bookingလေးတော့ ကြိုယူပေးနော် ကာကာတို့😍
🌸LaMin Hair Salon 🌸
No.589, ground floor,Min Zay Ti st, Insein.
📲09250366766

15/05/2021

Color+perm
‌ကြွေပြီးရင်းကြွေ😍

😍ဆံသားမဲမဲ/ရိုးရိုးကြီးတွေmove😁

အားလုံးလိုလို အခက်အခဲ စိတ်ညစ်စရာတွေနဲ့ ကြုံနေရတဲ့အချိန်မှာတောင် ခက်ခက်ခဲခဲ လာရောက်အားပေးကြတဲ့ ချစ်customerလေးတွေလည်း ဒိထက်မက လှနိုင်ကြပါစေ... လို့ ဆုတောင်းရင်း🙏

စိတ်တိုင်းကျကျော့ရှင်းလှပအောင်လုပ်ပေးနိုင်မယ်လို့ အာမခံတဲ့👉👉LAMIN(လမင်း) သို့ ကြွလှမ်းခဲ့လိုက်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်😍
📲09.250366766

Want your establishment to be the top-listed Bar/pub in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 589, Min Zay Ti Stree, Ground Floor
Insein