May Zin- Yangon
Real Esate Business
05/02/2026
နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-
===========================
(၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ်ကြပြီး တစ်ဖက် သတ် ဂရန်ခွဲထွက်သွားမည်ဆိုပါက ကျန်တဲ့အခြမ်းသည် "နူတ်ကျန်ဂရန်"လို့ ဆို ရပေမည်။
ပေ (၄၀×၆၀) ဂရန်မြေအား A နှင့် B သည် ပူးတွဲပိုင်ဆိုင်ထားပါစို့။
ပေ (၂၀×၆၀) စီ ခွဲကြမည်ဆိုပါက A ကလည်း B ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ထိုနည်းတူစွာ B ကလည်း A ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ဒါ့ကြောင့် အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ဆိုရမည်။
ယင်းစွန့်လွှတ်စာချုပ် ချုပ်ဆိုပြီးနောက် A နှင့် B (၂) ဦးတစ်ပြိုင်တည်း ဂရန်ခွဲထွက်မပြုလုပ်ဘဲ A ဆိုတဲ့ တစ်ဦးက ဂရန်ခွဲထွက်မည်ဆိုပါက ယင်းလူသည် ပေ (၂၀×၆၀) ဆိုတဲ့ ဂရန်ခွဲ စာအုပ်အသစ် တစ်အုပ်ရရှိသွားပါမည်။
ကျန်ရှိ B မှာတော့ မူလဂရန်စာအုပ်ပဲကျန်ရှိခဲ့ပြီး ယင်းစာအုပ်၏ ပထမစာမျက် နှာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်ရေးသားမှတ်သားထားသည်မှာ---
[ A၊ B နှစ်ဦးတို့အနက်မှ အမည်ပေါက်တစ်ဦးဖြစ်သည့် B ထံမှ စွန့်လွှတ်စာချူပ်ကို့ အထောက်အထားပြု၍ A အမည်ဖြင့် ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ က) ဖြင့် ဂရန်ခွဲထုတ်ပေးပြီး ဖြစ်ပါသဖြင့်...(မူလအမည်ပေါက် A၊ B အမည်ဖြင့် ကျန်ဧရိယာ ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ခ) ဖြင့် ကျန်ရှိပါသည်)။ ]
အဆိုပါ နူတ်ကျန်ဂရန် ပေ (၂၀×၆၀) သည် A၊ B အမည်ဖြင့် ဆက်လက်ကျန်ရှိနေသေးကြောင်း ထင်ရှားမြင်သာပါသည်။
Crd- @ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
🚫 Pls Do Not Copy 🚫
#နူတ်ကျန်ဂရန်
#ဂရန်မြေ
#အိမ်ခြံမြေ
18/01/2026
#အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်
=================================================
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။
ပထမဦးစွာ အရောင်းအဝယ်မပြုလုပ်ခင်---
အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသင့်ပါတယ်။ ထို့ ပြင်အိုးအိမ်မှာ ရှိ/ မရှိ စုံစမ်း ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊
ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာကြော်ငြာလိုက်ပါ။
စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင် ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။
--------------------------------------------------------------------
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆) ဓါတ်ပုံ(၁)ပုံ၊ ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ၊ ခြေရင်းဘက်ခြမ်းက ဓါတ်ပုံ(၁)ပုံစုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ ယာယီတိုက်ခန်းအရောင်းအဝယ် ကတိစာ ချုပ်ဝယ်ယူ/ရောင်းသူတို့ရဲ့မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။
အခွန်နှုန်းကတော့ -----
(၃%)ပဲဆောင်ရပါတယ်။မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး (၄%)မဆောင်ရဘူးလေ။
အခွန်ထမ်း ဆောင်ထားတဲ့ ပြေစာနှင့်အတူ ပိုင်ဆိုင်မူစာရွက်စာတမ်းများ ယူ ဆောင်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရပါမည်။
ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေညာထည့်သွင်းခြင်း ဆောင်ရွက်ပြီး ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ Owner Book အမည်ပြောင်းလဲပေးပါမည်။
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
အိုးအိမ်တိုက်ခန်း အမည်ပြောင်း ဝန်ဆောင်မှု
09 986 252 417
#ဥပဒေ
#အိုးအိမ်တိုက်ခန်း
#ဧရာချမ်းသာ
#တိုက်ခန်း
02/01/2026
#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်
=============================================
အိမ်ခြံမြေအား ဘဏ်ချိတ်ဖြင့်ဝယ်ယူမည် ဆိုပါက ရောင်းချသူ၊ ဝယ်ယူသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများအား မိမိချိတ်ဆက်မည့် ဘဏ်၏ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများပြသပေးရမည်ဆိုတာ အားလုံးနားလည်းကြပြီဆိုတော့ အထူးအထွေတင်ပြစရာမလိုတော့ပါဘူး။
ယခုတင်ပြသွားမှာကတော့---
ဘဏ်ချိတ်ဖြင့် အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အောက်ပါအချက် (၃)ချက်များကိုတော့ သတိထားစေချင်ပါတယ်။
၁။ စရန်ငွေပေးပြီးနောက် အကြောင်းကြောင်းကြောင့် ဘဏ်မှ ချေးငွေမရရှိပါက မိမိအနေဖြင့် ကျန်ငွေအား ပေးချေနိုင်ရန် အင်အားရှိပါသလား။
၂။ ဆက်လက်ပေးချေရန်အင်းအားမရှိပါက ပေးချေထားသည့်စရန်ငွေ အဆုံးအ ရှုံးခံနိုင်ပါ့မလား။
၃။ ဘဏ်မှ ချေးငွေခွင့်မပြုပါက ပေးချေထားသည့်စရန်ငွေအား မဆုံးရှုံးစေရန် ရောင်းသူ/ဝယ်သူကြား ဘယ်လိုကတိကဝတ်တွေ ထည့်သွင်းချုပ်ဆိုထားသင့်မလဲ။
ဘဏ်ချိတ်နဲ့ပတ်သတ်၍ ဆရာ့ကိုယ်တွေ့လေး တစ်ဆက်တည်းတင်ပြပေးလိုက်ပါ့မယ်-
မိတ်ဆွေတစ်ဦးက ဂရန်မြေအမည်ပေါက်သူထံမှ ဘဏ်ချိတ်ဖြင့် ဝယ်ယူမှာမို့ ရောင်းချသူထံမှ စာရွက်စာတမ်းများ စိစစ်ပေးရန် အကူအညီတောင်းခံလာသ ဖြင့် သွားရောက်၍ စစ်ဆေးရာ-
ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုပြီး စရန်စွတ်မချလိုက်ပါနဲ့။
-------------------------------------------------------------‐------
ပိုင်ဆိုင်မှုအနေဖြင့် ရောင်းသူ၏ ဂရန်အမည်ပေါက် ဖြစ်နေ၍ ပြဿနာမရှိပါ။
ပြဿနာက ဒီကစပါပြီ_ ရောင်းချသူ၏ ဂရန်မြေက ပေ (၄၀×၆၀) အနက်မှ ပေ (၁၀×၆၀) က အခြားသူအား ခွဲခြမ်းရောင်းချထားပြီး ၎င်းပိုင်ဆိုင်တဲ့ ပေ ( ၃၀ × ၆၀) ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကို ဘဏ်ချိတ်နဲ့ ဝယ်မှာပါ။
သို့သော်ဂရန်ခွဲစိတ်အနေဖြင့်ပြုလုပ်ဖို့ကလည်း မရပါတော့ မူလအမည်ပေါက်သူကပဲ ပေ (၄၀×၆၀) ဂရန်ပဲဆက်လက်ကိုင်ဆောင်ထားပါတယ်။ ယင်းအခြေအနေအရ ဘဏ်က လုံးဝလက်မခံပါ။
ဘဏ်ချိတ်အနေဖြင့်အဆင်ပြေအောင် ပေ (၄၀× ၆၀) ဂရန်အား ရောင်းချသူက ပိုင်ဆိုင်ပါတယ်ဆိုပြီး ဝယ်ယူသူအမည်ပေါက်ပြောင်းလိုက်၍ ဘဏ်အား အာမခံအနေဖြင့် ပေးထားမယ်ဆိုင်ရင် ဘဏ်က လက်ခံမယ်သော်လည်း ပေ (၁၀×၆၀) ပိုင်ဆိုင်တဲ့တစ်ဖက်က လက်ခံပါ့မလား။
အကြံပြုချက်
------------------
အထက်ပါ အခြေအနေများကြောင့် မိတ်ဆွေအား အဆိုပါ ဂရန်မြေကွက်အား မဝယ်ယူရန် အကြံပြုလိုက်ပါတယ်။
🚫Pls Do Not Copy🚫
နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
Tele Link - https://t.me/Legalservi
Viber No- 09 986 252 417
#ဘဏ်ချိတ်
#အိမ်ခြံမြေ
#ဂရန်မြေ
29/12/2025
ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ
========================================
''ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ အကြံတောင်းခံလာပါသဖြင့်---
'' ၂ ခု စလုံးကောင်းတာချည်းပါပဲ။ ဒါပေမယ့် စာရွက်စာတမ်းခိုင်မာပြီး အရှုပ်အ ရှင်း ကင်းရှင်းဖို့က အဓိက အရေးကြီးဆုံးပေါ့ ''။
အမည်ပြောင်းတဲ့ကိစ္စ ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ
--‐-----------------------------------------------------------------------------------------
#ပါမစ်မြေ ကတော့ ယခင်ကာလတုန်းက အရပ်ရောင်းအဝယ်စာချုပ်အဆက် အစပ်မူရင်းများနှင့် ပါမစ်မူရင်းတင်ပြပြီး လျှောက်ထားသူ အမည်ပေါက် ဂရန် ပြုလုပ်လို့ရပါတယ်။
သို့သော်.. ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အ စည်းအဝေး အဆုံးအဖြတ်ချက်အရ (၂၉.၇.၂၀၂၄) ရက်နေ့မှစ၍ ပါမစ်အမည်ပေါက်သူမှသာလျှင် ဂရန်အမည်ပေါက် ပြုလုပ်ဆောင်ရွက်လို့ရပါတော့မည်။
ပြီးမှ ဝယ်ယူသူ အနေဖြင့် မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့် အ ခွန်များထမ်းဆောင်၍ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမည်။
#ဂရန်မြေ ကလည်း ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူပြီး မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့်အခွန်များထမ်းဆောင်၍ အရောင်းအဝယ် စာ ချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမယ်။
#ဂရန်ဂတုံး ဆိုရင်လည်း 👇 အောက်ပါ့လင့်တွင် အသေးစိတ်ဖော်ပြထား-
https://m.facebook.com/story.php?story_fbid=122156025536803541&id=61574106233251&mibextid=Nif5oz
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏
🚫Pls Do Not Copy🚫
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
https://t.me/Legalservi
Viber No- 09 986 252 417
22/12/2025
ဂရန်မြေကွက် ခွဲစိတ်ဝယ်ယူမည်ဆိုပါက မဝယ်ခင် သတိထားရမည့်အချက် (၄) ချက်
==================================================
အဲ့လို မြေကွက်ဝယ်ယူပြီး မိမိ၏ ဂရန်အမည်ပေါက် ဆောင်ရွက်မည်ဆိုပါက အ ခက်အခဲများမဖြစ်စေရန် အောက်ဖော်ပြပါ အချက် (၄) ချက်သတိထား-
၁။ အနည်းဆုံးစတုရန်ပေ (၁၂၀၀)၊ ပေ (၂၀ × ၆၀) ပြည့်ဖို့လို။
၂။ ကွက်ပျက်မဖြစ်သည့်မြေ ဖြစ်ဖို့လို။
ခွဲစိတ်မည့်မြေသည် "ပေ" ပြည့်သော်လည်း ခွဲစိတ်လို့ ကျန်ရစ်မည့်အခြမ်းသည် ကွက်ပျက်မဖြစ်သွားဖို့လိုအပ်ပါတယ်--- [ ကွက်ပျက်ဆိုတာ ပေ (၄၀ × ၆၀) အ နက် ပေ (၃၀ × ၆၀) အား ဂရန်ခွဲစိတ်မည်ဆိုပါက ပေ ( ၁၀ × ၆၀ )သာ ကျန်ရစ်မည့်အခြမ်းကို ဆိုလိုပါတယ်။
ကွက်ပျက်အကြောင်း အသေးစိတ်ဖတ်ရန်👇
https://www.facebook.com/share/p/14RQiyAkrQV/
၃။ မြေပိုပေါ် ကျူးကျော်ဆောက်လုပ်ထားခြင်း မဖြစ်စေဖို့လို။
ခွဲစိတ်မည့်မြေ နှင့် ကျန်သည့်အခြမ်းကလည်း "ပေ" ပြည့်ကြသော်လည်း ခွဲစိတ်လို့ကျန်ရစ်မည့်အခြမ်း၏ ဆက်စပ်လျှက်ရှိသည့် အစိုးမြေ/စည်ပင်မြေပေါ် တွင် ကျန်ရစ်မည့်အခြမ်းပိုင်ရှင်က ကျူးကျော်၍ အခိုင်အမာအဆောက်အဦး ဆောက် လုပ်ထားပါက ဂရန်ခွဲစိတ်ဖို့ ခက်ခဲတတ်ပါတယ်။
ဘာကြောင့်ခက်သွားလဲဆိုရင် မြေတိုင်းမြေပုံ၊ တိုင်းခွဲ အတည်ပြုမြေပုံ အတွက် ကွင်းဆင်းစစ်ဆေးသည့်အခါ ကျန်ရစ်အခြမ်း၏ ပိုင်ရှင်သည့် အခြားမြေပေါ်တွင် ကျူးကျော်နေတယ်- ယင်းကျူးကျော်မူကို ဖယ်ရှားပေးမှ လုပ်ငန်းကဆက် လက်ဆောင်ရွက်လို့ရမှာဖြစ်နေလို့ပါ။
၄။ ဂရန်မူရင်းကိုင်ဆောင်သူမှ သက်ဆိုင်ရာဌာနသို့ လိုအပ်သည့်အချိန် လိုက်လံပြသ ဆောင်ရွက်ပေးနိုင်ဖို့လို။
အားလုံး ကျန်းမာရွှင်လန်းကျပါစေ🙏🙏🙏
🚫 Pls Do Not Copy🚫
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
U Zin Lin Aung- Legal Service
09 986 252 417
#အိမ်ခြံမြေ
#ဂရန်မြေ
#တိုက်ခန်း
#အိုးအိမ်တိုက်ခန်း
03/12/2025
အိမ်ခြံမြေတစ်ခု (ဂရန်မြေ)ကို ရောင်း/ ဝယ်ယူတဲ့အခါ ရောင်းသူ/ ဝယ်သူများ မဖြစ်မနေ သိထားသင့်သည့် အခွန် ကိစ္စ (၃) မျိုး။
==========================================
ဒီအခွန်ကိစ္စတွေကို သိရှိထားပြီးဆိုရင် ရောင်းသူ ဝယ်သူကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်း က ရောင်းသူက ရောင်းခွန်ဆောင်- ဝယ်သူက ဝယ်ခွန်နှင့် တံ ဆိပ်ခေါင်းခွန်ဆောင်ရပါမယ်လို့ အတိအလင်း ရေးသားပြီး စာ ချုပ်ချုပ်ဖို့ လိုပါတယ်နော်...
အဲ့လို ထည့်သွင်းချုပ်ဆိုမထားရင် ဝယ်ယူသူက အမည်ပေါက်ပြောင်းလဲချိန်မှာအခွန်ဆောင်ရမည့်ကိစ္စနဲ့ပတ်သတ်လို့ ရောင်း သူ- ဝယ်ယူသူကြား အငြင်းပွားဖွယ်ရာတွေ ဖြစ်လာတတ်ကြပါတယ်။
-ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊
-ဒုတိယကတော့ ဝယ်ယူသူက ဆောင်ရမဲ့ ဝယ်ခွန်နှင့် တံဆိပ် ခေါင်းခွန် ဖြစ်ပါတယ်။
1️⃣ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။
ဥပမာ - ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀ ၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက သိန်း ၄၀၀ ၀ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအမြတ်အစွန်း သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းသိန်း ၄၀၀ ကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
2️⃣ဝယ်ခွန်ကတော့ ဝယ်ယူသူဘက်က ဆောင်ရမှာဖြစ်ပြီးပေးဆောင်ရမဲ့ နှုန်းထားကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁ ကျပ် မှ သိန်း ၃၀၀၀ အထိ ၃ %
သိန်း ၃၀၀၀ မှ သိန်း ၆၀၀၀ အထိ ၅ %
သိန်း ၆၀၀၀ မှ၊ သိန်း ၁၀၀၀၀ အထိ ၁၀%
သိန်း ၁၀၀၀၀ မှသိန်း ၃၀၀၀၀ အထိ ၁၅%
သိန်း ၃၀၀၀၀ အထက် ၃၀%
ထမ်းဆောင်ရမည် ဟု သတ်မှတ်ထားပါတယ်။
3️⃣တံဆိပ်ခေါင်းခွန်ကတော့ ရာဖြတ်ဌာနသတ်မှတ်ထားသည့်နူန်းထားအပေါ် ၂% အပိုထမ်း ၂% စုစုပေါင်း ၄ ရာခိုင်နူန်းဖြစ်ပါတယ်။
မှတ်ချက်----- စာချုပ်စာတမ်း မှတ်ပုံတင်ကြေး ၀.၅ ကိုတော့ ဝယ်ယူသူက ထမ်း ဆောင်ရပါမည်။
Crd
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
U Zin Lin Aung- Legal Service
09 986 252 417
#တိုက်ခန်း
#အိမ်ခြံမြေ
#အခွန်
14/11/2025
မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။ ဝယ်သူကလင်မ ယား( ၂ )ယောက်ပါ။
ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယော က်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်း နာမည်သာ ထည့်လိုကြောင်း ပြောလာပါတယ်။
�ဘာကြောင့်လင်မယား( ၂ )ယောက်အမည် မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှုပါ။ သူတို့ အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။
�ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေး လိုက်ပါ ဆရာရယ်တဲ့။ နားလည်မှုရှှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူ နေရာမှာမိန်းမဖြစ်သူအမည်ကိုပဲ ထည့်ပြီး သက်သေနေရာ မှာတော့ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။
�မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ဒါပေမယ့် ဥပဒေ ဗဟုသုတအဖြစ် ဆက်လက် တင်ပြလိုက်ပါတယ်။
�မြန်မာဗုဒ္ဓဘာသာ လင်မယားများဖြစ်ပါက မည်သူ၏အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါတယ်။ မယားအမည် ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။
�ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကို မခွဲရသေးလျှင်ကွာရှင်းပြီး နောက်မှ လင် သို့မဟုတ် မယား အမည်ဖြင့်ဂရမ်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက် တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးလုံး ပိုင်ဆိုင်ခွင့် ရှိပါသည်။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။
��ထို့ကြောင့် အချုပ်ဆိုရသော် လင် သို့မဟုတ် မယား တစ်ဦးဦး၏အမည်ဖြင့် ဝယ်ယူသော်ငြား လက်ထက်ပွား ပစ္စည်းဖြစ်ပါကအမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါကြောင်းကို တင်ပြအပ်ပါသည်။
May Zin- Yangon
Crd
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09986252417
14/11/2025
အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်
=================================================
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။
ပထမဦးစွာ အရောင်းအဝယ်မပြုလုပ်ခင်---
အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသင့်ပါတယ်။ ထို့ ပြင်အိုးအိမ်မှာ ရှိ/ မရှိ စုံစမ်း ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊
ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာကြော်ငြာလိုက်ပါ။
စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင် ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။
--------------------------------------------------------------------
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆) ဓါတ်ပုံ(၁)ပုံ၊ ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ၊ ခြေရင်းဘက်ခြမ်းက ဓါတ်ပုံ(၁)ပုံစုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ ယာယီတိုက်ခန်းအရောင်းအဝယ် ကတိစာ ချုပ်ဝယ်ယူ/ရောင်းသူတို့ရဲ့မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။
အခွန်နှုန်းကတော့ -----
(၃%)ပဲဆောင်ရပါတယ်။မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး (၄%)မဆောင်ရဘူးလေ။
အခွန်ထမ်း ဆောင်ထားတဲ့ ပြေစာနှင့်အတူ ပိုင်ဆိုင်မူစာရွက်စာတမ်းများ ယူ ဆောင်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရပါမည်။
ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေညာထည့်သွင်းခြင်း ဆောင်ရွက်ပြီး ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ Owner Book အမည်ပြောင်းလဲပေးပါမည်။
May Zin- Yangon
Crd
မူရင်း ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
အိုးအိမ်တိုက်ခန်း အမည်ပြောင်း ဝန်ဆောင်မှု
09 986 252 417
#ဥပဒေ
#အိုးအိမ်တိုက်ခန်း
#ဂရန်မြေ
#တိုက်ခန်း
08/11/2025
မိမိရဲ့ ဂရန်မြေက သက်တမ်းကုန်နေပြီလား၊ ဒါဆိုရင် သက်တမ်း တိုးထားပါ-
=================================================
သက်တမ်းကုန်ဆုံးနေတဲ့ မိမိ၏ ဂရန်မြေပေါ်မှာ ကျူးကျော်ဝင်ရောက်နေထိုင် သူ/ အခမဲ့ထားရှိသူတွေက ဖယ်ရှားမပေးပါက တရားစွဲဆိုခွင့် အခွင့်အရေး ရှိ/ မရှိ။
ဂရန်မြေဆိုတာ မြေကိုအသုံးပြုနိုင်သော အခွင့်အရေးဖြစ်သည်၊ အဆိုပါအခွင့်အရေးသည် ဂရန်စာချုပ်တွင် ခွင့်ပြုထားသည့် သက်တမ်းအတွင်းသာ အကျိုးခံစားခွင့် ရရှိနိုင်မည်။ ဂရန်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဂရန်ရရှိထားသူသည် ၎င်းရရှိထားသော မြေအသုံးပြုပိုင်ခွင့် အခွင့်အရေးသည်လည်း ကုန်ဆုံးသွားသည့်အတွက် ထိုမြေတွင် ၎င်းအနေဖြင့် အခွင့်အရေးတစ်စုံတစ်ရာမျှ မရှိတော့ဟု ဆိုရပေမည်။
ထို့ကြောင့် တရားစွဲဆိုခွင့် အခွင့်အရေးလည်း မရရှိထိုက်ပေ။
မှတ်ချက်- ဝယ်ယူထားတဲ့ မြေကွက်အား ပြစ်မထားကြပါနဲ့။
ကိုးကား- ဦးဝင်းခိုင် ပါ- နှင့် ဒေါ်ငွေခိုင် (ခ) ဒေါ်လှမေ ၂၀၁၄ စီရင်ထုံး အကျယ်တဝံ့ဖတ်ရူ့နိုင်ရန်-
https://www.facebook.com/share/1Atdpxs8LU/
May Zin- Yangon
09 986 252 417
#ဂရန်မြေ
#အိမ်ခြံမြေ
#တိုက်ခန်း
#ဥပဒေ
06/11/2025
ခြံမြေဝယ်ရင် ဘာကြောင့် သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။
=========================================
အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူကြရာတွင် သတင်းစာထဲထည့်သွင်းကြေညာလေ့ရှိတတ်ကြပါတယ်။ ဘာအကြောင်းကြောင့် ကြေညာကြတာလဲဆိုတာ မသိကြသူ များရှိကြသလို၊ သိရှိတဲ့သူများလည်း ရှိကြပါတယ်။
မရွေ့မပြောင်းနိုင်သည့်ပစ္စည်းများဖြစ်သည့် အိမ်ဝန်ခြံမြေ၊ တိုက်ခန်းများ အ ရောင်းအဝယ်ပြုလုပ်ရာတွင် အပြီးသတ်စာ ချုပ်မချုပ်ခင် စရံပေးစာချုပ် ချုပ်ဆိုလေ့ရှိတတ်ကြပါတယ်။ ယင်းစရံပေးစာချုပ် ချုပ်ဆိုပြီးနောက်-
- ဝယ်ယူသူမှ မိမိဝယ်ယူမည့်ပစ္စည်းဟာ ပိုင်ဆိုင်မှုပတ်သတ်၍ အရှုပ်အရှင်းရှိ မရှိသိရှိစေရန် ထိုက်သင့်သော လုံလပြုရပေမည်။
- စရံမချခင်ကတည်းက သတင်းစာထဲထည့်သွင်းကြေညာမယ်လို့ပြောလိုက်တာနဲ့ အဖြစ်အမှန်ကိုဖုံးကွယ်၍ လိမ်ညာရောင်း ချသူများအနေဖြင့်လည်း အနည်းနှင့်အများဆိုသလို အရောင်း အဝယ်အားပျက်သွားတတ်ကြသဖြင့်လိမ်လည်မှုရန်မှ အတော် အသင့်ကင်းဝေးသွားတတ်ပါတယ်။
- အကယ်၍ ရောင်းချသူသည် အခြားသူတစ်ဦးအား ရောင်းချထားပြီးဖြစ်လျှင် တစ်ဖက်မှကန့်ကွက်လာခဲ့ပါက အထိုက်အလျှောက်ရှင်းရလွယ်နိုင်ပြီး ဆုံးရူံးနစ်နာမှုကြီးကြီးမားမားမဖြစ်နိုင်ပေ။
- အရောင်းအဝယ်ပြီးမြောက်ပြီး လက်ရောက်ရရှိခဲ့သူဖြစ်ပါက နောင်တစ်ချိန်တွင် အမွေဆိုင်တစ်ဦးဦးမှ အဆိုပါအရောင်းအ ဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ထားသည့် စာ ချုပ်အား ဖျက် သိမ်းပေးစေလိုမှုအနေဖြင့် တရားမမှုစွဲဆိုလာပါကကာလစည်း ကမ်းသတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာကြေညာထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်။
ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်း သတ်ကျော်လွန် သွားခဲ့မည်ဆိုလျှင် အဆိုပါ အချင်းဖြစ်အိမ်ခြံမြေ၊ တိုက်ခန်းအတွက် တရားစွဲဆိုဆောင်ရွက်လို့ ရမည်မဟုတ်တော့ပါ။
စာဖတ်မိတ်ဆွေများလည်း အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူပါက ဘာကြောင့် သ တင်းစားထဲထည့်သွင်းကြေညာသင့်သလဲဆိုတာ အထိုက်အသင့် သိရှိနားလည်းလောက်ပြီး ထင်ပါတယ်။
စီအာဒီ
May Zin- Yangon
#အိမ်ခြံမြေစာချုပ်ရှေ့နေ
#ဥပဒေဆိုင်ရာအထွေထွေဝန်ဆောင်မှု
#အိမ်ခြံမြေဗဟုသုတ
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Insein
11012