Erotic 007
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Erotic 007, Garden Center, No. 34, Tharyar Street, Bo Kone Quarters, Insein Township, Insein.
မန်းလေးမှာ ခပ်စိပ်စိပ် ခပ်ကြမ်းကြမ်း
ငလျင် ပြန်လှုပ်နေ
ပြည်သူများ ထိတ်လန့်စွာ
လမ်းပေါ်ထွက်နေကြရ
10:45 Pm
crd
05/04/2025
crd
အခုမှရန်ကုန်ကနေဆင်းလာမယ့်အမျိုးများခင်ဗျာစစ်ကိုင်းကို ကဒ်အများကြီး ရေသန့်အလေးကြီးတွေ သယ်မလာပါနဲ့တော့ စစ်ကိုင်းကအကုန်လမ်းကြောင်းပြန်ဖွင့်ထားပြီဖြစ်လို့ အခမဲ့ ရေသန့်စက်တွေ အနီးနားကရေသန့်စက်ရုံတွေကလည်းပြန်ဝင်နေပြီ ရေအတွက်နဲ့တန်ဆာတွေအများကြီးကျမယ် ကားလည်းဝိတ်ပိုလေးမယ်
ပြီးတော့ ဘော်ဒီထည့်တဲ့အိတ်တွေမဝယ်ပါနဲ့ အခုစစ်ကိုင်းမှာ၈၀ရာခိုင်နှုန်းက ဘော်ဒီတွေဖော်နေ သဂြိုလ်နေပါပြီ အရင်ကြိုဝယ်သွားတဲ့သူတွေလည်းရှိပြီးသာပါ မုန့်တွေဘာတွေလည်းမဝယ်ပါနဲ့ စျေးဆိုင်တွေပြန်ဖွင့်နေပြီ ကုန်စုံဆိုင်တွေလည်းစပြီးဖွင့်စပြုပါပြီ လိုင်းပေါ်ပြန့်နေတဲ့လိုအပ်ချက်ရှိပစ္စည်းသတင်းတွေက ၂၈ ၂၉ ၃၀ ကသတင်းတွေပါနော်
ဒီနေ့ပဲလေးရက်နေ့ရောက်ပြီ တချို့က အခုမှဆင်းဖို့ပြင်နေတုန်းဆိုတော့ ၅ရက်နေ့နောက်ပိုင်းမှလာမယ့်သူတွေများပါတယ် လတ်တလော ဆန်ဆီဆားကြက်ဥငါးသေတ္တာတွေစျေးကြီးပါတယ် အိမ်ထိခိုက်သွားတဲ့သူတွေကိုပေးချင်ရင်ဒါတွေပေးလို့ကူညီလို့ရပါတယ် ဖုန်းလိုင်းတွေပြန်ရပါပြီ လိုလိုမယ်မယ် မိုင်တဲတကဒ်တော့ဆောင်သွားပါ ငွေသားကြိုလဲသွားပါ Kpayထုတ်ခစျေးကြီးပါသည် နေရာတိုင်းမရပါ wave moneyထည့်သွားရင် မန္တလေးမှာ wave moneyငွေထုတ်ဖို့ကျုံးဘေးမှာစီစဥ်ထားတာတွေရှိပါတယ်
အဓိက ပြန်လည်ထူထောင်ရေးမှာ အိမ်တကယ်ပြိုသွားတဲ့သူတွေက လက်ရှိနေစရာဆိုလို့ အိမ်ရှေ့တွေအဖီထိုးနေရတာပါ သူတို့အိမ်တွေကနေလို့မရတော့ပါ ပိုက်ဆံအရမ်းတက်နိုင်တဲ့သူတွေက တခြားနေရာပြောင်းပြီးပါပြီ အိမ်ရှေ့ခပ်တည်တည်နဲ့လိမ်ယူနေတာတွေရှိပါတယ် နဂိုလ်ပြေလည်ရုံလူလတ်တန်းစားတွေက ပစ္စည်းတွေနဲ့ အိမ်ကိုလည်းမထားခဲ့နိုင် တခြားမြို့ပြောင်းဖို့လည်းမဖြစ်နိုင်ပါ ငွေအရမ်းကုန်ပါတယ် နေရာသစ်ပြောင်းနေဖို့ကမလွယ်ပါ
မဖြစ်မနေပြောင်းရမယ်ဆိုရင်တော့ သူတို့လိုတာငွေပါ စာအိတ်တွေနဲ့ဆောင်သွားပါ အိမ်တကယ်ပြိုပြီးအိမ်ရှေ့မှာ ပစ္စည်းတွေနဲ့နေနေရတဲ့သူတွေတွေ့ရင် ငွေသာပေးလိုက်ပါ ပြည်သူပြည်သူခြင်း လတ်တလောကူညီနိုင်ကြတာသည်ဒါအကုန်ပါပဲ အိမ်တွေဖြိုပေးဖို့က ငှားရင်သိန်းရာချီပါတယ် ဘယ်သူမှမတက်နိုင်ပါ လုပ်ငန်းအရောင်းဝယ်စီးဆင်းမှု့နဲ့အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူကိုသိရင် ပစ္စည်းရင်း ငွေရင်းပေးလိုက်ပါ နိုင်သလောက်ပေါ့ အခုလက်ရှိငလျင်ဖြစ်ဘေးခံစားနေရတဲ့ မြို့တွေက လုပ်ငန်းငွေကြေးဂေဟစနစ်အကုန်ပြတ်နေတာပါ
သွားလာရင်းနဲ့ Up date သတင်းမှန်အောင်စိစစ်ပြီးတင်ပေးပါမယ် 🙏🙏🙏
crd
Sky Villa Condo ရဲ့ ကယ်ဆယ်ရေးလုပ်ပုံကိုရှင်းပြပေးပါမယ်
Condo က A B C D လေးဆောင်ရှိပါတယ် B C D က လုံးဝ ပြိုကျသွားပြီ Aက အပေါ် 5လွှာကျန်နေပါသေးတယ်
ကယ်ဆယ်ရေးက တောင်ဘက် မြောက်ဘက် အနောက်ဘက် သုံးပိုင်းလုပ်ပါတယ် မြောက်ဘက်က လုံးဝသွားကြည့်လို့မရပါဘူး တောင်ဘက်ခြမ်းက ဘုန်းကြီးကျောင်းများပါတယ် နစ်နာသူတွေရဲ့မိသားစုတွေကတောင်ဘက်မှာ စောင့်နေကြတာများပါတယ် ညီမတို့အဒေါ်လည်း A Blockရဲ့ တောင်ဘက်ခြမ်းပဲမို့ ညီမတို့လည်းအဲ့ဘက်ကနေစောင့်ပါတယ် မြောက်ဘက်လည်းရောက်နိုင်တာမို့ မြောက်ဘက်လည်းသတင်းအမြဲမေးဖြစ်ပါတယ်
ဆက်ပြောပြပါမယ် ကယ်ဆယ်ရေးကအခု အနောက်ဘက်နေ ဘက်ဟိုးကားနဲ့ဖြိုတာမို့(ညီမကားကိုမပြောတတ်ပါဘူး အမှားပါရင်ခွင့်လွှတ်ပါ)
အရှေ့ဘက်တွေက ကယ်ဆယ်ရေးဝင်ဖို့မလွယ်ပါဘူး အနောက်ဘက်က တုန်ခါမှုက အရှေ့ဘက်တွေ ဆီသက်ရောက်တာမို့ကယ်ဆယ်ရေးသမားတွေအတွက်ခက်ခဲပါတယ် ဒါကြောင့်အနောက်ဖြိုရင် တောင်ဘက် ကယ်ဆယ်ရေးမလုပ်ပါ အခုဆိုတောင်ဘက်ခြမ်းကယ်ဆယ်ရေးမလုပ်တာတစ်ရက်ကျော်လာပါပြီး အထဲမှာအသက်ရှင်တဲ့သူရှိနေရင်တောင် ၈ရက်ကျော်လာပါပြီ ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲရှင့် ကယ်ဆယ်ရေးတွေအချင်းချင်းမတည့်ကြတာမို့ ပြန်သွားတဲ့ကယ်ဆယ်ရေးတွေလည်းရှိပါတယ် အဲ့လိုကနေ အချိန်တွေလည်းနှောင့်နှေးနေပါတယ် ကျေးဇူးပြု၍ ကူညီပေးပါလားဟင် အဲ့လိုကသိကအောင့်တွေမဖြစ်ကြပါနဲ့နော် တကယ်တောင်းဆိုပါတယ် အသက်နဲ့ရင်းပြီးကူညီကယ်ဆယ်ပေးနေကြတာ တကယ် ကျေးဇူးအများကြီးတင်ပါတယ်နော်
နောက်ထပ်တစ်ချက်ထပ်ပြောပါမယ် သူများပစ္စည်းအချောင်လိုချင်တဲ့သူတွေများပါတယ် ကိုယ့်ပစ္စည်း သူ့ပစ္စည်းလိုလိုနဲ့လာယူတာတွေရှိပါတယ် ညဘက်တွေလည်းလူဝင်ပါတယ် အခုအဲ့ပြသာနာတွေရှိနေတာပါ အဲ့တာကြောင့်လည်းအထပ်က အကာကာချလိုက်ပါတယ်
ကျေးဇူးပြု၍ အကူအညီတောင်းတာပါ ကယ်ဆယ်ရေးသမားတွေ ကူညီပေးပါဦးရှင် တောင်ဘက်ခြမ်းလေးဝင်ပေးကြပါဦးနော် တောင်းဆိုပါတယ် sky Villa condo တောင်ဘက်ခြမ်း A Blockကိုလည်း လာပေးကြပါဦးနော် အခုကယ်ဆယ်ရေးအဖွဲ့တွေလုံးဝမရှိနေလို့ပါ ကူညီပါဦးရှင်
03/04/2025
ဒီနေရာက တကယ့်စပေါ့ပဲ
ကမ္ဘာသိအောင်လုပ်ဖို့အကောင်းဆုံးပုံ
စစ်ကိုင်း ဗုဒ္ဓပြတိုက်နားတဲ့
အနီးအနားသပ်သပ်ရပ်ရပ်လေး
ရှင်းလင်းပေးထားရင် ရုပ်ပိုထွက်မယ်
Edited
စစ်ကိုင်းမြို့ အနောက်ဘက်က ဇေယျာရပ်ကွက်
ဇေယျာရပ်ကွက်နေ သီတဂူ ကို သွားတဲ့ လမ်းပါ
စစ်ကိုင်းတောင်ပေါ်တက်လို့လည်းရပါတယ်
crd
ရန်ကုန်ရေ သန်မာထား
"ဒို့ နိုင်ငံမှာ
YGN တစ်မြို့ပဲ အကောင်းတိုင်းရှိတော့တာ Fighting YGN "
ရန်ကုန်
မင်းက တခြားမြို့တွေထက် ပိုသန်မာနေမှ ရမယ်။
ရန်ကုန် ရေ..
မင်းက..မုန်တိုင်းဆိုလည်း မင်း
ရေကြီးရင်လဲ မင်း..ငလျှင်ဆိုရင်လဲ မင်း
မင်းက မပါမဖြစ် လိုက်ကူနေရတယ်။
ဒါကြောင့် မင်း သန်မာနေမှနော် ရန်ကုန်။
ရန်ကုန် ..ရေ
မင်းကို ဗီလိန်နေရာထား ရုပ်ရှင်ရိုက် စာတွေရေး သီချင်းတွေဆို ကတ်ဆတ်ဇတ်လမ်းတွေ သွင်း
ရန်ကုန်မှာ လူလိမ်ပေါတယ်
ရန်ကုန်သားတွေ လည်တယ်
ရန်ကုန်သူတွေ ညာတယ်
ရန်ကုန်ကလာရင် သတိထား
ဒီစကား ဒီစာတွေကြောင့် စိတ်မပျက်ပါနဲ့
မင်းကိုဘယ်လိုပဲ ဗီလိန်နေရာထားထား မင်းက အမြဲတမ်း ဇတ်လိုက် ပါ...
တစ်နေရာရာ တစ်ခုခုဖြစ်ရင် ဒီဗီလိန်တွေပဲ
ကာကယံရှင်တွေနဲ့ ထပ်တူ ခံစားကြရတာ..
ရန်ကုန်..ရေ
ငါတို့အားလုံးအတွက်
မင်းသန်မာနေမှရမယ်
Crd.
လာလှူမဲ့ အလှူရှင်များဖတ်ပေးရန်
မြို့ခံတစ်ယောက်အနေနဲ့ ဘယ်လိုမှ သည်းမခံနိုင်လို့ ပြောခြင်းဖြစ်ပါတယ်။ မြင်နေရတာတွေကလဲ အကုသိုလ်များလိုက်တာ။ နောက်လာလှူမဲ့ အဖွဲ့တွေအတွက် Info; ပါ သေချာဖတ်ပေးပါ။
ခုငလျင်မှာ ပြိုတာက တိုက်တွေပါ ၊ အိမ်တွေလဲ ပျက်စီးတာ ရှိပေမဲ့ တိုက်အလုံး ၅၀ ပြိုမှ အိမ်က ၁အိမ်နှုန်းပါ။ ပြောရရင် တကယ်ပျက်စီးသူ ပြိုကျသူတွေက အိမ်ကို သူခိုးရန် ၊ ငလျင်ဒဏ်တွေကနေပူနေရတာနဲ့ ဘာမှတောင် မလုပ်နိုင်ဘူး။
ခုအလှူရှင်တွေ မြို့ကို အများကြီးလာကြတယ် ၊ တချို့အဖွဲ့တွေဆို ဆရာဝန်တွေ ကယ်ဆယ်ရေးတွေ မုန့်တွေ ခြင်ထောင်တွေ အကုန်အပြည့်စုံနဲ့ လာလှူကြတာပါ။ ဒါပေမဲ့ ခုတန်းစီပြီး ယူနေတဲ့သူတွေသည် ဒုက္ခရောက်နေတဲ့ သူတွေ မပါပါ။ အိမ်တံခါးသော့ခတ်ပြီး အိတ်ကြီးတစ်လုံးယူ ဆိုင်ကယ်နဲ့ ပတ်တန်းစီပြီး ယူနေတဲ့ အဖွဲ့တွေက များနေတယ်။ ထမင်းထုပ် ၁၀ခါဝေရင် ၁၀ခါ တန်းစီတယ် ၊ ရေ ၁၀ခါ ဝေရင် ၁၀ခါ တန်းစီတယ်။ ပြီးရင် အိတ်ကြီး အိတ်ငယ်တွေနဲ့ အပြည့်ရသွားကြပြီး တကယ်လိုအပ်တဲ့သူတွေ ဘယ်သူမှ မရပါ။ လာရင် ကုန်သွားတာက များနေတယ်။ ဒုက္ခရောက်နေသူတွေ အများကြီးကို ကိုယ်ချင်း မစာမနာနဲ့ ပတ်ယူနေကြတာ။ ပြီးရင် ခိုင်နှင်းဝေ လာတယ် နော်ဖောလာတယ် ဖြူဖြူထွေးလာတယ်နဲ့ ကယ်ဆယ်ရေးလာတာ Fan Meeting လာလုပ်တာ မဟုတ်ပါ။ လာရင် စုပြေးကြပြီး ရပ်ကွက်ဆူညံနေတာပဲ။ ပြီးရင် ဝေတာနဲ့ မတူဘူး ၊ ယူတာကို အကုန်လုပြီး ဓားပြတိုက်သလို လုယူနေကြတာ ပေးတဲ့သူတောင် မပေးချင်တော့သလိုပဲ။
ခုနောက်အလှူရှင်များ လှူချင်ရင် လှူမဲ့ ပစ္စည်းများကို ကြွပ်ကြွပ်အိတ်ထဲ အကုန်စုထည့်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ဝေပေးပါ။ ပင်ပန်းမှာ သိပေမဲ့ မထိရောက်တာချင်းတူတူ အပင်ပန်းခံလိုက်တာ ပိုတန်ပါတယ်။ မဟုတ်ရင် အကုန် waste ဖြစ်ကုန်ပြီး ဘာမှ မထူးခြားပါ။ တော်တော်ဆိုးရွားလွန်းလို့ လူမုန်းခံပြီး ပြောခြင်း ဖြစ်ပါတယ်။ ဒုက္ခရောက်နေတာခြင်းတူတူ ကိုယ်ချင်းစာစိတ်လေး ထားကြပါ။
တကယ်လို့ အလှူရှင်တွေ ဘယ်နေရာ အရောက်နည်းလဲ ၊ ဘယ်နေရာတွေ လိုနေသေးလဲ သိချင်ရင် လာမေးပါ ၊ တတ်နိုင်သလောက်လေး ပြောပြပေးပါ့မယ်။ စာမပြန်ရင်လဲ စိတ်မရှိပါနဲ့ လိုင်းသိပ်မကောင်းလို့ပါ။
crd
ဒီနေ့ sky villa condo ကို ရောက်ပါတယ်။
အနားရောက်တာနဲ့ အနံ့ထွက်နေပါပြီ။
ကိုယ့်မျက်စိ ရှေ့မှာ အလောင်းနှစ်လောင်း
ထုတ်ရသွားတယ်။
(၁) Body တစ်ခုက ကျောင်းတစ်ကျောင်းက foreigner. မျက်နှာကို RC တိုင်ပိထားတာ၊
ဘယ်သူမှန်းတေယင် မသိနိုင်တော့သော အခြေအနေ။
(၂) Body နောက်တစ်ခုက အမျိုးသမီးတစ်ဦး
(၃) နောက်ထုတ်မရေသာ body 12 ခန့် ကလေးမလေး။ မှောက်လျက်concrete ပြားကြားမှာ body ရဲ့အောက်ပိုင်းညပ်နေတာ။ ညပ်နေတာ အပြင်မြင်ရပေမယ့် အပေါ်ကပိထားသော အလွှာတွေက များလွန်းတော့ မကယ်နိုင်ခဲ့ကြဘူး။ သူ့အဖိုးက နှစ်ရက် ရေတိုက်၊မုန်းကျွေး၊ o2 ပေးထားပေမယ့် ဆုံးသွားခဲ့တယ်တဲ့။
အဲ့ဒီကလေးမလေးရဲ့ အမေက ဆရာဝန်မတဲ့။ (?OG အထူးကုပြောတာပဲ)။ သူမက အတွင်းဘက်တစ်နေရာမှာပိတ်မိနေတာတဲ့။ အပြင်နဲ့ဆက်သွယ်လို့ နှစ်ရက်ခန့်ရခဲ့တယ်တဲ့။ အဲ့ပိတ်မိနေတဲ့ အ မေရဲ့ လက်ထဲမှာ သုံးနှစ်ခန့် သူ့ကလေးရဲ့ body ကို ပိုက်ထားတယ်တဲ့။ အဲ့ကလေးက ခေါင်းကို သံချောင်းထိုးမိလို့ဆုံးနေခဲ့သော body တဲ့။
(၄) သူငယ်ချင်းနှစ်ယောက်က sky villa မှာနေသော သူငယ်ချင်း (တိုက်ခန့်ပိုင်ရှင်) ဆီ အလည်လာတာ။ ပြိုကျဖို့ minutes ပိုင်းအလိုမှ villa ပေါ်ရောက်တာ။ ပြိုတော့ ပြေးကျတာ၊ တိုက်ခန့်ပိုင်ရှင်လွတ်တယ်။ အလည်လာတဲ့အထဲက တစ်ယောက်က အသက်ရှင်လျက် ဒဏ်ရာအပြင်းအထန်နဲ့ ကယ်ထုတ်လို့ရတယ်၊ ဆေးရုံမှာဆုံးတယ်။ နောက် အလည်လာသော တစ်ယောက်က body ကို အခုထိ ထုတ်ရဘူးတဲ့။ အလည်လာသော သူငယ်ချင်းနှစ်ယောက်က villa ကို လာတေကျတာ။
(၅) Sky villa ရဲ့ ဝန်ထမ်းတစ်ယောက်က ဆယ်လွှာကို မီးတက် change တယ်တဲ့။ အသိတွေ ကို ဟီးဟီး ဟားဟားနှုတ်ဆက်ပြီး ဆင်းလာ။ မြေပြင်မှာ ထမင်းစားဖို့ ထမင်းဂျိုင့် ဖွင့်နေတုန်း ပြိုကျလာတာ။ မြေပြင်ရောက်နေတော့ လွတ်သွားတယ်တဲ့။
(၇) နောက်တစ်ယောက်က driver, foreigners တွေကို villa ပို့ပြီး အပြန်၊ လမ်းပေါ်ရောက်မှ လှုပ်တာတဲ့။
ဘုရားဟောတာတွေ သတိရတယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အကြောင်းနဲ့ တေမယ် ဆိုတာ ကြိုမသိနိုင်ဘူးတဲ့။ ကောင်းမှုကို အခွင့်ရတိုင်းအမြန်လုပ်ပါတဲ့။
အခု villa ကို လာတေ သူတွေ ရှိသလို၊ မတေဖို့ ကပ်လွတ်သွားသူတွေရဲ့ အကြောင်းတွေ။
😔😔😔
ကိုယ့်ကလေးရဲ့ D-Body ကို ပိုက်ထားရင်း ပိတ်မိနေတဲ့ မိခင်တစ်ယောက်ရဲ့
နေရာမှာ ငါသာဆိုရင်လေ ဆိုတဲ့
ခံစားချက်ကြီး က ရင်ထဲ ကို တော်တော်
ဆို့သွားတယ်
"တို့တွေဟာ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ ခုက မျက်မြင်ကိုယ်တွေ့ပဲ။
အခု သေသွားကြတဲ့သူတွေဟာ
စျေးဝယ်နေတုန်း၊ ဖုန်းသုံးနေတုန်း၊ Facebook Newsfeeds ပွတ်နေတုန်း၊ Messenger မှာ စကားပြောနေတုန်း၊ TikTok ကြည့်နေတုန်း၊
နေ့လယ်စာစားနေတုန်း၊
စကားလေးတွေပြောနေတုန်း၊
ပိုက်ဆံတွေ ရေနေတုန်း၊
ရေချိုးနေတုန်း ၊ သံဃာတွေဆို စာဖြေနေတုန်း ၊ ကလေးလသားလေးတွေဆို နို့ဆို့နေတုန်း .....
ရယ်နေတုန်း ...
စိတ်ဆိုးနေတုန်း ...
ကိုယ်တောင် မသိလိုက်ပဲဝုန်းဆို
တိုက်ပိသေသွားကြတာ။
မြေကြီးအောက်ထဲ အရှင်လတ်လတ်ရောက်သွားခဲ့ကြရတာ။
တို့တွေ လွတ်သွားခဲ့တယ်ဆိုတာ
ဒါ Second Chance ၊ Second Life ပဲ။
ဒီတော့ နောက်မှ၊ အသက်ကြီးမှဆိုပြီး အချိန်ဆွဲနေဖို့ မသင့်တော့ဘူး။
ခုချက်ချင်းကို လုပ်စရာရှိတာ လုပ်ကြရတော့မှာ။"
Crd
Category
Website
Address
No. 34, Tharyar Street, Bo Kone Quarters, Insein Township
Insein
Alerts
Be the first to know and let us send you an email when Erotic 007 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.