Hello Spring
free to job
30/04/2025
“မပျော်ရွှင်တတ်သူတွေရဲ့ အလေ့အကျင့် ၁၀ ခု”
ပျော်ရွှင်တယ်ဆိုတာ စိတ်ခံစားချက် ဆိုပေမဲ့ ကိုယ့်ရဲ့ အလေ့အကျင့်တွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ဖို့ ခက်ခဲသူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့် ၁၀ ခုကို မျှဝေလိုတယ်။
📌 ၁။ အခြေအနေကို စောင့်ဆိုင်းနေခြင်း
ဘယ်နေ့ ဘယ်၍ ဘယ်လိုအခြေအနေဖြစ်မှ ပျော်ရမယ် ဆိုတဲ့သူဟာ ပျော်ရွှင်နိုင်ဖို့ မလွယ်ပါဘူး။ သူလိုချင်တဲ့ အနေအထား ရောက်လာရင်တောင် ခဏပဲ ပျော်မယ်။ နောက်တစ်ဆင့် ထပ်လိုချင်လာမှာဖြစ်ပြီး အခုပျော်နေတဲ့ ခံစားချက်ကလည်း ပျောက်သွားမှာ ဖြစ်လို့ပါပဲ။
ဒါကြောင့် ပျော်ရွှင်ဖို့ကို အချိန်မဆိုင်းပါနဲ့။ ရှင်သန်ရသမျှ နေ့ရက်တိုင်းမှာ စိတ်ပျော်စေမယ့် နည်းလမ်းတွေကို အမြဲရှာဖွေ လုပ်ဆောင်နေဖို့ လိုပါတယ်။
📌 ၂။ တစ်ဦးတစ်ယောက်က ပျော်အောင်လုပ်ပေးဖို့ မျှော်လင့်ခြင်း
လူတစ်ယောက်က ချစ်ပေးမှ၊ ကိုယ့်ကို ဂရုစိုက်မှ၊ အများက ချီးကျူးစကားပြောမှ ပျော်ရတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေ မလိုအပ်ဘူး မဟုတ်ဘူး။ လိုအပ်ပါတယ်။
သို့သော် သူတို့ အဲဒီလိုလုပ်ပေးမှ ပျော်ရမယ် ဆိုရင် ဘယ်လောက်တောင် Dependent ဖြစ်နေမလဲ စဉ်းစားကြည့်ပါ။ သူတို့ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ချီးကျူးဖို့ကို ကိုယ် ဘယ်လောက်အားထုတ်နေရမလဲ၊ ပင်ပန်းနေရမလဲ တွေးကြည့်ပါ။ စစ်မှန်တဲ့ ပျော်ရွှင်မှု ဟုတ်မနေသေးဘူး ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။
📌 ၃။ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် လုံးလုံးလျားလျား မှီတည်ထားခြင်း
ဒါတွေကလည်း လူကို မပျော်စေတာ မဟုတ်ဘူး။ ပျော်စေပါတယ်။ သို့သော် ပြေးစက်ပေါ် ပြေးရသလို ပြေးကားပြေး၏ ဘယ်မှမရောက် ဆိုတဲ့အတိုင်းပဲ။ ပစ္စည်းတွေ ဝယ်လိုက်တယ်။ ပျော်သွားတယ်။ ခဏပဲ ခံတယ်။ ဒီတော့ ထပ်ဝယ်ရတယ်။ ပျော်သွားပြန်တယ်။ ခဏပဲ ခံတယ်။
တကယ်တော့ ပျော်ရွှင်ခြင်းအစစ် ဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အရာတွေမှာ ရှိတာ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရှင်သန်နေထိုင်မှု၊ ရည်မှန်းချက်ရှိမှု စတဲ့ Intangible တွေမှာ ရှိတာ ဖြစ်ပါတယ်။
📌 ၄။ တွေဝေခြင်းနှင့် အတိတ်ကို ပြန်သတိရခြင်း
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ၊ ဆန္ဒနဲ့ ဘဝ၊ ကိုယ့်ပျော်ရွှင်မှုနဲ့ တပါးသူတွေရဲ့ အထင်အမြင်၊ ဒီလိုဘက်နှစ်ဘက်ကြား တွေဝေနေတတ်တဲ့သူတွေ၊ တစ်ခုခုကို ဆုံးဖြတ်ပြီးရင်လည်း နောင်တ ရနေတတ်တဲ့သူတွေဟာ ပျော်ရွှင်ရလေ့ မရှိပါဘူး။
📌 ၅။ အနာဂတ်ကို တွေးပူလွန်းခြင်း
အနာဂတ်ဆိုတာ ထည့်စဉ်းစားရပါတယ်။ ကြိုပြင်ဆင်ရပါတယ်။ သို့သော် လိုတာထက် တွေးပူလွန်းခြင်းကတော့ ကိုယ့်စိတ်ကို ပင်ပန်းစေတယ်။ အထူးသဖြင့် ခုလို ဘာမှမရေရာ မသေချာတဲ့ အမှောင်ခေတ်ကို ဖြတ်သန်းနေရချိန်မှာပေါ့။
📌 ၆။ အသိအမှတ်မပြုတတ်ခြင်း
ကိုယ့်ရဲ့ ကောင်းကွက်တွေကို အသိအမှတ်မပြုဘူး။ ပတ်ဝန်းကျင်က လူတွေကိုလည်း အသိအမှတ်မပြုဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း မလေးစားသလို၊ လောကကြီးကိုလည်း မကျေနပ်တော့ဘူး။
ဒါကြောင့် ကျေးဇူးတရားကို အောက်မေ့တတ်ဖို့၊ အသိအမှတ်ပြုတတ်ဖို့ဟာ “နေတတ်ရင် ကျေနပ်စရာ” ဖြစ်ဖို့မှာ သိပ်ကိုမှ အရေးကြီးပါတယ်။
📌 ၇။ ကိုယ့်ကိုယ်ကိုယ် သားကောင်သဖွယ် မြင်ထားခြင်း
လူတိုင်းမှာ ပြဿနာကိုယ်စီ ရှိပါတယ်။ ဒုက္ခတွေ ကြုံရပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ကိုယ်ပဲ ဖြစ်နေတယ်၊ ကိုယ်ပဲ ခံနေရတယ်၊ ကိုယ်ပဲ ကံဆိုးတယ်၊ ဒါတွေနဲ့ ပတ်သက်လို့လည်း ဘာမှ မတုံ့ပြန်နိုင်ဘူး ဆိုပြီး Victim mindset ဝင်နေသူဟာ ပျော်ရွှင်ရဖို့ ခက်ပါတယ်။
📌 ၈။ အဆိုးမြင်စိတ်များခြင်း
White board တစ်ချပ်လုံးကို မမြင်ဘဲ အဲဒီအပေါ်က အမည်းစက်ကလေးတစ်စက်ကိုပဲ မြင်တတ်ခြင်းဟာ ကောင်းတဲ့နေရာ ကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်း အဲဒီလို မြင်နေခြင်းကတော့ ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။
📌 ၉။ ပြဿနာကို မဖြေရှင်းဘဲ ညည်းညူနေခြင်း
နိုင်ငံရေးမကောင်းလို့ ဆိုပြီး ညည်းနေရုံနဲ့ နိုင်ငံရေးက ကောင်းမလာဘူး။ ကောင်းမလာရင် ပြဿနာက ပြေလည်သွားတာ မဟုတ်တဲ့အတွက် ကိုယ့်စိတ်တွေက အဆင်ပြေရင်လည်း ခဏပဲ။ ဒါကြောင့် မညည်းနဲ့။ ပြဿနာကို အဖြေရှာ။ ရင်ဆိုင်ဖြေရှင်း။
📌 ၁၀။ ကြိုးစားအားထုတ်မှု မရှိခြင်း
ဘဝက နိမ့်ကျနေရင် အဆိုးမြင်စိတ် များတယ်။ သိမ်ငယ်စိတ် ဝင်တယ်။ အငုံ့စိတ်တွေ ကိန်းအောင်းလာတယ်။ ဟိုလူ့မကျေနပ်၊ ဒီလူ့မကျေနပ် ဖြစ်လာတယ်။ စိတ်အချဉ်ပေါက်လာတယ်။ မနာလိုစိတ်တွေ များလာတယ်။
ဒီလိုပြောလို့ ခေတ်ပျက်ကြီးထဲ စီးပွားချည်းပဲ လှိမ့်ရှာရမယ် မဆိုလိုဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ တိုးတက်အောင် လုပ်နေရလိမ့်မယ်။ Productive ဖြစ်နေတယ်၊ ရှေ့ကို ရွေ့နေတယ်၊ အပေါ်ကို တက်နေတယ်၊ တစ်နေ့ တစ်နေ့ အသုံးဝင်နေတယ် ခံစားရရင် စိတ်ကလည်း ကြည်လင်လာတာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်မားလာတာ သဘာဝပါပဲ။
ဒါကြောင့် ပျော်ရွှင်ခြင်းနဲ့ ကြိုးစားအားထုတ်ခြင်းက တိုက်ရိုက်အချိုးကျတယ် ဆိုတာကိုလည်း သိစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၃၀.၄.၂၀၂၅
◾◾◾◾◾◾
ကျွန်တော် မိတ်ဆက်ပေးနေကျ Yours TODAY Program က လာမယ့်သောကြာနေ့မှာလည်း ရှိပါတယ်။ ဒီအစီအစဉ်ကို To Day Psychology Classes ကနေ လုပ်ဆောင်တာဖြစ်ပြီး သေချာလေ့ကျင့်ပေးထားတဲ့ Volunteer Listener တွေကနေ နားထောင်ပေးတာပါ။ ဒါကြောင့် ကိုယ့်ရင်ထဲ ပိတ်လှောင်နေတာတွေ ရှိတယ်ဆို ဒီအစီအစဉ်လေးမှာ Join ကြည့်လို့ ရပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာအချိန် ညနေ ၇ နာရီကနေ ၉ နာရီပါ။ စည်းကမ်းချက်တွေနဲ့၊ စာရင်းပေးသွင်းရမဲ့ လင့်ခ်ကိုတော့ ကွန်မန့်မှာ ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
29/04/2025
“အကြည်ဓါတ်တွေ ပြန်လည်ဖြည့်တင်းပါ”
🔳 ပူပြင်းတဲ့ နွေရာသီဆို ချွေးထွက်များတဲ့အတွက် ရေဓါတ်ပြန်ဖြည့်တင်းရသလို၊ အခုလို စိတ်ပင်ပန်းစရာတွေ များလွန်းတဲ့ အချိန်မှာလည်း ခမ်းခြောက်သွားတဲ့ အကြည်ဓါတ်တွေကို ပြန်ဖြည့်ဖို့ လိုပါတယ်။
ကျွန်တော် လုပ်ဖြစ်တာလေးတချို့ကို မျှဝေချင်တယ်။
💙 ၁။ ဆိုရှယ်မီဒီယာ လျှော့သုံး
ဆိုရှယ်မီဒီယာ မကောင်းကြောင်း ဆိုရှယ်မီဒီယာပေါ် တက်ပြောရတာ တစ်မျိုးတော့ ဖြစ်တယ်။ သို့သော် ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ခံစားချက်ပေါင်းစုံ၊ ရည်ရွယ်ချက်ပေါင်းစုံနဲ့ လူပေါင်းစုံက ရေးချင်ရာ ရေး၊ ပြောချင်ရာ ပြောနေတဲ့အချိန်မှာ အကုန်လိုက်ဖတ်နေရင် စိတ်ပင်ပန်းရတယ်။
ဒါကြောင့် လိုအပ်သလောက်ပဲ သုံး။ အဲဒီအစား ရုပ်ရှင်ကြည့်တာကမှ Screen ကြည့်တာချင်း အတူတူ ကိုယ့်ရဲ့ စိတ်အတွက် အကျိုးပိုများစေပါလိမ့်ဦးမယ်။
💙 ၂။ ဒီလူဟာ တိတ်တိတ်ကလေး ရုန်းကန်နေရသူ ဖြစ်နိုင်တယ် ဆိုတဲ့ စိတ်အခံလေး ထားပေး
ပြည်တွင်းနေနေ၊ ပြည်ပမှာရှိရှိ ကိုယ်စီကိုယ်စီ ပင်ပန်းနေကြရတာပါ။ ဖြစ်နိုင်ရင် တဆုံးပြောမပစ်နဲ့။ အပြစ်မတင်လိုက်နဲ့။ အရှိန်ကလေး ထိန်း။ အမှားလည်း ကင်းတယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား ခံစားသွားရတာမျိုးလည်း မဖြစ်တော့ဘူး။
ကိုယ့်စိတ်က အဆင်မပြေတဲ့အချိန်မှာ ဖြည့်နားလည်ပေးဖို့ ခက်မှန်း သဘောပေါက်တယ်။ ဒါကြောင့် သူတစ်ပါးကို ဂရုမစိုက်ခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပြောတာ။ မဟုတ်ရင် ကိုယ့်စိတ်အဆာပြေဖို့အတွက် မဲမဲမြင်ရာ ဆဲနေ၊ အပြစ်တင်နေမိတတ်တယ်။
💙 ၃။ Lifestyle ကို ဂရုစိုက်
စိတ်နဲ့ ရုပ်နဲ့က ဆက်စပ်တာမို့ စိတ်မပျော်ရင် လူကလည်း လုပ်မိလုပ်ရာတွေ လုပ်။ အရက်တွေသောက်၊ မူးယစ်ဆေးတွေသုံးတော့ စိတ်က ပုံမှန်မဖြစ်။ အဲဒီလို သံသရာလည်နေတတ်တယ်။
ဒီအတွက် စိတ်ပျော်ပျော် မပျော်ပျော် ကိုယ်က လုပ်သင့်တာတွေ မှန်မှန်လုပ်နေဖို့ လိုတယ်။ နေ့စဉ်မှန်မှန် လမ်းလျှောက်၊ လှုပ်လှုပ်ရှားရှား နေ၊ အာဟာရပြည့်အောင် စား၊ အိပ်ရေး၀၀ အိပ်၊ အိမ်ရော၊ လူပါ သန့်ရှင်းအောင်ထား။ အဲဒါဆို စိတ်ကလည်း အတိုင်းအတာတစ်ခုထိ ကြည်လင်လာလိမ့်မယ်။
💙 ၄။ ကြင်နာမှုကို ပြသ
မနေ့က မုန့်လုံးရေပေါ် လုပ်စားဖြစ်ကြတော့ အသိအကျွမ်းတွေကို ဝေကြတယ်။ ဘာသတိထားမိလဲ ဆိုတော့ မုန့်လုံးရေပေါ် လာပို့မလို့ လို့ ပြောလိုက်တာနဲ့ လူတွေ ပျော်သွား၊ အသံတွေ ရွှင်သွားကြတာကိုပဲ။ လူကြီးသူမတွေ ဆိုရင်တော့ ဆုပါ ပေးကြတာပေါ့။
သင်္ကြန်စာမို့ စားချင်ကြတာလည်း ပါမယ်။ ကိုယ့်ကို သတိတရ ရှိတာ၊ ကြင်နာမှုကို ခံစားရတာကြောင့် ပိုပျော်ကြတာလည်း ဖြစ်လိမ့်မယ်။ မုန့်လုံးရေပေါ်ပဲ၊ ဘယ်နားဝယ်စားဝယ်စား ရတယ် ဆိုပေမဲ့ ခံစားချက်က မတူဘူး။
အဲဒီလို တုံ့ပြန်မှုလေးတွေ ရတော့ လုံးရတဲ့ ကိုယ်တွေလည်း ကြည်နူးရတယ်။ ခံစားချက်ကလေးတွေ ကောင်းသွားတယ်။
ဒါကြောင့်မို့လည်း အကြင်နာတရားဟာ ရယူသူရော၊ ပေးတဲ့သူရဲ့ စိတ်ကိုပါ ကြည်လင်စေတယ်လို့ ပြောရတာပါ။
💙 ၅။ သင်္ကြန်သီချင်းကလေးတွေ နားထောင်
ဂီတက စိတ်ကို ကောင်းကျိုးပြုပါတယ်။ သင်္ကြန်တွင်း သင်္ကြန်သီချင်းလေးတွေ နားထောင်ရတာကတော့ ပိုတောင်မှ စိတ်လန်းဆန်းစေတယ် ပြောရမယ်။ ကျွန်တော့်တစ်ကိုယ်စာအတွက်ပေါ့။
💙 ၆။ တရားနာ၊ တရားထိုင်
မောဟ ဆိုတာ မသိခြင်း၊ အကောင်းအဆိုး မပိုင်းခြားနိုင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဥပမာ သေမှာသိတယ်၊ ဒါပေမဲ့ မေ့သွားတယ်၊ မသေတော့မယ့်အတိုင်း ပြောဆိုပြုမူ ဆက်ဆံနေကြတယ်။ အိုမှာ သိတယ်။ ဒီအလှတွေ မတည်မြဲတာ သိတယ်။ ဒါပေမဲ့ မေ့မေ့ကုန်တယ်။ ဒီတော့ တပ်မက်တယ်။ စွဲလမ်းတယ်။
အဲဒါတွေကို ပြန်ပြန်ပြီး Remind လုပ်ပေးမှာက ဗုဒ္ဓတရားတွေပဲ။ ပူလောင်နေတဲ့ စိတ်တွေကို ငြိမ်းအေးသွားစေတယ်။ တောက်နေတဲ့ အမုန်းမီးတွေကို ငြှိမ်းသတ်ပေးတယ်။ တပ်မက်မှုတွေကို လျှော့ချပေးတယ်။ ထောင်လွှားနေတဲ့ မာန်မာနတွေကိုလည်း ဆွဲချပေးတယ်။ (ဆိုင်ရာ ဘာသာတရား အဆုံးအမတွေ၊ ခရစ်ယာန်တွေဆို ဓမ္မတေးတွေလည်း နားထောင်လို့ ရပါတယ်)
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝန်းကျင်မှာ မျက်စိကလေးမှိတ်။ နှာသီးဖျားမှာပဲ အာရုံစူးစိုက်လိုက်တဲ့ အခိုက်အတန့်တိုင်းကလည်း စိတ်ကို ကြည်လင်သွားစေတာပဲ။ ဒါကြောင့် Meditation ဟာ ဘာသာရေးအလုပ် မဟုတ်ပါဘူး။ ဘယ်သူမဆို အချိန်တိုင်း နေရာတိုင်း လုပ်လို့ ရနိုင်ပါတယ်။
💙 ၇။ ချစ်တဲ့ခင်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံး
ဆိုရှယ်မီဒီယာ အသုံးလျော့စေတဲ့နည်းလည်း ဖြစ်တယ်။ Social interaction ဟာ လူတွေရဲ့ စိတ်ကို ဘယ်လိုအကျိုးရှိစေတယ် ဆိုတာ သုတေသနပေါင်း မြောက်များစွာ ရှိတယ်။
အခုခေတ်ကတော့ Virtual interaction တွေပဲ များနေတဲ့ခေတ်။ ဒါက ဆက်သွယ်ရေးကို ကောင်းမွန်စေပေမဲ့ စိတ်ကျန်းမာရေးအတွက်တော့ အကျိုးမပြုဘူး။
ကျွန်တော်ဆိုလည်း Introvert ပါ။ ဒါကြောင့် ကျွန်တော် ထိတွေ့တဲ့၊ ကျွန်တော့်အတွက် စိတ်လုံခြုံမှု ရစေတဲ့ ပတ်ဝန်းကျင်ကလေးက သေးပါတယ်။ ဆိုလိုတာက လူအများကြီးနဲ့ ထိတွေ့မှ မဟုတ်ပါဘူး။ Quantity ထက် Quality က ပိုအရေးကြီးပါတယ်။
🔳 တစ်ယောက်နဲ့တစ်ယောက်တော့ အကြည်ဓါတ် ပြန်လည်ဖြည့်တင်းတဲ့ နည်းလမ်းချင်း တူကြမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဖြည့်တင်းပါ။ (အများကို မထိခိုက်ဖို့လေးတော့ ဂရုစိုက်ပေါ့)
နွေရာသီမှာ ချွေးထွက်များတဲ့အလုပ်တွေ လျှော့ချရသလို၊ ကိုယ့်အကြည်ဓါတ်ကို ကုန်ဆုံးစေတဲ့သူတွေနဲ့လည်း တတ်နိုင်သမျှ ဝေးဝေးနေပါ။
ရေဓါတ်ခမ်းခြောက်လာခြင်းက ကျန်းမာရေးအတွက် မကောင်းသလို၊ အကြည်ဓါတ် ခမ်းခြောက်လာခြင်းကလည်း ကိုယ့်ရဲ့ စိတ်ရော၊ ခန္ဓာကိုယ်အတွက်ပါ မကောင်းပါဘူး။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ရိုက်ခတ်စေပါတယ်။
ဒါကြောင့် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အကြည်ဓါတ် ပြန်လည်ဖြည့်တင်းဖို့ကို မမေ့ကြစေချင်ပါဘူး။
ဒေါက်တာ ဖြိုးသီဟ
၁၅.၄.၂၀၂၅
28/04/2025
ဆော်ကဲလဲ မရှော်ကာပေးပါ။
ဘော်ကဲလဲ မရှော်ကာပေးပါ။
😘
Dubai, Omen, Singapore
(Home Care ) လုပ်ကိုင်လိုသူများ
Page CB တွင်ဆက်သွယ်နိုင်ပါသည်။
27/04/2025
April 28 ရက်နေ့ 2:01 AM အချိန်တွင် New Moon ဖြစ်ပေါ်ပြီး ကံကောင်းမှုများစွာ ရှိနေပါတယ်။
2025 ခုနှစ်ကစလို့ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တာကြောင့် အားတင်းပြီး ကျော်ဖြတ်ခဲ့ကြရပါတယ်။
လုပ်စရာတွေ များပြီး အချိန်တွေ မရှိတော့သလို ဘာမဆို အလျင်စလိုနဲ့ လုပ်ဆောင်ခဲ့ရနိုင်ပါတယ်။ စိတ်အေးချမ်းနိုင်ဖို့ ဆိုတာထက် အဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့ကိုပဲ ဦးစားပေးကြခဲ့ရပါလိမ့်မယ်။ April 28 ရက်နေ့ New Moon ဖြစ်ပေါ်ချိန်မှာတော့ ကိုယ်လိုချင်တဲ့အရာတွေအတွက် လက်တွေ့လုပ်ဆောင်ကြရမယ့်အချိန် ဖြစ်ပါတယ်။ အနာများကို ဆေးထည့်ကြရမယ့်အချိန် ဖြစ်ပြီး ကိုယ့်ကိုယ်ကို အား ဖြည့်ဖို့ သတိပြုမိလာကြပါတယ်။
Ta**us ရာသီခွင်မှာ ဖြစ်ပေါ်တာကြောင် Abundance Energy များစွာရှိနေပြီး ရည်ရွယ်ချက်ကောင်းတွေကို မျိုးစေ့ချကြရမှာ ဖြစ်ပါတယ်။ လိုချင်တာတွေကို ဆုတောင်းဖို့ထက် ရေရှည်မှာ ကိုယ့်အတွက် အကျိုးရှိတာ၊ တန်ဖိုးရှိတာတွေကို ဦးစားပေးရပါလိမ့်မယ်။ ခဏတာ သာယာဖို့နဲ့ ပျော်ရွှင်နိုင်ဖို့ စိတ်အာရုံကို ဖျားယောင်းမှုများလည်း ရှိနေပါတယ်။ သတိမရှိတဲ့အခါ ကံကောင်းမှုတွေက လက်ထဲရောက်ပြီးမှ လွဲချော်သွားတတ်ပါတယ်။ အာရုံစိုက်လိုက်တဲ့အရာတွေက လျင်မြန်စွာ ဖြစ်လာချိန်မှာ မကောင်းတာ မတွေးဖို့၊ မမှန်တာ မပြောဖို့နဲ့ မဟုတ်တာ မလုပ်ဖို့ စောင့်ထိန်းသင့်ပါတယ်။
New Moon ဖြစ်ပေါ်ချိန်မှာ Mars ဂြိုဟ်နဲ့ Pluto ဂြိုဟ်တို့ရဲ့ အားပြိုင်မှု အားကောင်းတာကြောင့် လူတွေရဲ့ မျက်နှာဖုံးနဲ့ အတွင်းစိတ်ကို ခွဲခြားသိမြင်နိုင်ပါလိမ့်မယ်။ အချို့သူတွေရဲ့ အနိုင်ယူချင်စိတ်၊ ထိန်းချုပ်ချင်စိတ်တွေ ကြီးမားတာကြောင့် ရန်များသောကာလ ဖြစ်ပါတယ်။ အတ္တစိတ်ကြီးသူတွေ၊ ရန်လိုသူတွေကို ဘယ်အချိန်မှာ ရှောင်ရှားရမလဲဆိုတာကို သိနားလည်နိုင်တာကလည်း အရည်အချင်းတစ်ခုပါပဲ။ အချို့သူများအတွက် စိတ်ကူးစိတ်သန်းများ၊ အဖြေများ၊ အကြံဥာဏ်ကောင်းများ ရရှိပြီး စိတ်အားထက်သန်လာပါလိမ့်မယ်။
April 27ရက်မှ May 4 ရက်အတွင်း အချိန်တိုပြီးကောင်းကျိုးများတာကြောင့် ကိုယ့်ကိုယ်ကို ပိုပြီး အာရုံစိုက်ပါ။ ကိုယ့် Energy ကို အလဟဿ မဖြစ်ပါစေနဲ့။ ကိုယ့်ဘဝကို ပြန်လည်တည်ငြိမ်ဖို့နဲ့ ဟန်ချက်ညီဖို့ကိုပဲ ဦးစားပေးပါ။ ရှေ့ဆက်ရမယ့်အချိန်မှာ အရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ New Normal Life က ပိုခိုင်မာလာပြီး ကျန်ခဲ့တာတွေက အဆုံးသတ်သွားပြီဆိုတာ တဖြေးဖြေး သဘောပေါက်လာပါလိမ့်မယ်။ New Moon နဲ့အတူ Meditation လုပ်တာ၊ Yoga လေ့ကျင့်တာ၊ Sound Healing ခံယူတာတွေက Energy Grounding ကို ရရှိစေနိုင်ပါတယ်။
ရာသီခွင်လွှမ်းမိုးမှုများ အနေနဲ့ Ta**us, Leo, Aquarius, Scorpio, Aries ရာသီခွင်များက အားပြိုင်မှုများနဲ့ ကံကောင်းမှုများကို ပိုမိုသိသာစွာ ကြုံတွေ့ရနိုင်ပါတယ်။
ဂဏန်းဗေဒ
27/04/2025
“အကြပ်အတည်းကြားက ရှင်သန်ခြင်းဆိုတာ”
🔳 တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်ဖြစ် ကိုယ် Survive ဖြစ်အောင်တော့ ရုန်းရမှာပဲတဲ့။
မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ပဲ အမြဲကြည့်၊ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ အမြဲရှေ့တန်းတင်နေလို့တော့ မသင့်ပါဘူး။
တချို့ကျ သူ့အလုပ်ပဲ သူလုပ်ရုံတင် မဟုတ်တော့ဘူး။ ဒုက္ခရောက်နေနှင့်ပြီးသား သူတွေကိုပါ အမြတ်ထုတ်တဲ့အဆင့် ဖြစ်သွားတယ်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလိုပေါ့။ မတည်မြဲတဲ့ ပစ္စည်းဥစ္စာတွေအတွက် သံသရာပါမယ့် အကုသိုလ်အလုပ်တွေကို လုပ်နိုင်ရက်ကြတာ။ သူများမျက်ရည်နဲ့မှ ထမင်းစားဝင်နိုင်ကြတာ။
🔳 နောက်ထပ် အစွန်းတစ်ဖက်ကတော့ Positive vibe only ဆိုပြီး ငိုသံတွေကို မျက်ကွယ်ပြု လျစ်လျူရှုလာကြတာပဲ။ ပိုပြီးတောင် အတွေ့ရများလာတယ် ပြောရမယ်။ ဒါကျ ပိုလည်း သိမ်မွေ့တာကိုး။ ကာယကံရှင်ကိုယ်တိုင်တောင် သူ့ကိုယ်သူ ညာနေမိမှန်း သတိထားမိမှာ မဟုတ်ဘူး။
အနိဌာရုံသတင်းတွေဆို မကြားချင်ဘူး။ မမြင်ချင်ဘူး။ မသိချင်ဘူး။ နိုင်ငံရေးတွေ လာမပြောနဲ့၊ အမြန်ငြိမ်းချမ်းချင်ပြီ၊ စစ်ပွဲတွေ ရပ်စေချင်ပြီ၊ ဒါပဲ သူတို့သိတယ်။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံဟာ ဘာလဲ သူတို့ မပြောဘူး။ မရေးဘူး။
ဒီလိုနဲ့ ငိုကြွေးသံတွေ၊ ညည်းတွားသံတွေကနေ တဖြည်းဖြည်း ဝေးကွာလာတယ်။ ဒီအကြောင်းတွေ ပြောနေ၊ ရေးနေတဲ့ အကောင့်တွေ၊ ပေ့ချ်တွေဆို Unfollow လုပ်ရင်း လုပ်ရင်း ကိုယ့် Newsfeed မှာ အပျော်အပျက်တွေပဲ ကျန်တော့တယ်။
🔳 “မီးဝေး ချိတ်ပမာ” ဆိုတဲ့ စကားရှိတယ်။ မီးနဲ့ဝေးလေလေ၊ ချိတ်က မာလာလေလေ။ အခုလည်း အဲဒီလိုပဲ။ ဒီသတင်းတွေ၊ ဒီအကြောင်းအရာတွေ၊ ကိုယ့်ပြည်တွင်းထဲက လူတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဝေးကွာပါ များလာတဲ့အခါ နှလုံးသားတွေ မာကြောလာတယ်။ ကိုယ်ချင်းမစာနိုင်တော့ဘူး။ ပျော်ပြနိုင်လာတယ်။ ပျော်ပြရက်လာတယ်။ မဆိုင်သလို နေတတ်လာတယ်။
မတရားလုပ်နေသူတွေအပေါ်မှာလည်း သဘောထားကြီးနိုင်လာတယ်။ လက်ခံနိုင်လာတယ်။ သူတို့ကို အမြစ်ပြတ်စေချင်သူတွေကိုလည်း “အမုန်းပွားတယ်၊ အငြိုးထားတယ်၊ အစွန်းရောက်တယ်” စသဖြင့် မြင်လာကြတော့တယ်။
🔳 နောက်ဆုံးတစ်ချက်က လက်တွေ့ကျကျ အားစိုက်မထုတ်ဘဲ နှုတ်ဖျားကလေးနဲ့ အားပေးတာပဲ။
မေတ္တာပို့ပေးတယ် ဆိုတာ ကောင်းပါတယ်။ တကယ်တမ်းက ကိုယ့်ရဲ့ စိတ်မှာ မေတ္တာ၊ ကရုဏာတရားတွေ အားကောင်းလာတဲ့အခါ လုပ်ရပ်ကောင်းတွေ ပိုလုပ်ချင်လာတာ။ ကူညီချင်လာတာ။ မျှဝေချင်လာတာ။ ဒီအတွက် မေတ္တာပွားများကြတာ ဖြစ်ပါတယ်။
စိတ်ကနေ မေတ္တာပို့တယ်၊ ပို့တယ် ထိုင်အော်နေပြီး လက်တွေ့ကျ ဘာမှ ပါမလာဘူးဆို အဲဒါ မေတ္တာပို့တာ မဟုတ်ဘူး။ မေတ္တာပွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ပျက်ကွက်မှုတွေအတွက် စိတ်အာသာဖြေနေတယ်ပဲ ပြောရမယ်။
🔳 တကယ်တော့ အခက်အခဲကြားမှာ ရှင်သန်ခြင်းဆိုတာ အခုပြောခဲ့တဲ့ အချက်တွေ တစ်ခုမှ မဟုတ်ပါဘူး။
ကိုယ့်ဟာကိုယ် ရှင်သန်အောင် နေမယ်။ အလုပ်လုပ်မယ်။ ငွေရှာမယ်။ ကြိုးစားမယ်။ ကိုယ့်ရဲ့ ရုပ်ရော၊ စိတ်ပါ ကျန်းမာနေအောင် ဂရုစိုက်မယ်။
တစ်ဖက်မှာလည်း ကိုယ်ချင်းစာတရားထားမယ်။ မေတ္တာ၊ ကရုဏာထားမယ်။ အပြန်အလှန် မျှဝေမယ်။ စောင့်ရှောက်မယ်။ ကူညီမယ်။
ငိုကြွေးသံ၊ အော်ဟစ်အကူအညီတောင်းသံတွေ၊ အနိဌာရုံမြင်ကွင်းတွေ အစရှိတဲ့ မီးတွေနဲ့ ဝေးအောင် မနေဘဲ ခပ်နီးနီးပဲ အမြဲနေမယ်။ ကိုယ့်နှလုံးသားတွေ မာကျောမသွားစေဖို့အတွက် ဖြစ်ပါတယ်။
ဒါ ကျွန်တော် နားလည်ထားတဲ့ အကြပ်အတည်းကြားက ရှင်သန်ခြင်းပါပဲ။
🔳 တိုင်းပြည်က မုန်တိုင်းထန်တယ် ဆိုတဲ့အဆင့်ထက် အများကြီးပိုတဲ့ အနေအထားကို ကြုံနေရတာပါ။ လူပေါင်းများစွာဟာလည်း အတိဒုက္ခရောက်နေကြပါတယ်။ ပြောရရင် တကယ့်ဘဝထဲက လောကငရဲခန်းကို ကြုံနေကြရတာပါ။
ဒီလိုအချိန်မှာ သူများဒုက္ခကို ကိုယ့်ဒုက္ခလုပ်ပြီး ခံစားတတ်တဲ့သူတွေ၊ လျော့ကျသက်သာသွားအောင် ကူညီပေးမယ့်သူတွေ ခပ်များများ လိုအပ်နေပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၄.၂၀၂၅
27/04/2025
“ဥပုသ်စောင့်ခြင်းရဲ့ အနှစ်သာရ ၃ ခု”
(စာရှည်ပါတယ်၊ ဖြည်းဖြည်းဖတ်ပါ)
🔳 ဒီနေ့က ဧပြီလနောက်ဆုံးပတ်မို့ တစ်ပတ်တစ်ရက် ဥပုသ်စောင့်လာတာ စုစုပေါင်း ၃ နှစ်နဲ့ ၈ လ ပြည့်ပြီ ပြောရမယ်။
🔳 ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အတိအကျကြီးတော့ မစောင့်ထိန်းနိုင်ပါဘူး။ ဥပမာ ဒီနေ့ဆို ဓါတ်ပုံသွားရိုက်ရတယ်။ အဲဒါဆိုရင်ပဲ ဖြီးလိမ်းပြင်ဆင်ရပြီပေါ့။ နောက်ရက်မှ လုပ်ဖို့ ညှိကြည့်ပေမဲ့ သူတို့က ဒီနေ့မှ ပိုအဆင်ပြေတယ် ဆိုတာနဲ့ မငြင်းတော့တာ။ ရန်ပုံငွေ ရှာဖွေရေးပွဲတွေဆိုလည်း မကြာခဏ ပါရတယ်။ ဒါဆိုလည်း ပါဏာတိပါတကံနဲ့ သွားငြိပြန်တာပဲပေါ့။
တစ်ဖက်ကကျလည်း ဒါတွေက လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး။ အများအတွက် အကျိုးပြုခြင်းလည်း ဖြစ်တယ်။ နောက်၊ ကျွန်တော် ခုလို ဥပုသ်စောင့်တာကလည်း ကုသိုလ်ရဖို့တို့၊ နောက်ဘ၀ ဘာဖြစ်ဖို့တို့ မရည်ရွယ်ဘူး။ ဒါကြောင့် ကျွန်တော့်အတွက်တော့ အဆင်ပြေတယ်ပဲ ပြောရမယ်။
🔳 ခု ဆက်ရေးမှာတွေကလည်း ဆရာတော်၊ သံဃာတော်တွေဆီက ကြားနေကျ စကားမျိုးတွေ မဟုတ်ဘူး။ ဒီတော့ သမားရိုးကျ ဗုဒ္ဓဘာသာဝင်တွေ ဖတ်လို့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ လူငယ်၊ လူလတ်ပိုင်းတွေကတော့ ပိုလက်ခံနိုင်ကြလိမ့်မယ် ထင်ပါတယ်။
တခြားဘာသာတွေမှာလည်း ဥပုသ်စောင့်တယ် ဆိုတာ ရှိပေမဲ့ ဗုဒ္ဓဘာသာရဲ့ ဥပုသ်ဆောက်တည်တာကတော့ ထာဝရ ဘုရားသခင်ကို အခြေခံတာမျိုး မဟုတ်ဘူး။ ဝါဒကိုကလည်း ဖန်ဆင်းရှင်ဝါဒ မဟုတ်ဘူးကိုး။
🔳 သီလတစ်ခုစီရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို လေ့လာပြီးတော့ရော၊ ကိုယ်တိုင်နှစ်နဲ့ချီ စောင့်ထိန်းကြည့်ပြီးသွားတဲ့နောက်မှာ သိလာတာက ဗုဒ္ဓဘာသာရဲ့ ဥပုသ်စောင့်ခြင်းဟာ အချက် ၃ ချက်အပေါ် အခြေခံတယ် ဆိုတာပဲ။
၁။ ရိုးရှင်းစွာ နေထိုင်ခြင်း (Simple Living)
၂။ Attachment လို့ ခေါ်တဲ့ ငြိတွယ်မှုတွေကို လျှော့ချခြင်း
၃။ သတိဖြင့် နေထိုင်ခြင်း (Living consciously)
ဒီ ၃ ခု ဖြစ်တယ်။
🔳 တစ်ခုစီကို ရေးပြရရင် -
💙 ၁။ ရိုးရှင်းစွာ နေထိုင်ခြင်း (Simple Living)
နေ့လွဲညစာ မစားဘူး။ ခမ်းခမ်းနားနား မအိပ်စက်ဘူး။ ဖြီးလိမ်းပြင်ဆင် ခြယ်မှုန်းတာတွေ မလုပ်ဘူး။ ဒါနဲ့တင် အလုပ်က အတော်ပါးသွားပြီ။ ဒီတော့ တရားဆိုလည်း တရားအလုပ်၊ လောကီအလုပ်ဆိုလည်း လောကီအလုပ်ကို ပိုလုပ်နိုင်သွားတယ်။
တကယ်က အားလုံးမှာ ၂၄ နာရီပဲ ရှိကြတာ မဟုတ်လား။ ဒါကို ဘယ်လိုသုံးသလဲ၊ ဘယ်အရာတွေကို ဦးစားပေးသလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ဘဝအခြေအနေတွေ ကွာခြားသွားကြတာလေ။
အခုကျ မျိုးစုံသော ဆွဲဆောင်မှုတွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း အရေးမပါတာတွေကို အရာပေးမိတာ ခပ်များများ ဖြစ်နေတယ်။ ဒီတော့ အရေးကြီးတာတွေအတွက် အချိန်မကျန်တော့ဘူး ဖြစ်ကုန်တာ။
💙 ၂။ Attachment လို့ ခေါ်တဲ့ ငြိတွယ်မှုတွေကို လျှော့ချခြင်း
ပထမတစ်ချက်နဲ့လည်း ဆက်စပ်တယ်။ တကယ်က ဘဝတွေ ရှုပ်ထွေးတယ်ဆိုတာ ငြိတွယ်လို့ ဖြစ်ရတာပဲ။ အစားတွေ စားချင်တယ်။ သာယာတဲ့ အသံကလေးတွေ နားထောင်ချင်တယ်။ အလှအပ၊ အကအခုန်၊ ဖျော်ဖြေတာတွေ ကြည့်ချင်တယ်။ ကောင်းတဲ့အနံ့ကလေးတွေ ရှူချင်တယ်။ လိင်ဆက်ဆံတာလို အထိအတွေ့တွေမှာ သာယာချင်တယ်။ ကောင်းကောင်းမွန်မွန် အိပ်စက်ချင်တယ်။ ဇိမ်ခံချင်တယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တပ်မက်တော့ လှအောင် ပြင်ဆင်တယ်။ သူများကိုလည်း ကိုယ့်ကို တပ်မက်စေချင်တယ်။
အဲဒါတွေနောက် လိုက်ရင်း လိုက်ရင်း၊ သူတို့တောင်းဆိုသမျှ ဖြည့်ဆည်းရင်း ဖြည့်ဆည်းရင်းနဲ့ Simple living ကို မရနိုင်ကြတော့တာ။
ဒီနှစ်ခုက သံသရာလည်တဲ့သဘောလည်း ရှိတယ်။ တပ်မက်မှု များလေလေ၊ ခမ်းခမ်းနားနား နေလေ။ ခမ်းခမ်းနားနား နေလေ၊ ပိုပိုပြီး လိုချင်လေ။ တပ်မက်မှု နည်းရင်တော့ ရိုးရှင်းစွာ နေနိုင်မယ်။ ရိုးရှင်းစွာ နေနိုင်လာရင်လည်း တပ်မက်မှုက နည်းလာတာပဲ။ ဒါကြောင့် ဥပုသ်စောင့်တဲ့အခါ တပ်မက်မှုတွေကို လျှော့ချပစ်ရတာ။
💙 ၃။ သတိဖြင့် နေထိုင်ခြင်း (Living Consciously)
တစ်ခါတလေ ရှောင်လွှဲမရလို့ ပွဲတွေ တက်ရတယ်။ အခမ်းအနားမှာ ကြယ် သီချင်းကို ဆိုတယ် ထားပါတော့။ ပုံမှန်ဆို အဲဒီသီချင်းကြားတိုင်း ရင်ထဲ ထိထိရှရှ ခံစားရတာ။ သတိလက်လွတ်နဲ့ လိုက်စီးမျော နားထောင်မိတာကိုး။
ဥပုသ်စောင့်ထားတဲ့ရက်ကျ သတိကလေး ကပ်ထားရတယ်။ နားမှာ အသံကြားတယ် ဆိုတဲ့အဆင့်နဲ့တင် ရပ်နေအောင်။
အပြင်သွားဖြစ်တယ်ဆိုလည်း ချောချောလှလှ တပ်မက်စရာတွေ မြင်ရပြန်တာပဲ။ ပုံမှန်လိုဆို သဘောကျမိမှာပေါ့။ ဥပုသ်စောင့်ထားရင်တော့ မျက်စိမှာ မြင်တယ် ဆိုတဲ့အဆင့်မှာတင် ရပ်နိုင်အောင် သတိနဲ့ ထိန်းရတယ်။
တောထဲ တစ်ကိုယ်တည်း သွားနေနိုင်တာ မဟုတ်တဲ့အတွက် ထိတွေ့မှုတွေက ရှိမှာပဲ။ အဲဒီမှာ သတိကပ်မထားရင် သီလက ပျက်ရော။ ကိုယ်စိတ်နှစ်ပါး၊ အသေးစိတ် ပြောရရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အာရုံတွေနဲ့ ထိတွေ့မယ့် ဒွါရ ၆ ပါးစလုံးမှာ သတိကပ်ထားရတယ်။
တစ်ခါတလေဆို မေ့ပြီး ခြင်ရိုက်မိတယ်။ နားကနေ သီချင်းသံကြားပြီး စီးမျောမိတယ်။ မျက်စိကနေ လျှောက်ကြည့်မိတယ်။ လူပဲကိုး။ သတိလွတ်တာနဲ့ လုပ်မိတာပဲ။ တတ်နိုင်သမျှတော့ ထိန်းသိမ်းဆင်ခြင်ရတာပေါ့။
🔳 ငယ်ငယ်ကတော့ ဥပုသ်စောင့်တယ်ဆို ရည်ရွယ်ချက်တွေလည်း သိပ်နားမလည်ခဲ့ပါဘူး။ ၁၂ နာရီကျော်ရင် အစားစားမရတော့တာမို့ နေ့လယ်စာကို နင်းကန်စား။ တနေကုန်ကို လုပ်စရာလည်း အထွေအထူး မရှိတော့ လှိမ့်အိပ်။ ညကျ ဗိုက်တွေက ဆာ။ ဘာသောက်လို့ရလဲ၊ ဘာသောက်ရင် ဥပုသ်ကျိုးလဲ လိုက်မေး။ နောက်တစ်နေ့မနက် မရောက်မချင်း စိတ်တွေ ပင်ပန်းလို့။
ကိုယ့်စိတ်ရဲ့ ခံနိုင်ရည်၊ စိတ်ထိန်းချုပ်နိုင်စွမ်းအတွက် အကျိုးရှိချင် ရှိပေမဲ့ ဥပုသ်ဆောက်တည်ခြင်းရဲ့ အနှစ်သာရတွေကိုတော့ ပြည့်ပြည့်၀၀ မရခဲ့ဘူးပဲ ပြောရမယ်။
🔳 ဥပုသ်စောင့်ရင် လက်ဖက်ရည် သောက်မရဘူး။ အမှုန့်နဲ့ ဖျော်တာမို့တဲ့။ တကယ်က နေ့လွဲညစာ မစားခိုင်းတာ ထိုင်းမှိုင်းလေးလံနေမှာစိုးလို့။ ကိစ္စဝစ္စ များမှာစိုးလို့။ အစားအသောက်ပေါ် တပ်မက်စိတ်တွေ များနေမှာစိုးလို့။
လက်ဖက်ရည်တစ်ခွက် သောက်လိုက်တာ ဘယ်သူမှ ဘာမှမဖြစ်ဘူး။ မထိုင်းမှိုင်းတဲ့အပြင် လန်းတောင် လန်းဦးမယ်။ ကိစ္စလည်း ဒီလောက်မများဘူး။ တကယ့်ပြဿနာက လက်ဖက်ရည် သောက်ချင်နေတဲ့ ဆန္ဒကို မချုပ်တည်းနိုင်ခြင်းမှာ ရှိနေတာ။
ဒါကြောင့် ဥပုသ်ကျိုးတာ မကျိုးတာ ခဏထား။ အရသာခံချင်နေတဲ့ Attachment ကို မင်း မလျှော့နိုင်လိုက်ဘူး။ ဒါက ပိုအဓိကကျတယ်။
တစ်ခါတလေဆို အလုပ်ကိစ္စကြောင့် အပြင်ရောက်။ နေ့လယ်စာ စားတော့ ၁၂ ကျော်နေပြီ။ အရင်ကလို စဉ်းစားရင် ဒါ ဥပုသ်ကျိုးပြီပေါ့။ အခုတော့ အချိန်က အဓိကမှ မကျပဲ။ ဘုန်းကြီးလည်း မဟုတ်ဘူးလေ။ နောက်ပြီး အလုပ်ကြောင့်သာ နောက်ကျရတာပဲကိုး။ အဓိကက အပေါ်မှာ ပြောခဲ့သလို မတပ်မက်ဖို့ပဲ။ ၁၁ ခွဲမှာ အစားတွေ နင်းကန်စားပြီး စောင့်ခဲ့တဲ့ ဥပုသ်နဲ့၊ နေ့လယ် ၁ နာရီမှာ အမှတ်သတိလေးနဲ့ စားပြီး စောင့်တဲ့ ဥပုသ်က အဓိပ္ပါယ် ပိုရှိတယ် မဟုတ်ဘူးလား။
🔳 တကယ်တော့ ဥပုသ်စောင့်တယ် ဆိုတာကို တစ်ခွန်းတည်း ပြောပါဆို “အာရုံ ၆ ပါးကတဆင့် ကာမသုခ ခံစားချင်တဲ့ စိတ်တွေကို ထိန်းသိမ်းရခြင်း” ပါပဲ။
ရလဒ်အနေနဲ့ ဘာဖြစ်လဲဆိုတော့ စိတ်ငြိမ်းချမ်းတယ်။ ကြည်လင်တယ်။ လူလည်း လွတ်လပ်ပေါ့ပါးတယ်။ အကျိုးရှိတာတွေ ပိုလုပ်နိုင်တယ်။ တရားနာ၊ တရားထိုင်လို့ ပိုကောင်းတယ်။ အလုပ်ပိုပြီးတယ်။
🔳 ပုထုဇဉ်တွေဖြစ်လို့ ဒီအတိုင်း နောက်ရက်တွေတော့ ဘယ်နေနိုင်ပါ့မလဲ။ သို့သော် အပေါ်မှာ ရေးခဲ့သလိုပဲ -
💙 ၁။ တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းနေ (ညစာမစားနဲ့၊ မလုပ်နိုင်သေးရင် နည်းနည်းလျှော့စား၊ ဟိုဟင်းပါမှ၊ ဒီဟင်းပါမှ မလုပ်နဲ့)
💙 ၂။ စိတ်စွဲလမ်းမှုတွေကို လျှော့ချ။ စွဲလမ်းမှုနဲ့ ပူလောင်မှုဟာ တိုက်ရိုက်အချိုးချတယ်။ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်။ စွဲလမ်းလေလေ၊ ပူလောင်လေလေ။ လူကို စွဲလမ်းတာဖြစ်ဖြစ်၊ ပစ္စည်း သို့မဟုတ် အတိတ်က အမှတ်တရတစ်ခုခုကို စွဲလမ်းတာဖြစ်ဖြစ် အကြုံးဝင်တယ်။ လူဆိုတာမှာလည်း ကိုယ့်ကိုယ်ကိုယ်ရော၊ တပါးသူကိုပါ ပါတယ်။ ဒါ Universal formula ပဲ။ ဘယ်သူ့ရဲ့ ပူလောင်မှုမဆို Attachment ကနေပဲ လာတာပဲ။
💙 ၃။ သတိအားကောင်းအောင် လေ့ကျင့်။ အထိန်းအကွပ် မရှိတဲ့စိတ်ဟာ သွားချင်ရာ သွား၊ လုပ်ချင်ရာ လုပ်၊ ဖြစ်ချင်ရာ ဖြစ်နေမှာပဲ။ ဘယ်သူ့မှာမဆို စိတ်ဆိုးစိတ်ယုတ် ရှိတယ်။ မနာလိုစိတ် ရှိတယ်။ အမှောင်ဘက်ခြမ်း ဆိုတာ ရှိတယ်။ သတိနဲ့ ထိန်းသိမ်းနိုင်စွမ်း ရှိမရှိပေါ် မူတည်ပြီးပဲ လူတွေရဲ့ အဆင့်အတန်း ကွာခြားသွားကြတာ ဖြစ်ပါတယ်။
🔳 ချုပ်ပြောရရင်တော့ ဥပုသ်စောင့်တာကို ကုသိုလ်ရဖို့အတွက် လုပ်နေတာထက် ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲကို ထည့်လို့ရသလောက် ထည့်ကြည့်ပါ။
ဘဝက ပိုရိုးရှင်းလာမယ်။ လွတ်လပ်လာမယ်။ ရှင်သန်ရတာလည်း ပိုငြိမ်းချမ်းလာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၇.၄.၂၀၂၅
Click here to claim your Sponsored Listing.