Flower Horn Shwe Pyi Thar

Flower Horn Shwe Pyi Thar

Share

Flower Horn အကြောင်းသိကောင်းစရာ

02/11/2021

FlowerHorn (ခေါ်)စာတန်းငါး ရောဂါကုနည်းများ
ဆောင်းတွင်းရောက်လာသည့်အလျောက် ငါးတွေလည်းစတင်ဂရုစိုက်ပေးရပါပြီ
ထို့အခါ ရောဂါကာကွယ်ပုံနဲ့ ဆေးဝါးအကြောင်း
ပြောပြပေးသွားပါ့မယ်
လေအိတ်ယောင်ပြီဆိုပါက ရေကိုငါးပက်လက်
မလန်သည့်အနေအထားထိရေကိုလျှော့ချလိုက်ပါ့
တက်ထွာဆိုက်ကလင်း ဆေး၂၅၀ဂရမ်ဆို
၂လုံးထည့်ပါ့ 500ဂရမ်ဆို ၁လုံးထည့်ပါ့
ဆေးကိုမထည့်ခင်ရေနွေးနွေးလေးနဲ့ဖျော်ပြီးမှထည့်ပါ့ ထို့နောက်Heaterကို32အတိထားပါ့
Filter ဖြုတ်ထားပါ့ အောက်ဆီဂျင်ကိုပဲ ပြင်းပြင်းပေးပါ့ ငါးဆေးကုနေစဥ် အစာမကျွေးမိပါ့စေနဲ့
ရေကိုတစ်နေ့တစ်ခါပုံမှန်လှယ်ပါ့ ရေမလှယ်မိ
Heaterကိုနာရီဝက်(မိနစ်30ခန့်ကြိုပိတ်ထားပါ့)

မှိုကျရောဂါကုသနည်း
မှိုကျပြီဆိုက တစ်ကောင်တည်းသီးသန့်ခွဲပါ့
ရေကိုအသစ်လှယ်လိုက်ပါ့ ရေရှော့မဖြစ်စေရန်ဂရုစိုက်ပါ့ မက်သလင်းဘလူးအရည်ကို နားကျပ် ဂွမ်းတံတွင်ဆွတ်ပါ့ ငါးခန္ဓာကိုယ်ပေါ်ရှိမှိုကျနေရာများကိုသုတ်ပေးပါ့ ပြီးလျှင်နားကျပ်တံဖြင့် ငါးကိုယ်ပေါ်ရှိ အချွဲအရိများကိုသုတ်ပေးပါ့ ထို့နောက်ငါးကို
မက်သလင်းဘလူးခပ်ထားသောကန်
Queenဆေးရည်အပြာခပ်ထားသောကန် ထဲသို့ထည့်ပါ့ အစာဖြတ်ပေးပါ့ Heater30ထားပေးပါ့
ရေသန့်စက်တပ်ဆင်ထားပါ့

ချီးဖြူကျကုသနည်း
ရေကိုတစ်ဝက်တိတိလှယ်ပါ့
ငါးကို တက်ထွာခပ်ထားပါ့ သတိ(မာလခိုက် ဆားကြမ်းအသုံးမပြုရန်)
အောက်ဆီဂျင်ပေးပါ့ ရေသန့်စက်တပ်ပါ့
Queenဆေးရည်ခပ်ပေးပါ့ Queenဆေးသည်
ရောင်စုံလာပါ့တယ်ထို့ထဲမှာမှချီးဖြူကျလျှင်သူံးရန်ဆေးကိုဝယ်ပါ့ တစ်ဘူးမှ၈၀၀ပဲဲ ရှိပါ့တယ်
အစာကိုသက်သာလျှင်တစ်လူံးကျွေးပါ့
ထပ်သက်သာလျှင်နှစ်လုံးကျွေးပါ
သက်သာခါစ၃လံုးကျွေးပါ့ အစာမဖြတ်ပါနဲ့ အူကျတတ်ပါ့တယ် ထို့နောက်သက်သာလာပါက Queenဆေးရည်တစ်မျိုးတည်းခပ်ပြီး
ငါးကိုတစ်ပတိကြာလျှင်ရေအသစ်စတင်လှယိနိုင်ပါပြီ ကျေးဇူးတငိလျက် ဦးဟန်

(မည်သူမျှ ဆရာကြီးလုပ်ချင်စိတ်မရှိတာသတိရပါ)

30/10/2021

FlowerHornဆောင်းတွင်းတွင်ဂရုစိုက်ရမည့်အချ​က်များ
1- မိမိငါးကိုအစာလျှော့ကျွေးပါ
ပထမတစ်ကြိမ်၅လုံးဆိုပါက ယခု၃လုံးပဲကျွေးပါ့
2-ငါးကန်၏အောက်ခြေတွင်အနယ်များမရှိစေရန်
သတိပြုပါ Flower Hornသည်အစားကြီးသည့်
အလျောက် ချေးများစွာလည်းပါတတ်သောကြောင့်ဖြစ်သည်
3- ရေကိုသုံးရက်တစ်ကြိမ် ၅၀ရါခိုင်နှုန်း လဲလှယ်ပေးပါ
4-ငါးအတွက်လိုအပ်သည့်ဆေးများကို
ဆောင်ထားကျပါ (Queenဆေးရည်)

ကျေးဇူးတင်လျက်ဦးဟန်

29/10/2021

FlowerHorn {ထောင့်ကပ်ခြင်းမဲခြင်း}
ခုခေတ်ကာလBreederတွေ
ပေါများလာသည့်အလျောက်FlowerHornငါးစျေး
အစားစားရှိလာပါ့တယ်ထောင်ဂဏန်းမှသိန်းဂဏန်းအထိ လူတိုင်းမွေးနိုင်ကျတယ်ပေါ့
အဲလိုမှာ တချို့ Beginners တွေသည်
ငါးဝယ်လာတန်းထည့် ငါးအကြောင်းမသိတော့
ကန်ကိုပြူးပြဲကြည်​့ ငါးကလန့်ပိုဆိုးလာပါ့တယ်

ထိုသို့မဖြစ်ရအောင် လုပ်သင့်သည်အချ​က်များကိုသိသလောက်ပြောပြပေးသွားပါ့မယ်

နံပါတ် 1- မိမိငါးအသစ်တစ်ကောင်မဝယ်ခင်မှာ
ကန်ကိုတစ်ရက်ကြိုပြီးရေထည့် အောက်ဆီဂျင်
filter Heaterတပ်ဆင်ပြီးတစ်ရက်ကြိုဖွင့်ပေးထါးရပါ့မယ်

နံပါတ် 2- မိမိငါးတစ်ကောင်ဝယ်မည်ဆိုပါက
ထိုငါးရောဂါရှိမရှိ စစ်ဆေးပြိီးမှဝယ်သင့်ပါသည်
အိမ်ရောက်လာမှဆေးကုနေရတတ်ပါ့တယ်

နံပါတ် 3- ငါးကိုဝယ်ပီးပီးချင်းကန်ထဲသို့တန်းမထည့်ပါနဲ့ သူကိုထည့်လာသည့်အိတ်အတိုင်း
နာရီဝက် တစ်နာရီခန့် စိမ်ထားပေးပါထို့နောက်အိတ်ဖွင့်ပြီးငါးကိုဖြေးညှင်းစွာကန်ထဲကိုထည့်ပါ

နံပါတ် 4- ကန်နားကိုပြူးပြဲမကြည့်ပါနဲ့
အပေါ်စီးကနေမကြည့်ပါနဲ့ Flower hornကစဥ်လေးနဲ့ထားတာကပိုအဆင်ပြေပါ့တယ် ကန်ထဲကိုလက်တွေနဲ့အတင်းနှိုက်တာရှောင်ပါ

နံပါတ် 5- အစာကိုကန်နဲ့ငါးနဲ့အသားကျပြီး
၃ရက်မြောကိနေ့မှာအစာ စကျွေးပါ့
မစားပါကပြန်ဆယ်ထားပါ့ ထို့သို့လုပ်ခြင်းဖြင့်
အစာစ စားပြိီဆိုအဆင်ပြေပါပြီ

ကျေးဇူးတင်လျက် ဦးဟန်

15/10/2021

သားကြီးရေ မင်းဘဝကိုပျော်အောင်နေ😣


#အင်လဖုတ်

Want your establishment to be the top-listed Arts & Entertainment in Insein?
Click here to claim your Sponsored Listing.

Category

Website

Address


Insein