KTha Thitsar

KTha Thitsar

Share

ကျန်းမာချမ်းသာပျော်ရွင်သော ဘ၀များ ပိုင်ဆိုင်ကြပါစေ

Photos from KTha Thitsar's post 17/10/2023

🌿🌿🌿 မျက်နှာအဆိပ်ထုပ်၊ မျက်နှာရွှေသွင်းခြင်း၊ ပုလဲသွင်း
မျက်နှာ၀က်ခြံပေါင်း၊ တင်းတိတ်ပေါင်း၊ အသားဖြူ၊
ရေဓာတ်ဖြည့်၊ ရှားစောင်းအာဟာရ🍀🌺
🌿 𝐂𝐞𝐥𝐥 များကို အာဟာရဖြည့်တင်းပေးပြီး အသားအရေကိုတင်းရင်းစေတာကြောင့် အသက်ကြီးရင်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကိုလျော့နည်းစေပါတယ်။
🌿 မှဲ့ခြောက်၊ အမဲစက်တွေကိုမှေးမှိန်စေပြီး အသားအရေတင်းတင်းရင်းရင်းလေးနဲ့အရွယ်တင်နုပျိုစေပါတယ်။
🌿 နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ အမဲကွက်တွေ၊ အသားအရေမညီတာတွေကို လျော့ပါးစေပါတယ်။
🌿 ပုံမှန်ဂရုစိုက်ကာကွယ်ခြင်းဖြင့် မျက်နှာအတွင်းရှိမမြင်နိုင်သော ကိန်းအောင်းနေတဲ့ အညစ်ကြေးတွေကို သန့်စင်ဖယ်ရှားပေးပြီး ဖြူဝင်းလာစေပါသည်
🌿အသားအရေကို အားဖြည့်ပေးပီး တင်းတင်းလေးနဲ့ Glowစေတယ် 🌿🌹
🌺ရေဓာတ်ဖြည့်ပေးပီး အသားဖြူဝင်းစေလို့ အမဲစက်တွေလည်းသက်သာစေပါတယ်🌹
🌺ချွေးပေါက်တွေလည်း ကျဉ်းစေတယ် အသားကြမ်းပီး ခြောက်တဲ့သူတွေအတွက်လည်း စိုစိုလေးနဲ့ ချောမွတ်စေပါတယ် 🌹
🍀 𝐏𝐫𝐢𝐜𝐞 -5000, 7000, 10000/- 𝐊𝐲𝐚𝐭s 🍀
🏘️ - C-6 / မဟာသုခိတာလမ်းမကြီး/ပန်းစျေးအနီး /
YTU & BPI ဆေးဝါးစက်ရုံအနီး / အနောက်ကြို့ကုန်း
အင်းစိန်မြို့နယ် / ရန်ကုန်မြို့
📞Booking ၁ ရက်ကြိုယူပေးပါရန်
☎ 09457263138.......
Thitsar
Treatment
👩‍❤️‍👩 ပျော်ရွင်ကျန်းမာလှပသော ဘဝများ ထာ၀ရ
ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။💐💐

Photos from KTha Thitsar's post 17/10/2023

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ဖြစ်တတ်ပါသလား...ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ဖို့ ဘယ်အချက်တွေက လှုံ့ဆော်တတ်သလဲ၊ သက်သာအောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကို မျှဝေပေးထားပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး ထပ်မံသိလိုတာရှိရင် မေးမြန်းနိုင်ပါတယ်။
လွတ်လပ်စွာ Share နိုင်ပါသည်။

Photos from KTha Thitsar's post 15/08/2023

#ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို အိမ်သုံးဆေးမြီးတိုအဖြစ် နေရာတော်တော်များများမှာ အသုံးပြုလို့ရပါတယ်

ပန်းသီးရှာလကာရည်ဟာ မိန်းကလေးတွေရဲ့အသားအရေကို ကြည်လင်ချောမွေ့စေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကိုလျော့နည်းစေတဲ့အတွက် လူသိများပါတယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ရဲ့ အသုံးဝင်ပုံတွေက အဲဒီထက်ပိုပါတယ်။ ပန်းသီးရှာလကာရည်ကို အိမ်သုံးဆေးမြီးတိုအဖြစ် နေရာတော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ ငွေကုန်ကြေးကျလည်းမများဘဲ ကွဲပြားခြားနားမှုတစ်ခုကို ဆောင်ကြဉ်းပေးနိုင်မှာပါ။ ဒါပေမယ့် ပန်းသီးရှာလကာရည်က အသုံးများမယ်ဆိုရင် သွားနဲ့အစာပြွန်မှာ ပြဿနာရှိစေနိုင်တဲ့အတွက် မသောက်သုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

၁။ အသက်ရှည်စေ

ပန်းသီးရှာလကာရည်ထဲမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ antioxidant ဓာတ်တွေက ဇီဝကမ္မလုပ်ဆောင်မှုတွေကို အားပေးပါတယ်။ ဒါကြောင့် မနက်တိုင်း ပန်းသီးရှာလကာရည်ကို ရေနွေးတစ်ခွက်နဲ့ရောသောက်ရင် အသက်ရှည်စေတယ်လို့ အဆိုရှိပါတယ်။

၂။ ဆီးချိုကျစေ

ပန်းသီးရှာလကာရည်က သွေးတွင်းအချိုပမာဏကို လျော့ကျစေလို့ ဆီးချိုသွေးချိုသမားတွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် တချို့လူနာတွေမှာတော့ အင်ဆူလင်တုံ့ပြန်ခြင်းကို တိုးမြင့်စေလို့ မသောက်ခင် ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်သင့်ပါတယ်။

၃။ ဗိုက်အောင့်ဝေဒနာတွေကိုသက်သာစေ

ပန်းသီးရှာလကာရည်ထဲမှာပါတဲ့ melic acid ဟာ အစာအိမ်ဝေဒနာတွေကိုသက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေရင်၊ အစာအိမ်ထဲမှာအက်ဆစ်တွေများနေရင် ရေတစ်ဖန်ခွက်ထဲ ပန်းသီးရှာလကာရည်တစ်ဇွန်း ရောပြီးသာသောက်လိုက်ပါ။ ထူးခြားမှုကိုတွေ့ရှိရပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ သူ့မှာပါတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတိုက်ဖက်တဲ့စနစ်တွေက အစာအိမ်အောင့်ခြင်းကို သက်သာစေပါတယ်။

၄။ အဆိပ်အတောက်ပြေစေ

ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်လို အာဟာရဓာတ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲဒါတွေက ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပြီး ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

၅။ ဝိတ်ကျစေ

ပန်းသီးရှာလကာရည်ရဲ့အကျော်ကြားဆုံး ကျန်းမာရေးကောင်းကျိုးကတော့ ဝိတ်ကျစေတာပါပဲ။ သူက အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး တစ်ခါစားထားရင် တော်တော်နဲ့ဗိုက်ပြန်မဆာစေပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ အော်ဂဲနစ်အစားအစာတွေ၊ မှန်ကန်တဲ့လေ့ကျင့်ခန်းတွေနဲ့သာ တွဲဖက်လိုက်ရင် လုံးဝဝိတ်ကျပါပြီ။

၆။ သွားတွေကိုပြန်လည်ဖြူဖွေးစေ

ကွမ်းစားလို့သွားမှာကွမ်းချိး (ဂျိုး)တွေတက်နေတဲ့လူတွေကတော့ သွားကိုပန်းသီးရှာလကာရည်နဲ့ပွတ်ပေးသင့်ပါတယ်။ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်တွေက သွားတွေကိုဖြူဖွေးစေပါတယ်။ ထိရောက်မှုမရှိသေးရင် ပန်းသီးရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါလေးနဲ့ ရောပြီးပွတ်ပေးရင်တော့ ဖြူစင်ဝင်းပတဲ့သွားတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပြီး အမြဲရှေ့မှာ ရဲရဲဝံ့ဝံ့ ပြုံးရယ်လို့ရပြီပေါ့။
crd
thitsar

Photos from KTha Thitsar's post 15/08/2023

အရိုးသန်မာစေပြီး အာဟာရ ပြည့်ဝစေတဲ့ #ပဲစောင်းလျားသီး
(၁) အရွယ်တင်နုပျိုစေတယ်

ပဲစောင်းလျားသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ကြွယ်ဝပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ်လုပ်ဆောင်ပေးတဲ့အပြင် အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အသားအရေတင်းရင်းစေတယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုများနေမှတော့ အသားအရေတင်းရင်းပြီး နုပျိုမှာ မလွဲပါဘူး။

(၃) ကယ်လိုရီနည်းတယ်

ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှာ ၄၉ ကယ်လိုရီပဲပါဝင်တယ် ဆိုတော့ ဝိတ်ချချင်တဲ့သူတွေအတွက် တချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျားသီးသုပ်၊ ပဲစောင်းလျားသီးချက် အကုန်သာတွယ်ပေတော့။

(၄) ဗီတာမင် C ကြွယ်ဝတယ်

အသီးကလုံးဝမချဉ်ပေမယ့် ဗီတာမင် C ပါဝင်မှုကများတာကြောင့် ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကိုကောင်းစေပြီး ကင်ဆာရောဂါတချို့ကနေကာကွယ်ပေးတဲ့ကောင်းကျိုးတွေလည်းရှိပါတယ်။

(၅) သတ္တုဓါတ်တွေကြွယ်ဝတယ်

ပဲစောင်းလျားသီးမှာ သံဓါတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ဖော့စဖရပ်စ်တို့လို အရေးပါတဲ့သတ္တုဓါတ်တွေအများအပြားပါဝင်ပါတယ်။ ဗီတာမင် A ၊ B ၊ Eတွေလည်းပါဝင်မှုများပါတယ်။

(၆) ဖောလိတ်ဓါတ် ကြွယ်ဝတယ်

ပဲစောင်းလျားသီးက ဒီအင်န်အေနဲ့ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရကာစနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအာဟာရကနေဖောလိတ်ဓါတ်ရရှိမှုလုံလောက်အောင် အထောက်အကူပေးနိုင်ပါတယ်။

(၇) ပရိုတင်းကြွယ်ဝတယ်

ပရိုတင်းပါဝင်မှုကိုကြည့်မယ်ဆိုရင် ပဲပိစပ်နဲ့အတူတူပါပဲ။ တခြားပဲတွေလိုပဲ ပဲစောင်းလျားသီးအစေ့ရဲ့ပရိုတင်းပမာဏဟာပြောင်းဖူးနဲ့တွဖြက်လိုက်ရင် နွားနို့ကိုမီနိုင်ပါတယ်တဲ့။

(၈) ကယ်လ်စီယမ်ကြွယ်ဝတယ်

ကယ်လ်စီယမ်ပါဝင်မှုမြင့်မားလို့ အရိုးတွေသန်မာစေပြီးနေမကောင်းဖြစ်နေသူတွေ၊အားနည်းနေသူတွေကို ခွန်အားတိုးစေပါတယ်။

အစာလည်းဆေး၊ဆေးလည်းအစာ ဆိုသလို အစားအသောက်တွေကို ဉာဏ်ရှိသလို အသုံးချရင်း ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်သင့်ပါတယ်။ အားဆေးတွေချည်းအားမကိုးဘဲ သဘာဝအသီးအရွက်တွေကနေ အာဟာရဓါတ်တွေ တိုက်ရိုက်ရယူလိုက်ပါ။ဘေးထွက်ဆိုးကျိုးနဲ့ တာရှည်ခံပစ္စည်းတွေကင်းစင်စေပါလိမ့်မယ်။
Crd
thitsar

Photos from KTha Thitsar's post 15/08/2023

#ရှားစောင်းလက်ပက်အကျိုးကျေးဇူးများ

၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက
မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို
သက်သာစေပါသည်။

၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ်
၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့်
အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း
ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ
နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။

၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း
သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။

၄.ကျားမ အင်္ဂါများရှိရေယုန်နာများကိုလည်း
ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ
ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊
ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့်
အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ
စေသည်။

၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့်
အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို
သက်သာစေသည်။အထူးသဖြင့် အူမကြီး
ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ
ကြီးထွားလာမှုကို ရပ်တန့်စေသည်။
အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း
ဝေဒနာတို့ကိုလျော့ကျစေသည်။

၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး
cell များကိုခွန်အားဖြစ်စေသည်။

၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones
စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင်
သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊
နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော
ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု
သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။

၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့်
သွေးတိုးရောဂါမဖြစ်စေပါ။

၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့်
ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။
ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊
နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့်
အရေပြားမှ cell များကို အလိုလို ပြုပြင်ပေး
နိုင်စွမ်းရှိသည်။
(သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို
အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊
အနာကျက်နှေးသွားစေပါတယ်။

၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုများကို အပင်၏ဂျယ်လီ
လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက်
ထွက်ကာ ငန်းမန်းကို ကြေစေနိုင်သည်။

၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍
အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို
သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို
သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။

၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး
ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့်
ချမ်းသာရာရစေသည်

၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့်
အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်
ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း
ရှိသည်။

၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်
များရှားစောင်းလက်ပက်ဖျော်ရည်ကို
သောက်သုံးသင့်ပါသည်။

၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ
သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊
သွားဖုံးများကိုကျန်းမာစေသည်။

၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့်
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း
ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။

၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်
ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊
ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ
သန်း နှင့် ဗောက်များကိုလည်ကင်းစင်
စေသည်။

၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော
သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး
ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင်
ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။
ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ
ပြေလျော့စေသည်။

၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို
ပေါ့ပါးလန်းဆန်းစေသည်။

၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို
ကာကွယ်ပေးသည်။

၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး
ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော
oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။

၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်
ဂျယ်လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး
မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ
သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ
လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို
မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက
ရှားစောင်းတွင်ပါဝင်သော oxygen
ကြောင့် အရေပြားcell များကိုပိုမိုသန့်စင်စေ
ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက
တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ
ပါသည်။

၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။
လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။
(သို့သော်)တစ်နေ့ ၂၀ cc ထက်ပို၍
အစိမ်းစားပါက ကျောက်ကပ်ကို
ပျက်စီးစေနိုင်သည်။

အကျိုးကျေးဇူးများစွာဖြင့် လူတို့၏
ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည့်
သဘာဝရှားစောင်းလက်ပက်ဖြင့်ဖော်စပ်ထားသောဆေးများ ၊အလှကုန်ပစ္စည်းများကို အသုံးပြုသင့်ပါတယ်
crd

Photos from KTha Thitsar's post 16/02/2023

Short curly hair 🥰💗✨
အကောက်ဒီဇိုင်းတဲ့ 2023 မှာအပီလန်းမယ့်ကိုယ့်သဲတွေအတွက်ရှာလာပေးတာ

Photos from KTha Thitsar's post 15/01/2023

ကိုယ့်မျက်နှာမှာ ပေါက်နေတဲ့ဝက်ခြံက ဘာကြောင့်ပေါက်နေလဲဆိုတာ သိထားသင့်တဲ့ ဝက်ခြံအကြောင်း

ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ

1.နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့ခြင်း
2.ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့်ဖြစ်ခြင်း
3.ဆေးလိပ်သောက်ခြင်း
4.အရေပြားမူမမှန်ခြင်း
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်း
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုခြင်းကြောင့်ဝက်ခြံဖြစ်ပေါ်တတ်ပါသည်

ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ

1.သနပ်ခါးမလိမ်းရ/ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/ကိုယ်တိုက်ဆပ်ပြာ မသုံးရ
5.alcohol /baking soda မသုံးရ
6.ဝက်ခြံပေါက်နေတဲ့အချိန်အတွင်း scrubမတိုက်ရ

ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncreen အမြဲလိမ်းပါ
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ

ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်
အဓိက ကတော့ ရေးများများသောက်ပေးပါ အိပ်ရေးဝဝအိပ်ပါ

#ဝက်ခြံသမားများအတွက်
crd : original writer
Thitsar

Photos from KTha Thitsar's post 15/01/2023

အဆီဖုတွေကို ဘယ်လိုဖြေရှင်းကြမလဲ 🍀🍀

သေချာလေးဖတ်ကြည့်ဖို့ recommendပေးပါတယ်ခ🔥🔥

crd

12/01/2023

Skin Care Step

Skin care လေးတွေကို
အဆင့်ဆင့်ဘယ်လိုလိမ်းရမယ်ဆိုတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်

1- Make Up Remover

- ညအိပ်ယာမဝင်မီ Make up တွေကို သေချာလေးဖျက်ပါ

- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာတတ်ပါတယ်

- Make up remover (or) အဆီတခုခု နဲ့မျက်နှာတပြင်လုံး မျက်တွင်းထဲအပါ ပွတ်လိမ်း ပီးရင် Cotton Pad လေးနဲ့သုတ်ပီးသေချာလေးဖျက်ပေးပါ

- မပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်

2- မျက်နှာသစ် (Cleanser)

- မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နှာပေါ်သစ်ပေးပါ

- မျက်နှာကို စက်ဝိုင်းပုံစံ အသာအယာ နှိပ်နယ်ပေးပါ

- ရေနဲ့သစ်ချပြီး facial tissue လေးနဲ့ မျက်နှာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ အသာလေးဖိပေးပါ

3- Toner တိုနာလိမ်းနည်း

- Toner ကလည်းအရေးကြီးပါတယ်နော်
မျက်နှာသစ်ပီး ချွေးပေါက်အတွင်းကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်

- Toner လိမ်းရင် လက်နဲ့ပုတ်ပြီးမလိမ်းပါနဲ့နော်။ Cotton pad ( ဂွမ်း) လေးနဲ့သုတ်ပြီးလိမ်းပေးပါ

- Toner ကို Cotton Pad ပေါ်မှာ ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နှာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ။ တစ်မျက်နှာလုံး အနှံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ အသာအယာ မျက်နှာကိုပုတ်ပေးပါ

4- Essence/ Serum လိမ်းနည်း

- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ

- Essence ကို လက်ဖဝါးထဲထည့်ပီး လက်ထိပ်လေးနဲ့ နဖူး, ပါးနှစ်ဖက်, နှာခေါင်း နဲ့ မေးစေ့ ကို တို့ပေးပါ (လက်သူကြွယ် သုံးပေးပါ)

- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေ တင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)

- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို V ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုမိုကောင်းစေပါတယ်)

5- Lotion(နို့ရည်)/Moisturizer လိမ်းနည်း

- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတာလေးတွေနဲ့ ပိုသင့်တော်ပြီး

- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတာလေးတွေသုံးသင့်ပါတယ်

- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်

- နို့ရည်/Moisturizer လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်

- မျက်လုံးထောင့်, နှာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ။ လည်ပင်းလေးရောအပါ တောက်လျှောက်လိမ်းပေးပါ ( လည်ပင်းလေးရော ဂရုစိုက်ပေးပါ)

6- Sunscreen/ Sunblock
( နေ့လည်ပိုင်း) ညပိုင်းဆို မလိုပါဘူးနော်

- တင်းတိတ် အမဲစက် ဖြစ်ခြင်းကို ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်အရေးကြီးပါတယ်

- sunscreen ကို မျက်နှာတပြင်လုံး နှံ့စပ်အောင်သေချာလေးလိမ်းပေးပါနော်။ ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး

- Skin care လိမ်းပီးရင် ကိုယ်ကြိုက်ရာ မိတ်ကပ် /သနပ်ခါးလိမ်းလို့ရပါပြီ...

ဒါလေးတွေကတော့ မျက်နှာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...

သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် skincare မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်က ပိုထိရောက်ပြီး ကျန်းမာနုပျိုတဲ့ အသားရေ လေး ပိုင်ဆိုင်နိုင်မှာပါနော်

ပို၍ပို၍ နုပျိုလှပနိုင်ကြပါစေ....

# WeCare - Health/Beauty

Photos from KTha Thitsar's post 12/12/2022

🌺ပါးပါးကြည်ကြည် makeup lookလေးပြင် ပေးထားတာပါ

🎀 မင်္ဂလာအခမ်းအနား နှင့် ပွဲအမျိုးမျိုးအတွက်
ပြင် ဆင်ပေးပါသည် 🎀🎀

🌹🌺Photoshooting တွေအတွက်လည်း indoor ရော outdoor ရောပါ ပြင် ပေးပါသည်🌺🌹

🤗Customer တွေကို စိတ်ရှည်ရှည်နဲ့အလှဆုံးဖန်တီးပေးဖို့မျော်နေပါတယ်နော်🤗
🏘️လိပ်စာ - C-6 / မဟာသုခိတာလမ်းမကြီး/ပန်းစျေးအနီး /
YTU & BPI ဆေးဝါးစက်ရုံအနီး / အနောက်ကြို့ကုန်း
အင်းစိန်မြို့နယ် / ရန်ကုန်မြို့
📞Booking ၁ ရက်ကြိုယူပေးပါရန်
☎ 09457263138.......
# Make-up
Thitsar

12/12/2022

💐🌺ဆံပင်ဖြူတဲ့ ညီမလေးအတွက် အဖြူဖုံးတဲ့
Dark Brown color လေးဆိုးပေးထားပါတယ်🌺💐

🌹ဆံပင်အဖြူထွက်တဲ့ အရင်းကိုဘဲဆိုးချင်သူများအတွက်၊🌹

💐Dark brown - 10000/- 15000/- 20000/-
🌺ဆေးအမဲ -8000/-, 10000/-, 15000/-

🤗Customer တွေကို စိတ်ရှည်ရှည်နဲ့အလှဆုံးဖန်တီးပေးဖို့မျော်နေပါတယ်နော်😘😍

🏘️လိပ်စာ - C-6 / မဟာသုခိတာလမ်းမကြီး/ပန်းစျေးအနီး /
YTU & BPI ဆေးဝါးစက်ရုံအနီး / အနောက်ကြို့ကုန်း
အင်းစိန်မြို့နယ် / ရန်ကုန်မြို့
📞Booking ၁ ရက်ကြိုယူပေးပါရန်
☎ 09457263138.......
# Dark Brown Hair Color
Thitsar

Photos from KTha Thitsar's post 31/10/2022

🌺🌿မျက်နှာအဆိပ်ထုပ်၊ မျက်နှာရွှေသွင်းခြင်း၊ ပုလဲသွင်း
မျက်နှာ၀က်ခြံပေါင်း၊ တင်းတိတ်ပေါင်း၊ အသားဖြူ၊
ရေဓာတ်ဖြည့်၊ ရှားစောင်းအာဟာရ🍀🌺

🌿 𝐂𝐞𝐥𝐥 များကို အာဟာရဖြည့်တင်းပေးပြီး အသားအရေကိုတင်းရင်းစေတာကြောင့် အသက်ကြီးရင်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကိုလျော့နည်းစေပါတယ်။

🌿 မှဲ့ခြောက်၊ အမဲစက်တွေကိုမှေးမှိန်စေပြီး အသားအရေတင်းတင်းရင်းရင်းလေးနဲ့အရွယ်တင်နုပျိုစေပါတယ်။

🌿 နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ အမဲကွက်တွေ၊ အသားအရေမညီတာတွေကို လျော့ပါးစေပါတယ်။

🌿 ပုံမှန်ဂရုစိုက်ကာကွယ်ခြင်းဖြင့် မျက်နှာအတွင်းရှိမမြင်နိုင်သော ကိန်းအောင်းနေတဲ့ အညစ်ကြေးတွေကို သန့်စင်ဖယ်ရှားပေးပြီး ဖြူဝင်းလာစေပါသည်

🌿အသားအရေကို အားဖြည့်ပေးပီး တင်းတင်းလေးနဲ့ Glowစေတယ် 🌿🌹
🌺ရေဓာတ်ဖြည့်ပေးပီး အသားဖြူဝင်းစေလို့ အမဲစက်တွေလည်းသက်သာစေပါတယ်🌹
🌺ချွေးပေါက်တွေလည်း ကျဉ်းစေတယ် အသားကြမ်းပီး ခြောက်တဲ့သူတွေအတွက်လည်း စိုစိုလေးနဲ့ ချောမွတ်စေပါတယ် 🌹

🍀 𝐏𝐫𝐢𝐜𝐞 -5000, 7000, 10000/- 𝐊𝐲𝐚𝐭s 🍀

🏘️ - C-6 / မဟာသုခိတာလမ်းမကြီး/ပန်းစျေးအနီး /
YTU & BPI ဆေးဝါးစက်ရုံအနီး / အနောက်ကြို့ကုန်း
အင်းစိန်မြို့နယ် / ရန်ကုန်မြို့
📞Booking ၁ ရက်ကြိုယူပေးပါရန်
☎ 09457263138.......
Thitsar
Treatment

👩‍❤️‍👩 ပျော်ရွင်ကျန်းမာလှပသော ဘဝများ ထာ၀ရ
ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။💐💐

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


C-6, Maha Thu Khitar Street, Gyogone, Near BPI Bus-stop & Flower Market
Insein
11011