Perfect M&E Engineering
# The best service and dedication is our capital.
#The happiness on your face is our benefit. Electricity
#ဝန်ဆောင်မှုအကောင်းဆုံးနဲ့စေတနာကကျွန်တော်တို့အတွက်အရင်းအနှီးပါ
#သင်တို့မျက်နှာကပြုံးပျော်ရွှင်မှုကကျွန်တော်တို့ရဲ့အကျိုးအမြတ်ပါ
ကျွန်တော်တို့အဖွဲ့သားများ MEP လုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ပေးခဲ့တော့ 7mile က ဆိုဒ်ကလေး
&eengineeringroup
100% Finish
08/01/2026
kW နဲ့ kWh တို့ရဲ့ ကွားခြားချက်
=====================
Power (kW) နဲ့ Energy (kWh) ဆိုတာ လျှပ်စစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ နေစဉ်ကြားရတဲ့ ဝေါဟာရတွေ ဖြစ်ပေမဲ့ တော်တော်များများက kW နဲ့ kWh ကို ကွဲကွဲပြားပြား မသိဘူး ဖြစ်နေတာလေးတွေ ရှိပါတယ်။
Power (KW) - စွမ်းအင်သုံးစွဲမှုနှုန်း
kW ဆိုတာ စွမ်းအင်သုံးစွဲမှုနှုန်း (Power) ကို တိုင်းတာတဲ့ ယူနစ်တစ်ခု ဖြစ်ပါတယ်။ 1kW ဆိုတာ 1000W ရှိတာကို ဆိုလိုပါတယ်။ ပြောချင်တာက လျှပ်စစ်ပစ္စည်းတွေဟာအချိန်တစ်ခုအတွင်း စွမ်းအင်ကို ဘယ်လောက် သုံးစွဲနေလဲ ဆိုတာကို ပြပါတယ်။ ဥပမာ-ကားတစ်စီးရဲ့ အရှိန် (Speed) နဲ့ တူပါတယ်။ တစ်နာရီကို ကီလိုမီတာ ဘယ်လောက်နှုန်းနဲ့ သွားနေလဲ ဆိုတာကို ပြောတာပါ။ လေအေးပေးစက်တစ်လုံးက 2kW ရှိတယ်ဆိုရင်၊ ဖွင့်ထားတဲ့အချိန်မှာ စွမ်းအင်ကို 2kW နှုန်းနဲ့ သုံးစွဲနေတယ်လို့ ဆိုလိုတာပါ။
Energy (KWh) - စုစုပေါင်းသုံးစွဲခဲ့သော စွမ်းအင်
KWh ဆိုတာ Energy (စွမ်းအင်ပမာဏ) ကို တိုင်းတာတဲ့ ယူနစ်တစ်ခု ဖြစ်ပါတယ်။ kWh ဆိုတာ kW တစ်ခုကို တစ်နာရီကြာအောင် သုံးစွဲလိုက်တဲ့ စုစုပေါင်းစွမ်းအင်ပမာဏကို ဆိုလိုတာပါ။ အဓိပ္ပာယ်ကတော့အချိန်ကာလတစ်ခု (တစ်နာရီ၊ တစ်ရက်၊ တစ်လ)အတွင်း စုစုပေါင်း စွမ်းအင်ကို ဘယ်လောက်များများ သုံးစွဲခဲ့လဲ ဒါမှမဟုတ် ထုတ်လုပ်ခဲ့လဲ ဆိုတာကို ပြပါတယ်။ ဥပမာ-ကားတစ်စီးရဲ့ မောင်းနှင်ခဲ့တဲ့ စုစုပေါင်းအကွာအဝေး (Distance Traveled) နဲ့ တူပါတယ်။ ကီလိုမီတာ ဘယ်လောက် သွားခဲ့ပြီးပြီလဲ ဆိုတာကို ပြောတာပါ။ လျှပ်စစ်မီတာဘေလ်မှာ ပါတဲ့ ယူနစ်တွေက kWh နဲ့ ဖြစ်ပါတယ်။ ဒါက တစ်လအတွင်း သင့်အိမ်က စုစုပေါင်း ဘယ်လောက် စွမ်းအင်သုံးစွဲခဲ့လဲဆိုတာကို ပြတာပါ။
ဉပမာတစ်ခု တွက်ပြပါမယ့်-
2kW ရှိတဲ့ လေအေးပေးစက်တစ်လုံးကို 3 နာရီ ကြာအောင် ဖွင့်ထားရင် စုစုပေါင်းသုံးစွဲတဲ့ စွမ်းအင်က 2kW x 3 hours = 6kWh ဖြစ်ပါတယ်။
အနှစ်ချုပ်
kW (Kilowatt) = စွမ်းအင်သုံးစွဲမှုနှုန်း (Power)(တစ်ချိန်တည်းမှာ ဘယ်လောက်သုံးလဲ)
kWh (Kilowatt-hour) = စုစုပေါင်းသုံးစွဲခဲ့သော စွမ်းအင် (Energy) (အချိန်တစ်ခုအတွင်း စုစုပေါင်းဘယ်လောက်သုံးလိုက်လဲ)
Crd to Original Uploader...🙏🙏🙏
13/05/2025
MCB တွေ မဖြုတ်လို့ မီးလောင်ဖူးလား ....
MCB တွေကို ဘယ်လောက် Current ဘယ်အချိန်မှာ Trip ဖြစ်မလဲဆိုတာ တွက်ချက်လို့ရလား ကြိုသိနိုင်မလား ၊
သိနိုင်တာပေါ့ ...Trip Curve ကိုသာ ဖတ်တတ်ရင် ၊ တွက်ချက်တက်ရင် ကြိုပြီးသိ ကြိုပြီးတွက်လို့ ရတာပေါ့
ကျတော်တို့ အစောက ပြောခဲ့ကြတယ် ။
■MCB size / Rating နဲ့ အသုံးချရွေးချယ်ရမည့် Type ကို ဘယ်လို တွက်ချက်ရွေးချယ်ပါသလဲ
■MCB Breaker Size နဲ့ Design Current ကို ဘယ်လို ဆက်စပ်မလဲဆိုတာကို
Design Current ဆိုတာ ဘာလဲ ?
■Design current ဆိုတာ အလွယ်ပြောရရင် လျှပ်စစ်ပစ္စည်းတစ်ခု အတွက် ပြင်ပသက်ရောက်မှု ဘာမှမပါရှိသော ပကတိအနေနဲ့ သက်ဆိုင်ရာ လျှပ်စစ်ပစ္စည်းမှ သတ်မှတ် voltage ပမာဏ တွင် ဆွဲယူသုံးဆွဲမည်ဖြစ်သော လျှပ်စီးကြောင်း ( Current ) ကို ခေါ်ဆိုပါသည်။
ဥပမာ။ ။ 2300 W Water Heater အတွက် Design Current ဆိုပါက
■ P=VI ( Resistive Load ) ဖြစ်၍
■2300 W = 230 V x I
■ I=10 A ( 10 Ampere ) ဖြစ်သည် ။
ထို Heater အတွက် အကာအကွယ်ပြုလုပ်ရန် MCB Size တနည်း In ကို ဘယ်လောက် Current ရွေးရမလဲ။
■ BS 7671 အရဆို Breaker ၏ Rated Current သည် Design Current နှင့် တူညီသော သို့မဟုတ် Design Current ထက် အနီးစပ်ဆုံးပိုကြီးသော (Next Higher Rating ) က်ု ရွေးချယ်ရမည်ဖြစ်ပါသည် ။
■ မိမိ တွက်ချက်ရရှိသော Design Current ပေါ်မူတည်၍ တပ်ဆင်သင့်သော C Type MCB ကို နမူနာ ယူပါက
●10 A အတွက်ဆို MCB C10
●11 A အတွက်ဆို MCB C 16
●15 A အတွက်ဆို MCB C16
●17 A အတွက်ဆို MCB C20 ဟု တွေ့နိုင်ပါသည်။
Breaker Rating should be same or next higher rating of Design Current
MCB size Vs Over current and Earth Fault Current
နမူနာတစ်ခုကို တွေးကြည့်လို့ရအောင်ပါ။
● အကယ်၍ မိမိ အိမ်မှာ Total load တွေကို တွက်ချက်ကြည့်တာ Total Rated Current က 7 A Maximum Load Current ဖြစ်နေတယ်ပေါ့ ။
●ဒီ 7 A Full load current ရှိနေတဲ့ အိမ်အတွက် အကာအကွယ်ပြုဖို့ရာ Protection MCB Rating /size ကို ရွေးချယ်မယ်ဆိုရင် အစောက တွက်လို့ရတဲ့ 7A နှင့် ညီသော ( သို့မဟုတ် ) 7 Ampere ထက် တဆင့်ကြီးသော Breaker Rating ကို ရွေးချယ်ရမှာ ဖြစ်လို့ ( Same or Next Higher Rating For Protection Device အရ ) 7 A ထက်ကြီးသော Breaker size ကို ရွေးချယ်ရာ 10 A ဖြစ်သည်။
■Breaker Type ကို ရွေးချယ်ရာမှာ အသုံးပြုမည့် Load အမျိုးအစားတွင် ( lighting များ ၊ အိမ်သုံးမော်တာများ စသည့် small inductive load တွေပါ၀င်လို့ ) load အမျိုးအစားပေါ်မူတည်၍ Breaker ကို Type C အမျိုးအစား သုံးပါမည်။
■ Type C MCB - C10 ကို သုံးမယ်။
အခု ဒီ Type C MCB C10 က ဘယ်အချိန်ကျ ရင် Overload Current ပမာဏ ဘယ်လောက်နဲ့ ပြုတ်သွားမလဲ ကို သက်ဆိုင်ရာ Standard BSEN 60898 အရ အကိုးကားယူ ကြည့်ကြည့် ရင်
■MCB တွေက မိမိ တပ်ဆင်ထားတဲ့ MCBက 63 A အောက်ဆိုရင် အနိမ့်ဆုံး Overload Tripping အနေနဲ့ သက်ဆိုင်ရာ Breaker Rating ရဲ့ 1.13 Times ကနေ စပြီးမြင်ပါတယ် တနည်း စပြီး ဖြုတ်နိုင်ပါတယ်။ အချိန် ၁ နာရီကျော်တော့ စောင့်ရလိမ့်မယ် အတိကျပြောပြရရင်
■Thermal Trip Release ( BSEN 60898 ) အလုပ်လုပ်ပုံက
The release is initiated by a bimetal strip in the event of overload. The standard defines the range of releases for specific overload values. Reference ambient temperature is 30 °C.
Test current Tripping Time
1.13 x In t ≥ 1 h (In ≤ 63 A)
1.13 x In t ≥ 2 h (In > 63 A)
1.45 x In t < 1 h (In ≤ 63 A)
1.45 x In t < 2 h (In > 63 A)
2.55 x In 1s < t < 60 s (In ≤ 32 A)
2.55 x In 1s < t < 120 s (In >32 A)
Thermal Release က Overload Current ပမာဏ ဖြတ်သန်းစီးဆင်းသွားသော ကြာချိန်နှင့်သာ တိုက်ရိုက် သက်ဆိုင်ပါသည်။
■အထက်ဖော်ပြပါ ဇယားအရ BSEN 60898)
မိမိတပ်ဆင်ထားသော MCB သည် 63 A နှင့် အောက်ဖြစ်ပါက 1.13 In overload ဖြစ်ခြင်းကို
မိမိ MCB Rating ၏ 1.13 ဆ စီးဆင်းနေခြင်းမှ စတင်သိရှိနေပြီး တနည်း Bimetal Bar မှစတင် အပူချိန်စထွက်နေပြီး အချိန် ၁ နာရီနှင့် အထက်တွင် ပြုတ်သွားပါလိမ့်မည်။
■ပြန်ရှင်းရလျှင် Thermal overload ဖြစ်ခြင်းတွင် overload မိမိ Breaker Current rating ၏ 1.13 Current ပိုဆွဲချိန်ကတည်းက Thermal Trip က စတင်သိရှိနေပြီး ( pick up ) လုပ်နေပြီး ထို Overload ဖြစ်ပေါ်ခြင်း 1 နာရီနှင့်အထက်တွင် Thermal Trip က အပူချိန်ကြောင့် ထို Breaker ကို ဖြုတ်ချလိမ့်မယ်။
6 A MCB သည် မူလ 6 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 6.78 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး
■1.45 Times ဖြစ်သော Overload 8.7 A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး
■2.55 Times ဖြစ်သော Overload 15.3 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
10 A MCB သည် မူလ 10 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 11.3 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး
■1.45 Times ဖြစ်သော Overload 14.5A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး
■2.55 Times ဖြစ်သော Overload 25.5 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
ဆိုတော့ သဘောက Overload Current များလာလေလေ Trip ဖြစ်မည့်အချိန် မြန်လာလေလေ Inverse Definite Minimum Time (IDMT) characteristic ဖြစ်နေသည်ကို တွေ့ရပါမည်။
ဆိုတော့ 7 Ampere Full load Current ( Design Current ရှိနေသော အိမ်အတွကိ C10 ကိုရွေးလိုက်ရင်
C10 က Trip Curve အရ
10 A MCB သည် မူလ 10 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 11.3 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး ( More than 1 Hour )
■1.45 Times ဖြစ်သော Overload 14.5A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး ( Within 1 Hour )
■2.55 Times ဖြစ်သော Overload 25.5 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
■Design Current 7 A _ Breaker Current 10 A _ Trip Current 11.3 A More than 1 Hour
■Design Current 7 A _ Breaker Current 10 A _ Trip Current 14.5 A Within 1 Hour
■Design Current 7 A _ Breaker Current 10 A _ Trip Current 25.5 A Less than 1 Sec ~ 60 Sec
အထက်ပါ တွက်ချက်မှုအရ Design Current 7 A ဖြစ်နေသော်လည်း C10 Breaker ကြောင့် မိမိ Rated Current 7 A ၏ ၃ ဆခွဲခန့် များသော Overload Current 25.5 A စီးဆင်းမှသာ Breaker ကို 1 မိနစ် မှ အမြန်ဆုံး 1 စက္ကန့်အတွင်းဖြုတ်ချနိုင်မည်ဖြစ်သည်။
မိမိရွေးချယ်မှုသည် 10 A ထက်ပိုကြီးသော 16 A Breaker ကို ရွေးထားမိပါက အထက်ပါ အခြေအနေတွင်
■Design Current 7 A _ Breaker Current 16 A _ Trip Current 18.08 A More than 1 Hour
■Design Current 7 A _ Breaker Current 16 A _ Trip Current 23.2 A Within 1 Hour
■Design Current 7 A _ Breaker Current 16 A _ Trip Current 40.8 A Less than 1 Sec ~ 60 Sec
အထက်ပါ တွက်ချက်မှုအရ Design Current 7 A ဖြစ်နေသော်လည်း 16 A Breaker ကြောင့် မိမိ Rated Current 7 A ၏ 5.8 ဆခွဲခန့် များသော Overload Current 40.8 A စီးဆင်းမှသာ Breaker ကို 1 မိနစ် မှ အမြန်ဆုံး 1 စကန့်အတွင်းဖြုတ်ချနိုင်မည်ဖြစ်သည်။
ဆိုတော့ 7 A full load Ampere နဲ့ မိမိရွေးချယ်မိတဲ့ Breaker အလိုက် Overload / Overcurrent Trip ဖြစ်မယ့် Ampere ပမာဏ ၊ Trip ဖြစ်ရန် ကြာချိန် ပမာဏကို Trip Curve ကို ကြည့်၍သော်လည်းကောင်း ၊Trip Time ကို တွက်ကြည့်ပြီးတော့ သိနိုင်ပါတယ်။
သေချာတာတစ်ခုက မိမိ Design Current နဲ့ ဝေးကွာလွန်းသော သို့မဟုတ်မိမိ Design Current ထက်အလွန် ကြီးမားလွန်းနေသော Breaker Size ကို ရွေးချယ်မိပါက ထို Breaker ၏ Trip ဖြစ်မည့် Trip Current ပမာဏ ၊ Trip Time သည် မိမိ လိုအပ်သော မိမိတပ်ဆင်ထားသော လျှပ်စစ်ပစည်းများ၏ ခံနိုင်ရည်ရှိမှု ထက်များစွာကျော်လွန်နေပါက မလိုလားအပ်သော မီးလောင်ပျက်စီးမှုများဖြစ်နိုင်ပါသည်။
Magnetic Trip
■Magnetic Trip ကတော့ ဘာနဲ့ တိုက်ရိုက်သက်ဆိုင်လဲဆိုရင် (Long Time / Short Time Overload / Short Circuit )
MCB Trip Type /Trip Curve တွေနဲ့ သက်ဆိုင်ပါတယ် ပြောရရင် ရုတ်ချည်း ရုတ်တရက် ဆွဲလိုက်သော Current ပမာဏတစ်ခု၊ရုတ်တရက် မြင့်တက်လာသော Current ပမာဏတစ်ခုက ဘယ်လောက်ထိ မြင့်တက်လာလဲ ကြာလာလဲဆိုတဲ့ ကြာသွားလည်းဆိုသော အချိန် ( pick up time ) ကို မူတည်ပြီး Tripping Operation က တိုက်ရိုက်အလုပ်လုပ်တာပါ။
■Design Engineer / Installer တွေဘက်က တွေးလာနိုင် မေးလာနိုင်တာက MCB တွေအလုပ် လုပ်နေစဥ်သူ့ကို ဖြတ်သန်းစီးဆင်းနေတဲ့ Current ပမာဏ တစ်ခုက သူ့ရဲ့ Breaker Rated Current ထက်များနေတယ် ။ ဒါပေမယ့် များနေတဲ့ Current က Overload Current ဖြစ်နေတာလား Short Circuit ဖြစ်နေတာလားကို ဘယ်လို သိမလဲ ဘယ်လိုခွဲခြားမလဲ။
ဒါကို ခွဲခြားတာက ဖြစ်ပေါ်လာတဲ့ Current Magnitude နဲ့ ဖြစ်နေသော အချိန်ပါ ( pickup time ) ပါ။
Fault Current Magnitude ပမာဏ တစ်ခုက pick up အချိန်နဲ့အမျှ တဖြည်းဖြည်းတိုးလာတာလား tripဖြစ်ဖို့ အချိန်ယူလား
Fault Current Magnitude ပမာဏ တစ်ခုက pick up က ရုတ်ချည်းအချိန်တို့အတွင်းရုတ်တရက် ချက်ချငိး Trip တန်းဖြစ်တာလား ခွဲလို့ရပါတယ်။
မတူညီသော အခြေအနေက
■Current ပမာဏတစ်ခုက ရုတ်တရက် မဟုတ်ဘဲ အချိန်အတိုင်းအတာအတွင်း ပမာဏ တဖြည်းဖြည်းတက်လာတယ် ကြာတယ်။
Current တစ်ခုက ရုတ်တရက် အချိန်တိုအတွင်း ၂ ဆ ၃ ဆဖြစ်လာတယ် အချိန်ကြာကြာဖြစ်နေတယ်။
ဥပမာ ။ ။ Motor တစ်လုံးမောင်းတယ် ရုတ်တရက် Current ပမာဏ တစ်ခုက ၃ ဆ တက်သွားတယ် အချိန်တစ်ခုအကြာ လျော့သွားတယ် ဆင်းသွားတယ် ၊ သို့မဟုတ် အချိန်တစ်ခုကြာသည့်တိုင်အောင် ဆက်ပြီး စီးဆငိးနေတယ်
Current Magnitude အရ short time လား ၊ Long time Overload ဖြစ်နေတာလားပေါ်မူတည်ပြီး Protection စနစ်က Overload လား ၊ short circuit လား ခွဲခြားသလိုပါဘဲ။
■Magnetic Trip မှာတော့ တိကျတဲ့ Trip Current Range နဲ့ တိကျတဲ့ Tripping Time Range တွေ ရှိနေပါတယ်။ Trip Curve B , C , D
■Breaker Type B ဆိုရင်
o Test Current Tripping Time
o 3 x In 0.1
07/03/2025
#ဝန်ဆောင်မှုအကောင်းဆုံးနဲ့စေတနာကကျွန်တော်တို့အတွက်အရင်းအနှီးပါ
#သင်တို့မျက်နှာကပြုံးပျော်ရွှင်မှုကကျွန်တော်တို့ရဲ့အကျိုးအမြတ်ပါ
အင်းစိန်မြို့နယ်၊ဂ ရပ်ကွက်၊ပိတောက်လမ်းနှင့်အင်ကြင်းလမ်းထောင့် 6ထပ်တိုက်အဆောက်အဦတွင် Electrical System, Plumbing & Sanitary ,Dry Riser Fire System များ ဆောက်ရွက်ပြီးစီးမှုအခြေအနေ
လုပ်ငန်းအပ်နှံသူများအား Perfect M&E Engineering အဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။🙏🙏🙏
Building Service & Maintenance ခေါ်ဖို့ ကျွန်တော်တို့ကိုဘာကြောင့် ရွေးချယ်သင့်တာလဲဆိုတာကတော့
#တိကျသောဝန်ဆောင်မှု
ကျွန်တော်တို့၏ဝန်ဆောင်မှုများအတွက် လူကြီးမင်းတို့၏ ကိုယ်ပိုင်အချိန်ကို၁၀၀% အလေးထားပြီးနောက်ကျခြင်းမရှိအောင်စီစဥ်ပေးမှု
#အချိန်နှင့်တပြေးညီဝန်ဆောင်မှု
အချိန်မီရောက်ရှိရေးကတော့ ကျွန်တော်တို့ရဲ့အလွန်အလေးအနက်ထားရှိမှုတစ်ရပ်ပါပဲ။ ကျွန်တော်တို့ကို လူကြီးမင်းတို့ မစောင့်စေရပါဘူးနော်
#ချိုသာသောစျေးနှုန်း
လူကြီးမင်းတို့ မျှော်လင့်ထားသော ဈေးနှုန်းထက် နည်းနေရပါမယ်ဗျ
#စိတ်ချယုံကြည်ရသောအာမခံ
ကျွန်တော်တို့၏လုပ်ငန်းအားလုံးဟာ အာမခံချက်ရှိသည်။Complaintနှင့်ပတ်သတ်ပြီး မည်သည့်မေးခွန်းကိုမျှမမေးပါ။ ဂုဏ်သတင်းသည်ကျွန်တော်တို့ ၏ လုပ်ငန်းအရည်အသွေးပေါ် အခြေခံသည်ကိုကျွန်တော် တို့ယုံကြည်စွာသိရှိနားလည်ထားပါတယ်
#အိမ်ရှင်များကိုလေးစားသည်
ကျွန်တော်တို့၏ ပညာရှင်များက လူကြီးမင်းတို့ ၏ အိမ်နှင့်ပစ္စည်းများကိုအမြဲလေးစားမှုနှင့်အတူ
ထိခိုက် မှုတွေကိုလည်းကြိုတွက်ထားပါမယ်။
#အိမ်ရှင်ကျေနပ်မှု
လူကြီးမင်းတို့ဘက်မှ စိတ်ကျေနပ်မှုရှိသည့်အထိ ကျွန်တော်တို့က အကောင်းဆုံးဝန်ဆောင်မှု ပေးပါတယ်ဗျ။ထို့ကြောင့်ကျွန်တော်တို့က ၁၀၀%ကျေနပ်မှုကို အာမခံချက်ကိုပေးထားပါတယ်နော်
လူကြီးမင်းတို့၏ နေအိမ်အတွက်
1>လျှပ်စစ်မီး ပြဿနာများ
2>အိမ်သုံး ရေပြဿနာများ
3>အဲယားကွန်း(AC)ပြဿနာများ
4>နေအိမ်လုံခြုံရေးပြဿနာများ
စသည့် ပြဿနာများအား ကျွန်တော်တို့ Perfect Engineering Bulding Service & Maintenance အဖွဲ့မှ ကျွမ်းကျင်သော ပညာရှင်များ နှင့်အတူ ဈေးနှုန်းချိုသာစွာဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးပါနေပါပြီခင်ဗျ..😍😍😍
ဒါ့အပြင်လူကြီးမင်းတို့အိမ်ရဲ့ ရေမီးအဲယားကွန်းလုံခြုံရေးဆိုင် ရာCCTVများကိုင်လည်းတစ်လစစ်ဆေးခြင်း၊ သုံးလစစ်ဆေးခြင်းတို့ဖြင့်လည်း ကြီးကြီးမားမား ပြဿနာများမဖြစ်ပွားအောင်လည်း ကြိုတင်ပြုပြင်ထိန်းသိမ်းပေး Package များနှင့်လည်း စီမံဆောင်ရွက်ပေးနေပါတယ်ခင်ဗျ..။
Package ကတော့လူကြီးမင်းတို့ လိုချင်တဲ့အနေထားလိုက်ပြီး တစ်လ မှ တစ်နှစ် Package အထိလည်း အစီအစဥ်များရှိပါတယ်.နော်..။😍😍😍
ဝန်ဆောင်မှုနှုန်းထားများမှာလည်းသင့်တင့်ပြီး.စိတ်ချမ်းသာမှုဆက်ဆံရေးလည်းကောင်းမွန်စေရန်အာမခံပါတယ်ခင်ဗျ..။
လူကြီးမင်းတို့ရဲ့အလုပ်ကိုပဲပိုမိုအောင်မြင်အောင်အာရုံစိုက်ပေးပါ😎😎
အိမ်ရဲ့M and E system ကိစ္စအဝဝကိုကျွန်တော်တို့အဖွဲ့မှကူညီဝန်ဆောင်မှုပေးပါရစေလားခင်ဗျ...။😍😍😍
အသေးစိတ်သိရှိလိုပါက Perfect M&E Engineering Page ရဲ့ Cheat Boxမှတဆင့် မေးမြန်စုံစမ်းနိုင်သလို၊ Telephone မှတစ်ဆင့်လဲ မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်းနံပတ်တွေကတော့
📱09450014004
📱09795533424
ဆိုလာစနစ်ကို စနစ်တကျ အသုံးပြုမည်ဆိုလျှင် အဆင့် ၅ဆင့် ပေါ်မူတည်ပြီး တွက်ချက်ရန် လိုအပ်ပါသည်။
အဆင့် (၁) မိမိအသုံးပြုမည့် ပမာဏ ဆန်းစစ်ခြင်း (Determine power consumption demands)
ပထမဦးစွာ မိမိအမှန်တကယ်အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများ၏ ဝပ်ပမာဏ နှင့် ပစ္စည်းတစ်ခုစီ၏ တစ်နေ့တာအတွင်း အသုံးပြုမည့်အချိန် နာရီ ကိုသိရှိရပါမည်။ ထို့နောက် တစ်နေ့တာ အတွင်း အသုံးပြုမည့် စုစုပေါင်းဝပ်နာရီ(total watt-hour in 1 day) ကိုတွက်ချက်ရပါမည်။
ဥပမာ..
- အိမ်တစ်အိမ်တွင် ၂၀ W မီးချောင်း ၅ချောင်း ၆နာရီ
- ၁၀၀ W TV ၁လုံး (led 32")၄နာရီ
- ၅၀ W ပန်ကာ ၁လုံး ၂နာရီ
- ထမင်းပေါင်းအိုး ၁လုံး ၇၀၀ W နာရီဝက်
တစ်နေ့တာအတွင်းအသုံးပြုသည်ဆိုပါစို့။
*မီးချောင်း 20W x 6 h x 5 = 600 Wh
*TV 100W x 4 h x 1 = 400 Wh
*ပန်ကာ 50 W x 2 h x 1 = 100 Wh
*ပေါင်းအိုး 700W x 0.5h x 1= 350 Wh
စုစုပေါင်း တစ်နေ့တာ အသုံး = 1450 Wh/day
အဆင့်(၂) အသုံးပြုရမည့် ဘက်ထရီ ပမာဏ တွက်ချက်ခြင်း (Battery Sizing)
အဆင့် (၁) တွက်ချက်မှု မှ ရရှိလာသော စုစုပေါင်းဝပ်နာရီ(total watt-hour in 1 day) ကို အသုံးပြုမည့် ဘက်ထရီ ဗို့ ဖြင့် စားပါ။ ရရှိလာသော ဂဏန်းတန်ဖိုးသည် မိမိအမှန်တကယ် အသုံးပြုမည့်ဘက်ထရီ အမ်ပီယာနာရီ Ah ဖြစ်သည်။ သို့ရာတွင် ဘက်ထရီ ၁လုံးသည် ၎င်း capacity ၏ တစ်ဝက်ခန့်သာ အသုံးပြုသင့်သောကြောင့် ရရှိလာသော ဂဏန်းတန်ဖိုး ကို ၂ဖြင့်မြှောက်ပါ။
ဥပမာ 100Ah ဘက်ထရီ ၁လုံးသည် အမျိုးအစား ၊ တံဆိပ်၊ အရည်အသွေးပေါ်မူတည်၍ 40Ah မှ 60Ah အတွင်းသာ အသုံးပြုနိုင် ၊ အသုံးပြုသင့်ပါသည်။ အချို့သော ကားဘက်ထရီများဆိုလျှင် 30Ah ခန့်သာ အသုံးပြု၍ရသောကြောင့် ဆိုလာဖြင့်အသုံးပြုမည်ဆိုလျှင် ကားဘက်ထရီ အသုံးပြုခြင်းကို အားမပေးပါ။
အသုံးပြုရမည့် ဘက်ထရီ ပမာဏ = 1450 Wh ÷12 × 2 = 241.67 Ah = 120Ah ၂လုံး အသုံးပြုနိုင်ပါသည်။
အဆင့်(၃) အသုံးပြုရမည့် ဆိုလာပြား ပမာဏ တွက်ချက်ခြင်း (Size of solar PV modules)
အဆင့် (၂) တွင် တွက်ချက်ထားသော တနေ့တာအတွင်း မိမိအမှန်တကယ် အသုံးပြုမည့်ဘက်ထရီ အမ်ပီယာနာရီ Ah ကို ပြန်လည်ဖြည့်တင်းနိုင်ရန် လုံလောက်သော ဆိုလာပမာဏ ရှိရန် လိုအပ်ပါသည်။ မိမိတို့ လက်ရှိအသုံးပြုနေသော ဖုန်းဘက်ထရီသည် 3.7V ရှိပြီး ၎င်းကို အားသွင်းရန် 5V charger လိုအပ်သကဲ့သို့ ပင် ဆိုလာပြားသည် ၁၂ဗို့ ဘက်ထရီ ကို အားသွင်းရန် ၁၈ဗို့ ခန့် ထုတ်ပေးရပါသည်။ ၁၀၀ ဝပ်ရှိသော ဆိုလာပြားတစ်ပြားသည် အပြင်းဆုံးနေရောင်အောက်တွင် 5.6 A သာ ထုတ်ပေးနိုင်သဖြင့် ၁နာရီ ကြာနေရောင်ရှိပါမှ 5.6 Ahခန့်သာ ဘက်ထရီကို အားပြန်ဖြည့်ပေးနိုင်ပါသည်။ တနေ့တာအတွက် အမြင့်ဆုံးနေရောင်ရရှိချိန် ၅နာရီခန့်ဖြင့်တွက်ချက်ပါက ၁၀၀ ဝပ် ဆိုလာပြားသည် အများဆုံး 28 Ah ခန့်သာ ၁၂ဗို့ဘက်ထရီကို အားပြန်ဖြည့်ပေးနိုင်ပါသည်။ ထို့ကြောင့် တနေ့တာအတွင်း မိမိအမှန်တကယ် အသုံးပြုမည့်ဘက်ထရီ အမ်ပီယာနာရီ Ah ကို ပြန်လည်ဖြည့်တင်းနိုင်ရန် အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်။
မိမိအမှန်တကယ် အသုံးပြုမည့်ဘက်ထရီ အမ်ပီယာနာရီ Ah = 1450 Wh ÷12 = 120.83 Ah
လိုအပ်သော ဆိုလာပမာဏ = 120.83Ah ÷ 28 × 100 = 431.53 W
150W ၃ချပ် (သို့) 240W ၂ချပ် (သို့) 120W ၄ချပ် သုံးစွဲ နိုင်ပါသည်။
အဆင့်(၄) အသုံးပြုရမည့် အင်ဗာတာ တွက်ချက်ခြင်း (Inverter Sizing) a
လိုအပ်သော အင်ဗာတာ ပမာဏ သည် အမှန်တကယ် တပြိုင်နက်အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများ၏ ဝပ်ပမာဏ အားလုံး ပေါင်းခြင်းထက် ၃၀% ခန့် ပိုများရန်လိုအပ်ပါသည်။ သို့ရာတွင် မော်တာနှင့် ကွန်ပရက်ဆာ များပါဝင်သော လျှပ်စစ်ပစ္စည်းများ (ဥပမာ ရေမော်တာ၊ ပန့်၊ ရေခဲသေတ္တာ၊ အဲကွန်း) ၏ ပဏာမ ရုန်အား (starting load) သည် ဖော်ပြထားသော ဝပ် ပမာဏ ထက် ၃ဆ ခန့် ရှိသည်ကို သတိပြုသင့်ပါသည်။ ဆိုလိုသည်မှာ ၅၀၀ ဝပ်ဟုရေးထားသော မော်တာတစ်လုံး၏ ပဏာမ ရုန်အား (starting load) သည် ၁၅၀၀ ဝပ် ထိရှိနိုင်ပါသည်။ တွက်ချက်ပုံမှာ
*မီးချောင်း 20W x 5 = 100 W
*TV 100W x 1 = 100 W
*ပန်ကာ 50 W x 1 = 50 W
*ပေါင်းအိုး 700W x1 = 700 W
စုစုပေါင်း ဝပ်ပမာဏ = 950 W
ိလိုအပ်သော အင်ဗာတာ ပမာဏ= 950+ 30% = 1235 Wထက်ကြီးသော အင်ဗာတာ ကို အသုံးပြု သင့်ပါသည်။
အဆင့် (၅) ကွန်ထရိုလာ အသုံးပြုရန် ရွေးခြယ်ခြင်း (Solar charge controller sizing)
Solar charge controller ကို ဘက်ထရီ သက်တမ်း ကြာရှည်ရန်အတွက် အသုံးပြုသင့်ပါသည်။ အဆင့် (၃) တွင်တွက်ချက်ထားသော ဆိုလာပြားပမာဏ ပေါ်မူတည်၍ ကွန်ထရိုလာ အသုံးပြုရန် ရွေးခြယ် တွက်ချက်နိုင်ပါသည်။ ဥပမာ 150W ဆိုလာ ၃ချပ် သုံးမည်ဆိုပါက စုစုပေါင်း 450 W အတွက်
450W÷18V= 25A +20% = 30A controller ကို အသုံးပြုသင့်ပါသည်။
Credit: Energy Solar
18/01/2025
Solar ပြား နှင့် Controller သိကောင်းစရာ
➖➖➖➖➖➖➖➖➖➖➖
မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်
(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
=======================
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့တိုက်ရိုက်ပြောင်းလဲပေးနိုင်သောနည်းပညာ ဖြစ်ပါသည် နေအလင်းရောင်တွင်ပါ၀င်သော အလင်းမှုန်များမှဆိုလာပြားအတွင်းရှိလျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကိုဖြစ်ပေါ်စေခြင်းဖြစ်ပါသည်
(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း
=========================
ဆိုလာဆဲလ် ဆိုသည်မှာအလင်းစွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးသောအရာ ဖြစ်ပါသည် ဆဲလ်များသည်မည်သည့် စွမ်းအင်ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှုမရှိတော့ပေ
(၃) Charge Controller ဆိုတာ ဘာလဲ
========================
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက်ကိရိယာဖြစ်ပါသည် ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်
(၄) Charge Controller
ဘာကြောင့် အသုံးပြုရတာလဲ
=========================
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကိုအသုံးပြုရပါသည်
(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ
=======================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်
ကြခြင်းကြောင့်ဖြစ်ပွါးနိုင်ပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုးကို သင့်တော်တဲ့ကြိုးမသုံးတအရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ ဆိုလာပြားကိုသယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ ဆိုလာပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်းမပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း အနုတ်ငုတ်မှာ ကြိုးချောင်နေတာ ကြားထဲမှာ ကြိုးဆက်ထားတဲ့အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် "
၆/ ဆိုလာပြား မှမီးလောင်ခြင်းများ
မဖြစ်ပွါးရအောင်
=========================
၁/Controller ခံသုံးပါ
၂/အဝင်ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာအသုံးပြုပါ
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ ခရီးရှည်ထွက်လျှင်လုံးဝ ပိတ်ထားခဲ့ပါ
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်
Credit: Original Uploader
Photos: Google
17/01/2025
အင်းစိန်မြို့နယ်၊ဂ ရပ်ကွက်၊ပိတောက်လမ်းနှင့်အင်ကြင်းလမ်းထောင့် 6ထပ်တိုက်အဆောက်အဦတွင် Plumbing & Sanitary ,Dry Riser Fire System များ ဆောက်ရွက်လျက်
လုပ်ငန်းအပ်နှံသူများအား Perfect M&E Engineering အဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။🙏🙏🙏
01/01/2025
မော်လမြိုင် ကျောက်တန်းစက်မှုဇုံထဲတွင် Plumbing & Sanitary System ဆောင်ရွက်ပေးခဲ့တော့ အဆောက်အဦ
01/01/2025
Category
Website
Address
No. 265/B, Kant Kaw (2) Street, Ga Ward
Insein
11011
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 14:00 |