Timmy Health Club
Health products
05/04/2022
အိမ်မှာပဲဆောင်ထားမလား
ခရီးသွားရင် သယ်သွားမလား
အရေးပေါ်လိုအပ်မယ့်ဆေးတွေစုံလင်စွာပါဝင်တဲ့
ဆေးအိတ်လေး ရပါပြီ။
စျေးနှုန်းက ၂၆၀၀၀ ကျပ်ပါခင်ဗျ။
22/11/2021
Timmy Health Club မှ ♻️♻️Eco Friendly ဖြစ်တဲ့ Aluminum ပုလင်းလေးနဲ့ ထုတ်ထားတာတဲ့ 100ml ပါ Hàrmonis Hand Sanitizing Gel အသစ်လေးရောက်နေပီနော်...
👏Hàrmonis Hand Gel က သင်နှင့် သင့်မိသားစုကို နေရာမရွေး အချိန်မရွေး ဘက်တီးရီးယား ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးမှာပါ။
အသုံးပြုရလွယ်ကူပြီး သင်အပြင်ထွက်တိုင်း ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကဲ့သို့သော ရောဂါပိုးမွှားများနှင့် ဝေးကွာစေရန် အဖော်ကောင်းတစ်ခုဖြစ်ပါတယ်။
အရေပြားကို ပျော့ပြောင်းစေသော ဖော်မြူလာနှင့် ထုတ်လုပ်ထားတာကြောင့် ပိုးမွှားများကို 99.99% အထိ ကာကွယ်ပေးပြီး သင့်လက်ကိုလည်း နူးညံ့ချောမွေ့စေမှာပါ။
မွှေးကြိုင်သော ရနံ့လေးကြောင့် သင့်အာရုံများကို ပေါ့ပါးလန်းဆန်းစေပါတယ်ရှင့်.....
တစ်ဘူး - ၈၀၀၀ ကျပ်
27/10/2021
Timmy Health Club မှ
အားဆေးပဲ သီးသန့်လိုချင်တဲ့ မိတ်ဆွေများအတွက် ရက်၃၀စာ အားဆေး၃ မျိုးပါ၀င်တဲ့ Multivitamin Kit လေးနဲ့ မိတ်ဆက်ပေးပါရစေ။
နေ့စဉ် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin B1,6,12 ၊
ကိုယ်ခံအားကောင်းစေပြီး ရောဂါကာကွယ်စေတဲ့ Vitamin C ၊
မျက်စိအားကောင်းစေတဲ့ Vitamin A နဲ့ အရိုးသန်မာစေတဲ့ Vitamin D တို့ပါ၀င်ပါတယ်။
လူကြီးလူငယ် ယောက်ျားမိန်းမ မရွေးလဲသောက်နိုင်ပါတယ်။
ရက် ၃၀ စာ ဆေး တစ်ထုပ်ကို - 7000 kyats ပါ
ဆေးတစ်မျိုးချင်စီ လိုချင်ရင်လည်းမှာလို့ရတယ်နော်....
22/10/2021
ချစ်တို့ရေ
ခုတစ်လောမှာ ရာသီဥတုအပြောင်းအလဲကြောင့်
တုပ်ကွေးဖြစ်နေတာတွေ ဂရုစိုက်ကြအုံးနော်။။။
တုပ်ကွေးဖြစ်ခဲ့ရင် သောက်ရမယ်ဆေးလေးတွေကို Dr. Timmy က တစ်ထုပ်ထဲမှာ ပေါင်းထည့်ပေးထားတဲ့ Flu Kit လေးကိုလည်းအိမ်မှာ ဆောင်ထားကြပါနော်။
ဆေး ၇ မျိုးပါ Flu Kit တစ်ထုပ်ကို ၇၀၀၀ ပါနော်။။
13/10/2021
Hi 😊,
Dr. Timmy မှ Timmy Health Club မိတ်ဆွေများအတွက် သီတင်းကျွတ် လျော့ဈေးလေးပေးချင်လို့ပါဆိုလို့...🤗
ဆေး ၂၂ မျိုးပါ Standard Medical Box + ဆေး ၇ မျိုးပါ Flu Medical Kit လေး နှစ်ခု ပေါင်းယူမယ်ဆိုရင် 24000 နဲ့ ရောင်းပေးမှာဆိုတော့ တန်မှတန် ဖြစ်နေပီနော် .. 😚😚
သီးတင်းကျွတ်မှာ လူကြီး မိဘ သူငယ်ချင်း ချစ်သူ များကို လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ Dr.Timmy ရဲ့ ဆေး Box လေးနဲ့ Kit လေးကို မက်စင်ဂျာကနေ ဆက်သွယ်မှာယူလိုက်ပါနော် ..
12/10/2021
Hello 🤗
Timmy Health Club မှ မိတ်ဆွေများအတွက် Flu Medical Kit အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။
အဲ့တာလေးကတော့ ခုလို ရာသီအကူးအေပြာင်းးမှာ ဖြစ်တတ်တဲ့ ရာသီတုတ်ကွေးနဲ့ ဖျားနာကိုက်ခဲခြင်း တို့အတွက် ပြေးပြေးလွှားလွှား ရှာဝယ် နေစရာမလိုပဲ အိတ်လေးတစ်အိတ်ထဲမှာ ဆေးလေးအစုံထည့်ထားပေးမှာဆိုတော့ ဘာလိုသေးလဲနော်... 😊
အိတ်လေးထဲမှာ ပါတဲ့ဆေးတွေကတော့
- အကိုက်အခဲပျောက်ဆေး
- နှာရည်ယို နှာမွန်ပျောက်ဆေး
- ကိုယ်ခံအားကောင်းစေရန် အတွက်အားဆေး
- ချောင်းဆိုးပျောက်ဆေး
- သံပုရာအရသာ ဓာတ်ဆားထုပ်
- တုတ်ကွေး အအေးမိ နှာစေး နှင့် အကိုက်အခဲပျောက်ဆေး
- အအကိုက်အခဲသောက်ဆေးများကြောင့် အစာအိမ်မထိခိုက်စေရန် တွဲသောက်ရမယ့် ဆေး
အစရှိတာတွေကို ထည့်ပေးထားတာပါတယ်...
ဆေးထုပ်လေးတစ်ထုပ်မှ ၇၀၀၀ကျပ် ထဲဆိုတော့..
ကိုယ်တိုင်ဆောင်ထားဖို့ပဲဖြစ်ဖြစ် လူကြီးမိဘများအတွက်ပဲဖြစ်ဖြစ် ချစ်သူ သူငယ်ချင်းကိုလက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ် အဆင်ပြေပီပေါ့.. 😘😘
Dr Timmy ရဲ့ထုံးစံအတိုင်း ဆေးသောက်ဖို့ တိုင်ပင်ချင်ရင်တော့ ဆေးထုပ်လေးထဲမှာ ထည့်ပေးထားတဲ့ Viber နံပါတ်လေးမှတဆင့် ဆက်သွယ် တိုင်ပင်နိုင်ပါတယ်နော် ..
12/10/2021
Timmy Health Club မှ မိတ်ဆွေများအတွက် သာမန်ဖျားနာခြင်း(common cold)၊ တုပ်ကွေးမိ ဖျားနာခြင်း(Flu)နှင့် ကိုဗစ်ကြောင့်ဖျားနာခြင်းတို့ ဘယ်လိုကွာသလဲဆိုတာပြောပြချင်ပါတယ်။
Flu မှာတော့ ကိုယ်ပူပြီး အရိုးအဆစ်တွေ၊ကြွက်သား တွေကိုက်တာဖြစ်တက်ပါတယ်။ အဲ့တာတွေကလဲ ရုတ်တရုတ်ချက်ချင်းဖြစ်တာပါ။ အားနည်းပြီးနုန်းနေတာ၊ ချောင်းဆိုးတာတို့ကလဲ Flu ကြောင့်ဖြစ်တာပါ။Fluက influenza virus type B ကြောင့်ဖြစ်တာများပါတယ်။ နှစ်စဉ်နှစ်တိုင်း အေးတဲ့ရာသီအကူးအပြောင်းမှာ အဖြစ်များလို့ ရာသီတုပ်ကွေး (seasonal flu) လို့ခေါ်ပါတယ်။
သာမန်ဖျားနာတာဆိုရင်တော့ နှာချေခြင်း၊ နှာရည်ယိုနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတို့ ပိုဖြစ်တက်ပါတယ်။
Covid 19 ကတော့အဲ့လိုရောဂါလက္ခဏာတွေအပြင် အသက်ရှူမ၀တာ၊ အနံ့ပျောက်တာတွေပါထပ်ဖြစ်ပါတယ်။
သုံးမျိုးလုံးကတော့ အသက်ရှူလမ်းကြောင်းကနေတဆင့်ကူးစက်တက်တဲ့ virus ပိုးအမျိုးအစားတွေဖြစ်ပါတယ်။ virus ကြောင့်ဖြစ်တာမို့လို့ သူတို့အတွက်ကုသမှုတိတိကျကျမရှိပဲ ရောဂါလက္ခဏာပေါ်မူတည်ပြီးတော့ ဆေးကုသမှုပေးရတာဖြစ်ပါတယ်။ မိတ်ဆွေတို့ကိုယ်တိုင်နှင့်မိသားစု၀င်တွေ၊ သူငယ်ချင်းတွေအတွက် ဒီရောဂါလက္ခဏာတွေအတွက် အသုံး၀င်မယ့် ဆေးတွေကို ကြိုတင်ဆောင်ထားဖို့တိုက်တွန်းလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Dr. Timmy
09/10/2021
Timmy Health Club မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် 🤗
ကျနော်တို့ Standard Medical Box လေးထဲမှာပါဝင်တဲ့ဆေးလေးတွေ ပြောပြပေးချင်လို့ပါ
Box လေးထဲမှာဆိုရင် ပါဝင်တဲ့ဆေး ၂၂ မျိုးများကတော့ ....
-အကိုက်အခဲပျောက်ဆေး ။ အဖျားကျဆေး
-ချောင်းဆိုးပျောက်ဆေး
-ဓာတ်မတည့်ခြင်း ။ အရည်ပြားယားယံခြင်း နှာမွှန် နှာရည်ယိုခြင်း
-ခေါင်းတစ်ခြမ်းကိုက် ခေါင်းမူးပျောက်ဆေး
-အရောင်ကျဆေး
-ကျောက်ကပ် သားအိမ် ဆီးအိမ် အူးလမ်း ကြောင်းကြွက်သားကိုက်ခဲခြင်း အောင့်ခြင်း
-အရည်ဝမ်းသွားခြင်းသက်သာဆေး
-အစာအိမ်အချဉ်ပေါက် ဗိုက်အောင့်ခြင်း ။ လေထိုးလေအောင့်ဖြစ်ခြင်း
-ကားမူးခြင်း ။ ခေါင်းမူး ပျို့အန်ခြင်း
-ပျို့အန်ခြင်း
-ဝမ်းပျော့ဆေး
-အစာအိမ်လေထိုးလေအောင့် ။ အစာမကြေခြင်း
-ဗီတာမင် ဘီ အားဆေး ။ အာရုံကြော အားဖြည့်ဆေး
-ဗီတာမင် စီ အားဆေး ။ ရောဂါကာကွယ် ။ ကိုယ်ခံအားမြင့်တင်ခြင်း
-ဗီတာမင် အေ။ ဒီ အမြင်အာရုံနှင့်အရိုးအတွက် ။ ကိုယ်ခံအားမြင့်တင်ခြင်း
-အနာကပ်ပလာစတာ
-အရက်ပျံ
-ဝါဂွမ်း
-အနာကျက် ပိုးသတ်ဆေးရည်
-ပတ်တီး
-အန်ခြင်း ဝမ်းပျက် ဝမ်းလျော ရျ် ရေဓာတ်ဆုံးရှုံးခြင်း
-အရည်ပြားယားယံခြင်း ။ ပိုးကောင် အပင် ထိရျ် အရည်ပြား ရောင်ယမ်းခြင်း အစရှိသော ဆေးများထည့်ပေးထားပါတယ် ။
ဆေးသက်တမ်းကုန်ဆုံးရက်ကိုတော့ ဘူးထဲမှာဆေးနာမည်နှင့်တကွထည့်ပေးထားပါတယ် ခင်ဗျာ။
06/10/2021
ချစ်သောမိတ်ဆွေများအတွက် Timmy Health Club ရဲ့ Product လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်
အိမ်မှာနေရင်းရုတ်တရက် ဖျားတာလား? 🤧
ခရီးသွားရင် မတော်တဆထိခိုက်မိတာလား? 😓
အိမ်နားမှာ အနီးဆုံးဆေးဆိုင်မရှိလို့လား? ⚕️
Timmy Health Club ရဲ့ ကျန်းမာရေးအတွက် အိမ်တိုင်း ဆောင်ထားသင့်တဲ့ Standard Medical Box လေးက ချစ်မိတ်ဆွေတို့ရဲ့ နေစဉ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးသွားမှာ ဖြစ်လို့ ဘာပူရမလဲနော်💁 Standard Medical Box ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အခြေခံ ဆေးဝါးပစ္စည်းများကို တစ်ခုထဲစုထားပေးတဲ့ box လေးဖြစ်ပါတယ်ရှင့်။ 🌿
ဆေးနာမည် နဲ့ ဆေး expiry date လေး ကိုလည်း ဘူးထဲမှာထည့််ပေးထားပါတယ်. ဆေးအမျိုးပေါင်း ၂၂ မျိုးတောင်ပါတာဆိုတော့
မိမိအိမ်အတွက်ဆောင်ထားချင်တာပဲဖြစ်ဖြစ်၊ သီတင်းကျွတ် လက်ဆောင်ပေးချင်တာပဲ ဖြစ်ဖြစ် အသုံး၀င်တာဖြစ်လို့ ခုထဲက၀ယ်ထားရင်မမှားဘူးနော်။
ဆေးအညွှန်း နဲ့ သုံးစွဲပုံ ကို သိချင်ရင်လည်း Viber ကနေ တဆင့်် မေးလို့လည်း ရပါတယ်ရှင့််
အော်ဒါမှာချင်မှ အလွယ်လေး၊ ဟဲလိုသာတစ်ချက်လုပ်လိုက် အိမ်ရှေ့ထိလာပို့ဦးမှာနော်။ messenger ကနေလဲ ၀ယ်ယူအားပေးနိုင်တာဖြစ်လို့ အရေးတကြီးလိုအပ်မှ ဟိုဘက်လမ်းကဆေးဆိုင်မှာ အပြေးအလွှား ဝယ်စရာမလိုတော့ဘူးပေါ့နော်။
ဈေးနှုန်းလေးက ၁ ဘူး = ၁၉၅၀၀ ကျပ်ပါရှင့််
05/10/2021
ဟဲလို ဟဲလို💁
"မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် Timmy Health Club"👩⚕️
Timmy Health Club ဆိုတာမိတ်ဆွေတို့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးသုံး ဆေးဝါးများနဲ့ အထောက်အကူပစ္စည်းများကို အွန်လိုင်းကနေတဆင့် လွယ်ကူသက်သာစွာ ရောင်းချပေးသွားမဲ့ နေရာလေးဖြစ်ပါတယ်။ ဘယ်လို product တွေရောင်းချပေးသွားမလဲကို သိဖို့ page ကို like & follow လုပ်ထားကြဦးနော် 😊
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Insein