Bio Heal BOH Myanmar
မြန်မာနိုင်ငံအတွက်ပထမဆုံးတစ်ဦးတည်းရထားတဲ့ BOH Official dealer page လေးဖြစ်ပါတယ်ခင်ဗျာ
23/01/2026
BOH ထဲက လတ်တလော ရနိုင်တာလေးတွေကို
သိချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်နော်။
ဒီ page လေးက မင်မင် Active သိပ်မဖြစ်တာမို့
မင်မင်တို့ ဆိုင် page ဖြစ်တဲ့ Girl Generation GG comestic မှာ လာဝယ်လို့လည်း ရပါတယ်နော်။
04/05/2025
‼️ BOH သုံးနေကျ fan လေးတွေ ပုံစံအသစ်နဲ့
ထုတ်ထားတဲ့ Cica Cleanser နဲ့ Cica Cream တွေ သုံးရတာ အဆင်ပြေကြရဲ့လား🤗🤗
အခုထိအောင် Bad review တော့ မလာသေးတော့
အဆင်ပြေနေကြမယ် ထင်ပါတယ်🥰
Version အဟောင်းတွေက ကိုယ့်ဘဝထဲက အပြီးအပိုင်ထွက်သွားတဲ့ သူ့လိုပဲ လုံးဝပြန်မလာတော့တာ သေချာပြီမို့ မတမ်းတတော့ဘဲ မေ့ပစ်လိုက်ပြီး အသစ်သာ
အစားထိုး သုံးပါနော်🥹🥹
သူက Upgrade လုပ်လိုက်ပေမဲ့ သူ့ရဲ့ မူလရည်ရွယ်ချက် ဝက်ခြံအဆီဖုတွေကို Calming & Soothing effect ရမယ့်ပြင် တစ်ခါတည်း ပြုပြင်ထိန်းသိမ်းမယ်ဆိုတဲ့ Repair effect ကိုပါ ထည့်ပေးလိုက်တာပါ။
ထူးထူးခြားခြားအနေနဲ့ Skin ကို အားဖြည့်တဲ့ Protein 12
မျိုးနဲ့ Repair အားကောင်းတဲ့ Peptide 12 မျိုးလောက်
ထပ်ထည့်ပြီး Upgrade လုပ်လိုက်တာပါ။
Version အဟောင်းတုန်းက ingredient အများစုကတော့
ပြန်ပါပါတယ်။
🍀 Cleanser မှာဆို Centella, Panthenol, Salicylic Acid 0.5%, Ceramide တွေက ပြန်ပါပြီး အပေါ်မှာပြောတဲ့ Protein နဲ့ Peptide Complex တွေ ပိုပါတာပါ။
Gentle ဖြစ်တဲ့ Gel type Cleanser လည်း ဖြစ်နေဆဲပါပဲ။
အဆီပြန် ဆားဝက်ခြံ အဆီဖုဝက်ခြံသမားတွေအပြင်
အမည်းစက် အမာရွတ်ရှိတဲ့ အသားအရေတွေပါ
ဆက်လက်ပြီး အဆင်ပြေနေမှာပါ။
🍀 Cream မှာဆိုရင်တော့ Centella 75%,
Panthenol 5%, Madecassoside တွေကို အဓိက ထည့်လိုက်ပြီး Cleanser လိုပဲ အခြား Protein နဲ့ Peptide Complex တွေ အပိုထည့်လိုက်တာပါ။
Skin barrier ပျက်စီးသူတွေဆို ပိုသုံးသင့်ပါတယ်နော်။
အရင်လို Non Sticky Gel cream texture ပဲမို့
Oily skin ကအစ All skin type ပြေပါတယ်။
ချွေးပေါက်မပိတ်တဲ့
Non-Comedogenic test completed ဖြစ်ထားတဲ့အပြင်
Fragrance free မို့ Sensitive acne prone skin တွေ
အကြိုက်နဲ့ ကွက်တိကျစေမှာပါ။
BOH က ခဏခဏ Renovation လုပ်တဲ့ Brand ဖြစ်လို့
သုံးနေကျပဲ သုံးချင်တဲ့ မြန်မာပြည်နဲ့ သိပ်မကိုက်ပေမဲ့
ပိုကောင်းတဲ့ အသစ်အဆန်းတွေ စမ်းကြည့်ချင်သူတွေကတော့ အကြိုက်တွေ့မယ် ထင်ပါတယ်နော်🥰
Packaging တွေကအစ Luxury ဆန်ဆန်လေး သုံးထားတာမို့ အကောင်းကြိုက်သူတွေ လက်မလွှတ်သင့်ဘူးလို့
မြင်ပါတယ်နော်။
လိုချင်ရင် မနက်ဖြန်ညအထိ 10% off အမီဝယ်ထားပါနော်။
BOH Panthecell Repair Cica Soothing Cleanser -
35000 ( 160 ml )
BOH Panthecell Repair Cica Cream - 60000 (50 ml )
08/04/2025
BOH က Cica Cleanser နဲ့ Cream လေးတွေကို
10% off Sale price နဲ့ 12 ရက်နေ့အထိ ဝယ်လို့ရပါမယ်နော်။
ရန်ကုန်မြို့တွင်း order တွေကတော့ ဒီညအထိမှာသူတွေပဲ သင်္ကြန်မတိုင်ခင် ရောက်ပါမယ်နော်။
အခြား နယ်မြို့တွေကတော့ ရဖို့မသေချာလို့
သင်္ကြန်ကျော်မှ ပို့လို့ရပါတော့မယ်နော်❤️
ဒါလေးတွေက Upgrade version လေးတွေပါ။
ပိုကောင်းတဲ့ ingredient တွေထည့်ပြီး ထုတ်ထားတာပါ။
ဘာတွေကွာလဲ သိချင်ရင်
အောက်မှာ ဝင်ဖတ်ပေးပါနော်။
https://www.facebook.com/share/p/1Bfpyxkz2c/
12/03/2025
Member Card နဲ့ဆို 10% off Sale ရတာမို့
မရှိသေးရင် လုပ်ထားဖို့ မမေ့ပါနဲ့နော်🥰
GG Member Card ရှိသူတိုင်းအတွက် Member Only
Suprise Sale လေး လာပါပြီ🥰🥰
ဒီတစ်ပတ် ပိတ်ရက်ရှည်မှာ အပြင်ထွက်ဖြစ်လို့
GG မှာ Skincare ဝင်ဝယ်မယ်ဆိုရင် တန်တန်လေးဝယ်လို့ ရအောင် မင်မင်က Surprise စီစဉ်ပေးတာ ဖြစ်ပါတယ်နော်🥰
GG Member Card လေးတွေရော လုပ်ထားပြီးကြပြီလား🤗
မလုပ်ရသေးရင် ဒီတစ်ခါဆိုင်ရောက်ဖြစ်ရင်
တစ်ခါတည်း လုပ်ထားပါဦးနော်။
Member Card ရှိထားရင် အခုလိုမျိုး Member Only Sale တွေဆို ကိုယ်က အကြိုက်ဝယ်လို့ရမှာပါ။
ပုံမှန် Sale မရှိချိန်တွေမှာ လာဝယ်မယ်ဆိုရင်လည်း Official Brand ထဲက ဘာယူယူ 5% off အမြဲ ရနေမှာပါ။
နောက်ပြီး Point တွေစုပြီး Cash Back ပေးတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် Member Card က အားသာချက်တွေ ရှိတာမို့ လုပ်ထားတာ မမှားပါဘူးနော်။
Card ဖိုး 2000 ks ပေးသွင်းပြီး ထာဝရ GG Member ဖြစ်လို့ရပါတယ်🥰
ဒီတစ်ခေါက် 10% off Sale မှာလည်း
GG Official တွေဖြစ်တဲ့
Graymelin
Round Lab
Scinic
Dr Ceuracle
Dr Banggiwon
BOH
ARIS Perfume တွေကို Member Card ပြပြီး
Sale Price နဲ့ ဝယ်ယူနိုင်ပါပြီနော်။
ဆိုင်မှာလာဝယ်ရင်သာ Point စုပေးလို့ ရမှာဖြစ်ပြီး
Online ကဆိုရင် Point စုလို့ မရပါဘူးနော်။
Member Card ကို ပုံပြပြီး 10% off နဲ့ ဝယ်ယူခွင့်တော့ရှိပါတယ်❤️
Sale က Sunday အထိပဲမို့ Summer Skincare တွေ
ဈေးတန်တန်နဲ့ လိုချင်ရင် GG ကို အရောက်လှမ်းခဲ့ဖို့
အားလုံးကို ဖိတ်ခေါ်ပါတယ်နော်🥰
P.s လက်ရှိ Card မရှိသေးတဲ့သူတွေက
ဒီပိတ်ရက် 4 ရက်မှာ ဆိုင်မှာ တစ်ခါတည်း Card လုပ်ပြီး
10% off Sale ကို ခံစားခွင့်ရှိပါတယ်နော်🥰
05/03/2025
Packaging အသစ်နဲ့ နွေအမီ Surprise ရောက်ချလာတဲ့
BOH ရဲ့ Cleanser နဲ့ Moisturizer Cream လေးတွေ💚
မျှော်နေတဲ့သူတွေ ရှိကြလား🥰
page cb မှာဆို နေ့တိုင်းလာမေးကြတာ ဖြေရတာ
အားနာမိတဲ့ အထိပါပဲ🥺
အခုတော့ အစစအရာရာ ပြောင်းလဲပြီး
Better Version အနေနဲ့ ရောက်လာခဲ့ပါပြီနော်။
သူ့ရဲ့ မူလရည်ရွယ်ချက် ဝက်ခြံအဆီဖုတွေကို
Calming & Soothing effect ရမယ့်ပြင် တစ်ခါတည်း
ပြုပြင်ထိန်းသိမ်းမယ်ဆိုတဲ့ Repair effect ကိုပါ
ထည့်ပေးလိုက်တာပါ။
ထူးထူးခြားခြားအနေနဲ့ Skin ကို အားဖြည့်တဲ့ Protein 12
မျိုးနဲ့ Repair အားကောင်းတဲ့ Peptide 12 မျိုးလောက်
ထပ်ထည့်ပြီး Upgrade လုပ်လိုက်တာပါ။
Version အဟောင်းတုန်းက ingredient အများစုကတော့
ပြန်ပါပါတယ်။
🍀 Cleanser မှာဆို Centella, Panthenol, Salicylic Acid 0.5%, Ceramide တွေက ပြန်ပါပြီး အပေါ်မှာပြောတဲ့ Protein နဲ့ Peptide Complex တွေ ပိုပါတာပါ။
Gentle ဖြစ်တဲ့ Gel type Cleanser လည်း ဖြစ်နေဆဲပါပဲ။
အဆီပြန် ဆားဝက်ခြံ အဆီဖုဝက်ခြံသမားတွေအပြင်
အမည်းစက် အမာရွတ်ရှိတဲ့ အသားအရေတွေပါ
ဆက်လက်ပြီး အဆင်ပြေနေမှာပါ။
🍀 Cream မှာဆိုရင်တော့ Centella 75%,
Panthenol 5%, Madecassoside တွေကို အဓိက ထည့်လိုက်ပြီး Cleanser လိုပဲ အခြား Protein နဲ့ Peptide Complex တွေ အပိုထည့်လိုက်တာပါ။
Skin barrier ပျက်စီးသူတွေဆို ပိုသုံးသင့်ပါတယ်နော်။
အရင်လို Non Sticky Gel cream texture ပဲမို့
Oily skin ကအစ All skin type ပြေပါတယ်။
ချွေးပေါက်မပိတ်တဲ့
Non-Comedogenic test completed ဖြစ်ထားတဲ့အပြင်
Fragrance free မို့ Sensitive acne prone skin တွေ
အကြိုက်နဲ့ ကွက်တိကျစေမှာပါ။
BOH က ခဏခဏ Renovation လုပ်တဲ့ Brand ဖြစ်လို့
သုံးနေကျပဲ သုံးချင်တဲ့ မြန်မာပြည်နဲ့ သိပ်မကိုက်ပေမဲ့
ပိုကောင်းတဲ့ အသစ်အဆန်းတွေ စမ်းကြည့်ချင်သူတွေကတော့ အကြိုက်တွေ့မယ် ထင်ပါတယ်နော်🥰
Packaging တွေကအစ Luxury ဆန်ဆန်လေး သုံးထားတာမို့ အကောင်းကြိုက်သူတွေ လက်မလွှတ်သင့်ဘူးလို့
မြင်ပါတယ်နော်။
လိုချင်ရင် ဒီည 10% off အမီဝယ်ထားပါနော်။
BOH Panthecell Repair Cica Soothing Cleanser -
35000 ( 160 ml )
BOH Panthecell Repair Cica Cream - 60000 (50 ml )
03/11/2024
🍀 ဝက်ခြံအဆီဖုပေါက်ပြီး skin barrier ပျက်စီးနေတဲ့
အသားအရေပိုင်ရှင်တွေ ရွေးချယ်သင့်တဲ့
𝗕𝗢𝗛 𝗣𝗮𝗻𝘁𝗵𝗲𝗻𝗼𝗹 𝗖𝗶𝗰𝗮 𝗕𝗹𝗲𝗺𝗶𝘀𝗵 𝗖𝗿𝗲𝗮𝗺
💁♂️ ဝက်ခြံ အဆီဖုတွေပေါက်ပြီး skin barrier ပျက်စီးနီမြန်းနေတဲ့ damaged skin တွေကို recover ပြန်လုပ်ပေးမယ့် Moisturizing cream မျိုးရှာနေတယ်ဆိုရင်တော့ အခုပဲတွေ့ပြီလို့ မှတ်လိုက်ပါ။
ဒီ Cream လေးမှာဆိုရင်
✅ အသားရေကို အစိုဓာတ်ပေးပြီး အဲဒီ အစိုဓာတ်ကို တစ်နေကုန် ထိန်းပေးနိုင်တဲ့ Panthenol
✅ ပျက်စီးနေတဲ့ အသားအရေကိုပြန်လည်ကောင်းမွန်လာစေဖို့ နဲ့ အဆီဖု နဲ့ ဝက်ခြံတွေကို သက်သာစေတဲ့ Centella Asiatica Extract
✅ အသားရေနီမြန်းတာ၊ အနီစက် နဲ့ အမည်းစက်တွေကို သက်သာစေတဲ့ Madecassoside
✅ အသားအရေကို ကြည်လင်စေပြီး အမာရွတ်နဲ့ အဆီဖု
တွေကို သက်သာစေတဲ့ Niacinamide တို့နဲ့ အဓိက
ထားထုတ်ထားတာကြောင့်
✔ Acne-Prone Skin တွေ ဖြစ်တတ်တဲ့ အဆီဖု
သေးသေးလေးတွေ ထွက်တဲ့ အသားအရေပိုင်ရှင်တွေ၊ Sensitive Skin ပိုင်ရှင်တွေနဲ့ Dehydrated Skin ပိုင်ရှင်တွေသုံးသင့်ပါတယ်
💚 Texture ကတော့ Gel cream type မို့စေးကပ်ခြင်းလုံးဝမရှိပါဘူး။
Silicon free ဖြစ်တဲ့အတွက် sillicon allergy ရှိ
တဲ့သူတွေအနေနဲ့ ဦးစားပေးရွေးချယ်သင့်ပါတယ် 💚
Skincare လုပ်ရမှာ ပျင်းတဲ့နေ့တွေဆို မျက်နှာသစ်ပြီးတာနဲ့ ဒီကောင်လေးကို လိမ်းထားရုံနဲ့ ပေါ့ပါးအေးမြမှုကို ခံစားရမှာပါ💚
🌟 Set Price 65000 ks
(75 ml 45000
+30 ml 20000)
01/11/2024
ဒီလလည်း Pay Day Sale 10% off promotion လေး ရှိပါတယ်နော်❤️ စိတ်မကောင်းစွာနဲ့
Blemish Cleanser လေးကတော့ Sold out သွားပါပြီ🥺 Blemish cream လည်း Nearly sold out ပါနော်🥺
01/10/2024
🍀 ဝက်ခြံအဆီဖုသမားတွေရဲ့ အချစ်တော်
BOH Cica Blemish Cleanser လေးကတော့
Stock out ဖို့ နီးကပ်လာပြီမို့ တကယ်လိုအပ်တယ်ဆိုရင်
Pay Day Sale ရှိတုန်း အမြန်ဝယ်ထားပါနော်‼️‼️
ဒီတစ်ခါ ပစ္စည်းပြတ်ရင် ကြာမှာမို့ပါ🥺
ဝက်ခြံအတွက် Cleanser ရွေးတဲ့နေရာမှာ
pH Balanced ဖြစ်ဖို့၊ အသားမခြောက်ဖို့၊ Gentle ဖြစ်ပြီး
Striped မဖြစ်စေတာမျိုး ရွေးချယ်ဖို့ လိုပါတယ်။
မင်တို့ရဲ့ BOH Cleanser က အဲလိုကောင်းခြင်းတွေ
အားလုံးနဲ့ ပြည့်စုံပါတယ်။
ဒါကြောင့်လည်း အရေပြားဆရာဝန်ကပါ ညွှန်းလေ့ရှိတာပါ။
🍀 သူ့မှာဆိုရင် ဝက်ခြံအတွက် ထိရောက်တဲ့ Centella 10% နဲ့ အခြား Madecassoside လိုမျိုး Cica complex တွေ ပါဝင်ပါတယ်။
နီမြန်းရောင်ရမ်းခြင်းတွေကို Soothing ဖြစ်စေတဲ့ Panthenol
💦 မျက်နှာသစ်ပြီး ခြောက်မသွားစေဖို့ Glycerin, HA 3 မျိုးပါဝင်ပါတယ်။
အကောင်းဆုံး ပါဝင်တာကတော့ BHA လို့ ခေါ်တဲ့
Salicylic acid ပါပဲ။
အဲဒီ acid က အဆီဖုသမားတွေအတွက် တကယ့်ရွှေပါပဲ။
သူက Exfoliate effect ရတာမို့ ချွေးပေါက်အတွင်းထဲထိ
အညစ်အကြေးတွေ ဖယ်ရှားပြီး အဆီထုတ်လုပ်မှုကို
ထိန်းချုပ်ပေးပါတယ်။
ဒါကြောင့် အဆီပြန်ခြင်းနဲ့ အဆီဖုထွက်ခြင်းကို
သိသိသာသာ သက်သာစေပါတယ်။
( % မများလို့ မနက်ည သုံးလို့ အိုကေပါတယ်နော်)
ဒီ Cleanser က Blemish Cleanser ဆိုတဲ့အတိုင်း
ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်တွေ အမည်းစက်တွေပါ
ကုသပေးပါတယ်။
Texture ကလည်း Gel type မို့ Oily skin အပြင်
Dry skin တွေပါ အဆင်ပြေစေပါတယ်။
ပါဝင်မှုကလည်း 250 ml တောင်ဆိုတော့ သူများတွေထက် 2 ဆနီးပါးပါပါတယ်။
ဒါကြောင့်မို့ ဘက်စုံ Perfect ဖြစ်တဲ့ Cleanser မျိုးရှာနေရင် နှစ်ကုန် Sale လည်း ရှိတုန်း အမြန်ဝယ်ထားလိုက်ပါနော်။
35000 ( 250 ml )
Sale price 10%=31500
30/08/2024
လကုန်ရက်လေးမှာ BOH ထဲက BOH ထဲက
လိုချင်တာရှိရင် 10% off discount နဲ့
မှာယူလို့ ရပါပြီနော်🥰🥰
15% နဲ့ Sale ချထားတာလေးတွေလည်း ဝယ်လို့ရနေပါသေးတယ်နော်‼️
https://www.facebook.com/share/p/Vg3GDbHdDY3krUbG/?mibextid=oFDknk
27/08/2024
Pay Day Sale မလာခင် 15% off promotion နဲ့ ဝယ်ယူလို့ ရမယ့် BOH ရဲ့ Product အမိုက်စားလေးများ🥰
Skincare တော်တော်များများ ဈေးတွေတက်နေကြပေမဲ့
BOH က အောက်ပါ product လေးတွေကတော့
မတက်တဲ့အပြင် discount ပါ ချပေးထားတာဆိုတော့
ကြိုက်တာတွေ့ရင် အမြန်ဝယ်ဥ ထားလိုက်ပါနော်🥰
Limited stock မို့ လက်ကျန်ရှိသလောက်သာ
Sale price နဲ့ ရပါမယ်နော်‼️‼️
27/07/2024
🩷 Aging care အတွက် Quality ကောင်းပြီး
Luxury ဆန်တာမျိုးကိုမှ သုံးချင်သူ မမတွေအတွက်
BOH Probioderm Repair Skincare Set
အသက်လေး နည်းနည်းရလာတော့
အရေးကြောင်းတွေက ထချင်သလိုလို
အသားအရေက တင်းရင်းမှုမရှိဘဲ လျော့တွဲလာလို့
Anti aging အတွက် Skincare ကောင်းကောင်းလေး
ရှာနေတဲ့ မမတို့အတွက် BOH ရဲ့ High Quality Skincare
Set လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။
ဒီ Set လေးမှာဆိုရင်
Toner 150 ml
Emulsion 150 ml
Cream 10 ml နဲ့
Eye cream 10 ml ဆိုပြီး လေးမျိုးတောင်ပါဝင်ပါတယ်။
🩷 သူ့ရဲ့ Toner ဟာဆိုရင် Skin ရဲ့ Oil moisture balanceကို ထိန်းညှိပေးတာမို့ အဆီပြန်တာ အသားခြောက်တာမဖြစ်ဘဲ Skin ကို နူးညံ့လာစေပါတယ်။
🩷 Emulsion ကတော့ Moisture ကို အဆုံးထိ ထိန်းပေးတာမို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေပြီး ရှိပြီးသား အရေးကြောင်းတွေကိုပါ ပါးလာစေပါတယ်။
🩷 Cream လေးကတော့ Lifting Cream ဆိုတဲ့အတိုင်း
လျော့တွဲနေတဲ့ အသားအရေကို တင်းရင်းစေပြီး
Skin elasticiy ကို တိုးမြှင့်စေပါတယ်။
🩷မျက်လုံး တစ်ဝိုက်က အရေးကြောင်းတွေကို
ကုသဖို့အတွက် Eye cream လေးက ကူညီပေးမှာပါ။
ပြောရရင် သူ့ထဲမှာ Aging care အတွက် အားထားရတဲ့ Adenosine, Multi peptide တွေအပြင်
အမည်းစက်သက်သာပြီး အသားအရေကြည်လင်စေတဲ့ Niacinamide, Ceramide စတာတွေလည်း ပါဝင်ပါတယ်။
တစ်မျိုးချင်းစီကို သုံးရတာ Luxury ဆန်တဲ့ Vibe
ကို ရရှိစေမှာပါ။
Luxury ဆန်ပေမဲ့ အခြား Skincare set တွေလို
သိန်းချီ မပေးရဘဲ ဈေးကလည်း 95000 ပဲမို့ ရှယ်ပလန်နဲ့ သုံးလို့ ရပါတယ်နော်။
ဒီ set လေးကို အသက် 30 ကျော်မမတွေကနေစပြီး
40/50/60 ကျော် အန်တီအရွယ်အထိ သုံးလို့ရပါတယ်နော်🥰
Packaging ကလည်း လှလှလေးမို့ လက်ဆောင်ပေးလို့လည်း အရမ်းမျက်နှာပန်းလှပါတယ်🥰
ကဲ အသက်ကြီးတဲ့အခါ အငယ်တွေနဲ့ အပြိုင်လန်းနိုင်ဖို့
အခုပဲ Skincare set လေးဝယ်ပြီး Skin စ care လိုက်ပါနော်🥰🥰
26/07/2024
💜 ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့
မျက်လုံးထောင့်နားက အရေးကြောင်းတွေကြောင့် စိတ်ညစ်နေရပြီလား🥺🥺
Aging sign တွေကို ကာကွယ်ဖို့ Sun cream တွေ Moisturizer တွေ မှန်မှန်သုံးဖို့လိုသလို တတ်နိုင်ရင်တော့
Eye cream ကောင်းကောင်းလေးလည်း သုံးပေးသင့်ပါတယ်။
Eye cream ကောင်းကောင်းလေး ရှာနေရင်တော့
BOH ရဲ့ Probioderm Lifting Eye and Wrinkle cream လေး ရှိပါတယ်နော်။
သူ့ကို အရေးကြောင်းအတွက် ကောင်းတဲ့ peptide 12 မျိုးနဲ့ အဓိကလုပ်ထားပြီး မျက်ကွင်းညို သက်သာဖို့
Niacinamide လည်း ပါဝင်ပါတယ်။
သူက Eye area က fine lines အတွက်သာမက အခြားအရေးကြောင်းရှိတဲ့ smile line, neck area တွေလည်း
သုံးလို့ရပါတယ်။
သူ့ကြောင့် ပူတာစပ်တာ မျက်ဝပ်ထွက်တာ ရှိမှာမဟုတ်ဘဲ lightweight ကိုမှ luxury vibe လေး ပေးမှာပါ။
အသက် 25 ကျော်လာပြီး အရေးကြောင်းဖြစ်မှာ ကြောက်သူတိုင်း သုံးပေးသင့်သော အမိုက်စားလေးပါ။
Before moisturizer, Daily မနက်ည သုံးရမှာပါနော်။
34000 ks -30 ml
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
96 Insein Road, Yangon
Insein
11041