Kae plant Shop

Kae plant Shop

Share

ပန်းပင်များချစ်မြတ်နိုးသူ

10/04/2023

ချေး(၃)မျိုးဆောင်
အိုအောင်မဆင်းရဲဘူ

နွားချေးသည်...အရွက်...
ဝက်ချေးသည်.... ဉ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်ရှိပါတယ်

နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထလိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်

ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနူန်း
နိုက်ထလိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တိုပါဝင်ပါသည်

ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထလို့ဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်း... 1.12.တို့ပါဝင်ပါသည်

ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမယ်ပစ္စည်တွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်..

တိရိစ္ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်
နှစ်မျိုးထက်စာရင် တိရစ္ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်

နွားချေး ၅.အိပ်

ကြက်ချေ. ၅.အိပ်..

ဝတ်ချေး ၅.အိပ်

ဖွဲနု ၁.အိပ် ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ

ငါးအမိုင်နို ၃.လီတာ

သကားရည် ၅.လီးတာ

ရေလီတာ ၃၀.ဖြင် ရေပုံးတလုံး
တွင်ထည်ပြီး သမအောင် မွှပေးပါ
ပြီးတဲအခါတွင် မြေသြအပုံးထဲ..
ငါးအမိုင်နိုဖျန်းပေပြီး သမအောင်
မွှေပေးပါ ငါးအမိုင်နိုအရည်
ထက်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည်ပြီး တစ်လ တိတိနှက်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်မွှေပေးပါ တစ်လပြည်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ...

သဘာဝမြေသြဇာ ကီးလို့ ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီးလို့ ရော၍လည် အသုံးပြုနိုင်ပါသည်

မျိုးစေဖောက်၍၎င်း
အလှပန်းအိုးဖြင့်စိုက်၍၎င်း
ဟိုက်ဒိုပိုနစ် စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလို့ အုန်းဆံမှုန် ၁.ကီလို့
မြေပွ ၁.ကီလို့ဖြင့်ပန်အိုးထဲတွင်ထည်ပြီး ဟင်သီး ဟင်ရွက်ပင်များနှင် မသည်သီးနှံပင်မဆို
စိုက်ပျိုး အသုံးပြုနိုင်ပါသည်

စပါးစိုက်ပျိုးမည်ဆိုရင် ...
လယ် ၁.ဧက ကို ၃၀၀.ကီလို့နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်

သစ်သီးဝလံပင်များဆိုရင်
တစ်ပင်တစ်ကီးလိုနူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီးခိုစိုရ်ပျိုးနေမည်အစား
ကိုယ်ရဲ့ပက်ဝန်ကျင်မှာရှိတဲ့..
သဘာဝစွတ်ပြစ် ပစ္စည်များကို
အသုံးချတက်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုပ်ပါဘူး
ဆိုတာကိုလည်ပြေားပြချင်ပါတယ်

အားလုံးကို ကျေဇူးတင်ပါတယ်..နိုင်လင်း...

Credit..

Photos from 𝐗 𝐌𝐀𝐗 𝐁𝐈𝐆 𝐁𝐈𝐊𝐄 𝐒𝐇𝐎𝐏's post 09/04/2023
09/04/2023

သစ်ခွပင်ကို ဘီယာ ဖြန်းခြင်း🍺🍻🥂

သောက်တတ်တဲ့ကိုကြီး၊ မကြီးတို့အထီးကျန်ခွက်တိုက်ဖို့လူမရှိတဲ့အခါသစ်ခွလေးနဲ့အတူခွက်တိုက်ပါ😄
ဘီယာကိုသစ်ခွမှာ ထည့်ဖြန်းတာမျိုးကြားမိကြမှာပါ အရမ်းလဲအံအားသင့်စရာပါ။ကိုယ်တွေလဲ သူများပြောတာကြားတော့အံဩမိပါတယ်၊ဘာဆိုင်သလဲပေါ့ဘာများအကျိုးဖြစ်စေလို့လဲ၊သေကုန်မှာပေါ့စသဖြင့်ပြောခဲ့ဖူးပါတယ်။ဒီတော့ ဘီယာမှာသစ်ခွအတွက်ဘာတွေပါဝင်သလဲ အဓိကပါဝင်တာက Vitamin Bအများအပြားပါဝင်တာပါ။

ဘီယာဖြန်းခြင်းအကျိုးကျေးဇူးတွေကတော့ အမြစ်ထွက်နှုန်းကောင်းခြင်း၊အပင်သန်မာကာပို၍ဖြစ်ထွန်းခြင်း၊ ပန်းပွင့်စေ‌ခြင်းတို့ဖြစ်စေပါသည်။

ဒီတော့ဘီယာကို ဘယ်လိုအချိုးအကျကျသုံးရမလဲဆိုတာပါဘဲ။တစ်ချို့က ဘီယာလောင်းပေးရတယ်ဆို ဘာမှမရောဘဲ ဒီတိုင်းလောင်းတာမျိုးတွေ့ရပါတယ်။လုံးဝမှားယွင်းပါတယ်။သူ့ရဲ့ရောစပ်တဲ့ပမာဏရှိပါတယ်။

ဘီယာသုံးခြင်းကြောင့် အမြစ်ဆေးသီးသန့်ဝယ်သုံးစရာမလိုပါ။ဥပမာ-B1ကို မသုံးဘဲနေလဲရပါတယ်။ဘီယာရဲ့အားဖြစ်စေတာကတော့အရမ်းကိုသိသာပါတယ် အကျိုးကျေးဇူးရှိသလို ဆိုးကျိုးတွေလဲရှိတတ်တာမို့ အမြဲသုံးနေတာမျိုးတော့မလုပ်ပေးသင့်ပါ။

အပင်တွင်ဘီယာဖြန်းနည်း🍻
--------🍂----------🍂----------
ဝယ်ရလွယ်ကူကာကြိုက်နှစ်သက်ရာ မည်သည့်ဘီယာမျိုးကိုမဆိုသုံးလို့ရပါတယ်။
ဘီယာ 500MLရှိ‌သောဘီယာဘူးတွင် ဘီယာအချိုး250ML(ဘူးတစ်ဝက်)နှင့် ရေ တစ်ဂါလံရောစပ်ကာဖြန်းပေးလို့ရပါတယ်။

အပင်အား10ရက်တစ်ခါဖြန်းပေးလို့ရပါတယ်။အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်၍အချိုးများကိုအနည်းငယ်အတိုးအလျော့လုပ်ကာ ဖြန်းပေးလို့ရပါတယ်။

အားဆေးအဖြစ်အသုံးပြုကာဖြန်းပေးတာမို့အပင်အာယာရရစေရန် မနက်ပိုင်းတွင်သာဖြန်းပေးခြင်းကပိုမိုထိရောက်ပါတယ်။
(မည်သည့်အားဆေးမဆိုမနက်ပိုင်းတွင်သာဖြန်းပေးခြင်းကအကောင်းဆုံးပါ။)

အပင်အားဘီယာ စိမ်ခြင်း🍺
-------🍀--------🍀------
ဘီယာ 500MLဘူးတွင်ဘူးတစ်ဝက် (250ML)နှင့် ရေ 2လီတာအချိုးရောစပ်၍မိမိစိုက်လိုသောအပင်အား 15မိနစ်ခန့်ဘီယာတွင်စိမ်၍စိုက်ပေးကအမြစ် ပိုမိုမြန်ဆန်စွာထွက်လာစေပါသည်။

ဘီယာအားအမြစ်အတွက်သီးသန့်လည်းသုံးလို့ရတာမို့အပင်အား‌အိုးပြောင်းလို့ဘဲဖြစ်ဖြစ်၊ပွားစာလဲလို့ဘဲဖြစ်ဖြစ်၊ရိုးတံပင်စည်ဟောင်းများအမြစ်ထုတ်ချင်လို့ဘဲဖြစ်ဖြစ် အပင်အားဘီယာတွင်15မိနစ်စိမ်ကာစိုက်ခြင်းကအမြစ်ထွက်အားကောင်းစေပါတယ်။

သစ်ခွပင်အားဘီယာဖြန်းပေးခြင်းနှင့် ဘီယာစိမ်ခြင်းတို့က အပင်အတွက်ဆိုးကျိုးမရှိဘူးလို့သိရပါတယ်၊ ဒါပေမယ့်ဘယ်ဆေးမဆို တန်ဆေးလွန်ဘေးဖြစ်တာမို့အချိုးကျအောင်သုံးပေးခြင်းကမိမိအပင်အတွက် ထိခိုက်တာမျိုးမရှိအောင်တော့ဂရုစိုက်ဖို့လိုပါတယ်။
🍀☘️🍃
အထီးကျန် ခွက်တိုင်ဖေါ်မရှိရင်သူတို့လေးတွေနဲ့အဖော်ပြုခွက်တိုက်လို့ရပါပီ😁
ကဲ‌အန်တီ၊မမ၊‌ဒေါ်ဒေါ်‌တွေကဆေးနည်းကဘီယာပါထပ်တိုးလာတာဆိုတော့အပိုမကုန်‌ရအောင်🤔 မိမိရဲ့ ကျားကျားသောက်သောဘီယာဘူးများမှ ယူလျှင်လည်းဝယ်ရသက်သာသလိုငွေမကုန်တော့ပါ😜အကြံပေးခြင်းသာ🤗

စိုက်သောပန်းတိုင်းပွင့်လန်းကြပါစေ
ကျောက်ပန်းတောင်း
Writer By-Pyae Phyoe Lwin
Post By_Trendy Orchid World

05/12/2022

စပ်မြေလေး (၁၈) အိတ် ရောက်ကုန် !

တအိတ် ၂၇၀၀ /_

၅အိတ် အထက် တအိတ် ၂၅၀၀ ကျပ်

နောက်တပတ်ထဲ ဈေးတက်တော့မှာမလို့
ဈေးမတက်ခင်လေး မှာမယ်ဆို
Page messenger or 095099937

05/12/2022

စပ်မြေအိတ်လေးတွေ
နောက်တပတ်ထဲဈေးအပြောင်းအလဲရှိပါမယ်ရှင့်
ဈေးမတက်ခင်‌‌ေလးလိုအပ်ရင်ဝယ်ထားနော်

04/12/2022

Happy စပ်‌မြေလေးတွေ ရောက်ပါပီရှင့်

တအိတ် _ ၂၇၀၀ ကျပ်

၅အိတ် အထက် တအိတ် - ၂၅၀၀ ကျပ်

အင်းစိန်ကိုယ်စားလှယ်
၀၉၅၀၉၉၉၃၇
၀၉၅၄၀၁၀၄၉

Photos from Kae plant Shop's post 03/12/2022

Wallpaper လှလှလေးတွေ တင်ဖို့ 😍

02/12/2022

Happy စပ်မြေလေးတွေ
Sunday မှပြန်ရပါမယ်ရှင့်
စပ်မြေလေးတွေ မေးထားတဲ့ပန်းချစ်သူများ တနလာ်နေ့ပို့ပေးပါမယ်ရှင့်

Photos from Kae plant Shop's post 01/12/2022

ပန်းချစ်သူလေးများအတွက် 🪴🌹🪷🌻💐

24/11/2022

သူငယ်ချင်းတွေ ဆိုင်စုဖွင့်ထားသောအခါ 😅😅😅

အပေါ်ပုံက #ပုံခိုး
အောက်ပုံ က အိမ်ပေါက်

24/11/2022

ဇွန်ကြားလေးတွေ ပွင့်နေတာလေး 😍

Want your business to be the top-listed Contractor in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


3rd Street (south)
Insein
11011