Sexy Betta

Sexy Betta

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sexy Betta, Aquarium, Oo San Lone Street, Taung Thu Gone, Insein.

Photos from Sexy Betta's post 19/10/2022

🧡Venda Orange
🧡Male
🧡5 month old
🧡Ready to breed
🧡Good Health
🧡Video in comment
🧡ကြမ်းခင်းစျေး 5000 တစ်ခါတိုး 1000 ကျပ်
🧡လေလံပိတ်ချိန် 20.10.22(10:00 PM)
🧡လေလံဆွဲပါကဖုန်းနံပတ်လေးနဲ့တွဲမန့်ပေးပါဗျာ
🧡အတည်ယူနိုင်မှဝင်ဆွဲပေးပါဗျာ
🧡ရန်ကုန်မြိုတွင်းDELIပို့ပေးပါတယ်အိမ်လာယူလဲရပါတယ်
🧡ကားထွက်သည့်နယ်တိုင်လဲကားဂိတ်အရောက်ပို့ဆောင်
🧡ပေးပါတယ်ဗျာပို့ခ/ပုံးခနှင့်တန်ဆာခတော့ရှင်းရပါမယ်ဗျာ
🧡Cash onလဲရသလိုWave pay/Kay payလဲရပါတယ်
🧡လိပ်စာ အင်စိန်မြို့/မညကမှတ်တိုင်/ဦးစံလုံးလမ်း
🧡ဆက်သွယ်ရန် 09791736021

Photos from Sexy Betta's post 09/10/2022

Fccp

Female

good health💪

No.8

👉ready to breed 👈

Ph; 09259053826 , 09791736021 ☎

Location: Oo San lone street,Taung Thu Gone
Insein,Yangon.....

5🍏🍏🍏




Video👇👇👇👇

Photos from Sexy Betta's post 09/10/2022

🥰

Red black copper 🍎(indo blood line)

Male

Local🚩

good health💪

No. 13

👉ready to breed 👈

Ph; 09259053826 , 09791736021 ☎

Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....

5🍓🍓🍓




Video👇👇👇👇cmt

Photos from Sexy Betta's post 09/10/2022

Fccp (female)

good health💪

No. 10

👉ready to breed 👈

Ph; 09259053826 , 09791736021 ☎

Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....

5🍏🍏🍏




Video👇👇👇👇

Photos from Sexy Betta's post 09/10/2022

SO❌

Marbel (male)

good health💪

No. 7

👉ready to breed 👈

Ph; 09259053826 , 09791736021 ☎

Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....

5🍊🍊🍊




Video👇👇👇👇

Photos from Sexy Betta's post 09/10/2022

Red black copper 🍎(indo blood line)

Male

Local🚩

good health💪

No. 12

👉ready to breed 👈

Ph; 09259053826 , 09791736021 ☎

Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....

5🍏🍏🍏




Video👇👇👇👇

Photos from Sexy Betta's post 08/10/2022

အနီးစပ်ဆုံးသူတွေအများကြီးတွေပါတယ်ခင်ဗျ....ဒါကြောင့် ဂဏန်းအစဥ်လိုက် ပြန်ကြည့်အခါမှာ ပိုပြီးနီးစပ်တဲ့သူတစ်ယောက်ကိုတွေ့ပါတယ်....စည်းမျဥ်းစည်းကမ်းနဲ့လဲညီတဲ့အတွက်တော့ကြောင့်.... ယခုpost တွင်ဖော်ပြတဲ့ brother ကို giveaway ကံထူးရှင်အဖြစ်ရွေးချာ်လိုက်ပါပြီချင်ဗျ..... bro ရေ pageရဲ့massanger မှာ လာရောက်ဆက်သွယ်ပေးပါခင်ဗျ.... လကုန်ကျ giveaway လာပါဦးမယ်ခင်ဗျ....ညိုကီတို့အတွက်....

04/10/2022

Giveaway ပေးမယ့် blcak cop (indo blood line) local လေးပါဗျ.....
Like, follow and share ခြင်းတို့ဖြင့်ကူညီပေးကြပါဦး ညိုကီအပေါင်းတို့ 😍
စနေနေ့ည ကံထူးရှင်ဘယ်သူဖြစ်မလဲဆိုတာ မင်မင်တို့နဲ့အတူရင်ခုန်ကြည့်ကြရအောင်..... ☺

Giveaway link လေးပါ....😇
https://www.facebook.com/100989466114996/posts/107674618779814/

29/09/2022

GW ဘယ်သူမှအဖြေမမှန်သေးလို
မန့်ပြီးသားလူတွေလဲ နှစ်ခါစီထက်မန့်ကြပါ
မမန့်ရသေးတဲ့အသစ်တွေလဲတစ်ယောက်
သုံးခါစီမန့်လိုရပါသေးတယ်ဗျာ
Hintလေးတော့ပေးထားပါတယ် အစဂဏန်းကတော့
"3"ပါဗျာအသစ်တွေကတော့စည်းကမ်းအတိုင်မန့်ပေးကြပါ
မန့်ပြီသားလူတွေကတော့မန့်ထားတဲ့
မန့်မှာဘဲထပ်မန့်လိုရပါတယ်ဗျာ
ဒီတစ်ခါမှမပေါက်ရင်လဲအနီးစပ်ဆုံး
တူတဲ့သူကိုဖောက်ပေးသွားပါ့မယ်ဗျာ
ပိတ်မဲ့ရက်ကတော့ 8.10.2022(စနေနေ့ည 9:00pm)

Hello
လကုန်Pageလေးစဖွင့်တဲ့အနေနဲ့
Give Away လေးဖောက်ပေးမလိုပါ
ဖောက်မဲ့ မဲလေးတွေကတော့
-Hmpk Black Copper
Indo Blood Line Local (1pair)
-Mr Chun 10g ငါးစာတစ်ထုပ်
-Betta Net တစ်ချောင်း
အားလုံးပေါင်းသုံးမျိုးပါ
Gwေ ဖာက်ဖို့အတွက်က
စည်းကမ်းလေးသုံးချက်ရှိပါတယ်
1.Page ကို Like & Share လုပ်ပေးရပါမယ်
share ရင်ကိုယ်ရဲ့ Wall ထဲက
Public သိုမဟုတ် ငါးနဲ့သက်ဆိုင်တဲ့ Group ထဲတစ်ခုခုမှ
Shareပေးပါဗျာ
2.ပြထားတဲ့ပိုက်ဆံမှာပါတဲ့နောက်ကကျန်တဲ့
ဂဏန်းသုံးလုံးကို တစ်ယောက် 3ခါစီ Share ထားတဲ့
SS ရယ် ဖုန်းနံပတ် လေးနဲ့တွဲမန့်ပေးရပါမယ်ဗျာ
3.Page ကို Like&Follow လုပ်ပြီယခုGw postလေးကို
share လုပ်ထားတဲ့လူသာလျှင်မဲဖောက်ပေးမှာပါဗျာ
မဲဖောက်ပေးမဲ့ရက်ကတော့
3.10.2022(တနင်္လာနေ့ ည9:00)ပါဗျာ
3.10.2022 ည 7မှာGwမန့်ကိုပိတ်ပါမယ်ဗျာ
မဲပေါက်ပါကလာယူလိုရသလို
Ygnမြို့တွင်း Deliနဲ့ပို့ပေးပါတယ်
နယ်ကဆိုလဲကားထွက်သမျာဂိတ်တိုင်ပို့ပေးပါတယ်
တန်ဆာခ/ပို့ခ/ဖော့ပုံး(သို့)ဂျက်ဖာ ခတော့ပေးရပါမယ်ဗျာ
ငါးကတော့ပုံမရိုက်ရသေးလိုမဲဖောက်တဲ့နေ့မှ
ပေါက်တဲ့လူနဲ့ Gw လေးတွေပါတွဲတင်ပေးပါမယ်ဗျာ
အားလုံးဘဲသာယာတဲ့နေ့လေးတွေပိုင်ဆိုင်ကြပါစေဗျာ
Thank ✌️

28/09/2022

ကျွန်တော်တင်ထားတဲ့ရောဂါတွေအထဲကမှ ဒီလို case မျိုးဟာ ရှားပါးဖြစ်စဥ်ပါ ကျွန်တော်ဆက်လိုက်လေ့လာဖြစ်ခဲ့ပါတယ်။ အဓိက ပြသာနာဟာ Water temperature shock လို့ ယူဆမိပါတယ်။ သူတို့ဟာ စဖြစ်ဖြစ်ချင်း ရောဂါလက္ခဏစပြပါတယ်။ဒါလည်းကျွန်တော်လေ့လာခဲ့တဲ့အထဲက တခုပါ။ကဲဒါဆို လက္ခဏ တွေဘယ်လိုစပြလဲ အများသိအောင် ပြောပြချင်ပါတယ်။
၁ ခေါင်းပိုင်းတွေ အရမ်းလှုပ်ပီးတချက်တချက်တွန့်တတ်ပါတယ်။

၂ ငါးကအရမ်းလူးပီး တချက်ချက်ခုန်ပါတယ် အသံကြားရပါတယ်။

၃ ဇောက်ထိုးကူး ပက်လက်ကူး အမျိုးမျိုး ကူးနေတတ်ပါတယ်။

၄ လေကိုမနည်း၀အောင်ရှုနေရတတ်ပါတယ်။

ကဲဆက်သွားရအောင် အဲလိုတွေဖြစ်နေပီဆို ဒါသူတို့အသက်အန္တရာယ်စိုးရိမ်ရပါပီဒီတ်ိုင်းထိုင်ကြည့်နေရင်မိနစ်ပိုင်းအတွင်းကိုသေတာပါ။ ကုနည်းတွေထဲက သူတို့ရဲ့ဗိုက်လေးတွေကို ဖွဖွလေးနှိပ်ပေးခြင်းတို့ ရေလျှော့ ဆားကြမ်း ဆေးနည်းတွေနဲ့ကုကြည့်ခဲ့ပါတယ် အဆင်မပြေခဲ့ပါဘူး။အဲဒါနဲ့ဆက်လက်လေ့လာရင်းနဲ့ ကျွန်တော် တခုစမ်းကြည့်လိုက်တယ် အဲလိုဖြစ်နေတဲ့ငါးတကောင်ကို ပထမ ရေလျှော့လိုက်တယ် ပီးတော့ ရေနွေးလောင်းထည့်ပေးလိုက်တယ် အဲမှာ တခုပြောစရာရှိတာက ရေနွေးကို ချိန်ထည့်ရမှာပါ အရမ်းရေပူအောင်မထည့်ပါဘူးနော် ရေကိုနွေးအောင်လောက်ပဲပူနေတဲ့ရေနွေးနဲ့ ရောပေးလိုက်တာပါ ရေကိုအများကြီးလည်းမထည့်ပါဘူး။ထူးဆန်းတာတခုတွေ့ခဲ့ရပါတယ် အဲလိုလုပ်ပီးမကြာဘူးခုနက တွန့်တွန့်လူးနေတဲ့ငါးက ပုံမှန်အခြေအနေတခုကိုပြန်ရောက်ခဲ့ပါတယ်။ဒါကျွန်တော်ကုနည်းပေါင်းစုံထဲက စမ်းသပ်ကြည့်တဲ့ နည်းတခုပါ။ဆက်လက်စောင့်ကြည့်နေစဲပါ။ အလားတူ ကျွန်တော်ပြောသလိုဖြစ်လာခဲ့ရင် သတိထားပါ ပြာယာခပ်မနေပဲ စိတ်အေးအေးထားပီး ကုကြည့်ဖို့ မှာချင်ပါတယ်။ all peace ညီအကိုတို့ ကျွန်တော် iron ကလည်း ငါးလေးတွေ အကောင်းကြီးကနေ Shockရပီး ကိုကိုယ်မျက်စိရှေ့မှာသေသေသွားတာမျိုး ထိုင်မကြည့်ရက်ပါဘူး ဒါကြောင့် ဒီဖြစ်ရပ်ကို လေ့လာနေစဲပါ ဆက်လိုက်လေ့လာပါဦးမည်။ ကျွန်တော်လေ့လာထားတာလေးတွေ ပြန်လည်မျှဝေပေးသွားပါမယ်။

Betta လေးတွေလုပ်တာ ဆရာဝန်လုံးလုံးဖြစ်နေပီ 😅😅🤣🤣

Iron betta မှပြန်လည်မျှဝေပါသည်။

24/09/2022

Overfeeding [ အစာအလွန်အကျွံကျွေးခြင်း ]

- ရေအရည်အသွေးညံ့ဖျင်းမှု

ငါးတကောင်စမွေးတော့မယ်ဆိုလျှင် ပထမဆုံးဂရုစိုက်ရမှာ ရေအရည်အသွေးပါပဲ။ ရေအရည်အသွေးညံ့ဖျင်းနေရင် ငါးဟာ stress ဝင်ခြင်း၊ ရောဂါဝင်ခြင်းတွေဖြစ်ပြီး သေနိုင်ပါတယ်။ Betta တွေကို ထိန်းသိမ်းတဲ့ ကန်တွေဟာ တခြားငါးတွေလို မကျယ်ဝန်းတဲ့အတွက်ကြောင့် ရေညစ်ပတ်လွယ်တာကို သတိပြုဖို့လိုပါတယ်။ ဘယ်ငါးမှ တစ်လီတာရေဘူးထဲမှာ မနေဘူးဆိုတာလဲ သတိရပေးပါ။ Collector တွေအနေနဲ့ ဖြစ်နိုင်ရင် တစ်ပေပတ်လည်ကန်ကို Bio-filter လေးနဲ့ထားနိုင်ရင် ပိုအဆင်ပြေပါတယ်။ ကိုယ့်ရဲ့ငါးလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာတာကိုမြင်ရတော့ စိတ်ချမ်းသာစေမှာ အမှန်ပါပဲ။

- Betta တွေဟာ အမြဲဗိုက်ဆာမနေပါဘူး။

Betta တွေဟာ သူတို့ရဲ့သခင်ကိုမှတ်မိကြပါတယ်။ လူနဲ့ ယဉ်လာတာနဲ့အမျှ Flower Horn (စာတန်းငါး) ကဲ့သို့ မြင်တာနဲ့ လှုပ်ရွနေတော့တာပါပဲ။ ဒါကို ဗိုက်ဆာတယ်ထင်ပြီးအများကြီးခနခနကျွေးမိရင်တော့ငါးကနတ်ပြည်ရောက်တော့မှာပါ ။

Betta တွေဟာ သဘာဝထဲမှာဆိုရင် အမှိုက်သရိုက်တွေကြားထဲကနေ သားကောင်ရှာစားခြင်း၊ တခြားငါးပေါက်လေးများကို စားခြင်း၊ တခြားငါးဥများကိုစားခြင်းဖြင့် အသက်ရှင်ကြပါတယ်။ အစာရှာဖို့ တနေရာကနေ တနေရာကို ကူးခတ်နေရတဲ့အတွက် လှုပ်ရှားမှုများပြီး အရင်အစာဟောင်းတွေက ကြေလွယ်တဲ့အပြင် အစာကိုစားချင်းတိုင်းစားခွင့်မရှိတဲ့အတွက် overeating မဖြစ်တော့ပါဘူး။

မှန်ကန်ထဲထည့်မွေးတဲ့အခါမှာတော့ အစာရှာမစားရတော့ပဲ လူကျွေးသမျှ အခန့်သင့်ထိုင်စားနေရုံပါပဲ။ ရေကူးစရာနေရာကျယ်ကျယ်လဲမရှိတဲ့အတွက် အစာကြေဖို့အချိန်တော်တော်ယူရပါတယ်။ အခုလို ဆောင်းတွင်းဆို လှုပ်ရှားမှုမရှိတဲ့အတွက် အစာကြေဖို့ပိုကြာပါတယ်။ လူနဲ့ ယဉ်နေတဲ့အခါ လူမြင်တာနဲ့ အစာကျွးတော့မယ်အထင်နဲ့ အစာတောင်းတတ်ပါတယ်။ ဒီအချိန်မှာ ဝါသနာရှင်တို့အနေနဲ့ ဗိုက်ဆာလို့တောင်းတယ်လို့ ထင်ပြီး အစာချ,ချကျွေးနေရင်တော့ overfeeding ဖြစ်ပြီး ကိုယ်မသိလိုက်ပဲ ကိုယ့်ငါးကိုယ် သ(တ်)သလိုဖြစ်နေပါလိမ့်မယ်။

- လိုတာထက်ပိုကျွေးခြင်း

ငါးမွေးသက်မရင့်သေးတဲ့ ဝါသနာရှင်‌တွေဟာ ရေထဲဖွဲပြာပစ်ချသလို ငါးစာကျွေးကြပါတယ်။ ငါးစာကျွေးရင် ၁၀/၁၅ မိနစ်အတွင်း ကုန်လောက်မည့်ပမာဏသာကျွေးသင့်ပါတယ်။ ငါး‌တွေဟာ လူ‌တွေလိုအစာပြေမုန့်ထပ်စားကြတဲ့ သတ္တဝါတွေမဟုတ်ပါဘူး။ ဒါကြောင့် အစာပို၊ အစာကျန်တွေကို ငါးကန်ထဲမှ ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ အစာပို‌တွေဟာ ရေထဲမှာကြာကြာစိမ်မိရင် ပျော့ပြဲသွားတတ်တာ ငါးမွေးသူတိုင်းသိကြပါတယ်။ ပျော့ပြဲသွားတဲ့အခါ အစာထဲက ငါးကိုထောက်ပံ့ပေးမဲ့ အာဟာရတွေဟာ ရေထဲပျော်ဝင်သွားပြီး ငါးအတွက်လဲ အကျိုးရှိမှာမဟုတ်ပါဘူး။

- Cloudy Water (ရေတိမ်ရောင်ထခြင်း)

အထက်ကပြောခဲ့သလို အစာကြွင်းကျန်တွေကြောင့် ရေဟာ cloudy ဖြစ်လာမှာ အသေအချာပါပဲ။ Cloudy water ဟာ bacteria (ဘတ်တီးရီးယား) များကို အလျင်အမြန်ဖောက်ပွားစေနိုင်ပါတယ်။ Bacteria တွေဟာ ငါးအတွက် အန္တရာယ်မရှိရင်တောင်မှ cloudy water ဟာ bacteria တွေပိုပေါက်ပွားစေဖို့ အစပျိုးပေးမှာပါ။ Bacteria တွေဟာ အစာအကြွင်းအကျန်တွေကိုစားသောက်ကြပြီး အာဟာရဓာတ်ရရှိကာ နာရီအနည်းငယ်အတွင်း မျိုးပွားနိုင်ပါတယ်။ ကန်ထဲမှာ ပေါက်ပွားလာတဲ့ bacteria တွေသာ ငါးအတွက် အကျိုးမပြုခဲ့ရင် ဝါသနာရှင်တို့ရဲ့ငါးကို ရောဂါဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် အစာကိုလျော့ကျွေးပြီး cloudy water မဖြစ်အောင် ဂရုစိုက်ပေးပါ။

- PH လျော့ကျစေခြင်း

Betta တွေဟာ PH 6.8 နဲ့ 8 ကို ကြိုက်ကြတဲ့ငါးမျိုးဖြစ်ပါတယ်။ အစာအကြွင်းအကျန်တွေနဲ့ ငါးရဲ့အညစ်အကြေးတွေ ဓာတ်ပြုပြိုကွဲတဲ့အခါ ရေရဲ့ PH ကို လျော့ကျစေပါတယ်။ ငါးကန်ထဲမှာ PH လျော့၊ မလျော့ကိုတိုင်းတာရန် PH test kit ‌နဲ့တိုင်းမှရပါမယ်။ အမြင်နဲ့ဆုံးဖြတ်လို့မရပါဘူး။ PH လျော့ကျခြင်းဟာ ငါးအတွက် အန္တရာယ်ရှိတဲ့ ammonia ကို မြှင့်တက်စေပါတယ်။

- Ammonia မြှင့်တက်လာခြင်း

ငါးဝါသနာရှင်‌တွေအတွက် အမိုးနီးယားပြဿနာဟာ အရေးကြီးတဲ့အထဲမှာ ပါ,ပါတယ်။ အမိုးနီးယားဟာ ငါးရဲ့အညစ်အကြးများမှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ အမိုးနီးယားဟာ ရေကိုဖျက်စီးတတ်ပြီး ငါးကို stress ဝင်စေကာ ရောဂါဖြစ်ပြီး သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကန်ကြီးကြီးနဲ့‌‌မွေးရတဲ့ တခြားငါးတွေအတွက် media box အပြည့်အဆုံနဲ့ Filter တွေအသုံးပြုပြီး ကာကွယ်လို့ရပေမဲ့ Betta တွေအတွက်ကတော့ အနည်းဆုံးတစ်ပတ် တစ်ခါတော့ရေ ၇၀ ရာခိုင်နှုန်းလောက်လဲပေးပြီး ကာကွယ်လို့ရပါတယ်။ လိုတာထက်ပိုပြီး အစာကျွေးခြင်းဟာ ရေရဲ့ ammonia level ကို ရုတ်တရက် မြင့်တက်စေပြီး ငါးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးရင်း ဒီမှာပဲနိဂုံးချုပ်ပါမယ်။

Betta hugo page မှပြန်လည်မျှဝေပါသည်။

22/09/2022

Betta တစ်ကောင်ရဲ့အရည်အသွေးကို ဘယ်လိုအချက်တွေနဲ့ တိုင်းတာကြသလဲ?

Betta Fish Anatomy

1. Body

ဆူးတောင်တွေဟာဖြောင့်တန်းနေရပါမယ်။ ခန္ဓာကိုယ်ရဲ့ အရှည်လျားဆံုးအပုိင်းဟာ pectoral fin (ပါးဟက်နားကရေယက်) ရဲ့ အပေါ်မှာ ဖြစ်ရပါမယ်။ ခန္ဓာကိုယ်ရဲ့ top line ဟာ lips အထိ ပြေဆင်းသွားတဲ့ သဏ္ဍန်ရှိရပါမယ်။ (ပံုကိုကြည့်ပါ)​

2. Dorsal Fin (ကျောဘက်)

Dorsal fin ဟာ ပံုစံအမျိုးမျိုးရှိနိုင်ပြီး ရှည်လျားတဲ့ Dorsal fin တွေဟာ ပိုပြီးတော့ "preferred"​ ဖြစ်ကြပါတယ်။

3. Caudal Fin (အမြှီးပိုင်းရေယက်)

Caudal form ဟာ Betta တွေရဲ့ tail type အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ Halfmoon နဲ့ Hmpk ရဲ့ အမြှီးတွေမတူညီသလိုမျိုးပေါ့။ အတောင်ရဲ့ ပံုသဏ္ဍာန်ဟာ အဂင်္ လိပ်အက္ခရာ "D" ပံုစံရှိရမှာဖြစ်ပြီး အပေါ်နဲ့အောက်အစွန်းတွေဟာ ချွန်နေရပါမယ်။ အတောင်ဟာ တသမတ်တည်းဖြစ်ပြီး အညီအမျှဖြန့်ကျက်ထားတဲ့ပံုစံဖြစ်နေရပါမယ်။

4. A**l Fin

A**l fin ဟာ တြာပီဇီယမ် မကျတကျ ပံုစံရှိပြီး ခန္ဓာကိုယ်ရဲ့ ဝမ်းဗိုက်တစ်လေျှာက် flat ဖြစ်နေရပါမယ်။ အစွန်း​တွေဟာ ချွန်နေရမှာဖြစ်ပြီး လံုးဝန်းမနေရပါဘူး။

5. Ventral fin

Ventral fin ဟာ "ပံုစံနဲ့အကျယ်" အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ၎င်းတို့ဟာ A**l fin ရဲ့ အရှည်ဆံုး အနံနဲ့ တူညီစွာ ရှည်လျားရမှာဖြစ်ပြီး ကတော့တစ်ခုရဲ့ အောက်ခြေလို အမှတ်တစ်ခုသာရှိရမှာဖြစ်ပါတယ်။

Coloration Standards

Betta တစ်ကောင်ဟာ form ပြည့်ပြီဆိုရင် နောက်တစ်ချက် စစ်ဆေးရမယ့်အရာကတော့ Coloration​ ဖြစ်ပါတယ်။ color​ation pattern တွေအများကြီးရှိပေမယ့် color intensity ကတော့ အရေးအကြီးဆံုးပါပဲ။ concentrated ဖြစ်ပြီး တောက်ပတဲ့ အရောင်တွေဟာ ကြည့်ရှုသူကို မျက်စိပသာဒဖြစ်စေပြီး လူကြိုက်များလှပါတယ်။ ကာလာမှိန်နေခြင်း၊ မွဲနေခြင်းတွေဟာ ကျန်းမာရေးမကောင်းတာကိုပြသတဲ့ အခြေခံလက္ခဏာတွေဖြစ်တာကြောင့် colorful ဖြစ်တဲ့ betta တွေကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ ပံုမှာကြည့်မယ်ဆိုရင် (Caption- Coloration)​ အတောင်တွေဟာ အကိုက်ခံရလို့ စုတ်ပြဲနေတဲ့ ပံုစံမျိုးဖြစ်နေပေမယ့် သေချာကြည့်မယ်ဆိုရင် အပြာရောင်ကိုကျော်လွန်ပြီး ပြန့်ကားနေတဲ့ အတောင်တွေကိုတွေ့ရပါလိမ့်မယ်။ ဒီလိုကြည်လင်နေတဲ့အပိုင်းတွေဟာ color မရှိတဲ့အပိုင်းတွေဖြစ်ပြီး "Cellophane"​ လို့ခေါ်ပါတယ်။ ဒါဟာ error မဟုတ်သလို လံုးဝကို normal ပါပဲ။ Cellophane part တွေပိုပြီး ကြည်လင်လေလေ ပိုကောင်းလေလ ဖြစ်ပါတယ်။

Betta's Attitude

Betta တစ်ကောင်ရဲ့ အရည်အသွေး​ကို တိုင်းတာတဲ့အခါ ခင်ဗျားတို့ ယံုချင်ယံု၊ မယံုချင်နေ Attitude (စိတ်နေသဘောထား)​ ကိုလည်း ထည့်တွက်ကြရပါတယ်။ active ဖြစ်/မဖြစ်၊ ရန်လိုမှု၊ အခြား betta တစ်ကောင်ကိုတွေ့တဲ့အခါ၊ ကိုယ့်ရဲ့ reflection ကို တွေ့တဲ့အခါ တံု့ပြန်မှု၊ ဒါတွေဟာ အရေးပါလှပါတယ်။ Flaring ကလည်း အရေးကြီးတာကြောင့် flare stick တွေနဲ့ train နေကြတာဖြစ်ပါတယ်။ stick,​pen, pencil စတာတွေနဲ့ ကိုယ်ထောက်လိုက်တဲ့နေရာကို flare ဖြစ်ဖို့ train ချင်ရင်တော့ မှန်တချပ်ကို tank ဘေးမှာထည့်ပြီး သူတို့ကိုယ်သူတို့ ပြန်မြင်နိုင်အောင် ထားပြီး တရက်ကို 5မိနစ်ကနေ 10မိနစ်အထိ စိုက်ကြည့်စေပါ။ ဒါမှမဟုတ် stick တွေသံုးရင်လည်းရပါတယ်။ အစပိုင်းမှာ အလုပ်သိပ်ဖြစ်မှာ မဟုတ်ပေမယ့် မကြာခဏ train ပေးရင် အဆင်ပြေလာပါလိမ့်မယ်။ ပြိုင်ပွဲတွေမှာဆိုရင်လည်း Judge တွေဟာ ဒီနည်းလမ်းကိုသံုးပြီး စစ်ဆေးလေ့ရှိကြပါတယ်။

အခုမျှဝေပေးသွားတဲ့ အချက်တွေကတော့ Betta တစ်ကောင်ရဲ့ အရည်အသွေးကို တိုင်းတာတဲ့ အခြေခံ စံနှုန်းတွေပဲဖြစ်ပါတယ်။ အားလံုးပဲ ကျန်းမာလှပတဲ့ Betta လေးတွေ ပိုင်ဆိုင်နိုင်ကြပါေစ။

Want your establishment to be the top-listed Arts & Entertainment in Insein?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Oo San Lone Street, Taung Thu Gone
Insein