Tr.Su English Language Center

Tr.Su English Language Center

Share

Teaching young Learners and teenage Learners

20/05/2026

💻 Online Zoom Class

📌ဒီအတန်းလေးကတော့ မကြော်ငြာဘဲနှင့် တီချယ်စုဆီမှာ Online နဲ့သင်ယူချင်လို့ဆိုပြီး ဆိုင်းတောင်နှင့် ကျိုင်းတုံမှ သားသားဇွဲဘုန်းမေမေက
တက်ချင်လို့ စုံစမ်းမေးမြန်းတာကြောင့် ဖွင့်ဖြစ်ခဲ့တဲ့အတန်းလေးပါ။‌ပြီး‌ေတာ့ တစ်နေ့က Online မှာ Pronunciation သင်နေတဲ့ vedio လေးကိုတွေ့တော့ ကျောက်ဆည်မှ
သမီးလေး ချက်ချင်းသင်တန်းစုံစမ်းပြီး နောက်တစ်နေ့ သင်တန်းကြေး(၃)လစာအပြတ် သွင်းပြီး
အတန်းလေးအပ်ခဲ့တယ်။

📌ဒီနေ့ နေ့လည်မှာ အချင်းချင်းမိတ်ဆက်ကြတဲ့ vedio recoding လေးပါ။English Class လေးကို အခုမှတက်ဖူးကြပေမယ့် အခုလိုလေး Confidence ရှိရှိနဲ့ပြောနိုင်လို့ အရမ်းကိုဂုဏ်ယူမိပါတယ်။အမှားအမှန်ထက် English စာကိုစပြီးလေ့လာတဲ့အခါ ပြောရဲဖို့က အရမ်းကို အရေးကြီးပါတယ်နော်။ဒါကြောင့် ကလေးတွေရဲ့ တိုးတက်မူလေးတွေကို Before ‌and After ပြန်ကြည့်လို့ရအောင် အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်နော်။

📌အခုလိုမျိုး လူနည်းနည်းလေးနဲ့ ထိထိရောက်ရောက် သင်ချင်သူ၊စာနဲ့အလှမ်းဝေးနေတဲ့ ကျောင်းသူ၊ကျောင်းသားများ လာရောက်စုံစမ်းနိုင်ပါတယ်နော်။အပြင်တန်း တက်ချင်သူများလည်း
အချိန်မရွှေး Level Test ဖြေဆိုပြီး အတန်းအပ်နိုင်ပါတယ်ရှင့်။




#မော်ဝမ်းဖားကန့်

20/05/2026

🏡How does home make to her?

💚ဒီကျောင်းသူလေးကတော့ သူမရဲ့ အိမ်အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ပြောထားတာလေးပါ။ Tr.Su English Language Center မှာတက်တာ နှစ်လလောက်ပဲ ရှိသေးပေမယ့် အတော်လေးပြောနိုင်လာပြီ။

💚 Language လေ့လာတာက ကိုယ့်ရဲ့အနာဂါတ်မှာ English စာကို အသုံးပြုပြီး ဘယ်လောက်ထိတိုးတက်အောင် လုပ်မလဲဆိုတဲ့ Goal နဲ့ စိတ်အားထက်သန်ဖို့
အရမ်းကို အရေးကြီးပါတယ်။အချိန်ကြာပြီး မျော်လင့်သလောက် မတိုးတက်ဘဲ မိဘတွေကို မလွန်ဆန်နိုင်လို့ မျောပြီးလိုက်နေတဲ့ ကလေးတွေလည်းရှိပါတယ်။

💚ဒီလိုကလေးတွေကတော့ ထင်သလောက်ခရီးမပေါက်နိုင်ပါဘူး။သူကိုယ်တိုင်က အများကြီး မလိုချင်လို့ပါ။ပြီးတော့ အချိန်ကြာလာပြီဆိုရင် ကလေးတွေက ပျင်းရိလာကြတယ်။အဲ့တော့ မိဘတွေကလည်း၊ကလေးတွေကို စိတ်ဓါတ်ခွန်အားတွေ
ပေးဖို့လိုပါတယ်။

✍️ဆရာ၊ဆရာမတွေကတော့ ကလေးတွေကို ဟိုအမြင့် Level ထိရောက်သွားတာမြင်ချင်ပြီး ရလဒ်ကောင်းတွေထွက်ပြီး၊ဘဝကို မြင့်မားစေချင်ကြပါတယ်။English လေ့လာသင်ယူမူက
ခက်ခဲပေမယ့် ကလေးတွေရဲ့ ဘဝတွေကို ပြောင်းလဲနိုင်တယ် ဆိုတာကို သိစေချင်တယ်။
ကလေးတိုင်း ပန်းတိုင်ကို ချောမွေ့စွာ ရောက်နိုင်ကြပါစေ🥰



#အသက်၆နှစ်မှ၁၉နှစ်အရွယ်
#မော်ဝမ်းဖားကန့်

18/05/2026

📆 Online Class for adults

✍️2026 ခုနှစ်မှာ စပြီး Online Class ကိုဖွင့်လှစ်ခဲ့တယ်။ဒါက ပထမဆုံးအကြိမ် Online Class ဖွင့်ခဲ့တာလားဆိုရင်တော့ ❌မဟုတ်ပါဘူး။2018 စာစသင်တော့ 2019 မှာ COVID ဖြစ်လို့ In person အတန်းကနေ Online ကိုပြောင်းပြီး စသင်ကြားခဲ့တယ်။

✍️ကလေးတွေလည်း သင်သလောက် တတ်မြောက်ခဲ့တယ်။အခုဒီအတန်းလေးကတော့ နှစ်ဦးတည်းကို
(၃)လပြတ် အထူးသင်ကြားပေးတဲ့အတန်းပါ။ကလေးနှစ်ယောက်က တစ်ယောက်က အင်ဂျင်နီရာကျောင်းသားဖြစ်ပြီး၊တစ်ဦးက University Studentပါ။

✍️သင်ပေးသလောက်ကို တက်တက်ကြွကြွနဲ့ သင်ယူကြလို့ အရမ်းပင်ပျော်ရတဲ့အတန်းလေး။Speaking, Listening and Pronunciation ကိုအသားပေးပြီး
သင်ကြားတဲ့အတန်းလေး။

✍️လူများရင် မတက်ချင်ဘူး၊ကလေးတွေနဲ့လည်း ရောမတက်ချင်ဘူး ဆိုသူများ အခုလို အထူးအတန်းလေးမှာ တက်ကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင့်။




#မော်ဝမ်းဖားကန့်

15/05/2026

⭐ Star Students' English Talk

🟩ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ
Tr.Su English Language Center ရဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေထဲမှ တစ်ဦးပါ။မိဘတွေအများကြီး ရှေ့မှာ သတ္တိ‌ရှိရှိနဲ့ သဘာဝကျကျ ပြောသွားတဲ့သမီးလေး။

🟩အသက် 8 နှစ်လေးနဲ့ အခုလို ပြောရဲဆိုရဲရှိအောင်
လေ့ကျင့်သင်ကြားပေးတဲ့အတွက် နောင်တချိန်မှာ လူအများကို ဦးဆောင်လမ်းပြနိုင်မယ့် ကလေးလေးပါ။ဒီကလေးလိုပဲ ပြောသွားကြတဲ့ ကလေးတွေအားလုံးက သူစွမ်းရည်လေးနဲ့ သူ ထူးချွန်ကြတဲ့ကလေးတွေပါ။

🟩လိူင်းပေါ်တင်ပေးမှ တော်တယ်လို့ တီချယ်တို့က
သတ်မှတ်တာမဟုတ်ပါဘူး။လိူင်းပေါ် မတင်ပေးရင်လည်း ကလေးတွေရဲ့ အားသာချက်လေးတွေကို
အသိအမှတ်ပြုပါတယ်။အနည်းငယ်လေး ကြိုးစား‌ဖို့ လိုသေးတာကြောင့်ပါ။

📢📢မိုးရာသီမှာ စထားဖို့ရည်ရွယ်ထားတဲ့
မေမေတို့ သင်တန်းအပ်လို့ရပါရှင့်။
အတန်းတိုင်းက လူပြည့်မြန်လို့ ကြိုတင်အပ်ထားရင် ပိုပြီး သေချာပါတယ်နော်။



#အသက်၆နှစ်မှ၁၉နှစ်အရွယ်
#မော်ဝမ်းဖားကန့်

12/05/2026

😺Her Dream Job (To be a vet)

တိလေးတွေကို ချစ်တတ်တဲ့ကလေးဆိုတော့ ကြီးလာရင် တိလေးတွေကို ဆေးကုပေးတဲ့ ဆရာဝန်ဖြစ်ချင်တာတဲ့။လူအများကြီးရှေ့မှာ ကိုယ့်ရဲ့အိမ်မက်ကို အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ ပြောသွားတဲ့
သမီးလေး။

အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါစေနော်။ဆက်ပြီးကြိုးစားပါ။

📢မိုးရာသီမှာ ကျောင်းထားဖို့ စိတ်ကူးထားကြတဲ့
မိဘများရှင့် ကြိုတင်အပ်ထားလို့ရပါပြီနော်။




#မော်ဝမ်းဖားကန့်

Photos from Tr.Su English Language Center 's post 10/05/2026

🏖️🏝️ Summer Classe (Grammar, Reading and Writing -4)

✏️နွေရာသီ (3)လအတွင်းမှာ Grammar အတန်းကို တာဝန်ယူထားတဲ့ ဆရာဂျူးရဲ့ အားစိုက်မူအပေါ်
မှာကလေးတွေ စာအရေးအသားကို မှန်ကန်စွာရေးနိုင်လာကြပါပြီ။Reading and Writing ကိုတော့ ကျွန်မက တာဝန်ယူသင်ကြားပေးပါတယ်။

✏️ Grammar သင်ရုံနဲ့ အခုလိုရေးနိုင်တာလားဆိုရင်တော့ မဟုတ်ပါဘူး။Input အနေနဲ့ Reading တွေများများလုပ်မှ output အဖြစ်နဲ့ ideas တွေစီးဆင်းလာမှာဖြစ်ပါတယ်ရှင့်။ideas တွေရှိလာပြီဆိုရင်တော့ Grammar ကို အသုံးချပြီး မှန်ကန်သော စာပိုဒ်တွေ ရေးနိုင်လာပါတယ်။

✏️ဒါကတော့ A Future Invention ကို သူတို့အနာဂါတ်အတွက် မျှော်လင့်ပြီး သူတို့ကိုယ်ပိုင် Ideas နဲ့တီထွင်ထားကြတာကို အတန်းရှေ့မှာ တင်ပြထားတာလေးပါ။ဘယ်လောက်ထိ တော်ကြလဲဆိုတာ ကြည့်ရင် သိပါလိမ့်မယ်ရှင့်။

⭐အခုလို ဝေးလွန်ခေါင်ပါးတဲ့နေရာလေးမှာ ကလေးတွေရဲ့အနာဂါတ် ထွန်းလင်းတောက်ပဖို့ အလင်းလေး ပေးခွင့်ရလို့ အရမ်းပင်ဂုဏ်ယူပါတယ်။

⭐မိုးရာသီးအတွက် သင်တန်းစပြီး အပ်လို့ရပါပြီနော် မေမေဖေဖေတို့ရယ်။လူပြည့်သွားမှာစိုးလို့
အမြန်လေး လာရောက်အပ်နှံဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။



#အသက်၆နှစ်မှ၁၉နှစ်အရွယ်
#မော်ဝမ်းဖားကန့်

09/05/2026

⭐ Her Dream job (To be a teacher)
Star Students' English Talk မှာ သူမရဲ့အိမ်မက် အကြောင်းကို အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ စနစ်တကျပြောသွားသူလေးပါ။

အသက်ငယ်ငယ်လေးနဲ့ Confident Levelကတော့ မြင်တဲ့အတိုင်းပါရှင့်။အရမ်းတော်တဲ့ ကလေးလေးမို့
‌မိဘတွေအစား အရမ်းဂုဏ်ယူပါတယ်သမီးလေး။
English စာဘာသာစကား သင်ယူတဲ့ ခရီးလမ်းမှာ အဆုံးထိ ရောက်အောင် သွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အတန်းသစ်မှာ တက်ချင်သူများ ကျောင်းကို အချိန်မရွေးလာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။



#အသက်၆နှစ်မှ၁၉နှစ်အရွယ်
#မော်ဝမ်းဖားကန့်

08/05/2026

⭐ Star Students' English Talk

Level -2 အတန်းမှ သားသားလေး။သူ့ရဲ့အဖေအကြောင်းကို ယုံကြည်မူရှိရှိနဲ့ပြောထားတာလေးပါ။ဒီအသက်အရွယ်လေးနဲ့ ဒီလိုပြောရဲဆိုရဲရှိတာ
ဂုဏ်ယူလို့မဆုံးဘူး။

ဒီသားသားလေးပဲလားဆိုရင် မဟုတ်ပါဘူးနော်။ကလေးတွေအကုန်လုံး ပြောနိုင်ကြတယ်ဆိုတာ ရောက်လာကြတဲ့မိဘများ အသိဆုံးပါ။တစ်ဦးချင်းစီကို အချိန်ယူပြီးတင်ပေးသွားမယ်နော်။

တီချယ်စု အလုပ်အရမ်းများနေလို့ အမြန်မတင်နိုင်တဲ့အတွက် Sorry 😔ပါနော်။အရမ်းပျော်ရွှင်စရာကောင်းပြီး တန်ဖိုးရှိတဲ့အခိုက်အတန့်လေး။

တီချယ်စု ကျောင်းမှာ အတန်းသစ်တွေလည်းရှိလို့
ထားဖို့ ဆန္ဒရှိရင် အမြန်ဆုံးစာရင်း လာသွင်းထားမှ
စိတ်ချရပါမယ်ရှင့်။

07/05/2026

⭐🎗️Star Students' English Talk⭐

Regular Class မှာ (Level -2,3,4)အတန်းလေးမှ ကလေးများ Ready ပဲလား?ကလေးတွေရဲ့ကြိုးစား အားထုတ်မူကို မေမေဖေဖေတို့ မြင်အောင် ပြသရမယ့် အချိန်ဖြစ်ပါတယ်။

⏰နေ့လည် ၁၂ နာရီခွဲမှာ ဖိတ်ကြားထားတဲ့ မိဘများရှင့် မပျက်မကွက်ဘဲ လာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။မိဘတွေရဲ့ အသိအမှတ်ပြုခြင်း၊ချီးမွမ်း‌ခြင်းက သူတို့လေးတွေအတွက် ပိုအားရှိစေမှာ ဖြစ်ပါတယ်ရှင့်။


#အသက်၆နှစ်မှ၁၉နှစ်အရွယ်

#မော်ဝမ်းဖားကန့်

05/05/2026

🏡My home (Reflect Speaking and Listening 1)

🍎A1(Elementary Level)အတန်းမှာတက်နေတဲ့ တပြည့်လေး။သူမရဲ့ အိမ်အကျောင်းကို သင်ခန်းစာထဲက vocabulary တွေကို သုံးပြီးပြောထားတာလေးပါ။

💚တက်လာတာ(၃)နှစ်ကျော်ပြီ။ဟို basic Level ကနေ တစ်ဆင့်ချင်းစီ ဖြေဖြေးချင်းတက်လာတာအခုဆိုရင် အတော်လေးပြောတတ်နေပြီ။မိဘတွေရဲ့ ပံ့ပိုးမူ၊ကလေးရဲ့ကြိုးစားမူ၊ဆရာ၊ဆရာမတွေရဲ့ သင်မူကြောင့် ခရီးလေးက အတော်လေး ပေါက်လာပြီ။

🟩တချို့မိဘတွေက အခုမှစထားတယ်၊အခုပြောတတ်ချင်နေပြီ၊တချို့တွေက တစ်ဖြတ်လောက်အစမ်းလာထားကြည့်တယ်။ပြီးရင် နောက်တစ်ဖြတ်
ဆက်မထားကြတော့ဘူး။တချို့က စိတ်များတယ်။

🎯ပြောချင်တာက English ဘာသာစကား သင်ယူတဲ့ခရီးလမ်းက စိတ်ရှည်သည်းခံဖို့လိုပါတယ်ရှင့်။ဘယ်ကျောင်းမှာဘဲတက်တက် အချိန်အတိုင်းအတာတစ်ခု ရောက်မှရလဒ်ထွက်ပါတယ်။

✏️ဒါကြောင့် ကျွန်မဆီယုံကြည်ပြီးထားကြတဲ့ မိဘများရှင့် လောမကြီးဘဲ ပုံမုန်လေးဆက်ထားသွားရင်
ကလေးလေးတွေ English လိုပြောနိုင်လာကြပါလိမ့်မယ်ရှင့်။




#မော်ဝမ်းဖားကန့်
#အသက်၆နှစ်မှ၁၉နှစ်အရွယ်

04/05/2026

⭐ Reflect Speaking and Listening 1

ကျောင်းစတက်တုန်းက သူမပြောတဲ့စကားဆို အတော်နားထောင်ယူရတယ်။တိုင်းရင်းသူဆိုတော့
စကားသံဝဲလို့။ English words တွေကို အများနားလည်အောင်ထွက်တတ်ဖို့ အတော်ရုန်းခဲ့ရသူလေး။အခုတော့ ‌အတော်လေးပီလာပြီ။

လမ်းခရီးခက်ခဲပြီး လမ်းမကြာကြာပိတ်တတ်တဲ့
ဖားကန့်လိုမြို့လေးမှာ ကလေးတွေအတွက် တတ်နိုင်သလောက်လေး လှေကားထစ်လေးတွေ လုပ်ပေးရလို့ Tr.Su English Language Center မှ အထူးပဲ ဝမ်းသာမိပါတယ်။




#မော်ဝမ်းဖားကန့်

Want your business to be the top-listed Media Company in Hpakan?
Click here to claim your Sponsored Listing.

Category

Website

Address


Maw Wan
Hpakan