EDU FARM

EDU FARM

Share

Teaching English young learners and adult learners

17/05/2026

⛳️ဘာသာစကားသင်ယူနေတဲ့ကလေးတွေ အတွက် အဓိက အချိန် နဲ့ အရှိန် လိုအပ်ပါတယ်။ပထမဆုံး အချိန်တစ်ခုကို အဆက်မပြတ်ရင်းနှီးရပါတယ်။ တချို့ အသက် (၅)နှစ်စထားတယ် (စောစောထားနိုင်ရင် အကောင်းဆုံးပါပဲ)တစ်ချို့ (၁၂)လောက် စထားတယ် ဘယ်အချိန်စထားလည်း Result ကောင်းကောင်းထွက်လာဖို့အခြေခိုင်ဖို့အနည်းဆုံး(၃)နှစ်လောက်ဖြည့်ပေးရပါတယ်။

⛳️အခြေခိုင်ဖို့ဆိုတာက ကလေးတွေ တော်တော်များများ ရှက်တတ်တာ၊ အများရှေ့ထွက်ပြောဖို့ ကြောက်တာ၊သူငယ်ချင်းတွေနဲ့ Group work လုပ်ဖို့အားနည်းတာ၊လုပ်နိုင်ပါ့မလား စတဲ့ စိုးရိမ်စိတ်စတာတွေကို ယုံကြည်စိတ်ပိုရှိလာအောင် လေ့ကျင့်သင်ယူရတဲ့အချိန်ကာလဖြစ်ပါတယ်။ တစ်ချို့က မြန်မြန်သင်ယူတယ်၊တစ်ချို့ကကြာတတ်တယ်။မိဘတွေ ကလေးတွေက်ို စိတ်ဆိုးလို့မရပါဘူး၊ကလေးတွေရဲ့သင်ယူမှုပုံစံ မတူလို့ဆိုတာနားလည်ပေးရပါမယ်။

⛳️ဒီအဆင့်ကျော်ဖြတ်ပြီးရင် အရှိန် ရှိလာပါမယ်။
မေးခွန်းတွေ ကိုယ်တိုင်မေး၊ဖြေတတ်လာမယ်၊ လူအများရှေ့ပြော၊ဆိုရဲလာပါမယ်။ ဗဟုသုတ လည်းအများကြီးရလာသလို တွေးခေါ်နိုင်တဲ့စွမ်းရည်မျိုးလည်းပိုမြင့်လာပါတယ်။ အရေးကြီးတာက ကလေးတွေ Independent Learners ဖြစ်လာအောင်ဆက်တိုက်ထားပေးရပါမယ်၊ English စကားပြောတဲ့ ပတ်ဝန်းကျင်မျိုးမှာ အမြဲထားပေးနိုင်ရင်ပိုတိုးတက်လာနိုင်ပါတယ်။

⛳️ ကျောင်းခဏဏပျက်တာမျိုး၊ ပုံမှန်မတက်တာမျိုး ၊ ကျောင်း Activities တွေမှာ မပါဝင်တာမျိုးဆိုရင်တော့ တိုးတက်မှု အားနည်းနေတာတွေ့ရပြီး ကျောင်းပုံမှန် ဆက်တိုက်တက်နေတဲ့ ကလေးတွေက
တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာတွေ့မြင်ရပါတယ်။

💚သားသားမီးမီးတို့ရဲ့ သင်ကြား၊သင်ယူမှု ပိုမိုကောင်းမွန်လာစေရန် EDU FARM ကလည်း အများကြီး ကြိုးစားနေပါတယ်ရှင်

ကျောင်းသားအချို့ရဲ့Summer Class experience လေးတွေပဲဖြစ်ပါတယ် 🫶🫶🫶💚🌿🌿🌿

16/05/2026

🍒က​လေး​တွေ​ရဲ့ တိုးတက်မှု၊ ​ပြောင်းလဲ လာမှု ​သေး​သေး​လေးက အစ မိဘများ ၊ ဆရာ၊မ များက အမြဲတမ်း အသိအမှတ်ပြု​ပေးပြီး ချီးကျူး​ပေးတာဟာ က​လေး​​တွေရဲ့ သင်ယူနိုင်မှုစွမ်းရည် ပို မြင့်လာ​​နိုင်ပြီး၊ ယုံကြည်မှုပိုရှိလာ​စေပါတယ်။ ☘️🌿🌿
🔊🔊မူကြိုအရွယ်က​လေးများအတွက် ဇွန်လ ၈ ရက်​​နေ့မှာ ဖွင့်လှစ်မယ့် အတန်းသစ်အတွက် ​လည်းကျောင်းအပ်လက်ခံ​ပါပြီ​နော်။

#ဖားကန့်
#ဖားကန့်​ကျောက်စိမ်း​မြေ

16/05/2026

YLE Regular Class ကျောင်းပြန်ဖွင့်ရက် နေ့စွဲအမှားပြင်ဆင် ခြင်း 🙏🙏🙏

​လေးစားရပါ​သောကျောင်းသားမိဘများရှင့်
🍀YLE (Young Learners English Regular Class) များကို ၂၉ ရက်၊ဇွန်လ ၂၀၂၆ ​မှ အတန်းသစ်များစမည်ဖြစ်ပါကြောင်း ထပ်မံ အကြောင်းကြားလိုက်ပါသည်။

🍀အသေးစိတ်မေးစရာများရှိပါက ၀၉၂၆၇၉၈၀၁၉၂ Viber message (သို့) EDU FRAM messenger သို့ မေးမြန်းနိုင်ပါတယ်ရှင့် ။

14/05/2026

ကလေးငယ်တို့ရဲ့ သင်ယူမှုအမြန်ဆုံး ဥာဏ်ရည် အမြင့်ဆုံး အရွယ် သင်ယူမှုကို ဖားကန့်မြို့ မှာဖွင့်လှစ်ထားတဲ့ EDU FARM မှာ စတင်ပါ 🌈🌈🌈
🍒​ အသက် (၃) နှစ်ကနေ (၅) နှစ်ကြားဆိုတာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးနဲ့ သင်ယူမှုအမြန်ဆုံး အ​ကောင်းဆုံး အရွယ် ပဲ ဖြစ်ပါတယ်။ 🧠 🙋‍♀️
🍒​ဒီအရွယ်မှာ ကလေးတွေဟာ ပတ်ဝန်းကျင်ကနေ အရာရာကို သင်ယူနိုင်မှုစွမ်းရည် အမြင့်ဆုံးရှိကြတာမို့ EDU FARM Preschool မှာဆိုရင်...
​✅ ကလေးတွေ အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုလို သဘာဝကျကျနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုတတ်လာအောင် English Speaking Environment ကို အမြဲဖန်တီးပေးထားပါတယ်။
​✅ ကမ္ဘာ့အဆင့်မီနိုင်ငံတကာသုံး သင်ရိုးညွှန်းတမ်းကို အသုံးပြုထားတာကြောင့် ကလေးတို့ရဲ့ ဦးနှောက်ကို ဘက်စုံ ဖွံ့ဖြိုးစေရုံတင်မကဘဲ မူကြိုပြီးတာနဲ့ Reading (စာဖတ်ခြင်း)၊ Listening (နားထောင်ခြင်း) နဲ့ Speaking (စကားပြောခြင်း) ကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာတာကို မိဘကိုယ်တိုင် မြင်တွေ့ရမှာဖြစ်ပါတယ်။
​✅ ကလေးတွေဟာ စာအုပ်ထဲမှာတင် မဟုတ်ဘဲ Experiential Learning (လက်တွေ့သင်ယူမှု) နဲ့ Sensory Activities တွေကတစ်ဆင့် ပျော်ပျော်ရွှင်ရွှင် သင်ယူကြတာကြောင့် ပညာရေးကို ပိုမိုမြတ်နိုးလာ​စေမှာဖြစ်ပါတယ်🎨🧩
🍒ဒါ​ကြောင့် ​ကလေးတို့ရဲ့ အနာဂတ်အတွက် အခြေခံကောင်းတွေကို EDU FARM မှာ အတူတူ ပျိုးထောင်ပေးဖို့ အကြံ ပြုပါရ​စေရှင် 💯💯😊

🏫 ​နေလ ကားဂိတ်အနီး၊ ​မော်၀မ်း ၊ ဖား ကန့်
📞 ၀၉၂၆၇၉၈၀၁၉၂
📞 ၀၉၄၀၀၀၀၈၄၅၅


#ဖားကန့်ကျောက်စိမ်းမြေ #ဖားကန့်

06/05/2026

🗣Speaking Competition မှာ (29/30) ရရှိခဲ့တဲ့ ​ကသားသား​လေး ​🧑‍💻Wai Yan Aung ရဲ့ Saving the AMAZON အ​ကြောင်း ​လေး၊ Habitats, Environment ​တွေကိုဘယ်လိုကာကွယ်ကြမယ် ဆိုတဲ့ အ​ကြောင်း​လေးပဲဖြစ်ပါတယ်။


#ဖားကန့် ​မော်၀မ်း
#ဖားကန့်ကျောက်စိမ်းမြေ

06/05/2026

🗣Speaking Competition မှာ (30/30)မှတ် ရရှိခဲ့တဲ့ 💃သမီး ​လေး Htoi Zin Mai ရဲ့ Out Door & Indoor Activities ​လေး​တွေကို ယုံကြည်ချက်ရှိရှိ Audience attention အများကြီးရ​အောင် ​ပြောသွားတဲ့ Video ​လေး ဖြစ်ပါတယ်။ 🍀🍀🍀🍀🍀
သင်ကြား​ပေးတဲ့ ဆရာ၊မ များအပြင် EDU FARM ​ကျောင်းမှာ ထား​ပေးတဲ့ အ​​ဖေနဲ့အ​မေ ကိုပါ​ကျေးဇူးတင်​ကြောင်း​ထည့်ပြောသွားတဲ့ သမီး​လေး ❤️


#ဖားကန့် ​မော်၀မ်း
#ဖားကန့်ကျောက်စိမ်းမြေ

29/04/2026

Hello🔊🔉EDU FARM ကျောင်းသားမိဘများရှင့်
School Fun Fair လေးကို သားသားမီးမီးတို့နဲ့အတူတက်ရောက်ဖို့ လေးစားရပါသော ဖေဖေမေမေ၊ဦးဦး၊ဒေါ်ဒေါ်၊သူငယ်ချင်းတို့ကိုဖိတ်ခေါ်လိုက်ပါတယ်နော်🛵🚘🚍🏍️
🗓️မေ (၁)ရက်နေ့နော်
မနက်(၁၁:၀၀ - ၃:၀၀)နာရီထိ အဆင်ပြေမယ့်ချိန်လေးလာခဲ့လို့ရပါတယ်

22/04/2026

💁‍♀️💁‍♂️Our pre Level -1 students learned "ow" sound in the morning and practised blending the sounds by identifying the words like "owl" ," town" , " gown" , "crown" , "clown". 🗣🗣This practice makes students easier to read the words with more confidence. Our school always trys to provide the classroom's necessary teaching tools, resources and materials to facilitate more effective learning and engaging lessons .



#ဖားကန့် ​မော်၀မ်း

Want your school to be the top-listed School/college in Hpakan?
Click here to claim your Sponsored Listing.

Category

Address


Maw Wan
Hpakan
1161

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 00:00 - 18:00