Chan Thar

Chan Thar

Share

ကိုယ်တိုင်ရေး ဘ၀မှတ်တမ်းလေးများ
[ ဘ၀ဆိုတာ စာမျက်နှာကျော်ပြီး ဖတ်ခွင့်မရှိတဲ့ ၀တ္ထု တစ်ပုဒ် ]

Photos from Chan Thar's post 18/04/2026
18/04/2026

"ကျွန်တော်ညာတတ်ခဲ့ပြီအဖေ"
****************************

၁၉၈၁ ခု နှစ်တွင်မိတ္ထီလာမြို့မှမန္တလေးမြို့ကိုအဖေ့တာဝန်နဲ့ပြောင်းရွှေ့ရပါတယ်။

ကျွန်တော်တို့မိသားစုစီးနင်းလာတဲ့BMကားကြီးမှာအိမ်ထောင်ပြောင်းလာတဲ့ပစ္စည်းတွေကိုထနောင်းပင်ခြေရင်းမှာချထားပေးခဲ့ပြီး

"ဝေါကနဲ"

အရှိန်တင်ပြီးမောင်းထွက်သွားပါတယ်ဖုန်လုံးတွေတစ်လှိမ့်လှိမ့်အကြားမှာမောင်းထွက်သွားတဲ့BMကားကြီးကိုကြည့်ပြီးကျွန်တော်တို့မိတ္ထီလာမြို့လေးကိုဘဲလွမ်းရတော့မလိုလို၊ထီလာကန်ကြီးကိုဘဲလွမ်းရတော့မလိုလိုဖြစ်နေပြီးချက်ချင်းပင်နေရာဟောင်းလေးကိုပြန်ချင်စိတ်ပေါက်သွားပါတော့တယ်။

ထနောင်းပင်ရိပ်အောက်မှာကျွန်တော်တို့မိသားစုမှလွဲ၍မည်သူတစ်ဦးတစ်ယောက်မှမရှိဘဲဟိုးခပ်လှမ်းလှမ်းဆီမှတဲလေးသုံးလေးလုံးခန့်အားတံလျှပ်များအကြားမှနေပြီးတွေ့မြင်နေရပါတယ်။အညာဒေသရဲ့ပြယုဒ်ဖြစ်တဲ့တမာပင်၊မန်ကျည်းပင်နဲ့ထနောင်းပင်တွေကိုအချို့ရေရာတွေမှာစီရရီတွေ့မြင်နေရပြီးအချို့နေရာတွေမှာတော့ကျိုးတိုးကျဲတဲနဲ့ကန္တရဆူးပင်တွေကိုလဲဟိုတစ်စုဒီတစ်စုတွေ့မြင်နေရပါတယ်။

နွေရာသီဖြစ်ပြီးအပူပိုင်းဇုံအတွင်းကျရောက်နေတဲ့ဒေသမို့နေခင်းဘက်ကွင်းလယ်ခေါင်ခေါင်မှာကန္တရပင်တွေနဲ့တံလျှပ်တွေကသာကြီးစိုးလို့နေတတ်ပါတယ်။

မတတ်သာတဲ့အဆုံးမိသားစုတွေဖျာအဟောင်းလေးကိုထနောင်းပင်ခြေရင်းမှာခင်းပြီးအနားယူဖို့ပြင်ဆင်ရပါတယ်။မနက်စောစောကချက်လာတဲ့ထမင်းနဲ့ဟင်းတွေကိုငါးဆင့်ချိုင့်အတွင်းမှာထည့်လာခဲ့ပြီးအသင့်ယူလာတဲ့ရေဗူးတွေကိုဘေးမှာချပြီးမနက်စာစားဖို့ပြင်ဆင်ရပါတယ်။

အညာနွေကလိုတာထက်ပိုပြီးပူနေပေမယ့်ကြီးမားတဲ့ထနောင်းပင်ရိပ်ကြီးကြောင့်မိသားစုတွေသက်တောင့်သက်တာအနားယူလို့ရသဖြင့်တော်ပေသေးသည်။ဒါကြောင့်လဲအထက်အညာဒေသမှာနွေထနောင်းဆောင်းမန်ကျည်းလို့မှတ်သားကြကြောင်းအဖေပြောပြလို့သိရှိရပါတယ်။မိသားစုတွေထမင်းစားလို့ပြီးတဲ့အခါမှာတော့ကျွန်တော်တို့မောင်နှမတစ်တွေဖျာလေးပေါ်မှာအသာလေးမှိန်းနေချိန်မှာတော့အဖေနဲ့အမေကတော့ဆေးပေါ့လိပ်လေးတွေတစ်လိပ်စီကိုဖွာရှိုက်ရင်းရှေ့ဆက်ရမည့်ခရီးအတွက်ဘယ်စခန်းကိုဘယ်သို့လှမ်းရမည်ကိုကြိုတင်တွေးဆနေကြပါတယ်။

ညနေပိုင်းနေအေးချိန်မှာတံခွန်တိုင်ဘက်မှာအဖေ့လစာနဲ့သင့်တော်တဲ့အိမ်ကလေးတစ်လုံးကိုဌားမည်သို့မဟုတ်ပုဏ္ဍားကုန်းဘက်မှာဆက်ရှာမည်နောက်ဆုံးမရတဲ့အဆုံးမှာတော့၊ရန်မျိုးလုံဘက်ကိုခရီးဆက်ကြမည်လို့အချင်းချင်းပြောရင်းတိုင်ပင်နေကြတာကိုကျွန်တော်တို့အိပ်နေရင်းကနေပြီး၊မကြားတစ်ချက်၊ကြားတစ်ချက်ဖြစ်နေကြပါတယ်။

နောက်ဆုံးမှာတော့ရန်မျိုးလုံရပ်ကွက်မှာအိမ်ရှာလို့ရခဲ့ပြီးအိပ်ရှင်ဦးဘလှရဲ့နေအိမ်မှာတစ်လလျှင် (၇၅)ကျပ်နဲ့ဌားရမ်းနေထိုင်ကြပါတယ်။ထိုအိမ်လေးမှာအဖေ့ရုံးနဲ့လဲနီးပြီးအစ်မအကြီးဆုံးရဲ့ကျောင်းဖြစ်တဲ့အထက (၁၆)နဲ့လဲနီးပါတယ်။

ကျွန်တော်ကတော့သူငယ်တန်းကျောင်းသားမို့ပုဏ္ဍားကုန်းရပ်ရှိအစိုးရမူလတန်းကျောင်းလေးမှာသာကျောင်းတက်ရပါတယ်။ရန်မျိုးလုံရပ်ကွက်လေးဟာပျော်စရာကောင်းပြီးကျွန်တော်တို့နေထိုင်တဲ့အိမ်နဲ့မျက်စောင်းထိုးမှာဓမ္မာရုံရှိပြီးထိုဓမ္မာရုံရဲ့အရှေ့ဘက်မြေကွက်လပ်လေးတည်ရှိပြီးရပ်ကွက်အတွင်းရှိကလေးများနဲ့လူကြီးတွေညနေဘက်ခြင်းခတ်ကစားတဲ့နေရာလဲဖြစ်ပါတယ်။

ထိုကွက်လပ်လေးရဲ့အနီးမှာသီးသီးပင်တစ်ပင်ရှိပြီးထိုအပင်ကသီးတဲ့သီးသီးမှာအလွန်စားလို့ကောင်းပြီးထညက်နဲ့ခေါက်စားရင်ချဥ်ပြုံးပြုံးလေးနဲ့အလွန်ပင်အရသာရှိပါတယ်။ထိုပင်ကကျွေကျတဲ့သီးသီးဟာလဲအလွန်ပင်မာကြောပြီးလူငယ်တွေသီးသီးရိုက်တမ်းကစားရင်အလုံးရေအတော်များများအနိူင်ရတတ်ပါတယ်။

ရန်မျိုးလုံရပ်ကွက်လေးမှာအေးချမ်းပြီးနေထိုင်သူများမှာလဲတစ်ဦးနဲ့တစ်ဦးကူညီရိုင်းပင်းတတ်ပါတယ်၊ထိုအချိန်ကမန္တလေးသိန်းဇော်ရဲ့ဇတ်ပွဲဟာအလွန်နာမည်ကြီးတာမို့တစ်နှစ်မှာတစ်ခါပွဲကြည့်နိူင်ဖို့အတော်လေးကြိုတင်ပြင်ဆင်ရပြီးအဝတ်အစားချုပ်တာကအစမုန့်ဖိုးအဆုံးလနဲ့ချီပြီးစုဆောင်းထားကြပြီးမန္တလေးသိန်းဇော်ရဲ့ဇာတ်ပွဲအလှည့်ကိုရောက်ရင်တော့တစ်ရပ်ကွက်လုံးနီးပါးသွားရောက်အားပေးကြပါတယ်။

ရပ်ရွာဒေသစွဲလဲပါသလိုမင်းသားသိန်းဇော်ရဲ့အနုပညာအစွမ်းကိုအားပေးတာလဲပါပါတယ်။

ကျွန်တော်တို့မိသားစုကတော့အဖေ့ရဲလစာနဲ့မိသားစုလိုက်ပွဲမကြည့်နိူင်တာမို့မန္တလေးသိန်းဇော်ပွဲရှိတဲ့ရက်တွေမှာတော့အဖေကကြာဖက်နဲ့ထုတ်ထားတဲ့ခေါက်ဆွဲကြော်ပူပူလေးကိုဝယ်လာပြီးထမင်းပူပူလေးနဲ့စားကြရပါတယ်။ခေါက်ဆွဲကြော်ထဲကအသားဖတ်တွေကိုအဖေကကျွန်တော်တို့ပန်းကန်ထဲကိုထည့်ပေးရင်းသူကိုယ်တိုင်ကတော့ခေါက်ဆွဲဖတ်တွေကိုသာစားနေတာများပါတယ်။

ကျွန်တော်ကအသားဖတ်တွေကိုအဖေ့ပန်းကန်ထဲကိုထည့်ပေးရင်းစားဖို့ပြောတဲ့အခါ

"အသားဖတ်တွေကိုအဖေမကြိုက်လို့ပါကွာ"
"သွားနာလို့ကွအဖေသွားတွေသိပ်မကောင်းလှဘူး"

"သားတို့သမီးတို့အားရပါးရစားနေတာကိုမြင်ရရင်အဖေကျေနပ်ပြီးဗိုက်ဝနေပါပြီ"

လို့ကျွန်တော်တို့ကိုပြန်ပြောတတ်ပါတယ်။

မိသားစုအားလုံးထမင်းစားလို့ပြီးရင်တော့ညပိုင်းလမ်းလျှောက်ထွက်ကြပြီးပုဏ္ဍားကုန်းဘက်ကရောင်းတဲ့ရေခဲခြစ်လေးတွေစားပြီးပြန်ကြရပါတယ်။ရေခဲခြစ်လေးရဲ့အတွင်းမှာအုန်းသီးခြစ်တွေထည့်ထားပြီးအပေါ်ကိုရောင်စုံအချိုရည်လေးတွေဆမ်းပြီးနောက်ဆုံးမှာနိူ့ဆီလေးဆမ်းခါတစ်ခုကိုတစ်မတ်ပေးရပြီးအလွန်စားလို့ကောင်းပါတယ်။

၁၉၈၃ခု နှစ်မှာမိသားစုတွေမြင်းခြံမြို့ကိုပြောင်းရွှေ့ပြီးမြို့ရွာတွေအနှံခြေဆန့်ခဲ့ပြီး၁၉၉၇ ခုနှစ်တွင်လုပ်သက် (၄၁)နှစ်နဲ့အဖေပင်စင်ယူခဲ့ပြီးမိသားစုတွေရန်ကုန်မြို့မှာအခြေချပြီးနယ်အစုံပြောင်းရွှေ့ရတဲ့ဒုက္ခတစ်ခန်းရပ်သွားခဲ့ပြီးဘဝတစ်လျှောက်လုံးပင်ပန်းခဲ့တဲ့အဖေဘဝအေးချမ်းခဲ့ပါတော့တယ်။

မောင်နှမတစ်တွေအားလုံးလဲအလုပ်ကိုယ်စီနဲ့မို့မိသားစုစားဝတ်နေရေးချောင်လည်လာခဲ့ပြီးနေပျော်တဲ့ဘဝမျိုးကိုပိုင်ဆိုင်ခဲ့ကြပါတယ်။

၂၀၀၅ခု နှစ်မှာတော့ကျွန်တော်အရင်ဆုံးအိမ်ထောင်ကျခဲ့ပြီး၂၀၀၇ခု နှစ်မှာတော့ကျွန်တော့်သားအကြီးကိုမွေးဖွားခဲ့ပြီးအမေတို့အတွက်မြေးဦးလေးကိုရရှိခဲ့ပါတော့တယ်ထိုအချိန်မှာတော့မြေးအလွန်လိုချင်တဲ့ကျွန်တော့်ရဲ့အဖေမရှိရှာတော့ပေ၂၀၁၁ ခုနှစ်မှာတော့သမီးကလေးကိုထပ်မံမွေးဖွားခဲ့ပြီးညပိုင်းမိသားစုတွေစုံညီတဲ့ထမင်းဝိုင်းလေးမှာသားနဲ့သမီးတို့ကြိုက်တတ်တဲဟင်းလေးတွေကိုသူတို့ပန်းကန်ထဲကိုထည့်ပေးရင်းသူတို့ကကျွန်တော်စားဖို့ပြန်ထည့်ပေးတဲ့အခါမှာတော့

"အဖေမကြိုက်လို့ပါကွာ"

လို့ကျွန်တော့်နုတ်ဖျားမှအလိုလိုထွက်သွားတတ်ပါတယ်

အခု့တော့ငယ်ဘဝကထမင်းဝိုင်းလေးမှာကျွန်တော်အဖေပြောခဲ့တဲ့စကားလေးအတိုင်း

"အဖေမကြိုက်လို့ပါကွာ"

လို့ပြန်ပြောရင်း"

ကျွန်တော်ညာတတ်ခဲ့ပြီအဖေ"

15.4.2023
Photo crd
ကိုချမ်း (ထီလာမြေ)

13/04/2026

နှစ်သစ်မှာအေးချမ်းပျော်ရွှင်ကြပါစေခင်ဗျာ

27/03/2026

"ယာခင်းရှင်"
***********
၁၉၈၉ ခုနှစ်တွင်ကျွန်တော်တို့မိသားစုမွန်ပြည်နယ်သထုံမြို့လေးကိုပြောင်းရွှေ့လာခဲ့ပြီးနန်းခဲရပ်ကွက်အဖွားခေါ်အုန်းစိန်ရဲ့ခြေတံရှည်အိမ်လေးမှာဌားရမ်းနေထိုင်ရပါတယ်။

အဖွားဒေါ်အုန်းစိန်ရဲ့ခြံကြီးမှာကျယ်ဝန်းပြီးအပင်မျိုးစုံစိုက်ပျိုးထားပါတယ်၊ပိန္နဲ၊မာလကာ၊ဒူးရင်းဩဇာ၊သရက်၊မရမ်း၊ဒညင်း၊ကနစို၊ဩဇာစတဲ့အပင်မျိုးစုံစိုက်ပျိုးထားပြီးခြံနောက်ဘက်တွင်ကြီးမားတဲ့ဝါးဘိုးရုံကြီးသုံးရုံခန့်ရှိပြီးအဆိုပါဝါးရုံကြီးတွေရဲ့အောက်မှာတော့ပူအိုက်တဲ့နွေရာသီပင်ဖြစ်စေခါမူအမြဲလိုလိုအေးမြလို့နေတတ်ပါတယ်။

ခြံကြီးရဲ့အလယ်လောက်မှာတော့ကြီးမားတဲ့ရေတွင်းကြီးတစ်တွင်းတည်ရှိပြီးရေချိုထွက်ပါတယ်၊ရေတွင်းတိုင်းရေချိုမထွက်ဘဲအချို့ရေတွင်းတွေမှာတော့ငံတဲ့အရသာမျိုးရှိတတ်ပြီး (ရေစေး) အမျိုးအစားတွင်းရေတွေလဲထွက်တတ်ပါတယ်အဆိုပါရေစေးတွင်းရေတွေကတော့ရေချိုးအဝတ်လျှော်ကြတဲ့အခါဆပ်ပြာဘယ်လောက်ပင်တိုက်စေခါမူအမြုတ်ထွက်မှု့နဲ့ပါးတတ်ပါတယ်။

အဖွားဒေါ်အုန်းစိန်ရဲ့ရေတွင်းကြီးကတော့အပေါ်ယံမြေသားမှအောက်ခြေဆယ်ပေကျော်ကျော်လောက်အထိသာမြေသားဖြစ်ပြီးရေတွင်းရဲ့အောက်ခြေပိုင်းကိုရောက်သွားချိန်မှာတော့ဂဝံသားကိုဝိုင်းစက်နေအောင်တူးထားပြီးအပေါ်ပိုင်းရေတွင်းရဲ့အကာအရံများကိုတော့ကိုးလက်မအုတ်ရိုးစီထားပြီးရေတွင်းပတ်ပတ်လည်ကိုတော့ရေချိုးခြင်း၊အဝတ်လျှော်ခြင်းတွေပြုလုပ်ဖို့တမံသလင်းကိုင်ထားပြီးတွင်းရေကိုစက်သီးနဲ့ရေငင်ပြီးအသုံးပြုရပါတယ်။

နွေရာသီပူအိုက်တဲ့အချိန်အခါမျိုးမှာညဘက်သူငယ်ချင်းတစ်စု၊ဒီထိုးတမ်း၊အရူးမကြီးမစာဉ၊စိန်ပြေးလိုက်တမ်းတွေကစားပြီးတဲ့အခါမှာတော့ညပိုင်းမအိပ်ခင်ရေတွင်းထဲမှရေကိုအလှည့်ကျခပ်ယူပြီးကိုယ်ကိုအေးသွားအောင်တစ်ဖြည်းဖြည်းခြင်းလောင်းပြီးရေချိုးရတာအရသာရှိလှပါတယ်။

မိုးတွင်းဘက်စနေ၊တနဂ်နွေနေ့ကျောင်းပိတ်ရက်တွေမှာတော့ကျွန်တော်တို့သူငယ်ချင်းလေးငါးယောက်စုပြီးမြသပိတ်တောင်တန်းကြီးတစ်လျှောက်နှင့်လာဝတောင်တန်းတစ်လျှောက်ဆီသို့မှိုရှာ၊မျှစ်ချိုးထွက်ကြပါတယ်။မိုးခပ်ဖွဲဖွဲရွာတဲ့နေ့တွေမှာဆိုရင်တော့သူငယ်ချင်းတွေမိုးကာအကျီလေးတွေကိုယ်စီဝတ်ရင်းတောင်တန်းကြီးတွေဆီသို့ချီတက်ကြရပါတယ်။

အများဆုံးအသုံးပြုတဲလမ်းကတော့အထက (၁) အနီးလေယာဥ်ကွင်း (ရဟတ်ယာဥ်သာဆင်းလို့ရ) ကိုဖြတ်ကျော်ပြီးဇေတဝန်ကျောင်းအနီးမှဖြတ်သွားပြီးနေမိတ္တရကုန်းတော်ဘက်မှကြီးမားတဲ့ရာဘာတောကြီးတွေကိုဖြတ်ကျော်ပြီးလာဝတောင်တန်းဆီကိုတက်ရောက်ရ
ပါတယ်။

မနက်စောစောရာဘာတောအတွင်းရာဘာစေးခြစ်ယူနေသူအချို့ကိုတွေ့ရှိရပြီးညပိုင်းကတဲကရာဘာခြစ်ပြီးသားမြှောင်းလေးထဲမှစဥ့်အင်တုံလေးထဲကိုကျရောက်နေတဲ့ရာဘာစေးဖြူဖြူတွေကိုပုံးနဲ့ထမ်းယူပြီးရာဘာကြပ်တင်တဲ့နေရာဆီကိုသယ်ယူနေကြပါတယ်။ရာဘာပင်ခြေရင်းတွင်အစေးခြစ်ထားတဲ့အစအနတွေကိုမည်သူမဆိုကောက်ယူလို်ရပြီးအဆိုပါအစအနတွေကိုနေပူလှန်းပြီးထင်းမီးဖို (သို့မဟုတ်) မီးသွေးမီးဖိုတွေကိုမီးမွှေးကြတဲ့အခါထင်းရှူးဆီအစားအသုံးပြုကြပါတယ်။

ရာဘာစေးကမီးတောက်အားကောင်းတာမို့​မိုးတွင်းဘက်မီးမွှေးရာမှာပင်ရာဘာစေးရဲ့အစွမ်းကြောင့်ခဏတာအချိန်အတွင်းမှာပင်မီးတောက်အားကောင်းလှပါတယ်။

ရာဘာတော့ကြီးရဲ့အဆုံးမှာတော့ဝါးရဲ့အဖြားပိုင်းဝါးခက်တွေနဲ့ညီညာစွာခြံစည်းရိုးခတ်ထားတဲ့၊ကိုအောင်မင်းရဲ့ယာတဲငယ်လေးတည်ရှိပါတယ်။ခြံအကျယ်လေးဧကကျော်ကျော်ကျယ်ဝန်းပြီးခြံထဲမှာမေမြို့ပန်း၊ဂန္ဒမာ၊နှင်းဆီ၊သစ်ခွစတဲ့ပန်းမျိုးစုံအပြင်ခြံစည်းရိုးပတ်ပတ်လည်တွင်ဌက်ပျောပင်တွေကိုစိုက်ပျိုးထားပြီးဘူး၊ဖရုံ၊သခွါး၊ပဲတောင့်ရှည်၊ပူစီနံ၊နံနံပင်၊ငရုတ်တို်အပြင်ခြံတောင့်ရှိသရက်ပင်ပေါ်သို့ငရုတ်​ကောင်းကိုဝါးနဲ့စင်တင်ပြီးစိုက်ပျိုးထားလိုက်ပါသေးတယ်။

"ဗျို့ကိုအောင်မင်းရေ"

"ဗျို့ကိုအာင်မင်း"

"ကျွန်တော်တို့တောတက်လာရင်းအစ်ကို့ရဲ့ယာတဲလေးမှာခဏနားမလို်ဝင်လာတာပါ"

"အေးအေးရတယ်ညီလေးရေ"

"မင်းတို့ထမင်းထုပ်တွေတဲထဲမှာထားခဲ့လိုက်"

"မင်းတို့တောတက်ရင်းပြန်ဆင်းလာရင်ငါတို်အတူတူထမင်းစားကြတာပေါ့"

"သိပ်တော့နောက်မကျစေနဲ့အစ်ကိုထမင်းစားစောင့်နေမယ်"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့"

"အစ်ကိုကြီး"

မိုးတိတ်သွားပြီမို့အမောပြေသွားတဲ့အချိန်မှာတောလမ်းလေးအတိုင်းသူငယ်ချင်းတစ်စု့တစ်ရွှေ့ရွှေ့တက်သွားကြပါတယ်ထိုနေ့သူငယ်ချင်းတွေကံကောင်းချင်တော့မှိုအနဲငယ်နဲ့မျှစ်အတော်များများရရှိလိုက်ပြီးတောင်ခြေအနီးရှိတညင်းခြံပိုင်ရှင်မှမြို့ကိုတင်ပို့မည့်တညင်းသ​ီးတွေထဲမှခူးဆွတ်ပြီးစအသ​ီးလေးတွေကိုလက်ဆောင်ထည့်ပေးလိုက်ပါတယ်။

ကိုအောင်မင်းရဲ့ခြံလေးဆီကိုပြန်ရောက်တော့သူနဲ့အတူပန်းပင်တွေကိုရေကူလောင်းကြပြီးခြံထွက်သီးနှံတွေကိုခူးဆွတ်ရင်းချက်ဖို့ပြုတ်ဖို့စီစဥ်ကြပါတယ်။

ထမင်းအိုးဖိုခွင်ပေါ်ရောက်တာနှင့်ချည်ပေါင်ဟင်းချက်ဖို့ပြင်ဆင်​ေနရင်းမီးဖိုဘေးမှာငါးပိလေးကိုယောင်းမနဲ့ကင်ထားလိုက်ပါတယ်အနံ့မွှေးလာမှဌက်ပျောဖက်ပေါ်မှတင်ထားလိုက်ပြီးငရုတ်သီးစိမ်းကိုမ​ီးပြပြီးဆုံထဲမှထည့်ထောင်းလိုက်ပါတယ်ငရုတ်သီးစိမ်းညက်မှပဲတောင့်ရှည်၊ငပိကင်၊ပူစီနံ့တို့ကိုထည့်ပြီးထောင်းခါငပိထောင်းကိုအစသပ်လိုက်ပါတယ်။

ထမင်းအိုးနှပ်ပြီးတာနဲ့ချဥ်ပေါင်အဝါချက်အိုးလေးကိုဖိုခွင်ပေါ်တင်လိုက်ပြီးအိုးဆူလာတဲ့အခါမှာတော့ငရုတ်သီးစိမ်းနိူင်နိူင်လေးခပ်လိုက်ပြီးဟင်းအိုးကိုလက်စသပ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကိုအောင်မင်းရဲ့လက်ကျန်အာဗြဲခြောက်လေးကိုဆီပူထိုးပြီးတဲရှေ့ဝါးကွပ်ပစ်လေးပေါ်မှာငါးဦးသားထမင်းပူပူဟင်းပူပူနဲ့မို့ချဥ်ရည်ဟင်းလေးဆမ်းလိုက်ငါးပိထောင်းစပ်စပ်လေးနဲ့တို့စရာအစုံအလင်နဲ့စားလိုက်ကတာမို့ကျွန်တော်တို့်ယူလာတဲ့ထမင်းထုပ်တွေအပြင်ကိုအောင်မင်းတည်ထားတဲ့ထမင်းအိုးတစ်လုံးပင်အားလုံးကုန်သွားပါတော့တယ်။

သထုံမြို့မှာနေထိုင်စဥ်အတွင်းတောတက်ခဲ့တဲ့ကာလတွေအတွင်းကိုအောင်းမင်းရဲ့ယာတဲလေးမှာကျွန်တော်တို့အဖို့ကွန်းခိုရာလေးဖြစ်ပြီးသူ့ခြံလေးကိုရောက်တိုင်းဝိုင်းလုပ်ဝိုင်းစားမိသားစုပုံစံဖြတ်သန်းကြရင်း၁၉၉၃ ခုနှစ်မှာတော့အဖေ့ပြောင်းရွှေ့မိန့်ထွက်ပြီးဧရာဝတိုင်း ပန်းတနော်လေးဆီကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းကိုအောင်မင်းရဲ့ယာတဲလေးနဲ့ကင်းကွာသွားခဲ့ပါတော့တယ်။

အခု့တော့သထုံမြို့လေးနဲ့ကင်းကွာခဲ့တာနှစ်ပေါင်း (၃၀) ကျော်ရှိလာခဲ့ပေမယ့်ကိုအောင်မင်းရဲ့ယာလေးတဲဆီမှာစားခဲ့ဖူးတဲ့ထမင်းတစ်နပ်ကိုယနေ့တိုင်မမေ့နိူင်အောင်ရှိခဲ့ပြီးတစ်နေ့နေ့မှာတော့ (၅) နှစ်တာကွန်းခိုခဲ့ဖူးတဲ့သထုံမြို့ရဲ့ရင်ခွင်ဆီသို့ပြန်လည်ခိုလှုံအုံးမယ်လို့အခိုင်အမာဆုံးဖြတ်ထားပါတော့တယ်ခင်ဗျာ။

21.1.2024
Photo crd
ကိုချမ်း (ထီလာမြေ)

TikTok · 🇲🇲Nann Winn🇲🇲 16/03/2026

TikTok · 🇲🇲Nann Winn🇲🇲 7057 likes, 221 comments. “ #မြန်မာ့တပ်မတော်ချစ်မြတ်နိူးသူ🇲🇲🙏💚💙💛💪👍🍀 #ရဲဘော်ရဲဘက်စိတ်ဓာတ်ရှိတဲ့ဆရာကြီး ”

24/02/2026

ရန်ကုန်မှာ ဒီနေ့ မိုးအုံ့‌နေတာ မဟုတ်ပါဘူး။ လေထု ညစ်ညမ်းနေတာပါ။ လက်ရှိ၌ ရန်ကုန်မြို့၏ လေထုမှာ ညစ်ညမ်းမူမှာ မွန်းလွဲပိုင်းတွင် အဆင့် (၁၁) ရှိရာမှ ညနေ ၅ နာရီတွင် IQ Air ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့သည် ။ World Air Quality Index (AQI) ညွှန်းကိန်းအဆင့် (၁၆၄) တွင်ရှိနေသည်။

ညနေဘက်က ရုံးတက်ရုံးဆင်း ကားအသွားအလာ များတဲ့အချိန်လည်းဖြစ်တော့ အဆင့်တက်လာတဲ့ သဘောပဲ။ ကျန်းမာရေးအတွက် သတိထားသင့်တယ်" ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

လေထုညစ်ညမ်းမှုမှာ လေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်၊ ရေခိုးရေငွေ့များမှာ ရှိသင့်တဲ့ပမာဏထက် ပိုပြီးများပြားစွာရှိနေခြင်းကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဖြစ်သည်။
Smoke + Fog = SMOG
Fog လို့ခေါ်သည့်"မြူ" နှင့် Smoke "မီးခိုး" တို့ပေါင်းစပ်မိ၍ ဖြစ်ပေါ်လာသောလေထုညစ်ညမ်းမှု ပုံစံမျိုးဖြစ်သည် ။

လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညမှ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၀ မှ ၁၀၀ အကြားရှိပါက အလယ်အလတ်အဆင့်ရှိကာ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက်လေထုမှာ ကောင်းမွန်မှုမရှိကြောင်း သိရသည်။

၁၅၁ မှ ၂၀၀ အဆင့်ရှိပါက ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ၂၀၁ မှ ၃၀၀ အဆင့်ရှိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ၃၀၁အထက်ရှိပါက ကျန်းမာရေးကို အန္တရာယ်ပေးသည့်အဆင့်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လေထုအခြေအနေမျိုးတွင် နှလုံးရောဂ၊ါ၊ အဆုတ်ရောဂ၊ါနဲ့ ရင်ကြပ်ရောဂ၊ါ ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အနေနဲ့ အိမ်ပြင်ထွက်မယ်ဆို သတိထားသင့်ပါတယ် ။

သစ်ရွက်ခြောက် အမှိုက်မီးရှို့ခြင်းကဲ့သို့ အခြေခံ လေထုညစ်ညမ်းတဲ့ အပြုအမူတွေကို တားဆီးဖို့ လိုပါတယ် ။

နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) အဆင့်အရ ညွှန်းကိန်း အဆင့် (၁၅၁ မှ ၂၀၀) ကြားသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်သည်ဟုလည်း သိရသည်။

“လေဖိအားနည်းရပ်ဝန်းလည်းရှိနေတော့ မိုးအုံ့နေတယ်ပဲထင်တာ၊ မနေ့ကနဲ့ ဒီနေ့ဆို air pollution ဖြစ်တာ တော်တော်သိသာတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ လေထုအတွင်းအမှုန်အမွှားပါဝင်မှုနှုန်း PM2.5 သည် လေထုတွင်း နေ့စဉ်ပါဝင်မှု ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာကျော်လျှင် အန္တရာယ်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မောပန်းလွယ်ခြင်းစသည့် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူများက အသိပေးပြောဆိုထားသည်။

Credit.

23/02/2026

ကိုချမ်း(ထီလာမြေ) " ပန်းလှေ၏ လောကဓံ "
ရသစာစုများ မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊
ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရွှေဥဒေါင်းခန်းမ)တွင်
ဖေဖော်ဝါရီလ ၂၁ရက်နေ့ ၊ နေ့လည် ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

Life Media
#ပန်းလှေ၏ လောကဓံ

Photos from Chan Thar's post 23/02/2026

ဒီကနေ့ကတွေ့ဖို့အချိန်းအချက်က၃ခုမှာ၂ခုပဲပြီးမြောက်ပါတယ်။ကျနော်တို့အဖွဲ့ထဲက၊ကိုဘိုကတာမွေမှာရှိတဲ့မော်ဒန်ကဖေးမှာဆုံဖို့၄/၅ရက်လောက်ကတည်းကအသံပေးထားတာ။အလုပ်တူပင်စင်ယူထားကြတဲ့-ဦးခင်ဇော်၊ဦးဇော်ဝင်း၊ဦးလှဝင်း၊ဦးသန်းဝင်းတို့အစီအစဥ်ကသိမ်ဖြူလမ်းမှာရှိတဲ့ရွှေဥဒေါင်းခန်းမမှာ၊ဦးသန်းဝင်းရဲ့ycdc-
အလုပ်ခွင်မှာတုန်းကလက်ရင်းလူရင်းဝန်ထမ်းအဖြစ်နဲ့
ကျန်ရစ်ခဲ့တဲ့(လက်ရှိဝန်ထမ်း)လူငယ်ခြေတက်စာရေးသူ
#ကိုချမ်းထီလာမြေ ရေးဖွဲ့တဲ့ "ပန်းလှေ ၏ လောကဓံ "
ရသစာစုများ စာအုပ်မိတ်ဆက်ပွဲကိုလာဖို့လှမ်းခေါ်ထားတော့ မော်ဒန်ကနေဆက်လာဖြစ်တော့တာ။
ဟိုရောက်တော့အမျိုးသားစာပေဆုတွေရပြီးပြုံးချိုနှစ်လိုဖွယ်ကောင်းတဲ့ဆရာဆောင်းဝင်းလတ်(ကိုဆောင်း)ကို
လည်းတွေ့ရ၊အလင်္ကာဝတ်ရည်မဂ္ဂဇင်းစာမူတွေသွားပို့ရစဥ်ကတည်းကမျက်နှာတန်းမိခဲ့တဲ့စာရေးဆရာမကြီး
မိချမ်းဝေ လည်းမြင်ရပေါ့။လူတော်တော်စုံနေကြပါပြီ။
အစီအစဥ်တွေစနစ်တကျလုပ်ကိုင်နေတဲ့၊ဆရာရွှေကျွန်းခိုင်သစ်ကကျနော်တို့အုပ်စုလေးကိုနေရာယူဖို့ဆော်ဩတာနဲ့နေရာယူကြတယ်ပေါ့။
အစီအစဥ်ကြေငြာတဲ့လူငယ်သမီး ၂ ဦးကအကွက်စေ့အောင်အခမ်းအနားကိုဟန်ချက်ညီညီဆောင်ရွက်နိုင်တာလည်းတွေ့ရပါတယ်။
စာအုပ်အဓိကစီစဥ်ပေးကြတဲ့ဆရာရွှေကျွန်းခိုင်သစ်နဲ့ဆရာသက်ဝေမောင်(မြန်မာစာဆရာအငြိမ်းစား)တို့က
စာအုပ်နဲ့ရသစာစုကို အချိန်တိုအတွင်းမှာနားလည်မှတ်သားမိအောင်ရှင်းပြနိုင်စွမ်းရှိကြပါတယ်။ ဆရာဆောင်းကြီးအပြီးသတ်ပြောရင်းစာရေးသူရဲ့စာရေးနိုင်စွမ်းအရည်အသွေးနဲ့စာစုအပေါ်မှာစာရေးစဥ်ကထားရှိပုံစေတနာတွေကိုခွဲခြားစိတ်ဖြာရင်းဗဟုသုတများစွာထုံမွှမ်းပြောကြားမှုတွေကလာပြီးနားထောင် ကျိုးနပ်ရပါ
ကလားလို့ကျေနပ်စိတ်တွေဖြစ်မိသည်အထိပါ။
ဆရာဆောင်းကတော့အက်ဆေးပုံစံနဲ့ဝတ္ထုတိုပုံစံတွေဆီ
ရောက်စေတဲ့ sketch writing လို့ဆိုတယ်။အဘိဓာန်လာလေးကိုအလျဥ်းသင့်လို့ဖော်ပြရရင်-a short report
or that gives only basic details about somethings. လို့တွေ့ရတာကြောင့်ရသကောက်ကြောင်းအက်ဆေးစာစုများလို့တင်စားနိုင်မလားလို့တွေးမိရပါတယ်။
သူ့စာတွေဖတ်ကြည့်ရတော့လည်း၊မေတ္တာဓာတ်တွေ၊ဂရုဏာဓာတ်တွေ၊သံဝေဂနဲ့ကြည့်တဲ့ဝေဒနာတွေအများ
ဆုံးတွေ့ရတော့၊ဆရာဆောင်းရဲ့ညွှန်းဆိုမှုနဲ့ထပ်တူကျတယ်ဆိုရမှာပါပဲ။ရေးဟန်အများစုကတော့ဖွင့်ဆိုရေးသားတဲ့ပုံစံတွေမို့စာဖတ်သူရင်ထဲတိုက်ရိုက်သိအောင်
ကြိုးစားထားချက်တွေလို့လည်းပြောလို့ရတာပေါ့။
တကယ်တော့ဝေဒနာတွေ စေတနာတွေ ကို #ပန်းကုံးတွေလိုသီပြီးတင်ထားတဲ့ပန်းလှေတစ်စင်းရဲ့လောကဓံ
လို့ဆိုရရင်ပိုပြီးမှန်မယ်ထင်ပါရဲ့။
စာရေးသူရဲ့မုဒိတာစကားနဲ့မှတ်တမ်းဓာတ်ပုံအချို့ကို
လည်းအပျင်းပြေမြည်းဖို့ဖြည့်စွက်ပေးလိုက်ပါတယ်။

ကျေးဇူးပါ #ကိုချမ်း •

ခင်သာ မြင့်
226 21

Want your public figure to be the top-listed Public Figure in Hlegu?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlegu

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00