Safe Future With Cho Nwe

Safe Future  With Cho Nwe

Share

သင့် အတွက် သင့်မိသားစု အတွက် သင့်ကလေးများ အနာ​ဂတ် ပညာရေး အတွက် စိတ်အေးချမ်းသာရအောင် အကောင်းဆုံးအာမခံအကာအကွယ်ယူပါ။ သင့်နဲ့ အတူ အမြဲ ရှိနေမယ်။

31/05/2026

"ဒီနေ့ အလုပ်ကနေ ပြန်မလာနိုင်တော့ရင်..."

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို မေးဖူးပါသလား။

မနက်တိုင်း အလုပ်သွားတယ်...
ပိုက်ဆံရှာတယ်...
မိသားစုအတွက် ကြိုးစားတယ်...

ဒါပေမယ့်...

ဒီနေ့ဟာ ကိုယ်ချစ်တဲ့ မိသားစုနဲ့ နောက်ဆုံးတွေ့ရတဲ့နေ့ ဖြစ်မယ်လို့ ဘယ်သူမှ မတွေးထားကြဘူး။

တချို့အိမ်ပြန်ချိန်တွေက သိပ်စောလွန်းတယ်။

သားသမီးတွေအတွက် ပညာရေးစရိတ် မစုဆောင်းရသေးခင်...

မိဘတွေကို ပြန်ကျေးဇူးဆပ်ဖို့ မပြီးသေးခင်...

ကိုယ်ချစ်တဲ့သူတွေအတွက် လုံခြုံတဲ့ ဘဝတစ်ခု မဖန်တီးပေးရသေးခင်...

အချိန်က ရပ်တန့်သွားတတ်တယ်။

လူတစ်ယောက် မရှိတော့တဲ့အခါ
မိသားစုက နာကျင်ရုံတင် မဟုတ်ဘူး...

ဝင်ငွေ ပျောက်ဆုံး သွားခြင်းတွေ ၊
ပညာရေးစရိတ်တွေ၊
နေ့စဉ် စားဝတ်နေရေးတွေကပါ ဆက်ပြီး ရင်ဆိုင်ရတယ်။

ဒါကြောင့်...

အသက်အာမခံဆိုတာ သေခြင်းတရားကို ကြိုတွေးနေတာ မဟုတ်ဘူး။

ကိုယ်မရှိတော့တဲ့နေ့မှာတောင်
"ငါ့မိသားစု ဒုက္ခမရောက်စေရဘူး" ဆိုတဲ့ တာဝန်ယူမှုပါ။

ကျန်းမာရေးအာမခံဆိုတာလည်း
ရောဂါဖြစ်ချင်လို့ ထားတာ မဟုတ်ဘူး။

မမျှော်လင့်ထားတဲ့ ဆေးကုသစရိတ်တွေကြောင့်
မိသားစုရဲ့ အနာဂတ်တွေ မပျက်စီးသွားဖို့ ကာကွယ်ထားတာပါ။

မနက်ဖြန်က သေချာတယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။

ဒါပေမယ့်...

ကိုယ်ချစ်တဲ့သူတွေရဲ့ မနက်ဖြန်ကိုတော့ ဒီနေ့ကတည်းက အာမခံပေးထားနိုင်ပါတယ်။





#အသက်အာမခံ
#ကျန်းမာရေးအာမခံ



(N)LI-18652
☎️ 09422519936

27/05/2026

မိတ်ဆွေ သူငယ်ချင်းတွေထဲ ငယ်ငယ်နဲ့ ကင်ဆာ ဖြစ်နေတဲ့သူတွေ၊ ကျောက်ကပ် မကောင်းတဲ့သူတွေ၊ အရက်ကြောင့် အသည်း ပျက်စီးရတဲ့သူတွေ တွေ့လာရတိုင်း သူတို့ မိသားစုတွေ နောင်ရေး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ ဆိုရင် ဘာမှ မလုပ်ထားရသေးတာများလှတယ်။

တချို့က အရွယ်မရောက်တဲ့ ကလေးလေးတွေ ရှိတယ်။ တချို့က မောင်နှမ သားချင်း မရှိတဲ့ မိဘတွေ ကျန်နေသေးတယ်။ တချို့က လက်ရှိရောဂါအတွက် ပိုင်ဆိုင်မှုတွေ ကို ထုခွဲ ရောင်းချရင်း ဆေးကုသနေကြရတယ်။

ဒီခေတ်ကြီးထဲ အစားအသောက်အနေအထိုင်တွေ စိတ်ဖိအားများမှုတွေကြောင့် သာမန်ထက် ရောဂါ ဖြစ်နှုန်း ပိုများကြတယ်။

ကျန်းမာရေး အာမခံ လေးသာ ကြိုထားခဲ့ရင် ဆေးကုသစရိတ်ကို ကာကွယ်နိုင်မယ်။ အသက်အာမခံပါတပါတည်း ပါ၀င်တာမို့ တစုံတရာ ဖြစ်ခဲ့ရင်တောင်မိသားစု အခြေအနေ မပျက်စေဖို့ အသက်အာမခံလျော်ကြေးတွေ ရနိူင်သေးတယ်။

ခုတော့ ရောဂါ ဖြစ်ပြီးမှာ အာမခံ ထားလို့မရ​တော့ အများကြီး နစ်နာရတယ်။

ကျန်းမာရေးအာမခံ အသက်အာမခံအကြောင်းပြောရင် မကြိုက်ဘူး လူမုန်းတယ်ဆိူပေမဲ့ ဒါတွေက တကယ် လိုအပ်လို့ ပြောပေးနေရတာပါ။ တခုခု ဖြစ်ရင် မီးခိုးခေါင်း​တိုင်က အငွေ့တွေမထွက်ပဲ မိသားစုအတွက် ငွေကြေးတွေအဖြစ် ပြောင်းလဲ နိုင်ဖို့ ပြောပြပေးနေတာပါ။

အရမ်းချမ်းသာသူအတွက် ဒါဟာ မပြောပလောက်ပေမဲ့ သာမန်မိသားစုတွေအတွက် ဒီလို ကုန်ကျစရိတ်တွေ ရှိလာတဲ့ အခါမှာ ကျန်ရစ်သူ မိသားစု အတွက် အသက်ရှုရခက်ခဲကြပ်တည်းစေပါတယ်။

ဒီနိုင်ငံမှာရှင်သန်နေသရွေ့တော့ အာမခံ အကာအကွယ်အကြောင်း သေချာမသိသေးသူတွေကိုနားလည်သဘောပေါက်အောင် ဆက်ပြီးပြောပြနေအုံးမှာပါ။










(N)LI-18652
☎️ 09422519936

24/05/2026

ကိုယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေ…
အိမ်၊ ကား၊ ရွှေ၊ လုပ်ငန်း…
တနေ့မှာ ကျန်းမာရေးပြဿနာတခုခုကြောင့်
ကုသစရိတ်အတွက် ထုခွဲရောင်းချရတဲ့ အခြေအနေတွေ ကြုံလာနိုင်ပါတယ်။

ကိုယ်တည်ဆောက်ထားသမျှတွေကို
“အသက်ရှင်ဖို့” အသုံးပြုလိုက်ရတဲ့အခါ
ကိုယ့်ကလေးအတွက် ချန်ထားပေးနိုင်မဲ့ အမွေအနှစ်က နည်းသွားတတ်ပါတယ်။

ဒါပေမဲ့…
ကိုယ်မရှိတော့တဲ့ အချိန်မှာတောင်
ကိုယ်ချစ်တဲ့ ကလေးအတွက်
100% အပြည့်အဝ ချန်ထားပေးနိုင်တာကတော့
“အသက်အာမခံ” ပါပဲ။

အသက်အာမခံဆိုတာ
သေပြီးမှရတဲ့ ငွေမဟုတ်ပါဘူး။
ကိုယ်ချစ်တဲ့သူတွေရဲ့ အနာဂတ်ကို
မပြိုလဲစေဖို့ ကြိုတင်ကာကွယ်ထားတဲ့
Financial Love Letter တစောင်ပါ။ ❤️

ဒီနေ့ ကိုယ်ရှိနေချိန်မှာ
သူ့အနာဂတ်အတွက် ဘာချန်ထားပေးမလဲဆိုတာ
စဉ်းစားဖို့ အချိန်ရောက်ပါပြီ။









(N)LI-18652
☎️ 09422519936

22/05/2026

စာတွေ အများကြီးရေးတဲ့ စာရေးဆရာကြီးတွေက မချိုနွယ် အာမခံအကြောင်းပြောနေတဲ့ စကားလုံး မျက်လုံးတွေကအစ အသက်၀င်တယ်တဲ့ ။ ရင်ထဲက လာတဲ့ စကား​လုံးတွေကို ဘေးကနေ မြင်ရတယ်တဲ့။

ဟုတ်ပါတယ် ချိုနွယ် အာမခံ ကို မရောင်းပါဘူး။ ပြည်သူတွေ သိအောင်ပဲ ပြော​ပြပေးနေတာပါ။ တနေ့ ငွေကျပ် ၁၀၀ကျော်လေးနဲ့ အခြေခံ လူတန်းစားတွေ ကျန်းမာရေး အာမခံ ထားန်ိုင်သလို သိန်း ထောင်ချီ သောင်းချီလည်း ထားနိုင်ပါတယ်။

ဒါပေမဲ့ ချိုနွယ်ပြောတဲ့ စကားလုံး လေယူလေသိမ်း အမူအရာ တွေ ဟာ အားလုံးတန်းတူပါပဲ။ ချမ်းသာလည်း ပြည်သူပဲ သာမန်လူတန်းစားလည်း ပြည်သူပါပဲ။ ပြည်သူတယောက်ချင်းစီဟာ မိမိ ရဲ့ ခန္ဓာကိုယ် ကို တန်ဖိုးထားရပါမယ်။ တန်ဖိုးတခုအနေနဲ့ သတ်မှတ်ထားန်ိုင်ရပါမယ်။

တနေ့ကျ မီးခိုးခေါင်းတိုင်ကနေ လွင့်ပျံ သွားမဲ့ အငွေ့အသက်တွေက ကျန်ရစ်သူ မိသားစုအတွက် ငွေကြေး အထောက်အပံ့တစုံတရစေရပါမယ်။

ဒီအတွက် ချိုနွယ် ကြိုးစားပါတယ်။ မည်သူ့ကို မဆို အာမခံအကာအကွယ်ရှိထားစေချင်ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ဆက်လုပ်နေပါအုံးမယ်။ တနေ့ ၅ယောက် ပြောတဲ့ စကေး ကိုလည်း ဆက်ထိန်းသွားပါအုံးမယ်။

မသိတာ မပြောပြလို့ပါ။ မပြောတာ ပြောမဲ့သူမရှိလို့ပါ။ ပြောမဲ့သူမရှိတာ ဒီအလုပ်အပေါ် passion နည်းနေလို့ပါ။ ဘယ်သူဘာထင်ထင် ဒီအလုပ်က ကိုယ့်ပြည်သူတွေ ကျန်းမာရေး ပညာရေး ဘ၀နောင်ရေးအတွက် တကယ် လိုအပ်တာမို့ လုပ်ကို လုပ်နေမှာပါ။

ဆရာကြီး ပြောသလို မချိုနွယ်မျက်လုံးတွေက စကားပြောရင်း အသက်၀င်နေတယ်ဆိုတာ ဒီအလုပ်ကို Passion အရမ်းမိနေလို့ပါ။ ဘယ်သူတွေ ဘာပြောပြော ချိုနွယ် လုပ်ကို လုပ်ရမှာမို့ ဆက်လုပ်နေမှာပါ😊










(N)LI-18652
☎️ 09422519936

15/05/2026

ဒီ(၃)ချက် မဖြစ်မနေ လိုအပ်ပါတယ်

















(N)LI-18652

☎️ 09422519936

Photos from Safe Future  With Cho Nwe's post 11/05/2026

အသက် ၄၀ကျော် အရွယ် မေမေတယောက်… ❤️

“ကျွန်မအတွက်ထက်
ကျွန်မကလေးတွေရဲ့ နောင်ရေးကို ပိုစိတ်ပူတယ်” လို့ ပြောရင်း
အသက်အာမခံနဲ့ နှစ်ရှည်ကျန်းမာရေးအာမခံလေး ၀ယ်သွားခဲ့ပါတယ်။

မိခင်တယောက်ရဲ့ စိတ်ထဲမှာ
ကိုယ်အသက်ကြီးလာတာထက်
“ကိုယ်မရှိတဲ့တနေ့ ကလေးတွေ ဘယ်လိုရပ်တည်မလဲ” ဆိုတဲ့ အတွေးက ပိုကြီးပါတယ်။

ဒါကြောင့်…
✅ ကလေးတွေအတွက် ငွေကြေးလုံခြုံမှု
✅ အရေးပေါ်ကျန်းမာရေးကုန်ကျစရိတ်
✅အနာဂတ်အတွက် စိတ်အေးချမ်းမှု

တွေကို ကြိုတင်ပြင်ဆင်ဖို့ ရွေးချယ်ခဲ့တာပါ။

အာမခံဆိုတာ
ကိုယ့်အတွက်တင်မဟုတ်ပါဘူး…
ကိုယ်ချစ်ရတဲ့သူတွေအတွက် “တာဝန်ယူမှု” တစ်မျိုးပါ❤️

ကိုယ်ချစ်တဲ့ ကလေးလေး အနာဂတ် အတွက် ကြိုတင်လက်ဆောင်လေး စီမံထားကြစို့။












(N)LI-18652
☎️ 09422519936

11/05/2026

Special Need ကလေးတွေရဲ့ အနာဂတ် စိတ်အေးချမ်း လုံခြုံစေဖို့
မေမေဖေဖေတို့ ဘာကြောင့် အသက်အာမခံ ၊ ပညာရေးအာမခံ ထားသင့်လဲ❓

Special Need ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ မေမေဖေဖေတိုင်းရဲ့ ရင်ထဲမှာ တူညီတဲ့ စိုးရိမ်မှုတစ်ခု ရှိပါတယ်…

“ငါမရှိတော့တဲ့ တနေ့မှာ…
ငါ့ကလေး ဘယ်လိုရှင်သန်မလဲ?”

ဒီမေးခွန်းက သာမန်မိဘတွေထက် Special Need Parent တွေအတွက် ပိုလေးနက်ပါတယ်။

ဘာလို့လဲဆိုတော့…

သူတို့ကလေးတွေထဲမှာ
✅ အချိန်ပိုပြီး ဂရုစိုက်ဖို့လိုတဲ့ကလေးတွေရှိတယ်
✅ Therapy / Education / Medical Support တွေ ဆက်တိုက်လိုအပ်နိုင်တယ်
✅ အနာဂတ်မှာ ငွေကြေးလုံခြုံမှု ပိုအရေးကြီးတယ်

ဒါကြောင့်…
“ချစ်တာ” တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။

အနာဂတ်အတွက် “ကြိုတင်ပြင်ဆင်ထားမှု” လည်း လိုပါတယ်။

♻️အသက်အာမခံ ဆိုတာ…
မိသားစုကို မမျှော်လင့်တဲ့အခြေအနေတွေမှာ ငွေကြေးအကာအကွယ်ပေးထားခြင်းပါ။

♻️ ပညာရေးအာမခံ ဆိုတာ…
ကလေးရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် ငွေကြေးအစီအစဉ်ကို ကြိုတင်တည်ဆောက်ထားခြင်းပါ။

အထူးသဖြင့် Special Need ကလေးတွေအတွက်…
“ငါရှိနေတုန်းလည်း လုံခြုံစေချင်တယ်…
ငါမရှိတော့တဲ့နောက်လည်း စိတ်မပူရစေချင်ဘူး…”

ဆိုတဲ့ မေတ္တာက အရမ်းကြီးမားပါတယ် 💛

အာမခံဆိုတာ
အပိုတခုမဟုတ်ပါဘူး။
ကိုယ်ချစ်တဲ့သူတွေအတွက် “စိတ်အေးချမ်းမှု” ကို ကြိုဝယ်ထားတာပါ။

ဒီနေ့စပြီး…
ကိုယ့်ကလေးရဲ့ အနာဂတ်ကို
မေတ္တာနဲ့အတူ “ပြင်ဆင်မှု” ပါ ထည့်ပေးလိုက်ပါနော်။
ကလေးများအနာဂတ် စိတ်အေးချမ်းလုံခြုံမှုရရှိစေဖို့ ချိုနွယ်နဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးန်ုင်ပါတယ်ရှင့်။ Ph -08422519936 သိူ့မဟုတ် cb မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

02/05/2026

“အမွေ” ဆိုတာကို လူအများစုက
အိမ်၊ မြေ၊ ငွေကြေးတွေကိုပဲ ထင်တတ်ကြပါတယ်။

ဒါပေမယ့် အမှန်တကယ်မှာတော့—
အဲဒီပိုင်ဆိုင်မှုတွေက
မိသားစုဝင်တွေကြား “ခွဲဝေယူ” ရတဲ့အရာတွေ ဖြစ်တတ်ပါတယ်။

တချို့အခါ…
ကိုယ်ပေးချင်တဲ့သူမဟုတ်တဲ့သူဆီပါ
သွားရောက်နိုင်ပါတယ်။

ဒါပေမယ့်…
အာမခံလျော်ကြေးငွေကတော့ မတူပါဘူး။

👉 အာမခံဆိုတာ
“ဆက်ခံသူ (Beneficiary)” အဖြစ်
ကိုယ်တိတိကျကျ နာမည်ရေးထားတဲ့သူကိုပဲ
100% တိုက်ရိုက်ပေးတာပါ။

ဘယ်သူ့ကိုမှမခွဲဘူး။
ဘယ်သူနဲ့မှ မတိုင်ပင်ဘူး။
ဘယ်သူ့ကိုမှ မလွှဲပြောင်းဘူး။

💛 ဒါကြောင့်ပဲ
အာမခံဟာ
“ကိုယ်ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အမွေ” တစ်ခုပါ။

ကိုယ်ချစ်တဲ့သူကို
တိတိကျကျ ရွေးချယ်ပြီး
မည်သူမှ မပြောင်းလဲနိုင်အောင် ပေးနိုင်တဲ့နည်းလမ်းပါ။

တစ်နေ့မှာ ကိုယ်မရှိတော့တဲ့အချိန်…
ကိုယ်ပေးချင်တဲ့သူကိုပဲ
တိတိကျကျ ရောက်သွားစေချင်တယ်ဆိုရင်—

👉 အာမခံထဲမှာ “ဆက်ခံသူ” သတ်မှတ်ထားဖို့ မမေ့ပါနဲ့။

#ချိုနွယ်ကတော့သမီးလေးကိုဆက်ခံသူနေရာမှာထားပါတယ်။သမီး၁၈နှစ်မပြည့်ခင်တော့ ယံကြည်စိတ်ချရသူနဲ့ ပူးတွဲထားပါတယ်။

#ကိုယ့်ကလေးလေးအနာဂတ်အတွက်100%အပြည့်အ၀ပေးနိုင်ဖို့ အာမခံ ထား​ကြစို့

#ကိုယ့်ကလေးအနာဂတ်အတွက်ဘယ်လိုစီမံလို့ရလဲဆိုတာအသေးစိတ်သိချင်ရင် ချိုနွယ့်ရဲ့ ph 09422419936 ကို ဆွေး​နွေးတိုင်ပင်နိုင်သလို Page messenger ကနေ လည်း ဆွေးနွေးနိုင်ပါတယ်ရှင့်










(N)LI-18652
☎️ 09422519936

28/04/2026

✨ NLP နဲ့ စိတ်ခွန်အားဖြည့်ခြင်း (2 Hours Training) ✨

နေ့တိုင်း ကြိုးစားနေတဲ့သူတစ်ယောက်ပဲဆိုရင်…
ဘာကြောင့် တခါတရံမှာ စိတ်ကျပြီး ရပ်သွားချင်သလို ဖြစ်တတ်လဲ?

👉 အကြောင်းရင်းက Skill မဟုတ်ပါဘူး
👉 “Mindset” ပါ

ဒီ Training မှာ သင်ယူရမယ့်အရာတွေက—

✔ ကိုယ့်အတွေးကို ပြောင်းလဲပြီး confidence တိုးအောင်လုပ်နည်း
✔ Rejection တွေကို အကောင်းဆုံး handle လုပ်နည်း
✔ NLP & Incantation နဲ့ စိတ်အားချက်ချင်းတက်အောင်လုပ်နည်း

💡 Insurance / Sales လုပ်နေသူတိုင်းအတွက် အထူးသင့်တော်ပါတယ်

⏰ Duration – 2 Hours
Date- 3.5.2026 (Sunday)
Time- 10am-12am
Place -2nd Flr,Pudential Insurance Company ,Sule Square Office ...

🎯 Result – Strong Mindset = Better Income

“သင့်စိတ်ကို ပြောင်းနိုင်ရင်…
သင့်ရလဒ်ကို ပြောင်းနိုင်ပါတယ်”

#2026နှစ်သစ်မှာPhoenixTeamအတွက် ပထမဆုံး Training Program စပါပြီ။ နယ်AUMများအတွက် Zoom link ပေးပါမည်










(N)LI-18652
☎️ 09422519936

25/04/2026

#အာမခံကြေး ရက်ကျော်သွားရင် ဘာဖြစ်နိုင်လဲ?

🔸 Grace Period (သက်သာခွင့်ကာလ) ရှိတတ်ပေမယ့်

အချိန်မီမပေးသွင်းနိုင်ရင်
👉 policy က lapse (ရပ်သွား) နိုင်ပါတယ်
🔸 Policy lapse ဖြစ်သွားရင်
👉 မတော်တဆ၊ နာမကျန်း ဖြစ်တဲ့အချိန်
Claim မရနိုင်တော့ပါဘူး။

🔸 ပြန်အသက်သွင်းချင်ရင်
👉 Health check, paperwork, extra charges
ပိုရှုပ်ပြီး ပိုကုန်ကျနိုင်ပါတယ်။

ပုံမှန် အာမခံ Premium ပြန်သွင်းဖို့ မိမိ ph message ကို ၂ပါတ် အလိုမှာ စာရောက်လာပါတယ်။ ဒါအပြင် ဒီ policy ကို ရောင်းပေးတဲ့ Agent ဆီကိုလည်း message တခါတည်း ၀င်ပါတယ်။
After sale service အနေနဲ့ customer ရဲ့ policy ထားတဲ့ သက်တမ်း အလိုက် Agent က အမြဲ သတိပေး ကူညီရမှာ ဖြစ်ပါတယ်။

#ပုံမှန်Renew ပြန်သွင်းခြင်းဟာ ခိုင်မာတဲ့ Protection ရှိစေတာမို့ ကိုယ်ရဲ့ Life မှာ peace of mind ကို ဖြစ်စေပါတယ်ရှင့် ။










(N)LI-18652
☎️ 09422519936

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Daga
Hlaing