PIU College

PIU College

Share

သင့်အနာဂတ် အိမ်မက်အတွက်
အကောင်းဆုံး လက်တွဲဖော် - PIU College

21/05/2026

📌 စီးပွားရေးလုပ်ငန်းရှင်များ၊ HR များနဲ့ Team Leaders များအတွက် မဖြစ်မနေတက်ရောက်သင့်သော free Seminar

- ​ဝန်ထမ်းတွေရဲ့ KPI တွေကတော့ ပြည့်နေတယ်... ဒါပေမဲ့ ကုမ္ပဏီက ဘာလို့ ထင်သလောက် တိုးတက်မလာတာလဲ? 🤔

- လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေက ကိုယ့် Department အောင်မြင်ဖို့ပဲ ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှု အားနည်းနေတာမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ ရိုးရာ KPI စနစ်တစ်ခုတည်းအပေါ်မှာပဲ ပုံသေမှီခိုနေရလို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ယနေ့ခေတ် ပြောင်းလဲလာတဲ့ Business လောကမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ (Google, Netflix, Spotify) အောင်မြင်အောင် အသုံးချနေတဲ့ OKR (Objectives & Key Results) စနစ်အကြောင်းကို အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးသွားမယ့် "Transforming Performance Management: From KPI to OKR" Seminar လေးကို ပြုလုပ်သွားဖို့ ရှိပါတယ်။

​💡 ဒီ Seminar မှာ ဘာတွေအဓိက ပါဝင်မလဲ?

-အလုပ်တွေ ပြီးနေပေမယ့် ကုမ္ပဏီရဲ့ ရေရှည် Strategy နဲ့ ဘာလို့ လွဲချော်နေရလဲဆိုတာကို ဘလိုအဖြေရှာမလဲ။

-​ကုမ္ပဏီတစ်ခုလုံး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပန်းတိုင်တစ်ခုတည်းကို အရှိန်အဟုန်နဲ့ ဦးတည်သွားနိုင်ဖို့ ဘယ်လိုလုပ်မလဲ။

- လက်တွေ့အသုံးချလို့ရမယ့် Objective နဲ့ Measurable ဖြစ်တဲ့ Key Results တွေကို ဘယ်လိုစနစ်တကျ ရေးရမလဲ။

-​KPI ကနေ OKR ပြောင်းတဲ့အခါ ဝန်ထမ်းတွေဆီက ကြုံရမယ့် Resistance တွေ၊ လစာ/Bonus တွေနဲ့ ပတ်သက်ပြီး အမှားမကင်းအောင် ဘယ်လို စီမံခန့်ခွဲမလဲ။

​🎯 ဒီ Seminar က ဘယ်သူတွေအတွက်လဲ?

​လုပ်ငန်းကို ဒီထက်မက မြန်မြန်ဆန်ဆန် တိုးတက်ချင်တဲ့ Business Owners / Entrepreneurs များ

​ခေတ်သစ် Performance Management စနစ်တွေကို အကောင်အထည်ဖော်ချင်တဲ့ HR Managers / Professionals များ

​မိမိ Team ကို ပန်းတိုင်တစ်ခုတည်းအောက်မှာ ထိထိရောက်ရောက် ဦးဆောင်ချင်တဲ့ Department Heads / Team Leaders များ မဖြစ််‌မနေတက်ရောက်သင့်တဲ့ free seminar တစ်ခုပါ။

Register Link
​🔗 https://forms.gle/xRUAD8HwnRPVgPvf7

Seminar ပြုလုပ်မည့်နေ့ : 6.6.2026 ( Saturday )
Seminar ပြုလုပ်မည့်အချိန် : 10:00 AM - 11:00 AM
Seminar ပြုလုပ်မည့်နေရာ : Times Square Campus ( Times City )

ဒီ Seminar က လုံးဝ (အခမဲ့) ပြုလုပ်ပေးတာဖြစ်လို့ အခုသင် ဒီစာကို ဖတ်နေတဲ့အချိန်မှာပဲ လူပြည့်သွားနိုင်ပါတယ်။ဒါကြောင့် ရခဲတဲ့ အခွင့်အရေးတစ်ခုကို လက်မလွှတ်ရလေအောင် အခုပဲ အောက်က Link ကနေတစ်ဆင့် မိနစ်ပိုင်းအတွင်း Register လုပ်လိုက်တော့နော်။

21/05/2026

"MBA တက်ရင် တကယ်ပဲ ကိုယ့်ရဲ့ level တစ်ဆင့်မြင့်သွားနိုင်တဲ့ Benefit ရှိရဲ့လား?" 🤔

ဒီမေးခွန်းက Master Degree တက်ဖို့ စဉ်းစားနေတဲ့သူတိုင်း တွေဝေပြီး အတွေးများရတဲ့ မေးခွန်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

တကယ်တော့ MBA ဆိုတာ Degree တစ်ခု ရရုံတင်မဟုတ်ဘဲ သင့်ရဲ့ "လစာနဲ့ ရာထူးကို Turbo တပ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှု" တစ်ခုပါ။ ဒါက သင့်ဝင်ငွေကို ဘယ်လိုတောင် ပြောင်းလဲပစ်နိုင်လဲဆိုရင်… 👇

​✨ ၁။ ရာထူးတိုး၊ လစာတိုးဖို့ Shortcut ဖြစ်သွားခြင်း
လုပ်သက်တစ်ခုတည်းနဲ့တင် လစာတိုးဖို့ဆိုရင် အချိန်အများကြီး ပေးရတတ်ပါတယ်။ ဒါပေမဲ့ MBA ရှိထားရင် Management & Strategic Skills တွေပါ ပိုင်ဆိုင်ထားလို့ ကုမ္ပဏီတွေက သင့်ကို "ဝန်ထမ်း" ထက် "ခေါင်းဆောင် (Leader)" ရာထူးနဲ့ လစာ Scale အမြင့်ကြီးပေးဖို့ တွန့်ဆုတ်မနေတော့ပါဘူး။

​✨ ၂။ High-Paying Industries တွေထဲ ဝင်ခွင့်ရခြင်း
MNC (နိုင်ငံတကာကုမ္ပဏီကြီး) တွေ၊ Tech နဲ့ Consulting လုပ်ငန်းတွေရဲ့ Upper Management ရာထူးတွေက လစာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ စကာတင် အရွေးခံရဖို့ဆိုတာ MBA Background ရှိထားမှ အခွင့်အလမ်း ပိုသာတာပါ။

​✨ ၃။ ကိုယ့်ရဲ့ ဈေးကွက်တန်ဖိုး (Negotiation Power) မြင့်တက်လာခြင်း
ကမ္ဘာ့အဆင့်မီ Business ပညာရပ်တွေကို တတ်မြောက်ထားတဲ့အတွက် ပြည်တွင်းတင်မက နိုင်ငံရပ်ခြားအထိ ခြေဆန့်ပြီး ပိုမိုမြင့်မားတဲ့ လစာပမာဏကို ကိုယ့်ဘက်က ယုံကြည်မှုရှိရှိ ညှိနှိုင်းနိုင်စွမ်း ရှိလာမှာပါ။

အခုအချိန်မှာ အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုက်တာက နောက် ၃ နှစ်၊ ၅ နှစ်အကြာမှာ ပြန်ရမယ့် ဝင်ငွေနဲ့ ကိုယ့်ရဲ့ Career လမ်းကြောင်းကို ကိုယ်တိုင် အခိုင်အမာ လမ်းဖောက်လိုက်တာနဲ့ အတူတူပါပဲ။

သင်ကော... ကိုယ့်ရဲ့ Career နဲ့ လစာကို နောက်တစ်ဆင့် မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား?

ဒါဆိုရင်တော့ ကိုယ့်ရဲ့ Salary ကို တစ်ဆင့်မြှင့်တင်နိုင်မယ့် PiU ရဲ့ MBA Program အကြောင်းကို အခုပဲ Chat Box မှာ လာရောက်စုံစမ်းလိုက်တော့နော်။ 📥

𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 တန်းခွဲသစ်ကိုတော့ July လမှာဖွင့်လှစ်မှာဖြစ်ပြီး
‎𝗣𝗜𝗨 𝗙𝘂𝘁𝘂𝗿𝗲 𝗟𝗲𝗮𝗱𝗲𝗿 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ပညာသင်ဆု $𝟐𝟓𝟎𝟎 သက်သာခွင့် ကိုစတင်ချီးမြှင့်နေပြီပဲဖြစ်ပါတယ်📣📣

❤️‎ပညာသင်ဆုလျှောက်ထားသူများနေတာကြောင့် July Intake အတွက်အမြန်ဆုံး Register လုပ်ထားဖို့လိုပါတယ်။

‎Register link Here : 👉https://docs.google.com/forms/d/e/1FAIpQLScaTAzmtqb54iRDYRP3ygU3dSCjLgF2iYkwmKhjjfjA9zgmwQ/viewform?usp=publish-editor
‎(လူဦးရေအကန့်အသတ်နဲ့သာပေးအပ်နေတာပဲဖြစ်ပါတယ်)

သင်တန်းအကြောင်းအသေးစိတ်ကို PIU Page Chat box (m.me/paramiedu2016) မှာဝင်ရောက် စုံစမ်းနိုင်ပါတယ်...
PIU College မှာ လူကိုယ်တိုင် Appointment လာတွေ့ပြီး ဖြစ်စေ ဒါမှမဟုတ် Zoom မှ တစ်ဆင့် Appointment တွေ့ပြီးဖြစ်စေ သင်ရဲ့ MBA ခရီးစဉ်ကိုစတင်လျှောက်လှမ်းနိုင်ပါပြီ📣

☎️ Hotline : 09765442951, 09765613794
🏠 𝗔𝗱𝗱𝗿𝗲𝘀𝘀 - 𝗡𝗼 (𝟰𝟳.𝟰𝟴.𝟰𝟵) , 𝗣𝗮𝗿𝗮𝗺𝗶 𝗥𝗼𝗮𝗱 , (𝟭𝟲) 𝗪𝗮𝗿𝗱 , 𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽 , 𝗬𝗮𝗻𝗴𝗼𝗻.


20/05/2026

🌟 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬! 🌟
We are absolutely thrilled to announce that
𝐌𝐫. 𝐀𝐮𝐧𝐠 𝐌𝐲𝐨 𝐙𝐚𝐰
(𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫)
has been selected as the proud winner of the
$𝟐,𝟓𝟎𝟎 𝐏𝐀𝐑𝐀𝐌𝐈 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐰𝐚𝐫𝐝-𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
in collaboration with IDRAC Business School & PIU College! 🏆✨
This prestigious Award-Winning Leaders Scholarship is a true testament to your hard work, dedication, and outstanding potential as a future business leader.
From dreaming big to making it happen — your journey inspires us all!
On behalf of Parami International, PIU College, and IDRAC Business School, we extend our heartfelt congratulations!
Keep shining ! Your future is golden ✨
🏆🏆🏆🏆🏆🏆🏆🏆🏆
𝐏𝐈𝐔 𝐂𝐨𝐥𝐥𝐞𝐠𝐞 သည် 𝐀𝐬𝐢𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐜𝐥𝐚𝐯𝐞 မှ ချီးမြှင့်သော
🏆 𝐁𝐞𝐬𝐭 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐜𝐡𝐨𝐨𝐥 လိုသူများအတွက်
💰 ကျောင်းလခ $2,500 Scholarship
📌 ယနေ့မှစပြီး လျှောက်ထားနိုင်ပါပြီ။
✨ Award ရထားတဲ့ Best Business School တွင် MBA Program ကို
Scholarship နဲ့ တက်နိုင်မယ့် အခွင့်အရေးကို ဒီနေ့ပဲ အရယူလိုက်ပါ။
👇𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ထားရန် 𝐋𝐢𝐧𝐤👇👇👇
👉https://docs.google.com/.../1FAIpQLScaTAzmtqb.../viewform...
‎𝐏𝐈𝐔 တွင် 𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 တက်ရောက်ပြီး သင့်ရဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐤𝐢𝐥𝐥 ကိုမြှင့်တင်လိုက်ပါ။
---------------------------
🔺သင်တန်းအကြောင်းအသေးစိတ်ကို PIU Page Chat box (m.me/paramiedu2016) မှာဝင်ရောက် စုံစမ်းနိုင်ပါတယ်...
🔺PIU College မှာ လူကိုယ်တိုင် Appointment လာတွေ့ပြီး ဖြစ်စေ ဒါမှမဟုတ် Zoom မှ တစ်ဆင့် Appointment တွေ့ပြီးဖြစ်စေ သင်ရဲ့ MBA ခရီးစဉ်ကိုစတင်လျှောက်လှမ်းနိုင်ပါပြီ📣
☎️ Hotline : 09765442951, 09765613794
🏠 Parami road, In Front of Parami Sein Gay Har,Yangon.
-winning

13/05/2026

"Jack Ma ရဲ့ အောင်မြင်မှုနောက်ကွယ်က "အနာဂတ်ကို ကြိုမြင်တဲ့" Business Strategy များ"
ကမ္ဘာ့စီးပွားရေးလောကမှာ သာမန် English Teacher ဘဝကနေ ဘီလျံနာတစ်ဦးဖြစ်လာတဲ့ Jack Ma ရဲ့ အောင်မြင်မှုဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ သူ့ရဲ့ ထူးခြားပြီး ပြတ်သားတဲ့ စီးပွားရေးမဟာဗျူဟာ (Business Strategies) တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း၊ Marketing နယ်ပယ်ထဲကသူတိုင်း အတုယူသင့်တဲ့ Jack Ma ရဲ့ အဓိက Strategy (၃) ချက်ကို ဒီနေ့မှာမျှဝေပေးချင်ပါတယ်။

"၁။ Customer First, Employee Second, Shareholder Third"
အများစုသော ကုမ္ပဏီကြီးတွေဟာ ရင်းနှီးမြှုပ်နှံသူ (Shareholders) တွေကို အကြောက်ဆုံးဖြစ်ပေမယ့် Jack Ma ကတော့ ဒါကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။

Customer First: ဝယ်ယူသူတွေရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရင် ပိုက်ဆံက သူ့အလိုလို လိုက်လာပါလိမ့်မယ်။ Customer ကျေနပ်မှ လုပ်ငန်းက ရေရှည်ခိုင်မြဲမယ်ဆိုတာကို လက်ခံကျင့်သုံးခဲ့ပါတယ်။

Employee Second: ပျော်ရွှင်ပြီး တက်ကြွတဲ့ ဝန်ထမ်းတွေရှိမှသာ Customer ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့ သူကယုံကြည်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ Innovation နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို သူက ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။

Shareholder Third: ဝယ်သူနဲ့ ဝန်ထမ်း ကျေနပ်ရင် အမြတ်အစွန်းဆိုတာ ထွက်လာမှာဖြစ်လို့ ရှယ်ယာရှင်တွေဟာ နောက်ဆုံးမှပဲ လာရမယ်လို့ သူက ဆိုပါတယ်။

"၂။ Think Big, Start Small, Move Fast"
Alibaba ကို စတင်ချိန်မှာ Jack Ma က တရုတ်နိုင်ငံသားတွေ "Internet" ဆိုတာ ဘာမှန်းမသိခင်ကတည်းက "ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ကွန်ရက်" ကြီးကို မြင်ယောင်ခဲ့တာပါ။

Think Big: အိမ်မက်ကို ကြီးကြီးမက်ပါ။ ကမ္ဘာ့အဆင့်ထိ ရည်မှန်းချက်ထားပါ။

Start Small: ဒါပေမဲ့ ခြေလှမ်းကိုတော့ ပထမဆုံးခြေလှမ်း သေးသေးလေးကနေ စတင်ပါ။ Alibaba ဟာလည်း တိုက်ခန်းကျဉ်းလေးထဲမှာ လူ (၁၈) ယောက်နဲ့ပဲ စတင်ခဲ့ရတဲ့ လုင်ငန်းတစ်ခုပါ။

Move Fast: ဒီနေ့ခေတ် စီးပွားရေးမှာ "အကောင်ကြီးတဲ့ငါးက ငါးသေးကို စားတာမဟုတ်ဘဲ၊ မြန်တဲ့ငါးက နှေးတဲ့ငါးကို စားတာ" ဖြစ်ပါတယ်။ အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်တွေမှာ မြန်ဆန်ဖို့ လိုအပ်ပါတယ်။

"၃။ Embrace Change & Learn from Competitors"
"ပြိုင်ဘက်ဆိုတာ သတ်ပစ်ရမယ့် ရန်သူမဟုတ်ဘူး၊ သင်ယူရမယ့် ဆရာဖြစ်တယ်" လို့ Jack Ma က သတ်မှတ်ပါတယ်။

Don't Complain: လူတွေ ညည်းညူနေတဲ့နေရာမှာ အခွင့်အလမ်းရှိပါတယ်။ ပြဿနာကို အပြစ်တင်မယ့်အစား အဖြေရှာဖို့ ကြိုးစားသင့်ပါတယ်။

Be Like a Crocodile: သူက ပြောဖူးပါတယ် "eBay က ပင်လယ်ထဲက ငါးမန်းဆိုရင်၊ Alibaba က ယန်ဇီမြစ်ထဲက မိကျောင်းပါ" တဲ့။ ကိုယ့်ရဲ့ အားသာချက်ရှိမယ့် ကွင်းပြင် (Market) ကို သေချာရွေးချယ်ပြီး အပိုင်စီးတတ်ဖို့ လိုပါတယ်။

Adapting to Technology: နည်းပညာကို မကြောက်ပါနဲ့။ နည်းပညာက လူတွေကို အစားထိုးဖို့ထက် လူတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် မဖြစ်မနေအသုံးချဖို့လိုပါတယ်။

Jack Ma ရဲ့ Strategy တွေရဲ့ အနှစ်သာရကတော့ "ယုံကြည်ချက်" ပါပဲ။ သူဟာ နည်းပညာရှင် မဟုတ်သလို၊ ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကို ကြိုမြင်ပြီး လူသားဆန်တဲ့ ဆက်ဆံရေး (EQ) နဲ့ အလုပ်အပေါ် ထားတဲ့ စေတနာ (LQ) ကို ပေါင်းစပ်နိုင်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

"ဒီနေ့ ခက်ခဲနေသလား? မနက်ဖြန်က ပိုခက်ခဲဦးမှာပါ။ ဒါပေမဲ့ အရှုံးမပေးဘဲ ဆက်လျှောက်ရင်တော့ သဘက်ခါမှာ သင့်အတွက် လှပတဲ့ နေရောင်ခြည်က စောင့်ကြိုနေမှာပါ" ☀️

12/05/2026

📌 သင်ဟာ ဘယ်လို Leader မျိုးဖြစ်ချင်တာလဲ?

​"Leader" ဆိုတာ ရာထူးတစ်ခု မဟုတ်သလို၊ ခိုင်းစေတတ်သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ တကယ့် Leader ကောင်းဆိုတာ အဖွဲ့အစည်းကို လမ်းမှန်ပြသနိုင်ပြီး လူအများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သူပါ။

​✅ Leader ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း (၃) ခု

​၁။ Vision & Strategy: အနာဂတ်အတွက် ပြတ်သားတဲ့ မျှော်မှန်းချက်ရှိပြီး ဘယ်လိုသွားရမယ်ဆိုတဲ့ လမ်းပြမြေပုံကို ဆွဲနိုင်ရမယ်။

၂။ Empathy & Communication: ကိုယ့် Team ရဲ့ ခံစားချက်ကို နားလည်ပြီး ထိရောက်တဲ့ ပြောဆိုဆက်ဆံမှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ရမယ်။

၃။ Decision Making: ခက်ခဲတဲ့ အခြေအနေတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချနိုင်ရမယ်။

​🎓 Leader ကောင်းတစ်ယောက်ဖြစ်ဖို့ PIU College က ဘယ်လို ကူညီပေးမလဲ?

​ခေါင်းဆောင်မှုဆိုတာ မွေးရာပါထက် လေ့လာသင်ယူမှုနဲ့ ပျိုးထောင်ယူရတဲ့ အရည်အချင်းတစ်ခုပါ။ PIU College က ပေးအပ်တဲ့ France MBA Program ဟာ သင့်ကို သမားရိုးကျ စီမံခန့်ခွဲသူထက် ပိုမို ထူးချွန်တဲ့ Global Leader တစ်ယောက် ဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်။

​International Perspective: ပြင်သစ်နိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်နဲ့အတူ နိုင်ငံတကာ စီးပွားရေး အမြင်တွေကို ရရှိစေမှာပါ။

​Practical Skills: Case Studies တွေကတစ်ဆင့် လက်တွေ့နယ်ပယ်မှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ သင်ကြားပေးမှာပါ။

​Networking: အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ ချိတ်ဆက်ခွင့်ရပြီး Leadership Network တစ်ခုကို တည်ဆောက်နိုင်မှာပါ။

သင့်ရဲ့ Career မှာ နောက်တစ်ဆင့်တက်လှမ်းဖို့နဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့် Leader ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုရင် PIU College France MBA က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
​🚀 ကိုယ်တိုင်ကော ဘယ်လို Leader မျိုး ဖြစ်ချင်တာလဲ?
သင်ယူမှုတွေကို အခုပဲ စတင်လိုက်ပါ။

11/05/2026

စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အတွေးအခေါ်သစ်တွေ ရရှိစေဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံးနဲ့ "Top 5" စာရင်းဝင် စာအုပ်ကောင်း ၅ အုပ်ကို မျှဝေ‌ပေးချင်ပါတယ်ခင်ဗျာ။

၁။ Rich Dad Poor Dad (Robert T. Kiyosaki)
ဒီစာအုပ်ကတော့ ငွေကြေးဆိုင်ရာ အသိပညာ (Financial Literacy) အတွက် အခြေခံအကျဆုံး စာအုပ်တစ်အုပ်ပါ။
ပိုင်ဆိုင်မှု (Assets) နဲ့ အကြွေး (Liabilities) ရဲ့ ခြားနားချက်ကို ရှင်းပြထားပြီး၊ ငွေနောက်ကို မလိုက်ဘဲ ငွေကို ကိုယ့်အတွက် ဘယ်လိုအလုပ်လုပ်ခိုင်းရမလဲဆိုတဲ့ Mindset ကို ရရှိစေမှာပါ။

၂။ Atomic Habits (James Clear)
ဒီစာအုပ်မှာတော့စီးပွားရေးအောင်မြင်မှုဆိုတာ နေ့စဉ်လုပ်ဆောင်တဲ့ အလေ့အကျင့်အသေးလေးတွေပေါ်မှာ မူတည်နေတဲ့အကြောင်းအရာတွေကိုရေးသားထားတာဖြစ်ပါတယ်။
အလေ့အကျင့်ကောင်းတွေကို ဘယ်လိုတည်ဆောက်ရမလဲနဲ့ အလေ့အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ရမလဲဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထားပါတယ်။ လုပ်ငန်းခွင်မှာ စည်းကမ်းရှိဖို့နဲ့ တိုးတက်ဖို့အတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။

၃။ The Intelligent Investor (Benjamin Graham)
ရင်းနှီးမြှုပ်နှံမှုလောကရဲ့ "ကျမ်းစာ" လို့တောင် တင်စားကြတဲ့ စာအုပ်ပါ။ Warren Buffett ကိုယ်တိုင် အကြံပြုထားတာ ဖြစ်ပါတယ်။
စျေးကွက်ရဲ့ အတက်အကျတွေကို ဘယ်လိုရင်ဆိုင်ရမလဲနဲ့ ရေရှည်တည်တံ့တဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာတွေကို သင်ယူနိုင်မှာပါ။

၄။ Zero to One (Peter Thiel)
Startup တည်ထောင်သူတွေနဲ့ လုပ်ငန်းသစ်စတင်ချင်သူတွေ မဖြစ်မနေ ဖတ်သင့်ပါတယ်။
ရှိပြီးသားအရာကို ပွားတာမျိုးမဟုတ်ဘဲ လုံးဝအသစ်ဖြစ်တဲ့ (Unique ဖြစ်တဲ့) စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ ဆန်းသစ်တီထွင်မှု (Innovation) အကြောင်းကို အလေးပေးရေးသားထားပါတယ်။

၅။ How to Win Friends and Influence People (Dale Carnegie)
စီးပွားရေးလုပ်တယ်ဆိုတာ လူတွေနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးက အလွန်အရေးကြီးပါတယ်။
တစ်ဖက်လူနဲ့ ဘယ်လိုယုံကြည်မှု တည်ဆောက်ရမလဲ၊ စကားပြောကောင်းအောင် ဘယ်လိုနေထိုင်ရမလဲနဲ့ ခေါင်းဆောင်မှုအရည်အသွေးကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာတွေကို လမ်းညွှန်ပေးထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စီးပွားရေးလောကရဲ့ထိပ်တန်းနေရာမှာရပ်တည်ဖို့အတွက်ဆိုရင်တော့ ဒီစာအုပ်(၅)အုပ်ကို မဖြစ်မနေဖတ်ဖို့တော့လိုမယ်နော်။

Photos from PIU College's post 10/05/2026

𝐏𝐈𝐔 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐅𝐫𝐚𝐧𝐜𝐞 𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐁𝐚𝐭𝐜𝐡 𝟐𝟐 မှ 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞 များကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် 🎉**
> ဒီကနေ့မှာတော့ မိမိတို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် 𝐌𝐁𝐀 𝐉𝐨𝐮𝐫𝐧𝐞𝐲 ကို စတင်လျှောက်လှမ်းကြတော့မယ့် **𝐁𝐚𝐭𝐜𝐡 𝟐𝟐** မှ 𝐅𝐫𝐞𝐬𝐡𝐞𝐫 𝐌𝐁𝐀 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞 များရဲ့ ပုံရိပ်လေးတွေကို ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်။ 📸✨
> မိမိတို့ရဲ့ ပညာရေးနဲ့ ဘဝတိုးတက်မှုအတွက် **𝐏𝐈𝐔 𝐂𝐨𝐥𝐥𝐞𝐠𝐞 ** ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လက်တွဲခဲ့ကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ သင်တို့ရဲ့ ယုံကြည်မှုဟာ ကျွန်ုပ်တို့အတွက် အကောင်းဆုံး တွန်းအားတစ်ခုပါပဲ။ 🙏
> 𝐌𝐁𝐀 ခရီးစဥ်တစ်လျှောက်မှာ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး၊ မိမိတို့ မျှော်မှန်းထားတဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေဆီသို့ အမြန်ဆုံးနဲ့ အချောမွေ့ဆုံး အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🌟
> 𝐏𝐈𝐔 𝐅𝐚𝐦𝐢𝐥𝐲 မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အတူတကွ အောင်မြင်မှုတွေဆီ လျှောက်လှမ်းကြရအောင်! 🤝💼

10/05/2026

🌟 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬! 🌟
We are absolutely thrilled to announce that
𝐌𝐬. 𝐓𝐡𝐢𝐧 𝐘𝐮 𝐋𝐰𝐢𝐧
(𝐏𝐫𝐢𝐧𝐜𝐢𝐩𝐚𝐥 𝐨𝐟 𝐕𝐢𝐜𝐭𝐨𝐫𝐲 𝐋𝐚𝐧𝐝 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥)
has been selected as the proud winner of the
$𝟐,𝟓𝟎𝟎 𝐏𝐀𝐑𝐀𝐌𝐈 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐰𝐚𝐫𝐝-𝐖𝐢𝐧𝐧𝐢𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩
in collaboration with IDRAC Business School & PIU College! 🏆✨
This prestigious Award-Winning Leaders Scholarship is a true testament to your hard work, dedication, and outstanding potential as a future business leader.
From dreaming big to making it happen — your journey inspires us all!
On behalf of Parami International, PIU College, and IDRAC Business School, we extend our heartfelt congratulations!
Keep shining ! Your future is golden ✨
🏆🏆🏆🏆🏆🏆🏆🏆🏆
𝐏𝐈𝐔 𝐂𝐨𝐥𝐥𝐞𝐠𝐞 သည် 𝐀𝐬𝐢𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐜𝐥𝐚𝐯𝐞 မှ ချီးမြှင့်သော
🏆 𝐁𝐞𝐬𝐭 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐜𝐡𝐨𝐨𝐥 လိုသူများအတွက်
💰 ကျောင်းလခ $2,500 Scholarship
📌 ယနေ့မှစပြီး လျှောက်ထားနိုင်ပါပြီ။
✨ Award ရထားတဲ့ Best Business School တွင် MBA Program ကို
Scholarship နဲ့ တက်နိုင်မယ့် အခွင့်အရေးကို ဒီနေ့ပဲ အရယူလိုက်ပါ။
👇𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ထားရန် 𝐋𝐢𝐧𝐤👇👇👇
👉https://docs.google.com/.../1FAIpQLScaTAzmtqb.../viewform...
‎𝐏𝐈𝐔 တွင် 𝐌𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 တက်ရောက်ပြီး သင့်ရဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐤𝐢𝐥𝐥 ကိုမြှင့်တင်လိုက်ပါ။
---------------------------
🔺သင်တန်းအကြောင်းအသေးစိတ်ကို PIU Page Chat box (m.me/paramiedu2016) မှာဝင်ရောက် စုံစမ်းနိုင်ပါတယ်...
🔺PIU College မှာ လူကိုယ်တိုင် Appointment လာတွေ့ပြီး ဖြစ်စေ ဒါမှမဟုတ် Zoom မှ တစ်ဆင့် Appointment တွေ့ပြီးဖြစ်စေ သင်ရဲ့ MBA ခရီးစဉ်ကိုစတင်လျှောက်လှမ်းနိုင်ပါပြီ📣
☎️ Hotline : 09765442951, 09765613794
🏠 Parami road, In Front of Parami Sein Gay Har,Yangon.
-winning

Want your school to be the top-listed School/college in Kamayut?
Click here to claim your Sponsored Listing.

Address


� No-47, 48, 49, Parami Road, Near Parami Sein Gay Har, Hlaing Township, Yangon
Kamayut
11041