Tottenham Tactical View MM
Independent Tottenham Tactical Analyst & Football Enthusiast
17/06/2026
Son နဲ့အနီးစပ်ဆုံးတူညီမယ့် Winger ... ⚪
▫️ Tottenham အနေနဲ့ Köln အသင်းရဲ့ LW Player ဖြစ်သူ၊ 19 နှစ်အရွယ် Germany 🇩🇪 နိုင်ငံသားဖြစ်တဲ့ Said El Mala ကိုခေါ်ယူဖို့မကြာခင်ရက်ပိုင်းအတွင်းတရား၀င်ဆက်သွယ်ဆွေးနွေးမှုတွေလုပ်တော့မယ်လို့ Germany အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ က Report လုပ်ပါတယ်။ Tier 2 အဆင့်ရှိပါတယ်။ 2030 အထိ 4 နှစ် Contract ကျန်ရှိနေသေးပြီး Market Value ကတော့ £38.7M ဖြစ်ပါတယ်။ Köln ဘက်က £43M ( €50M )တရား၀င်ဈေးသတ်မှတ်ပေးထားပါတယ်။ ရာသီပိတ်ပွဲစဉ်မှာ Bayern ကို ၆၀ မီတာကျော် တစ်ကိုယ်တော် ဆွဲပြေးပြီး ဂိုးသွင်းယူခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပိုမိုလူသိများလာခဲ့ပါတယ်။ အားသာချက်က LW မှာကစားသော်ငြာလည်းဘယ်၊ ညာ အစုံအားသန်တဲ့ Winger တစ်ဦးဖြစ်ပါတယ်။
📌 Brentford အသင်းဟာမကြာသေးမှီက Köln တောင်းဆိုတဲ့ပမာဏကို £40M + Bonus £3M နဲ့တစ်နှစ်လုပ်ခ €4M ဖြင့်ကမ်းလှမ်းခဲ့ပြီး Clubs 2 သင်းအကြားသဘောတူညီမှုရခဲ့ပါတယ်။ သို့ပေမယ့်စာချုပ်ချုပ်ဆိုခါနီးမှာမှ Player ရဲ့မိခင်ကိုယ်တိုင်ကသဘောမတူပဲခွင့်မပြုပေးခဲ့တာကြောင့် Player ဘက်ကငြင်းပယ်ခဲ့ပါတယ်။ El Mala ကို Cheasel, Newcastle နဲ့ Nottingham တို့ပါခေါ်ယူဖို့စောင့်ကြည့်နေပြီးမကြာသေးခင်က Dortmund ကပါ €30M + Add On အပြင် Player ကိုတစ်နှစ် Köln မှာပဲ Loan ထပ်ချမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးပြုလုပ်ထားတယ်လို့သိရပါတယ်။ Rumors 🗞️ တွေအရနည်းပြ De Zerbi ကိုယ်တိုင်ကြိုက်နှစ်သက်တာဖြစ်ပြီးကျန်အသင်းတွေကိုကျော်ပြီးခေါ်ယူနိုင်အောင်သူလုပ်နိုင်မယ်လို့ယုံကြည်တယ်လို့သိရပါတယ်။
📌 Personally အရတော့ကြိုက်တယ်။ ဘယ်၊ ညာအစံသန်တာမို့ Winger လိုကစားနိုင်သလို၊ Wide Forward လိုလည်း Cut Inside လုပ်နိုင်တယ်။ Inverted Winger ဆန်ဆန်ကစားတာပိုတွေ့ရတယ်။ Winger တစ်ဦးဆိုပေမယ့် Modern Inverted တွေလိုမဟုတ်ပဲ 6' တောင်ရှိတာဆိုတော့သဘောကျတယ်။ £43M ဆိုတဲ့ပမာဏကမများနေဘူး။ Savinho ကြီးအဆမတန်ပေးခေါ်ပြီး LW မှာကစားခိုင်းမယ့်အစားအခုလို LW Naturally Player ကိုဒီလောက်ပမာဏပေးပြီးခေါ်တာကပိုသင့်တော်တယ်။
17/06/2026
Tottenham မနက်ခင်းသတင်း 📰 များ ...
▫️ Tottenham အနေနဲ့ Van Hecke ကို £52M နဲ့ခေါ်ယူဖို့ Brighton နဲ့သဘောတူညီမှုအပြည့်အ၀ရရှိသွားပြီဖြစ်ပါတယ်။ Add On နဲ့ Bonus တွေမပါ၀င်ပဲငွေသားသီးသန့် £52M ပေးချေမှာဖြစ်ပြီး Brighton အနေနဲ့အဆိုပါ Contract မှာ Player ကိုပြန်ရောင်းချခဲ့ရင်ရရှိမယ့်ပြောင်းရွှေ့ကြေးရဲ့ 20% Sell-on Clause ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
▫️ Tottenham အနေနဲ့ Vuskovic အတွက် Brighton ကမ်းလှမ်းတဲ့ £35M ကိုပယ်ချခဲ့တဲ့အပြင်၊ Van Hecke အပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ်ပါ၀င်မှုကိုလည်းပယ်ချထားခဲ့ပြီး £60M ဈေးသတ်မှတ်ပေးခဲ့ပါတယ်။ Brighton ဘက်ကအဆိုပါပမာဏကိုပေးချေမှာမဟုတ်ဘူးလို့သိရပါတယ်။ Tottenham အနေနဲ့ Vuskovic ကိုနောက်တစ်ရာသီ Loan ထပ်ချဖို့စီစဉ်ထားပေမယ့် Player ကိုယ်တိုင်ရော၊ Agent ကပါ Loan ထပ်သွားဖို့ကိုငြင်းဆိုထားပါတယ်။ ဒါ့အပြင်လာမယ့် Dallas မှာကစားမယ့် England နိုင်ငံအသင်းပွဲစဉ်မှာ Croatia အသင်းဘက်က 3 ယောက်တန်းခံစစ်ရဲ့ဗဟိုခံစစ်နေရာမှာပွဲထွက်လာမှာမယ်လို့သိရပါတယ်။
▫️ Tottenham ရဲ့ Youngster တစ်ဦးဖြစ်တဲ့ Lankshear ( Finisher ) ကိုခေါ်ယူဖို့ Clubs တော်တော်များများကမ်းလှမ်းမှုကို Tottenham ဘက်ကငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ Sporting ကခေါ်ယူဖို့စိတ်၀က်စားနေပြီး Tottenham ဘက်က £20M ဈေးသတ်မှတ်ထားပါတယ်။ ( ကျွန်တော်ကတော့မရောင်းစေချင်သေးဘူး )
▫️ ရဲ့ Report အရ Tottenham အနေနဲ့ Tonali ကိုခေါ်ယူဖို့ Newcastle နဲ့စတင်ဆွေးနွေးတော့မှာဖြစ်ပြီး Player ဘက်က Tottenham ဆီပြောင်းရွှေ့ကစားဖို့စိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။ တချို့သတင်း 🗞️ တွေအရ Tonali ဟာအသင်းကြီးတစ်သင်းကိုရောက်ဖို့အတွက် Tottenham ကိုကြားနေလှေကားသဖွယ်အသုံးပြုနေတယ်ဆိုတာ Rumors 🗞️ သာဖြစ်ပြီးနည်းပြ De Zerbi နဲ့အတူလက်တွဲချင်တာတကယ်အမှန်လို့ဖော်ပြထားပါတယ်။ ( ဒီဘဲဘယ်လိုပြောပြောဒီတစ်ခုကတော့ယုံကိုမယုံတာ )
16/06/2026
🚨 Mathys Tel နှင့်ပက်သက်၍ ...
Source
▫️ နည်းပြ Roberto De Zerbi ဟာ အသက် ၂၁ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး Mathys Tel ကို လာမယ့်ရာသီမှာ သူ့ရဲ့အသင်း Plan တွေထဲမှာ အဓိက Player တစ်ယောက်အနေနဲ့ ထည့်သွင်းရေတွက်ထားတယ်လို့ အသေအချာ ပြောကြားထားတယ်လို့သိရပါတယ်။ လက်ရှိမှာ သူ့ကို ခေါ်ယူချင်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်းနည်းပြ De Zerbi ကတော့ သူ့ကို အသင်းကနေ ပေးမထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။
▫️ Player အနေနဲ့နွေရာသီ အားလပ်ရက် မထွက်ခွာခင်မှာပဲနည်းပြ De Zerbi ဟာ Tel နဲ့ Personal အရ တွေ့ဆုံစကားပြောခဲ့ပြီး၊ လာမယ့်ရာသီ ခံစစ်နဲ့ တိုက်စစ်ပိုင်း ပြန်လည်တည်ဆောက်ရေးမှာ သူ့ကို မရှိမဖြစ်နေရာကနေ အသုံးပြုသွားမှာဖြစ်ကြောင်း ခိုင်ခိုင်မာမာ အာမခံချက် ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။
16/06/2026
🎙️
🗣️ ကျွန်တော် ပြောနိုင်တာကတော့ Tottenham ဟာ Sandro Tonali ကို ခေါ်ယူဖို့အတွက် တကယ်ကို အားကောင်းကောင်း၊ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ်သားသား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို Tottenham ဘက်ကအားအင်အပြည့်နဲ့ တွန်းအားပေးလာရတဲ့ အကြောင်းရင်းကတော့ဒီသတင်းရဲ့ အရေးကြီးဆုံး အချက်အလက်ပါပဲ ... Tonali ကိုယ်တိုင်က Tottenham ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေလို့ပါပဲ။ Tonali က Tottenham နဲ့ လက်တွဲဖို့ လမ်းဖွင့်ထားပါတယ်။
🗣️ Tottenham ဟာ ဥရောပဝင်ခွင့်မရခဲ့တာ၊ ပြီးခဲ့တဲ့ ရာသီက ရလဒ်တွေ ဆိုးရွားခဲ့တာမျိုး ရှိခဲ့ပေမယ့်လည်း Tonali ကတော့ အသင်းရဲ့ Project အပေါ် စိတ်ဝင်စားနေပြီး နည်းပြ Roberto De Zerbi ရဲ့ လက်အောက်မှာ ကစားချင်နေတာကြောင့် အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့် Tonali Tottenham ကို ရောက်လာဖို့ဆိုတာ တကယ်ကို အလေးအနက်ထားရမယ့် အခြေအနေဖြစ်ပြီး လက်တွေ့လည်း ကျလွန်းပါတယ်။ အခု ဆက်စောင့်ကြည့်ရမှာကတော့ Clubs အသင်းအချင်းချင်း ညှိနှိုင်း ဆွေးနွေးမယ့် အပိုင်းပါပဲ။ ကျွန်တော် သိရသလောက်တော့ Tonali ကို ခေါ်ယူဖို့အတွက် အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း P***y €100M ( £85M ) ခန့် ကုန်ကျနိုင်ချေ ရှိပါတယ်။
🗣️ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့ဗျာ... ဒါပေမဲ့ Tottenham ကတော့ အပြင်းအထန်ကို ကြိုးပမ်းနေတာပါ။ Arsenal က သီတင်းပတ်တော်တော်ကြာအောင် ဆက်သွယ်နေခဲ့သလို၊ Man City ကလည်း အဆက်အသွယ် လုပ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ Tottenham က Tonali ကို အရခေါ်ဖို့အတွက် All-in ပုံအောပြီး ဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ နည်းပြ De Zerbi က အသင်းရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ သူတို့ရဲ့ ရည်မှန်းချက်ကြီးမားမှုကို ပြသဖို့အတွက် အလိုချင်ဆုံး ဖြစ်နေတဲ့ Player ပါ။ ဒါကြောင့် ဒီအပြောင်းအရွှေ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထားကြပါဦး။
📌 မဖြစ်နိုင်တဲ့သတင်း 📰 ကြီးကိုဖတ်ပြီးတင်ပေးနေရတာ၊ ဘာသာပြန်ရင်းတောင်ရီချင်လာတယ်။ အဆုံးသတ်မှာကြိုးစားပေးတာပဲ၊ ယှဉ်ခေါ်ပေးတာပဲဆိုတဲ့ Reason နဲ့ပဲအဆုံးသတ်သွားမှာပါပဲ။
16/06/2026
လက်ရှိရာသီရဲ့တတိယခေါ်ယူမှုဖြစ်လာနိုင်တဲ့ Tottenham ... 📰
▫️ ပြင်သစ် 🇫🇷 အခြေစိုက်နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ ရဲ့ Report အရ Tottenham အနေနဲ့ Lyon အသင်းရဲ့အသက် 21 အရွယ်၊ Belgium 🇧🇪 နိုင်ငံသား၊ ဘယ်သန် LW Player ဖြစ်သူ၊ Malick Fofana ( Traditional Winger ) ကိုခေါ်ယူဖို့ £22.6M နဲ့ Official Bid တစ်ခုပြုလုပ်လိုက်တယ်လို့သိရပါတယ်။ Lyon အသင်းဟာ DNCG ရဲ့အရေးယူပိတ်ဆို့မှုတွေကိုရှောင်ရှားနိုင်ဖို့ June 30 မတိုင်ခင်မဖြစ်မနေ Player တစ်ဦးကိုထုတ်ရောင်းဖို့လိုအပ်နေပါတယ်။ ဒီ Chance ကိုအမိအရလက်ဆုပ်လက်ကိုင်ပြီး Tottenham အနေနဲ့ဈေးနှိမ်ပြီးခေါ်ယူဖို့ဖြစ်ပါတယ်။ Lyon ဘက်ကတော့ Tottenham ရဲ့ £22.6M ထက်ပိုလိုချင်နေပြီးအကြောင်းအရင်းက Player ရဲ့ Club အဟောင်း Gent နဲ့ Contract မှာ " အမြတ်ငွေရဲ့ 20% ဆင့်ပွားရောင်းချခွင့် Clause ပါရှိနေလို့ဖြစ်ပါတယ်။
▫️ Inside သတင်း 📰 များအရ Player ဟာ Tottenham ရဲ့ Bids အပေါ် Personal Terms ပေးပြီးပြီလို့သိရပါတယ်။ ပိုသေချာတာကအခု Transfer ကိုအပြီးသတ်ဖို့ Wednesday မနက် ( မနက်ဖြန် ) မှာ London ကို Fofana ရဲ့ Agent လာရောက်ပြီး Tottenham နဲ့ဆွေးနွေးမှုအပြီးသတ်မယ်လို့သိရပါတယ်။ ဒီသတင်းက Tier 2 အဆင့်ရှိပြီးမနက်ဖြန်မနက်မှာသာ Done Deal ဖြစ်ခဲ့ရင် Tottenham ဟာ Transfer ကိစ္စတွေကိုနောက်ကွယ်ကတိုးတိုးတိတ်တိတ်စီစဉ်နေတယ်လို့သတ်မှတ်လို့ရပါပြီ။
📌 Fofana 🇧🇪 အနေနဲ့ Lyon နဲ့ 2028 အထိ 2 နှစ် Contract ကျန်ရှိနေပါတယ်။ လက်ရှိ Market Value က £32M ဖြစ်ပါတယ်။
16/06/2026
... 🎙️
🗣️ Tottenham ဟာ Sandro Tonali ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ပြိုင်ပွဲထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါပြီ။ နည်းပြ De Zerbi က Tottenham ရဲ့ အဆင့်အတန်းကို ပိုပြီး မြှင့်တင်ပေးနိုင်မယ့် ကွင်းလယ်ကြယ်ပွင့်အသစ်အဖြစ် Tonali ကို အလိုရှိနေတာပါ။ အသင်းရဲ့ ရည်မှန်းချက်ကြီးမားတဲ့ Project အသစ်ကို သက်သေပြဖို့အတွက် Tottenham ဟာ Tonali ကို အရခေါ်ယူနိုင်ဖို့ Manchester City၊ Arsenal တို့လို အသင်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
📌 ပြီးခဲ့တဲ့ရက်က Midfield အတွက် Big Signing လုပ်မယ်ဆိုလို့ Alex Scott ထင်တာ Tonali ဖြစ်နေတယ်။ လက်ရှိအသက် ၂၆ နှစ်၊ ညာသန်၊ Deep-Lying Playmaker Role ဖြစ်ပြီး ၂၀၂၉ အထိ ၃ နှစ်ကျန်သေးတဲ့အပြင် 1 Year Option ထပ်ပါပါတယ်။ လက်ရှိ Market Value ကတော့ £69M ရှိပြီးခေါ်ယူမယ်ဆိုရင် £85M အထိအသုံးပြုရပါမယ်။ Player ဘက်ကတော့ပြောင်းရွှေ့ဖို့အတွက်လမ်းဖွင့်ထားတယ်လို့ က ဆိုပါတယ်။
15/06/2026
... 🎙️
🗣️ ကျွန်တော့်အနေနဲ့ João Palhinha 🇵🇹 က Club မှာပဲ ဆက်ရှိနေပြီး၊ သူ့အစား တခြားကွင်းလယ်လူတစ်ယောက် ရောက်လာမယ်ဆိုရင်တောင် အံ့သြမိမှာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ Alex Scott 🏴 ရဲ့ နာမည်က ထွက်ပေါ်လာနိုင်ချေ ရှိပါတယ်။ Bayern Munich အသင်းက ဒီ Player နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားသလို၊ Arsenal နဲ့ Liverpool တို့ဘက်ကလည်းစိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ ကျွန်တော့်အထင်တော့ Tottenham ကလည်း ဒီအပြောင်းအရွှေ့ပြိုင်ပွဲထဲမှာ ပါဝင်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း Player အတွက် မျှော်မှန်းထားတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးကတော့ £80M ဝန်းကျင်အထိ ရှိနေပါတယ်။
📌 Sporting Director ဖြစ်သူ Johan Lange ရဲ့ Midfield Shortlist ထဲမှာထိပ်ဆုံးထည့်သွင်းထားတဲ့ Player ဖြစ်ပြီး Tier 2 အဆင့်သေချာမှုရှိပါတယ်။ ရဲ့ Report အရ Bournemouth ဟာ Scott ကို Contract အသစ်ချုပ်ဆိုဖို့ကြိုးစားနေပြီး Release Clause £75M or £80M ထည့်သွင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ လက်ရှိ Scott 🏴 က ( Playmaker ) Role ဖြစ်ပြီး Market Value က £42M ရှိတဲ့အပြင် 2028 ခုနှစ်အထိ 2 နှစ် Contract ကျန်ရှိနေပါသေးတယ်။ အားသာချက်အနေနဲ့ Scott 🏴 ဟာငယ်စဉ်ကတည်းက Tottenham ရဲ့ Fan တစ်ဦးဖြစ်တာမို့တကယ်သာခေါ်ယူဖို့ပြုလုပ်ခဲ့မယ်ဆိုရင် Personal Agreement ရဖို့ခက်ခဲမှုမရှိနိုင်ပါဘူး။ Bournemouth အနေနဲ့အနည်းဆုံး £60M ရမှသာလက်ခံဆွေးနွေးစကားပြောသွားမှာဖြစ်ပါတယ်။
14/06/2026
🎙️
🗣️ Porro 🇪🇸 ကတော့ Tottenham နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပါပြီ။ ဒီ ညာနောက်ခံလူအပြင် သူ့ရဲ့ Agent တွေနဲ့ပါ အားလုံး လက်မှတ်ရေးထိုး အပြီးသတ်နိုင်ခဲ့တာပါ။ စာချုပ်သစ်ဟာ ၂၀၃၁ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမှာဖြစ်ပြီး နောက်ထပ် ၁ နှစ် (၂၀၃၂ ဇွန်လအထိ) သက်တမ်းတိုးနိုင်မယ့် Option လည်း ပါဝင်ပါတယ်။ လစာတိုးမြှင့်ပေးမှုနဲ့အတူ အပေးအယူ အားလုံး ပြီးမြောက်သွားခဲ့ပါပြီ။ Manchester City နဲ့ တခြား Clubs အသင်းတွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူ အသင်းကနေ ထွက်ခွာဖို့ ရာနှုန်းပြည့် လုံးဝ အခွင့်အရေး မရှိခဲ့ပါဘူး။ သူက အသင်းအတွက် မရှိမဖြစ် Untouchable Player ပါပဲ။
14/06/2026
🎙️
🗣️ ကျွန်တော် အသေအချာ ပြောနိုင်တာတစ်ခုကတော့ Tottenham ဟာ ကွင်းလယ်ပိုင်းအတွက် အရေးပါပြီး ထိရောက်မှုရှိမယ့် အကြီးစား ခေါ်ယူမှုတစ်ခုကို ပြုလုပ်ချင်နေတာပါ။ သူတို့ဟာ အဲဒီ ကွင်းလယ်နေရာအတွက် လက်ရှိမှာ သေသေချာချာ အလုပ်လုပ်နေကြပြီး... လာမယ့် အပြောင်းအရွှေ့ ရာသီရဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ တခြားသော အပြောင်းအလဲ ကိစ္စရပ်တော်တော်များများနဲ့အတူ အလုပ်ရှုပ်နေကြပါလိမ့်မယ်။
13/06/2026
📰 Transfer Update 📰
▫️ Tottenham အနေနဲ့ Club Brugge အသင်းရဲ့အသက် ၂၂ အရွယ်၊ Ecuador 🇪🇨 နိုင်ငံသား၊ အရပ် 6'1"၊ ညာသန်၊ Joel Ordóñez ( Stopper ) ကိုခေါ်ယူဖို့မျက်စိကျရုံတင်မဟုတ်ပဲ Leading the Race ပါဖြစ်နေတယ်လို့သိရပါတယ်။ Van Hecke က 1st Priority ဖြစ်ပေမယ့် Brighton ရဲ့အဆမတန်ဈေးကိုင်မှုကြောင့် Johan Lange အနေနဲ့ Alternative Target အဖြစ်ရွေးချယ်ထားတယ်လို့သိရပါတယ်။ အဆိုပါသတင်းက Rumor မဟုတ်ပဲ Tier 2 အဆင့်ရှိပါတယ်။
▫️ Brugge နဲ့ 2029 ခုနှစ်အထိ ၃ နှစ်စာချုပ်သက်တမ်းကျန်ရှိနေပြီး Market Value ကတော့ £28.5M ဖြစ်ပါတယ်။ 2025 ပြီးခဲ့တဲ့နှစ်မှာမှခြေစွမ်းကောင်းပြသထားနိုင်လို့စာချုပ်သက်တမ်းတိုးထားပြီး Ecuador 🇪🇨 လက်ရွေးစင်အသင်းနဲ့အတူ World Cup မှာပါ၀င်ကစားခွင့်ရတဲ့ Wonderkid တစ်ဦးဖြစ်တာကြောင့်မရောင်းချချင်ပေမယ့် Liverpool, Cheasel, Newcastle နဲ့ Juventus တို့ကပါချိတ်ဆက်မှုရှိနေတာကြောင့် Club Brugge ဘက်က £38.8M ဖြင့်ရောင်းချဖို့ဈေးသတ်မှတ်ပေးထားပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing
11041