Zenith Technical Resource Initiative
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zenith Technical Resource Initiative, Community Service, No (36), Thirimingalar Street, Thukha Road, Hlaing.
We provide technical support to strengthen Supply Chain Management (SCM) systems, focusing on the establishment of standardized LMIS and eLMIS, while offering capacity building in health commodity logistics, aiming towards a resilient supply chain.
17/04/2026
"နှစ်ဆန်း(၁)ရက်နေ့"
ယနေ့ ဧပြီလ ၁၇ ရက်နေ့ မင်္ဂလာအပေါင်းခညောင်းသော မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်တော်များ Zenith TRI မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
13/04/2026
"မြန်မာ့ရိုးရာ အတာသင်္ကြန်"
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်မင်္ဂလာအခါသမယဖြစ်သော တန်ခူးလအခါ မြန်မာ့ရိုးရာအတာသင်္ကြန်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကျန်းမာပျော်ရွှင်ကြည်နူးခြင်းတို့ ပြည့်ဝပါစေကြောင်း Zenith TRI မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါရစေရှင့်။
25/02/2026
Anyone who has background experience and skills required for this assignment should be considered.
20/02/2026
🚀 URGENT HIRING: Full-Stack Developer 🚀
Location: Yangon
Zenith TRI is seeking a skilled Full-Stack Developer to join our technical team. You will work alongside international partners to customize an open-source insurance management system, focusing on high-impact features like offline data synchronization for rural hospitals and tokenized payment workflows.
🛠 Technical Toolkit:
Backend: Strong proficiency in Python (Django).
Frontend: Experience building dynamic UIs with React.js.
Database: PostgreSQL.
Mobile: Essential experience in Android (Java/Kotlin), specifically with WorkManager and SQLite for offline-first data sync.
DevOps: Hands-on experience with Docker for containerized deployments.
💡 The Ideal Candidate:
3+ years of professional software development experience.
📩 How to Apply:
Interested candidates, please send your CV and Cover Letter to:
📧 To: [email protected]
📧 Cc: [email protected]
Subject Line: Application for IT Focal – System Design and Development
Deadline: 04 March 2026
Zenith TRI is an Equal Opportunity Employer. We value accountability, equity, and inclusion.
19/02/2026
📌 ဒီနေ့ အပိုင်း (၃) အဖြစ် ထောက်ပံ့ဖြန့်ဖြူးရေးအတွက် သိသင့်သိထိုက်တဲ့ R အမျိုးအစားအကြောင်းကို ဆက်လက် ဆွေးနွေးကြပါမယ်နော်။ (Part – 3/6)
Right Product with Right Quantity ရှိပြီဆိုရင် 🧐နောက်စစ်ဆေးသင့်တဲ့တစ်ချက်က ဆေးတွေရဲ့ အရည်အသွေးကရော မှန်ကန်ကောင်းမွန်ရဲ့လား Right Quality နဲ့ညီရဲ့လားဆိုတာပါပဲ။ မိမိတို့ ဆေးခန်း/ ကျန်းမာရေးဌာနတွေမှာရှိတဲ့ 📦ဆေးပစ္စည်းအရည်အသွေးကောင်းမွန်မှုရှိ/မရှိကို ပုံမှန်အားဖြင့် စစ်ဆေး ဖြစ်ကြမယ်လို့ ထင်ပါတယ်နော်။
🔹 ဒါဆို ☑️ Right Quality ဆိုတာဘာလဲ? ဘယ်လိုမျိုး ထိန်းသိမ်းကြမလဲဆိုတာကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
☑️Right Quality ဆိုတာက စံကုသမှုလမ်းညွှန် Standard Treatment Guidelines (STG) နဲ့ ကိုက်ညီစွာထုတ်ပေးနိုင်ဖို့အတွက် 🤝ဝယ်ယူစဉ်ကစပြီး ယုံကြည်ရတဲ့နေရာမှ ရွေးချယ်ဝယ်ယူခြင်းအဆင့် အပါအဝင် 🚚 သိုလှောင်မှုထိန်းသိမ်းမှုကဏ္ဍမှာလည်း ဆေးအရည်အသွေးမလျော့အောင် အပူချိန်၊ သက်တမ်းကုန်ဆုံးရက်များကို နည်းလမ်းမှန်ကန်စွာ ထိန်းသိမ်းစီမံထားနိုင်တဲ့ ဆေးပစ္စည်းကို ဆိုလိုပါတယ်။
ဒီလိုသေချာစွာ လုပ်ဆောင်ထားနိုင်မှသာ အရည်အသွေးပျက်စီးတာ၊ Expiry စတာတွေကို လျော့နည်းစေနိုင်ပြီး
⭐ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်တော့မှာပါ။💙
သင့်အနေနဲ့ရော ☑️Right Quality နဲ့ပြည့်စုံအောင် ဘယ်လိုမျိုးထိန်းသိမ်းစီမံဖို့ စဉ်းစားထားပါသလဲ?🤔
——————————————————-
--- ⬇️English version below ⬇️ ---
——————————————————-
📌 How many R do we remain to focus on in ensuring effeciency and effectiveness of the healthcare supply chain context? (Part – 3/6)
Having ensured the right product with right quantity on our hand, it also requires us to reflect on their quality if they are properly maintained throughout the supply chain or not.
🔹 What is the ☑️ Right Quality?
☑️Right quality refers not only to procuring medicines and health commodities that comply with Standard Treatment Guidelines (STG), it also focuses on ensuring that their quality is preserved during storage and handling. To ensure medicines meet quality standards, 🤝safe authorized suppliers, First-to-expire, First-out practices, and 🚚 effective warehousing techniques play a critical role.
When warehousing practices are properly implemented, the risk of expiry and wastage is significantly reduced. This, in turn, strengthens ⭐reliability and trustworthiness in healthcare services. 💙
💪 Together, let’s move towards “Goal of Excellence”!
What are you planning to manage to maintain the ☑️Right Quality?🤔
11/02/2026
သင်သိပြီးပြီလား?
⚠️Logistics Management Information System (LMIS) ကို ထိရောက်စွာအသုံးမပြုနိုင်ခြင်းက 📦ဆေးပိုလျှံမှုနဲ့ သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားတာတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ အလေအလွင့်ဖြစ်ခြင်းနဲ့ ငွေကြေးဆုံးရှုံးမှုတွေကို မြင့်တက်စေပါတယ်။
💬LMIS အသုံးမပြုခင်က ဘာတွေကြုံခဲ့ရလဲ?
📉“LMIS စနစ် ပရောဂျက် မစခင်က ကျွန်မတို့မှာ ဆေးတွေ သက်တမ်းကုန်ဆုံးတာများပြားတဲ့အတွက် ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။”
💬LMIS အသုံးပြုပြီး ဘာတွေကြုံရလဲ?
✅“ကျွန်တော်တို့ LMIS က ဆေးလက်ကျန် ဘယ်လောက်ရှိနေသလဲ၊ ဆေးပိုနေသလား အချိန်မီသိနိုင်ပြီးတော့ သေချာ မစီမံနိုင်ဘူးဆိုရင် ဆေးပိုတာကြောင့်ဖြစ်တဲ့ ဆေးတွေ expired ဖြစ်ပြီး ငွေကြေး ပျက်စီးဆုံးရှုံးနိုင်တာကိုလည်း ပိုပြီး သတိထားမိလာပါတယ်။ LMIS ကို သေချာသုံးပြီး ဆေးတွေကို သေချာစီမံနိုင်ဖို့ ရည်ရွယ်ထားပါတယ်။”
——————————————————-
--- ⬇️English version below ⬇️ ---
——————————————————-
Did you know?
⚠️Weak LMIS practices lead to poor inventory management, resulting in 📦overstocking, expired health commodities and unnecessary financial losses.
💬What our partner organization experienced before LMIS?
📉“Before the LMIS establishment project, we experienced significant financial losses due to expiry products in our storage system such as amoxicillin, paracetamol, ORS….”
💬What our partner organization experienced after LMIS?
✅“We recognize the value of the LMIS system which helps us stay alert to the stock condition. If overstock is not managed well, it can lead to expired medicines and wasted funds. We will use the system more effectively to prevent stock imbalances.”
06/02/2026
🤗 "စကားသံတစ်ခွန်းမှ တွန်းအားဆီသို့တစ်ဖန်"
ကျွန်တော်/ကျွန်မတို့ Zenith TRI မှ ဆေးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ နည်းပညာပံ့ပိုးမှုများကို 💪လုပ်ဆောင်လျက်ရှိပြီး Online မှလည်း တတ်စွမ်းသလောက် 🌱ဗဟုသုတများကို တင်ဆက်ပေးလျက်ရှိပါတယ်။ ယနေ့အချိန်အထိ စိတ်ပါဝင်စားစွာဖတ်ရှုလျက်ရှိသော စာဖတ်သူ လေ့လာသူတစ်ဦးချင်းစီကို ကျေးဇူးတင်လျက်ရှိပြီး
ဒီနေ့ "စကားသံတစ်ခွန်းမှ တွန်းအားဆီသို့တစ်ဖန်" ဆိုတဲ့အစီအစဉ်လေးမှာ ကျန်းမာရေးထောက်ပံ့ဖြန့်ဖြူးရေးစက်ဝန်းတွေ လည်ပတ်နိုင်ဖို့ တရွေ့ရွေ့တွန်းအားဖြစ်စေမယ့် 🔋ခွန်အားတွေအချင်းချင်းပေးကြဖို့အတွက် မိမိတို့ရဲ့ စကားသံတွေကို ဝေမျှကြရအောင်နော်။
💙ဘယ်လို စကားသံတွေဝေမျှကြမလဲ?
ကျွန်တော်/ကျွန်မတို့ Page မှ ပေးပို့တင်ဆက်လျက်ရှိသော ထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ အကြောင်းအရာများထဲမှ မိမိတို့ရဲ့လုပ်ငန်းခွင်အတွက် ပြန်လည်ထည့်သွင်းအသုံးပြုနိုင်ခဲ့တဲ့ အတွေ့အကြုံများရှိပါသလား? ဒါမှမဟုတ် ဗဟုသုတ တစုံတရာမှတ်သားမိသမျှ နေ့တစ်နေ့တာအတွက် အကျိုးရှိစေခဲ့တဲ့ အမှတ်တရများရှိပါသလား? ဒါဆိုရင်တော့ 🔊စကားသံတွေဝေမျှလို့ရပါပြီနော်။
💙ဘယ်လို ခွန်အားတွေပေးကြမလဲ?
မိမိတို့ရဲ့ 🔊 အမှတ်တရစကားသံများကို 📤Comment Box အတွင်း ဝင်ရောက်ဆွေးနွေးပေးရင်း ကျန်းမာရေးထောက်ပံ့ဖြန့်ဖြူးရေးစက်ဝန်းတွေ လည်ပတ်နိုင်ဖို့ တရွေ့ရွေ့တွန်းအားဖြစ်စေမယ့် 🔋ခွန်အားတွေပေးဖို့အတွက် ဖိတ်ခေါ်ပါရစေ။
📤Comment box မှာ စောင့်နေပါ့မယ်နော်။ နောက်ထပ်မံပြီး မျှဝေပေးစေလိုတဲ့ ထောက်ပံ့ဖြန့်ဖြူးရေးနဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်အကြောင်းအရာများကိုလည်း တစ်ပါတည်း 📝အကြံပြုပေးလို့ရပါတယ်နော်။
03/02/2026
📌 ဒီနေ့မှာတော့ ကျန်းမာရေးထောက်ပံ့ဖြန့်ဖြူးရေးအတွက် ကျန်နေသေးတဲ့ R အမျိုးအစားတွေထဲက နောက်အမျိုးအစားတစ်ခုကို ဒုတိယအပိုင်းအနေနဲ့ဆက်ပြီး ဆွေးနွေးကြပါ့မယ်နော်။ (Part – 2/6)
ကျန်းမာရေးဝန်ဆောင်မှုတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးပေးနိုင်ဖို့ Right Product ကိုပေးနိုင်ရုံနဲ့ လုံလောက်ပြီလား?
🎯 မှန်ကန်တဲ့ ဆေးပစ္စည်း Right Product တွေပေးနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ မိမိတို့ လက်ဝယ်မှာရှိတဲ့ ဆေးပစ္စည်းတွေက လုံလောက်မှန်ကန်တဲ့ အရေအတွက် ☑️ Right Quantity ရှိနေရဲ့လားဆိုတာ စစ်ဆေးဖို့လိုပါတယ်။
🔹 ☑️ Right Quantity ဆိုတာက?
လူနာများရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေအလိုက် စံလမ်းညွှန်ကုသမှုနဲ့အညီပေးရမယ့် ဆေး/ ဆေးပစ္စည်းပမာဏများက မှန်ကန်တိကျမှုရှိခြင်းကို ခေါ်ဆိုပါတယ်။ မိမိတို့လက်ဝယ်မှာလည်း ဆေးပစ္စည်း အရေအတွက် လုံလောက်နေစေဖို့ ဝန်ဆောင်မှုပေးရနိုင်တဲ့ အရေအတွက်နဲ့ ဆေးအသုံးစာရင်းတွေအပေါ် အခြေခံပြီး 💊 လိုအပ်တာထပ် ပိုလျှံ/လျော့နည်း/ပြတ်လပ်မှု မရှိဘဲ 📦လိုအပ်သလောက် ထားရှိနေဖို့လည်း လိုအပ်ပါတယ်။
မှန်ကန်တဲ့ အရေအတွက်နဲ့ ဆေးပစ္စည်းတွေကို စနစ်တကျ စီမံထားနိုင်ပြီဆိုရင် ဆေးပြတ်လပ်လို့ ဝန်ဆောင်မှုတွေမပေးနိုင်တာ၊ အသုံးမလိုဘဲ ဝယ်ယူခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ⚠️ဆေးအလေအလွင့်ဖြစ်တာတွေကို နည်းပါးစေနိုင်မှာဖြစ်ပါတယ်နော်။💙
——————————————————-
--- ⬇️English version below ⬇️ ---
——————————————————-
📌 In healthcare supply chain context, the R should never be overlooked. They remain essential for maintaining effectiveness of quality supply chain management. Which R do you think comes next? (Part – 2/6)
While we focus on reaching 🎯 “Goal of Excellence”, having the right product on our hand, it is important to check them whether they have the ☑️ Right Quantity of medicines or health commodities is available or not.
🔹 What is the ☑️ Right Quantity?
Right quantity means the 💊 appropriate amount of medicines or health commodities is available based on disease onsets & prognosis and clients’ choices and demand in line with the Standard Treatment Guidelines (STG).
To meet this, we should also make sure to minimize the risks of stock-out/over-stock by continuously reviewing our 📦stock status based on the consumption data and service provision data.
Having the right quantity reduces the chances of both stock-outs that disrupt healthcare delivery and over-stocks that might lead to expiry and wastage.💙
💪 Together, let’s move towards “Goal of Excellence”!
29/01/2026
❓ဒါကို လုပ်ပြီးပြီလား?
🔢Physical Count ဆိုတာက?
ဆေးပစ္စည်းတွေကိုင်တွယ်စီမံရပြီဆိုရင် စတိုထဲမှာထိန်းသိမ်းထားတဲ့ ဆေးအမျိုးအစားအမျိုးမျိုးကို ရေတွက်စစ်ဆေးခြင်းလို့ခေါ်တဲ့ 🔢Physical Count ကို မေ့ထားလို့ မရပါဘူး။
မိမိတို့ရဲ့ 📦ဆေးစတိုရဲ့ အဝင်/အထွက်/လက်ကျန်စာရင်းတွေ၊ သက်တမ်းဘယ်လောက်ကျန်တာလဲဆိုတာတွေ အလွယ်တကူသိရှိနားလည်စေနိုင်ဖို့ စနစ်ကျတဲ့ 📋 Logistics Management Information System မှာ ဆေးအဝင်အထွက်တွေကို မှတ်တမ်းပုံစံတစ်မျိုးဖြစ်တဲ့ Stock Keeping Record ထဲမှာ မှတ်တမ်းတင်ကြလေ့ရှိပါတယ်။ ဒီဆေးစာရင်းတွေ တိကျမှု ရှိ/မရှိ၊ ဆေးအရည်အသွေးအထိအခိုက်ရှိ/မရှိတို့ကို သိရှိနားလည်ဖို့ဆိုရင်တော့ Physical Count ဖြစ်တဲ့ လက်ဝယ်ရှိနေတဲ့ ဆေးလုံးရေအလိုက် အသေးစိတ်ရေတွက်စစ်ဆေးတာ ပြုလုပ်သင့်ပါသေးတယ်နော်။ ဆေးအရေအတွက် အနည်းအများရှိသလောက် ⏰တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် တစ်လလျှင်တစ်ကြိမ် သို့မဟုတ် သုံးလလျှင်တစ်ကြိမ် စစ်ဆေးဖို့လိုပါလိမ့်မယ်။
✅သင့်ရဲ့ ကျန်းမာရေးသိုလှောင်ရုံ/ဆေးဆိုင်မှာရှိတဲ့ ဆေးပစ္စည်းတွေကို 🔢Physical Count ရေတွက်စစ်ဆေးတာတွေလုပ်ပြီးပြီလား?
——————————————————-
--- ⬇️English version below ⬇️ ---
——————————————————-
🔢Physical Count: A Must for Better Inventory Management
In terms of managing inventories, 🔢the physical count, the process of physically counting the stock on hand or commodities stored in a warehouse/ pharmacy/ health facility, should not be overlooked.
📋The Logistics Management Information System (LMIS) – Stock Keeping Record might help enhance the tracking system of stock information including receipts, issues, balances, and their expiration dates. However, to ensure accuracy while identifying data discrepancies and quality defects on time, the regular “Physical Count” remains essential. Based on 📦the volume of stock balance, physical counts should be conducted on a weekly or monthly or quarterly basis.
✅So, have you completed 🔢physical counting for your health commodities in your health facility or warehouse or pharmacy recently?
🤔 “မမျှော်လင့်နိုင်သောအခြေအနေ/ အန္တရာယ်များအတွက် ကြိုတင်စီမံခြင်း Risk Management က Supply Chain Management လုပ်ငန်းတွေမှာ မဖြစ်မနေလုပ်ဆောင်ဖို့လိုသလား?”
ကျန်းမာရေးထောက်ပံ့ဖြန့်ဖြူးရေးအတွင်း အထိအခိုက်ရှိနိုင်တဲ့ဘေးအန္တရာယ်များကို ကြိုတင်စီမံနိုင်ဖို့ သေချာစွာရေးဆွဲထားတဲ့ ⚠️ risk management approach ကို မဖြစ်မနေထည့်သွင်းလုပ်ဆောင်သင့်ပါတယ်။ ကျန်းမာရေးထောက်ပံ့ဖြန့်ဖြူးရေးကွင်းဆက်မပြတ်စေဖို့ ဆေးပစ္စည်းရရှိမှု၊ ဆေးပစ္စည်းအရည်အသွေးထိခိုက်နိုင်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုအလားအလာ အစရှိသည်တို့ကို လုပ်ငန်းစဉ်အဆင့်တိုင်းမှာ ရှာဖွေရေးဆွဲပြီး တုံ့ပြန်လုပ်ဆောင်မှုလုပ်ငန်းများကိုပါ တပါတည်းကြိုတင်စီမံခြင်းဖြင့် ပျက်စီးထိခိုက်မှုတို့ကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ Risk Management လုပ်ငန်းစဉ်မှာ ဘာတွေပါသလဲ?
၁။ 🔍 Risk Assessment - ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ရဲ့ အရင်းအမြစ်ကို လေ့လာသုံးသပ်ခြင်း၊
၂။ 📝Risk Planning - လေ့လာရရှိသည့် Risks များကို ဦးစားပေးအဆင့်များ အလိုက် စီမံခန့်ခွဲ၍ တုံ့ပြန်လုပ်ဆောင်သင့်သည်များကို စီမံရေးဆွဲခြင်း၊
၃။ 🔄Risk Monitoring - သတင်းအချက်အလက်များကို လေ့လာဆန်းစစ်ခြင်း၊
၄။⚙️Incident Handling - အလျင်းသင့်သော တုံ့ပြန်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်းတို့ အဆင့်(၄)ဆင့် ပါဝင်ပါတယ်။
Resilience ဖြစ်တဲ့ Supply Chain System များတည်ဆောက်နိုင်ဖို့ efficiency သို့မဟုတ် effectiveness တို့ကိုအလေးထားလုပ်ဆောင်ရုံသာမက ထောက်ပံ့ဖြန့်ဖြူးရေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့ မမျှော်လင့်နိုင်သောအခြေအနေ/ အန္တရာယ်များအတွက် ကြိုတင်စီမံဖို့ကိုလည်း အလေးထား ဆောင်ရွက်သင့်ပါတယ်နော်။
——————————————————-
--- ⬇️English version below ⬇️ ---
——————————————————-
🤔 “…to build a robust preparedness for uncertainty.”
In healthcare supply chain management, risk management is foundational. A structured risk management approach helps identify potential disruptions early, understand, and respond to those unforeseen damages across the public health supply chain.
1. 🔍Risk Assessment – Identify potential risks and vulnerabilities.
2. 📝Risk Planning – Prioritize risks and prepare mitigation strategies.
3. 🔄Risk Monitoring – Review and monitor sources of information.
4. ⚙️Incident Handling – Respond and develop specific action plans.
Leveraging resilience in supply chain system is more than efficiency or effectiveness, it is also to build a robust preparedness for uncertainty.
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
No (36), Thirimingalar Street, Thukha Road
Hlaing
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |