Techno Learn

Techno Learn

Share

💻 Empowering Myanmar's next-gen IT & Cyber Security Professionals.

Our Mission :

Providing individuals and businesses in Myanmar with practical, high-quality technology education, equipping them with the skills needed to thrive in the digital era. Our Vision :

Becoming the leading provider of technology education in Myanmar, fostering a generation of skilled professionals and empowering communities to succeed in the digital world.

13/09/2026

Cyber Security ပညာရပ်နဲ့ အခြေခံကနေသင်ယူပြီးအသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်ချင်တဲ့လူငယ်တွေအတွက် 'Techno Learn' ကနေ ဆရာနဲ့
တိုက်ရိုက် ထိတွေ့ သင်ကြားနိုင်မယ့်

"Ethical Hacking And Cyber Security(Zoom Class)" Batch - 27 ကို ထက်မံ ဖွင့်လှစ်လိုက်ပါတယ်။

❗️ “2022" တည်းကနေ လူငယ်တွေ အတွက် အခြေခံကနေ အသက်မွေးဝမ်းကြောင်းအထိ အထောက်အကူပြုစေဖို့ သင်ကြားပေးလျှက်ရှိပါတယ်။

ပြည်တွင်းမှာ အခြေခံကနေသင်ယူပြီး ဘွဲ့မရထားသေးပဲ အလုပ်ဝင်လိုတဲ့ လူငယ်များတင်သာမက

ပြည်ပမှာ ဘွဲ့ရထားပြီး လူငယ်များအတွက်လည်း နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်လက်မှတ်များဖြစ်တဲ့

comptia security+ ,Ejpt,Ecppt,Oscp သင်တန်းများကိုလည်း သင်ကြားပေးလျှက်ရှိပါတယ

ယခု သင်တန်းမှာ ပါဝင်မဲ့ သင်ခန်းစာခေါင်းစဥ်တွေ​ ဖြစ်ပါတယ်။

"Ethical Hacking & Cyber Security : " (Zoom Class) Batch - 27

👨‍🏫Course Outline

📗I.t Carrier Path for End User

📗Network Foundation Knowledges

📗Linux Foundation Knowledges

📗Cyber Security Foundation Knowledge

📗Pe*******on testing Strategies

📗Information Gathering(Theory + Practical)

📗Foot Printing & Reconnaissance
(Theory + Practical)

📗Scanning (Theory + Practical)

📗Enumeration(Theory + Practical)

📗DOS & DDOS ATTACK(Theory + Pratical)

📗Vulnerability Analysis(Theory + Practical)

📗Social Engineering or People Hacking

📗Malicious Program

📗 Bruteforce(Wordlist for General Purpose)
(Theory + Pratical)

📗Wireless Hacking(Theory + Practical)

📗Metasploit & Port Forwarding

📗Exploitation Network System
(Theory + Practical)

📗Devices Hacking (Theory + Pratical)
( Android Hackings/ Windows Hackings/ Linux Hackings and Other devices........... )

📗Wandering Around Wan

📗Man in The Middle Exploit

📗Post Exploitation & Privilege
Escalation(Theory + Practical)

📗Advanced Exploitation(Theory+Practical)

📗Maintaining Access(Theory + Practical)

📗Covering Tracks(Clear Tracking)
(Theory + Practical)

📗Websecurity and Bugbounty Hunter Pathways

📗Capture The Flag(Ctf) Challenge

📗Certification Path For Pentester

📗Bonus Knowledges

📗Certification Path For Pentester

📗Techno Learn Exam & Certification Courses

စာနားမလည် တာရှိရင်လည်း သင်ကြားတဲ့ ဆရာ နဲ့ တိုက်ရိုက် မေးမြန်း နိုင်မှာ ဖြစ်ပါတယ်။

👨‍🏫သင်ကြားမူ ပုံစံ

Zoom Class နဲ့ သင်ကြားမှာ ဖြစ်တဲ့ အတွက် ဆရာနဲ့တိုက်ရိုက် သင်ကြားနိုင်မှာပါ။

သင်တန်းချိန်ကို ကိစွတစ်ခုခုကြောင့် ပျက်ကွက်ခဲ့ရင်လည်း အချိန်မရွေးပြန်လေ့လာနိုင်ဖို့ Facebook Group မှာ record video တွေကို ပြန်လည်တင်ပေးသွားမှာမို့ အခက်ခဲမရှိ သင်ကြားနိုင်မှာပါ။

စာဆွေးနွေးနိုင်ဖို့ "Telegram Group" ပါ ရရှိပါမယ်။

💲 Online Class Fee :

မူလသင်တန်းကြေး 400,000 MMKs

ယခုသင်တန်းကြေး 350,000 MMKs

❗️(ပထမဆုံးအပ်ပြီး သင်တန်းကြေးသွင်းပြီးသူ (5)ဦးအတွက်သာ ဖြစ်ပါတယ်)

🕗သင်ကြားချိန်

---

Wed and Thurs (8:00PM - 9:30PM)

သင်တန်းကြာချိန် - 1.5 Months

❗️October , 7 ရက်နေ့ အတန်းစမှာ ဖြစ်ပါတယ်။

Certification အတွက် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ Certification ထုတ်ယူနိုင်မှာပါ။

"Cyber Security & Pe*******on Testing" ပိုင်းဖြင့်အလုပ်ခွင်ဝင်လိုသူတွေ / Ethical Hacking & Pentesting ကို စိတ်ဝင်စားတဲ့ သူတွေ အတွက် "Attacking & Defensing" ပိုင်းကောအတွက် (Theory + Practical) နှစ်မျိုးလုံး သင်ကြားပေးထားပါတယ်။

သင်ခန်းစာတွေ သင်ကြားပေးပြီးတာနဲ့ အလုပ်နဲ့ ပတ်သတ်ပြီး လိုအပ်တဲ့ Certiတွေ /အလုပ်ခွင်ဝင်နိုင်ဖို့အတွက် အလုပ် အတွေ့အကြုံ အကြောင်းအရာတွေ အစ လိုအပ်တာ အကုန် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

"Techno Learn" မှာ ယခုသင်တန်းသာမက နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေဖြစ်တဲ့ Comptia Security+, Ceh ,Ejpt ,Ecppt ,Oscp စတဲ့ Certification များကိုလည်း တက်ရောက် သင်ကြားဖြေဆိုနိုင်ပါတယ်။

💥မှတ်ချက်💥

---

လူဦးရေ ကန့်သတ်ထားတာမို့ သတ်မှတ်လူဦးရေပြည့်တာနဲ့ သင်တန်းသား ထက်မံ လက်ခံတော့မှာ
မဟုတ်ပါ။

Contact Us : m.me/technolearn (Or) 09 766 799 336

12/09/2026

💻“ပြောစရာလေးရှိလို့” ဆိုပြီး စာလာလာပို့နေတဲ့သူတွေ အဖွဲ့အစည်းတစ်ခုရဲ့ Customer Care/ Help Center ကပါဆိုပြီး Password ကို ဖုန်းဆက်
တောင်းတဲ့သူတွေ

⚠️ ဆုကြီးပေါက်လို့ ငွေအရင်ကြိုလွှဲခိုင်းတာတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အလိမ်အညာတွေအကြောင်းကို သေချာသိနိုင်ဖို့ ဒီ video လေးကို အဆုံးထိကြည့်လိုက်တော့နော်

𝗧𝗲𝗰𝗵𝗻𝗼 𝗟𝗲𝗮𝗿𝗻 ရဲ့ သင်တန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက—
📱 Phone : 09 766 799 336
📨 Messenger : m.me/technolearn

🛡️🔐 💻 နည်းပညာပိုင်းကို စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့ပါ လေ့လာပြီး မိမိစိတ်ဝင်စားတဲ့ IT လမ်းကြောင်းကို တစ်ဆင့်ချင်းစီ တည်ဆောက်ချင်တယ်ဆိုရင် Techno Learn ကနေသာ စတင်လိုက်ပါ။

12/09/2026

💻လက်ရှိ IT Infrastructure တွေမှာ Web Server, DNS Server, Mail Server, Database Server, Cloud Server နဲ့ Network Security Tool အများစုကို Linux Environment ပေါ်မှာ အသုံးပြုနေကြပါတယ်။

ဒါကြောင့်လည်း Cybersecurity နဲ့ Networking Career ကို စိတ်ဝင်စားသူတွေအနေနဲ့ Linux ကို မဖြစ်မနေ လေ့လာထားဖို့ လိုလာပြီ ဖြစ်ပါတယ်။

🔹 Linux က Server တွေရဲ့ အခြေခံ Operating System ဖြစ်တာကြောင့် Web Server, File Server, DNS Server နဲ့ Database Server တွေမှာ Linux ကို အသုံးများပါတယ်။

Server တစ်ခုရဲ့—Service တွေကို စီမံခန့်ခွဲခြင်း,User Account တွေ ဖန်တီးခြင်း,Permission တွေ သတ်မှတ်ခြင်း,Log တွေ စစ်ဆေးခြင်း,Process တွေကို စောင့်ကြည့်ခြင်း
စတဲ့ အလုပ်တွေကို Linux Command Line ကနေ လုပ်ဆောင်ရလေ့ရှိပါတယ်။

Linux မှာ Networking နဲ့ Security အတွက် အသုံးဝင်တဲ့ Tool တွေ အများအပြား ပါဝင်ပါသေးတယ်။

ဥပမာအားဖြင့်—Ping,Traceroute,Netstat / SS,Dig,Nslookup,Curl,Tcpdump,Nmap
စတဲ့ Tool တွေကို အသုံးပြုပြီး Network Connection, Open Port, DNS Record နဲ့ Network Traffic တွေကို စစ်ဆေးနိုင်ပါတယ်။

🔹 Cybersecurity Pe*******on Testing နဲ့ Security Testing မှာ အသုံးများတဲ့ Kali Linux လို Operating System တွေဟာ Linux အခြေခံပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။

Kali မှာ Tool တွေကို Install လုပ်တတ်ရုံသာမက ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လို Output ထွက်တယ်၊ တွေ့ရှိချက်ကို ဘယ်လိုခွဲခြမ်းမလဲဆိုတာကို သိရှိဖို့ Linux အခြေခံလိုအပ်ပါတယ်။

🔹Linux ကို လေ့လာခြင်းက Graphical Interface ကိုသာ မမှီခိုဘဲ Command Line ကနေ System ကို စီမံခန့်ခွဲနိုင်လာမှာ ဖြစ်ပါတယ်။

Cybersecurity နယ်ပယ်မှာ Command Line ကနေ—File နဲ့ Directory တွေကို စီမံခန့်ခွဲခြင်း,Log File တွေ ရှာဖွေစစ်ဆေးခြင်း,Process တွေကို ကြည့်ရှုခြင်း,Network Connection တွေ စစ်ဆေးခြင်း,Command တွေကို Pipe နဲ့ Filter အသုံးပြုခြင်း,Script တွေ Run ခြင်းစတာတွေကို လုပ်ဆောင်ရလေ့ရှိပါတယ်။

🔹Cybersecurity နဲ့ Networking မှာ ထပ်ခါထပ်ခါ လုပ်ဆောင်ရတဲ့ Task တွေ အများကြီးရှိပါတယ်။ဒါကြောင့်လည်း Automation နဲ့ Scripting အတွက် အသုံးဝင်ပါသေးတယ်။

Linux Shell Script နဲ့ Python လို Programming Language တွေကို အသုံးပြုပြီး—File တွေကို အလိုအလျောက် စစ်ဆေးခြင်း,Log တွေထဲက သံသယဖြစ်ဖွယ် Activity ရှာဖွေခြင်း,Network Host တွေကို စစ်ဆေးခြင်း,Backup ပြုလုပ်ခြင်း
Security Task တွေကို Automate ပြုလုပ်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

🔹 ဒါ့အပြင် ယနေ့ခေတ်မှာ Cloud Server နဲ့ Container တွေကို အသုံးပြုလာတာနဲ့အမျှ Linux Skill ရဲ့ အရေးပါမှုက ပိုမိုမြင့်တက်လာပါတယ်။

AWS, Azure, Google Cloud နဲ့ Docker, Kubernetes လို Technology တွေမှာ Linux အခြေခံကို သိထားရင် System နဲ့ Security Configuration တွေကို ပိုမိုနားလည်နိုင်မှာ ဖြစ်ပါတယ်။

ဒီအခြေခံတွေက Server Security, Network Security နဲ့ Incident Response တွေအတွက် အရေးကြီးတဲ့ Knowledge တွေဖြစ်ပါတယ်။

Linux ကို သိရှိထားခြင်းက Cybersecurity နဲ့ Networking Career အတွက် အားသာချက်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် Linux ကို Command တွေ အလွတ်ကျက်ထားရုံနဲ့ မလုံလောက်ပါဘူး။

ကိုယ်တိုင် Linux Server တည်ဆောက်ခြင်း၊ User နဲ့ Permission သတ်မှတ်ခြင်း၊ SSH ချိတ်ဆက်ခြင်း၊ Firewall Configuration ပြုလုပ်ခြင်း၊ Network Service တွေ Run ခြင်းနဲ့ Log တွေ စစ်ဆေးခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပါတယ်။

Techno Learn မှာ Cybersecurity နဲ့ Networking လေ့လာမယ့်သူတွေအတွက် လိုအပ်တဲ့ Linux Foundation, Linux Security, Networking နဲ့ Ethical Hacking Skill တွေကို အခြေခံကနေ လက်တွေ့အထိ လေ့လာနိုင်ပါတယ်။

✨Techno Learn က Techno Learner တို့ကော...

Cybersecurity နဲ့ Networking လေ့လာမယ်ဆိုရင် Linux ကို မဖြစ်မနေ လေ့လာသင့်တယ်လို့ ထင်မိလား...

ဒါမှမဟုတ် Beginner တွေအနေနဲ့ Windows အခြေခံကနေ စတင်ပြီးမှ Linux ကို ဆက်လက်လေ့လာသင့်တယ်လို့ မြင်မိကြလား...

Linux မှာ လေ့လာရအခက်ဆုံး Command ဒါမှမဟုတ် အကြောင်းအရာက ဘာဖြစ်မလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ကြပါအုန်း ....

12/09/2026

💻Cybersecurity နယ်ပယ်ထဲကို စတင်ဝင်ရောက်ချင်သူတွေထဲမှာ “ဘွဲ့မရသေးရင် Cybersecurity လေ့လာလို့ရပါသလား”၊ “အလုပ်ရဖို့ ဘွဲ့က မဖြစ်မနေလိုအပ်လား” ဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြတာကို "Techno Learn" ကနေ

အဖြေကတော့—

Cybersecurity လေ့လာဖို့ ဘွဲ့ရထားဖို့ မဖြစ်မနေလိုအပ်တာ မဟုတ်ပါဘူး။

Cybersecurity ဟာ စာတွေ့ပညာတင်မကဘဲ လက်တွေ့ Skill၊ Problem-Solving Skill နဲ့ အမြဲတမ်းလေ့လာလိုတဲ့ စိတ်ဓာတ်ကို အဓိကလိုအပ်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။

ဘွဲ့မရှိသေးပေမယ့် ဒီအရာတွေကို စနစ်တကျ လေ့လာထားမယ်ဆိုရင် Cybersecurity Career ကို စတင်နိုင်ပြီး Cybersecurity Specialist အနေနဲ့ Full time , Remote တွေ လုပ်ကိုင်နိုင်မှာပါ။

✅ Networking အခြေခံ

✅ Linux နဲ့ Windows အခြေခံ

✅ Cybersecurity Fundamentals

✅ Ethical Hacking နဲ့ Pe*******on Testing

✅ SIEM နဲ့ Log Analysis

✅ Incident Response

✅ Digital Forensics

✅ Python / Scripting အခြေခံ

✅ Hands-on Lab Practice

✅ Report ရေးသားနိုင်မှု

စတာတွေကို လေ့လာထားသင့်ပါတယ်။

ဒါပေမယ့် ဘွဲ့ရထားခြင်းကလည်း အကျိုးမရှိတာတော့ မဟုတ်ပါဘူး။

ဘွဲ့ရရှိထားရင်တော့ ပြည်ပမှာ အလုပ်ဝင်နိုင်ဖို့ နဲ့ ပြည်တွင်းမှာ ရာထူးမြင့်ပိုင်းတွေထိ Fulltime အနေနဲ့ လုပ်ကိုင်နိုင်ဖို့ အများကြီး ပိုအထောက်အကူပြုစေမှာတော့ မှန်ပါတယ်။

Computer Science, Information Technology, Cybersecurity, Networking စတဲ့ ဘွဲ့တွေက အောက်ပါအချက်တွေမှာ အထောက်အကူပြုနိုင်ပါတယ်—

🔹 အခြေခံနည်းပညာဗဟုသုတကို စနစ်တကျ ရရှိစေခြင်း

🔹 ကုမ္ပဏီကြီးတွေရဲ့ Job Requirement တွေကို ဖြည့်ဆည်းနိုင်ခြင်း

🔹 Government Job နဲ့ အချို့သော Professional Role တွေအတွက် အခွင့်အရေးပိုရနိုင်ခြင်း

🔹 Master’s Degree နဲ့ Advanced Study တွေဆက်တက်နိုင်ခြင်း

🔹 Networking နဲ့ Internship အခွင့်အလမ်းတွေ ရရှိနိုင်ခြင်း

ဒါကြောင့် ဘွဲ့ရထားသူတွေအတွက် Career လမ်းကြောင်းတချို့မှာ အားသာချက်ရှိနိုင်ပေမယ့် ဘွဲ့မရှိတာကြောင့် Cybersecurity Career ကို စတင်လို့မရဘူးဆိုတာ မဟုတ်ပါဘူး။

Cybersecurity Career ကို စတင်ချင်သူတွေအနေနဲ့—

📌 Beginner ဖြစ်ရင်

Networking + Linux + Cybersecurity Fundamentals ကနေ စတင်လေ့လာပါ။

📌 Certificate ရယူချင်ရင်

CompTIA Security+, CEH, eJPT ,Ecppt , Oscp စတဲ့ Certification တွေကို ကိုယ့်ရဲ့ Career Goal အပေါ်မူတည်ပြီး လေ့လာနိုင်ပါတယ်။

📌 လက်တွေ့ Skill တိုးတက်ချင်ရင်

TryHackMe, Hack The Box, Home Lab နဲ့ Cybersecurity Project တွေကို လက်တွေ့လုပ်ဆောင်ပါ။

📌 အလုပ်ရဖို့ ပြင်ဆင်ချင်ရင်

Certificate တစ်ခုတည်းကို မမှီခိုဘဲ Portfolio, Lab Profile, Report Writing နဲ့ Interview Skill တွေကိုပါ တည်ဆောက်ထားသင့်ပါတယ်။

အလုပ်ရှင်တွေက ဘွဲ့ရှိ၊ မရှိကိုသာ ကြည့်တာမဟုတ်ဘဲ—

“ဒီလူက တကယ်လုပ်တတ်သလား?”

“ပြဿနာတစ်ခုကို ကိုယ်တိုင်ဖြေရှင်းနိုင်သလား?”

“လက်တွေ့အခြေအနေမှာ Security Incident ကို ကိုင်တွယ်နိုင်သလား?”

ဆိုတာတွေကိုလည်း အရေးကြီးစွာ ကြည့်ကြပါတယ်။

Techno Learn မှာ Cybersecurity ကို အခုမှစတင်လေ့လာမယ့်သူတွေအတွက် Foundation ကနေ Ethical Hacking၊ Cybersecurity Certification Preparation နဲ့ လက်တွေ့ Skill တွေအထိ အဆင့်လိုက် လေ့လာနိုင်ပါတယ်။

✨Techno Learn က Techno Learner တို့ကော...

Cybersecurity လေ့လာဖို့ ဘွဲ့ရထားဖို့ မဖြစ်မနေလိုအပ်တယ်လို့ ထင်မိလား...

ဒါမှမဟုတ် Skill နဲ့ လက်တွေ့အတွေ့အကြုံက ပိုအရေးကြီးတယ်လို့ မြင်မိကြလား...

Comment မှာ ကိုယ့်ရဲ့အမြင်လေးတွေ မျှဝေပေးခဲ့ကြပါအုံး ....

11/09/2026

💻Entry-Level အတွက် တကယ်တန်ဖိုးရှိတဲ့ နိုင်ငံတကာ အသိအမှတ်ပြု Cyber Security Certifications တွေအကြောင်းကို "Techno Learn" ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Cyber Security လောကထဲကို စတင်ဝင်ရောက်ချင်သူတွေအနေနဲ့ “ဘယ် Certification ကို အရင်ယူသင့်လဲ”၊ “Certificate ရှိရုံနဲ့ အလုပ်ရနိုင်မလား” ဆိုတာတွေကို စဉ်းစားနေကြမှာပါ။

အတွေ့အကြုံမရှိသေးတဲ့ Beginner တွေအတွက် Cyber Security အခြေခံကို စနစ်တကျ လေ့လာနိုင်ပြီး ကိုယ့်ရဲ့ CV နဲ့ Career Path ကိုလည်း အထောက်အကူပြုနိုင်တဲ့ Certification တွေကတော့—

🔹 CompTIA Security+

Cyber Security ရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ချင်သူတွေအတွက် Security+ က သင့်တော်တဲ့ Certification တစ်ခု ဖြစ်ပါတယ်။

Threats, Network Security, Identity & Access Management, Risk Management, Cryptography နဲ့ Security Operations စတဲ့ အခြေခံအကြောင်းအရာတွေကို လေ့လာနိုင်တာကြောင့် SOC Analyst, Security Analyst နဲ့ IT Security Support လို Entry-Level Role တွေအတွက် အထောက်အကူပြုနိုင်ပါတယ်။

🔹 CEH – Certified Ethical Hacker

Ethical Hacking နဲ့ Pe*******on Testing အကြောင်းကို စနစ်တကျ သိရှိချင်သူတွေအတွက် CEH က အသုံးဝင်တဲ့ Certification တစ်ခု ဖြစ်ပါတယ်။

Reconnaissance, Scanning, Enumeration, Vulnerability Analysis, Web Hacking, Malware နဲ့ Social Engineering စတဲ့ အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

🔹 eJPT – Junior Pe*******on Tester

Theory ကိုသာ လေ့လာရတာမဟုတ်ဘဲ လက်တွေ့ Pe*******on Testing Skill တွေကိုပါ တိုးတက်စေချင်သူတွေအတွက် eJPT က သင့်တော်ပါတယ်။

Network Auditing, Enumeration, Vulnerability Identification, Exploitation, Metasploit နဲ့ Basic Web Application Testing စတဲ့ အပိုင်းတွေကို လက်တွေ့လေ့ကျင့်နိုင်တာကြောင့် Junior Pe*******on Tester လမ်းကြောင်းကို စတင်ချင်သူတွေအတွက် အထောက်အကူပြုနိုင်ပါတယ်။

🔹 eCPPT – Certified Professional Pe*******on Tester

eJPT လို Entry-Level Practical Certification ကို လေ့လာပြီးတဲ့နောက် Pe*******on Testing Skill ကို နောက်တစ်ဆင့်မြှင့်ချင်သူတွေအတွက် eCPPT ကို ဆက်လက်လေ့လာနိုင်ပါတယ်။

Advanced Enumeration, Exploitation, Post-Exploitation, Active Directory, Web Application Security နဲ့ Professional Report Writing စတဲ့ အပိုင်းတွေကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

🔹 OSCP – OffSec Certified Professional

Pe*******on Testing နဲ့ Red Team Career ကို အဆင့်မြင့်မြင့် ဆက်လက်လျှောက်လှမ်းချင်သူတွေအတွက် OSCP က နာမည်ကြီးတဲ့ Advanced Practical Certification တစ်ခု ဖြစ်ပါတယ်။

Information Gathering, Exploitation, Privilege Escalation, Active Directory, Pivoting နဲ့ Report Writing စတဲ့ Skill တွေကို အချိန်ကန့်သတ်ချက်အောက်မှာ ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။

ဒါကြောင့် OSCP ဟာ Beginner တွေအတွက် တန်းပြီးစတင်သင့်တဲ့ Certification မဟုတ်ဘဲ Linux, Networking, Windows, Web Application နဲ့ Basic Scripting အခြေခံတွေ ခိုင်မာပြီး Lab Practice အတွေ့အကြုံရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။

Certification တစ်ခုရထားတာက CV ကို အားဖြည့်ပေးနိုင်ပေမယ့် Certificate တစ်ခုတည်းနဲ့ အလုပ်ရနိုင်တာတော့ မဟုတ်ပါဘူး။

လက်တွေ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်—

✅ TryHackMe / Hack The Box Lab Profile

✅ Home Lab Project

✅ Nmap, Wireshark, Burp Suite နဲ့ Linux Skill

✅ Pe*******on Testing Report

✅ GitHub သို့မဟုတ် Personal Portfolio

✅ Interview မှာ ကိုယ်တိုင်ရှင်းပြနိုင်တဲ့ Practical Knowledge

တွေကိုပါ တည်ဆောက်ထားသင့်ပါတယ်။

Techno Learn မှာ Cyber Security Career အတွက် လိုအပ်တဲ့ Foundation ကနေ Professional Certification Preparation အထိ လေ့လာနိုင်ပြီး Pre-recorded Course တွေ၊ Zoom Mentorship တွေနဲ့ One On One Zoom စတဲ့ သင်ကြားမူတွေ နဲ့ ကိုယ့်ရဲ့အချိန်နဲ့ ကိုက်ညီအောင် Security+ → CEH / eJPT → eCPPT → OSCP စတဲ့ အတန်းတွေကို သင်ယူနိုင်ပါတယ်။

✨Techno Learn က Techno Learner တို့ကော...

Cyber Security Career ကို စတင်မယ်ဆိုရင်—

Security+ → CEH / eJPT → eCPPT → OSCP

ဆိုတဲ့လမ်းကြောင်းအတိုင်း တစ်ဆင့်ချင်းသွားသင့်တယ်လို့ ထင်မိလား...

ဒါမှမဟုတ် ကိုယ့်ရဲ့ Career Goal အပေါ်မူတည်ပြီး Certification တစ်ခုကို အရင်ရွေးချယ်သင့်တယ်လို့ မြင်မိကြလား...

Comment မှာ ကိုယ်စိတ်ဝင်စားတဲ့ Certification နဲ့ အမြင်လေးတွေ မျှဝေပေးခဲ့ကြပါအုံး ....

📩 Cyber Security Certification လမ်းကြောင်းတွေအတိုင်း Security+ → CEH / eJPT → eCPPT → OSCP အသေးစိတ်သိရှိလိုပါက Techno Learn ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🌐 Website - https://technolearnmm.com

📘 Facebook - Techno Learn

📞 Phone - +95 9 766 799336

*******onTesting

04/09/2026

📲ဖုန်းခဏခဏပျောက်တဲ့ သတင်းတွေကို ပြန်ကြားနေရပြန်ပြီနော်.. 😣

ဖုန်းထဲမှာ ပါသွားတဲ့ Data တွေကို အဝေးကနေ ဘယ်လိုကာကွယ်ရမလဲ သိချင်ရင် ဒီ Video လေးကိုဆက်ကြည့်လိုက်နော်။

❗️Ethnical Hacking & Cybersecurity Course အပြင် Local & Global Cybersecurity Course စတဲ့ IT Courses တွေကို Certification & Exams ရယူဖြေဆိုနိုင်တဲ့အထိ အခြေခံကစပြီး အသေးစိတ် သင်ကြားပေးနေတဲ့
𝗧𝗲𝗰𝗵𝗻𝗼 𝗟𝗲𝗮𝗿𝗻 မှာ အခုပဲ လေ့လာနိုင်ပါပြီ။

𝗧𝗲𝗰𝗵𝗻𝗼 𝗟𝗲𝗮𝗿𝗻 ရဲ့ သင်တန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက—

📱 Phone : 09 766 799 336
📨 Messenger : m.me/technolearn

💻 နည်းပညာပိုင်းကို စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့ပါ လေ့လာပြီး မိမိစိတ်ဝင်စားတဲ့ IT လမ်းကြောင်းကို တစ်ဆင့်ချင်းစီ တည်ဆောက်ချင်တယ်ဆိုရင် Techno Learn ကနေသာ စတင်လိုက်ပါ။

04/09/2026

💻Manual Configuration တွေနဲ့ အချိန်ကုန်ခံနေမယ့်အစား Script တွေ၊ Tool တွေနဲ့ Network Operation တွေကို အလိုအလျောက် စီမံခန့်ခွဲတာဟာ Efficiency ကို မြှင့်တင်ပေးရုံသာမက Human Error တွေကိုလည်း လျှော့ချပေးနိုင်တယ့်အကြောင်းကို Techno Learn ကနေ Knowledge Sharings လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

📌Network Automation ဆိုတာ Network Device တွေရဲ့ Configuration၊ Monitoring နဲ့ Troubleshooting လုပ်ငန်းစဉ်တွေကို Software နဲ့ Script တွေ အသုံးပြုပြီး အလိုအလျောက် လုပ်ဆောင်စေတာ ဖြစ်ပါတယ်။ ဒါဟာ Network Engineer တွေအတွက် အချိန်ကုန်သက်သာစေပြီး ပိုမိုရှုပ်ထွေးတဲ့ Strategic Task တွေမှာ အာရုံစိုက်နိုင်စေပါတယ်။ဒါပေမဲ့ Automation ရဲ့ အရှိန်အဟုန်နဲ့အတူ Cybersecurity ကဏ္ဍဟာလည်း ပိုမိုအရေးပါလာပါတယ်။

🚀 Automation စနစ်တွေက Network ကို ပိုမိုမြန်ဆန်စေသလို Vulnerability တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ Automation Script တစ်ခုမှာ Security Flaw တစ်ခု ပါဝင်သွားတာနဲ့ Network တစ်ခုလုံးကို ကြီးမားတဲ့ Impact ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် Network Engineer တွေဟာ Automation ကို လေ့လာနေချိန်မှာပဲ Cybersecurity Principle တွေကိုပါ နားလည်ထားဖို့ လိုအပ်ပါတယ်။

Secure Automation ကတော့ Automation Script တွေနဲ့ Tool တွေကို Secure Coding Practice တွေနဲ့ ရေးသားနိုင်ဖို့ဖြစ်ပါတယ်။

Threat Detection & Response ကတော့ Automated System တွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ Security Threat တွေကို စောစီးစွာ သိရှိပြီး တုံ့ပြန်နိုင်ဖို့ဖြစ်ပါတယ်။

Compliance & Governance ဆိုတာကတော့ Network Security Policy တွေနဲ့ Regulatory Compliance တွေကို Automation စနစ်တွေမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့ပါပဲ။

✅ ဒါကြောင့် Network Engineer တစ်ယောက်အနေနဲ့ Cybersecurity Skill တွေ ပိုင်ဆိုင်ထားခြင်းဟာ သင့်ရဲ့ Career Path ကို ပိုမိုကျယ်ပြန့်စေပြီး Demand မြင့်မားတဲ့ Professional တစ်ယောက် ဖြစ်လာစေနိုင်မှာ ဖြစ်ပါတယ်။

အလုပ်အကိုင် ပိုင်းမှာလည်း Network နဲ့ Security နှစ်ခုလုံးကို နားလည်တဲ့သူတွေဟာ အလုပ်အကိုင်ဈေးကွက်မှာ ပိုမိုတန်ဖိုးရှိလာတဲ့ အပြင် Hybrid Skillset ကြောင့် လစာပိုမိုရရှိနိုင်ပါတယ်။Network Security Engineer၊ DevSecOps Engineer စတဲ့ ရာထူးတွေဆီကို လည်း ကူးပြောင်းနိုင်ပါတယ်။

💡Network Automation Tool တွေ (ဥပမာ- Ansible, Python Scripting) ကို လေ့လာရင်းနဲ့ Network Security Concept တွေ၊ Firewall Management၊ Intrusion Detection System (IDS) စတာတွေကိုပါ တစ်ပြိုင်တည်း လေ့လာထားသင့်ပါတယ်။ ဒါဟာ IT Industry ရဲ့ Evolution ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းပါပဲ။

‼️Techno Learn မှာ Network Engineering Course နဲ့ Cybersecurity Course တွေအပြင် Essential Linux and Linux Security Course တွေပါ သင်ကြားပေးနေပါတယ်။ Network Automation နဲ့ Cybersecurity နှစ်ခုလုံးကို တစ်ပြိုင်တည်း လေ့လာပြီး ခေတ်နဲ့အညီ တိုးတက်ချင်တယ်ဆိုရင်တော့ Techno Learn နဲ့ အတူ လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

04/09/2026

💻ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေတဲ့ Social Media တွေ၊ Cloud Storage တွေနဲ့ အခုခေတ်စားနေတဲ့ AI တွေဟာ အမြင်မှာတော့ ဒစ်ဂျစ်တယ်ပုံရိပ်တွေပဲ ဖြစ်ပေမဲ့ သူတို့ရဲ့နောက်ကွယ်မှာတော့ ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးပေးဆပ်မှုတွေ ရှိနေပါတယ်။ ဒီနေ့မှာတော့ Techno Learn ကနေ "Digital Sustainability" ဆိုတဲ့ ခေတ်သစ်နည်းပညာစိန်ခေါ်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

📌 Digital Carbon Footprint ဆိုတာ ဘာလဲ?

ကျွန်တော်တို့ Email တစ်စောင် ပို့လိုက်တိုင်း၊ Video တစ်ခု ကြည့်လိုက်တိုင်း ဒါမှမဟုတ် ChatGPT ကို မေးခွန်းတစ်ခု မေးလိုက်တိုင်းမှာ အဝေးက Data Center တွေဟာ အလုပ်လုပ်ရပါတယ်။ ဒီ Data Center တွေ လည်ပတ်ဖို့အတွက် လျှပ်စစ်စွမ်းအင် အမြောက်အမြား လိုအပ်သလို၊ သူတို့ကို အအေးခံဖို့အတွက်လည်း ရေဂါလံပေါင်း သန်းချီ သုံးစွဲရပါတယ်။

ကိန်းဂဏန်းတွေအရ ဒစ်ဂျစ်တယ်နည်းပညာလောကဟာ တစ်ကမ္ဘာလုံးက ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas) ထုတ်လွှတ်မှုရဲ့ ၄ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီး ဒါဟာ လေကြောင်းလိုင်းတွေ ထုတ်လွှတ်မှုထက်တောင် ပိုများနေတာပါ။

‼️ AI နဲ့ ပတ်ဝန်းကျင် - ဘယ်လိုဆက်စပ်နေလဲ?

AI Model တွေကို Train လုပ်တဲ့အခါမှာ သာမန်ထက် စွမ်းအင် ပိုမိုသုံးစွဲရပါတယ်။ ၂၀၃၀ ခုနှစ်လောက်မှာ AI ကြောင့် ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ တန်ချိန် ၄၄ သန်းလောက်အထိ ရှိလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒါဟာ ကျွန်တော်တို့ နည်းပညာကို ခံစားနေရပေမဲ့ တစ်ဖက်မှာတော့ ကမ္ဘာကြီးကို အပူချိန်တိုးအောင် လုပ်နေသလို ဖြစ်နေတာပါ။

ဒစ်ဂျစ်တယ်နည်းပညာတွေဟာ အစိမ်းရောင်စွမ်းအင် (Green Energy) ကို စီမံခန့်ခွဲရာမှာ အထောက်အကူပြုပါတယ်။ စက္ကူသုံးစွဲမှုကို လျှော့ချပေးနိုင်သလို၊ Smart Technology တွေကတစ်ဆင့် လုပ်ငန်းခွင်တွေရဲ့ စွမ်းအင်ဖြုန်းတီးမှုကို ၂၀ ရာခိုင်နှုန်းလောက်အထိ ပြန်လည်လျှော့ချပေးနိုင်တဲ့ အလားအလာရှိပါတယ်။

ဒါပေမဲ့ ဆိုးကျိုး (Negative Impact) အနေနဲ့ကတော့ E-waste လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်အမှိုက်တွေ များပြားလာတာပါ။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို ခဏခဏ အသစ်လဲတာ၊ အသုံးမလိုတဲ့ Data တွေကို Cloud ပေါ်မှာ အပုံလိုက် သိမ်းထားတာတွေက Data Center တွေကို ပိုမိုအလုပ်လုပ်စေပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။

နည်းပညာကို မသုံးဘဲ နေလို့မရတဲ့ ဒီခေတ်မှာ ကျွန်တော်တို့ လုပ်နိုင်တာကတော့ "Digital Hygiene" ကို လေ့ကျင့်ဖို့ပါပဲ။ အသုံးမလိုတဲ့ Email တွေ ဖျက်တာ၊ Cloud ပေါ်က Data အဟောင်းတွေကို ရှင်းထုတ်တာ၊ Devices တွေကို တတ်နိုင်သမျှ ကြာကြာသုံးတာတွေက သေးငယ်ပေမဲ့ ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပါတယ်။

အနုပညာရသ (Cinematic Soul) လိုပဲ ကျွန်တော်တို့ရဲ့ နည်းပညာသုံးစွဲမှုမှာလည်း "Ethical Soul" ရှိဖို့ လိုပါတယ်။ နည်းပညာဟာ ကျွန်တော်တို့ဘဝကို လွယ်ကူစေရုံတင်မကဘဲ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးအတွက်ပါ ဘေးကင်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် AI နဲ့ နည်းပညာတွေကို "Smart Tool" အဖြစ် သုံးစွဲရင်းနဲ့ပဲ တစ်ဖက်မှာလည်း Digital Carbon Footprint ကို သတိပြုပြီး ချင့်ချိန်သုံးစွဲကြဖို့ Techno Learn ကနေ တိုက်တွန်းလိုက်ပါတယ်။

‼️ "Technolearn" မှာ လည်း လက်ရှိအနေနဲ့ Basic To Advance Course(A+), Network Engineering Course, Essential Linux and Linux Security Course, Cybersecurity Course, Websecurity Course စတဲ့ နည်းပညာသင်တန်း အပြင်

နိုင်ငံတကာ အသိအမှတ်ပြု Cybersecurity Cert တွေ ကို သင်ကြားပေးနေလျှက်ရှိတာမို့ မိမိ လေ့လာလိုတဲ့ နည်းပညာလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး အခမဲ့ မှာ မေးမြန်းနိုင်ပါတယ်။

02/09/2026

💻Linux မှာ File တွေကို ဘယ်သူပိုင်သလဲ၊ ဘယ်သူက ဖတ်နိုင်၊ ပြင်နိုင်၊ အသုံးပြုနိုင်သလဲဆိုတာ စီမံဖို့ chmod နဲ့ chown ဆိုတဲ့ Command နှစ်ခုကို အသုံးပြုရမယ်ဆိုတာ သိပြီးကြပြီလား ...

အလွယ်မှတ်နိုင်အောင် chmod ကို “တံခါးဖွင့်ခွင့် သတ်မှတ်တာ” နဲ့ chown ကို “အိမ်ပိုင်ရှင် ပြောင်းတာ” လို့ ဥပမာထားပြီး "Techno Learn " ကနေ Tech Learner တို့ အတွက် ရှင်းပြပေးလိုက်ပါတယ်။

chmod ဆိုတာ က File ဒါမှမဟုတ် Folder ရဲ့ Permission ကို ပြောင်းလဲပေးတဲ့ Command ဖြစ်ပါတယ်။ ဘယ်သူက File ကို ဖတ်နိုင်မလဲ၊ ပြင်နိုင်မလဲ၊ အသုံးပြုနိုင်မလဲဆိုတာကို သတ်မှတ်ပေးနိုင်ပါတယ်။

ဥပမာ - အိမ်တစ်အိမ်မှာ အိမ်ပိုင်ရှင်က အခန်းအားလုံးကို ဝင်ခွင့်ရှိနိုင်ပေမယ့် မိသားစုဝင်တွေက တချို့အခန်းပဲ ဝင်ခွင့်ရှိတာ၊ အပြင်လူတွေကတော့ ဝင်ခွင့်မရှိတာမျိုး ရှိနိုင်ပါတယ်။ File Permission ကလည်း ဒီလိုပဲ User၊ Group နဲ့ Others ဆိုပြီး ခွဲခြားသတ်မှတ်ထားတာမျိုး ဖြစ်ပါတယ်။

Permission သုံးမျိုး ကို စပြောပြရရင်တော့

▪️ r – File ကို ဖတ်နိုင်ခြင်း
▪️ w – File ကို ပြင်နိုင်ခြင်း
▪️ x – File ကို Run လုပ်နိုင်ခြင်း၊ Folder ထဲ ဝင်ရောက်အသုံးပြုနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဥပမာ chmod 644 ဆိုရင် File ပိုင်ရှင်က ဖတ်နိုင်၊ ပြင်နိုင်ပြီး အခြားသူတွေကတော့ ဖတ်နိုင်ရုံသာ ရှိမှာ ဖြစ်ပါတယ်။ Text File နဲ့ Document File တွေအတွက် ဒီ Permission ကို တွေ့ရများပါတယ်။

chmod 755 ဆိုရင်တော့ ပိုင်ရှင်က ဖတ်၊ ပြင်၊ Run လုပ်နိုင်ပြီး အခြားသူတွေက ဖတ်ရှုနဲ့ Run လုပ်နိုင်မှာ ဖြစ်ပါတယ်။ Script File တွေကို အသုံးပြုတဲ့အခါ ဒီလို Permission မျိုးကို တွေ့ရတတ်ပါတယ်။

chown ဆိုတာ ကတော့ File ဒါမှမဟုတ် Folder ရဲ့ Owner နဲ့ Group ကို ပြောင်းလဲပေးတဲ့ Command ဖြစ်ပါတယ်။

အိမ်ဥပမာနဲ့ ပြောရရင် chmod က အိမ်တံခါးကို ဘယ်သူဝင်ခွင့်ရှိသလဲ သတ်မှတ်တာဖြစ်ပြီး chown ကတော့ အဲဒီအိမ်ရဲ့ ပိုင်ရှင်ကို ပြောင်းတာ ဖြစ်ပါတယ်။

ဥပမာ Website File တွေကို Website Service အသုံးပြုတဲ့ User ပိုင်အောင် ပြောင်းရတာမျိုး၊ Project Folder ကို သက်ဆိုင်ရာ Team Group ပိုင်အောင် သတ်မှတ်ရတာမျိုးတွေမှာ chown ကို အသုံးပြုပါတယ်။

အတိုချုပ်ပြောရရင်—

🔐 chmod = ဘယ်သူတွေ ဘာလုပ်ခွင့်ရှိသလဲ သတ်မှတ်တာဖြစ်ပြီး
👤 chown = File ကို ဘယ်သူပိုင်သလဲ ပြောင်းတာပါ။

chmod နဲ့ chown ကို မမှန်ကန်ဘဲ သုံးမိရင် File တွေကို မဖတ်နိုင်တာ၊ Service တွေ အလုပ်မလုပ်တော့တာ၊ Security အားနည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မသေချာဘဲ Permission အားလုံးကို လူတိုင်းအတွက် ဖွင့်ပေးတာမျိုး မလုပ်သင့်ပါဘူး။

လက်တွေ့အသုံးပြုမယ့် Command နဲ့ Script အသေးစိတ်တွေကို Comment မှာ ပြထားပါတယ်။

Linux၊ Server Administration နဲ့ IT Support ပိုင်းတွေကို စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့လေ့လာချင်ရင်တော့ Techno Learn ကို အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက Pagev Messenger မှာ LINUX လို့ ပို့ထားလိုက်တော့နော် ...

📞 09766799336
📧 [email protected]
🌐 technolearnmm.com

01/09/2026

💻ထိုင်းနိုင်ငံ ကနေ One On One Zoom Class အနေနဲ့ တက်ရောက်ပြီး Comptia Security + 701 ကို ယနေ့ အောင်မြင်သွားတဲ့ ကျောင်းသားဖြစ်ပါတယ်ခင်ဗျာ။

‼️"Techno Learn" မှာ လက်ရှိ One on one အနေနဲ့ Comptia Security+ 701 ကို တက်ရောက်နိုင်ပြီး

📌Video Rec class အနေနဲ့ တက်လိုသူများလည်း Page Messenger မှာ စုံစမ်းမေးမြန်းလို့ရပါတယ်။

#701

Telephone

Address


Near MICT Park Area
Hlaing