Micro Bean

Micro Bean

Share

𝑳𝒆𝒕 𝒖𝒔 𝒈𝒓𝒐𝒘 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓

Photos from Micro Bean's post 08/06/2026

‼️ Shipment Update ‼️

Micro Bean ရဲ့ Customer များခင်ဗျာ
လက်ရှိ ရက် 100 စီမံကိန်း အတွင်းမှာ
သွင်းကုန်လိုင်စင် ချထားမှုကို အရင်က
ထက် ပိုမို ကြပ်မတ်ထားပါတယ်ခင်ဗျ။

နောက်ဆက်တွဲ အနေဖြင့် Admin တို့ ရှေ့
အစောပိုင်းက အသုံးပြုနေတဲ့ လမ်းကြောင်း
ကိုပါ ထိခိုက်မှု ရှိခဲ့တာကြောင့် ကုန်ပစ္စည်း
အဝင်တွေ သာမန်ထက်ပိုပြီး အချိန်
နောက်ကျနေခြင်းဖြစ်ပါတယ်ခင်ဗျ။

ယခုလက်ရှိ ဒီပြဿနာကို ကြုံတွေ့နေရသည်မှာ
Logistics အများစု ဖြစ်တဲ့အတွက် Customers
တွေ ကိုယ်တိုင်လည်း ပစ္စည်းအဝင်ရှိမရှိ ကိုစုံစမ်း
ကြည့်နိုင်ပါတယ်ခင်ဗျ၊ ပုံမှန်ထက် ပိုခက်ခဲ့တဲ့
အခြေအ​နေမျိုး ကို အကုန် ကြုံနေကြရတာပါ။

Admin တို့လည်း အခုလက်ရှိ လမ်းကြောင်းအသစ်
ကို ကုန်ပစ္စည်းတွေ Re-Shipment ပြန်ပို့ထားပြီးပြီ
ဖြစ်ပါတယ်၊ကျွန်တော်တို့ Logistics Service ပေးနေ
ရတဲ့ ကုန်အများစုက Machinery တွေဖြစ်တာမလို့
ကုန်ပစ္စည်းတွေ အမှားအယွင်းမရှိ လုံခြုံမှု ရှိစေဖို့ကို
အဓိက ဦးစားပေး ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

မြဝတီမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကိုတော့
ဒီလအတွင်း ရန်ကုန် ဝင်နိုင်ဖို့ တင်ပို့ထားပြီး
ဖြစ်ပါတယ်ခင်ဗျာ၊လမ်းခရီး အခက်အခဲတွေ
ကြောင့် ကုန်ကျစရိတ် အပြောင်းအလဲတော့
ရှိလာနိုင်တဲ့ အကြောင်း အသိပေးပါရစေ။

ယခုလက်ရှိ ကုန်ပစ္စည်း ပုံမှန်ဝင်နေတဲ့လမ်း
ဆိုရင်တော့ လေကြောင်းလမ်းရှိပါမယ်ခင်ဗျ 🙏

အောက်က ပုံမှာပါတဲ့ ပစ္စည်းလေးတွေကတော့
Tracking Number ပျက်ပြီး ရောက်လာလို့ ပိုင်ရှင်
မတွေ့သေးတဲ့ ပစ္စည်းလေးတွေပါခင်ဗျ၊မှာယူထား
တဲ့ Screenshot နှင့် တကွ လာထုတ်ယူနိုင်ပါတယ်

28/03/2026

လေကြောင်းသယ်ယူပို့ဆောင်ရေးနှုန်းထား ပြောင်းလဲခြင်း

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေအရ
Flight အခက်အခဲ နဲ့ လေယာဉ်ဆီရရှိဖို့ ခက်ခဲလာခြင်းကြောင့် လေကြောင်းလိုင်းများမှ သယ်ယူစရိတ် (Air Freight) ဈေးနှုန်းများ မြင့်တက်သွားပါတယ်ခင်ဗျ။

ကျွန်တော်တို့ Micro Bean အနေနဲ့ ဝန်ဆောင်မှုများကို ရေရှည်ဆက်လက်ပေးနိုင်ရန်အတွက် သယ်ယူစရိတ်
အား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ရခြင်း
ကို အသိပေးအပ်ပါတယ်ခင်ဗျာ။

🔹 ဈေးနှုန်းအပြောင်းအလဲ
မူလဈေးနှုန်း 75 ယွမ် မှ ၁၀၀ ယွမ် သို့
ပြောင်းလဲကောက်ခံသွားပါ့မယ်ခင်ဗျ။

⚠️ သတ်မှတ်ရက်စွဲ
၂၂ ရက်နေ့ နောက်ပိုင်း ဂိုဒေါင်သို့ ရောက်ရှိလာသော
ပစ္စည်းအားလုံးအတွက် ဈေးနှုန်းအသစ် (၁၀၀ ယွမ်)
နူန်းးထားမှာ အကြုံးဝင်မည် ဖြစ်ပါသည်။

၂၂ ရက်နေ့ မတိုင်ခင် ဂိုဒေါင်ရောက်ရှိပြီးသော ပစ္စည်း
များကိုမူ မူလဈေးနှုန်း (၇၅ ယွမ်) ဖြင့်သာ ဆက်လက်
ကောက်ခံပေးသွားပါမည်။

လုပ်ငန်းခွင်အခြေအနေအရ မဖြစ်မနေ ဈေးနှုန်း
ညှိနှိုင်းလိုက်ရခြင်းအပေါ် မိမိတို့ရဲ့ Customer များ
နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက 𝐌𝐢𝐜𝐫𝐨 𝐁𝐞𝐚𝐧 ရဲ့
𝐏𝐡 - 𝟎𝟗 𝟕𝟓𝟔 𝟐𝟎𝟎 𝟐𝟒𝟗 သို့ ခေါ်ဆို နိုင်ပြီး
အမှတ် ၅၊ မြေညီထပ်၊ မယ်ဇီကုန်းလမ်း
နှင့် ဘူတာရုံလမ်းထောင့်၊ ၆ ရပ်ကွက် ၊
လှိုင် မြို့နယ် သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/03/2026

Air Cargo နဲ့ ပစ္စည်းမှာထားတဲ့ Customers များခင်ဗျာ

📅 2026 မတ်လ 17 ရက် ရန်ကုန်ကို ဆိုက်ရောက်ရမယ့်
ကုန်တင်လေယာဉ်နှစ်စင်းဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု (mechanical failure) ကြောင့် Cancel ဖြစ်သွားခဲ့ရတဲ့
အတွက် ကုန်ပစ္စည်းအဝင် လေးရက်ခန့် ပိုမို ကြန့်ကြာ
သွားခဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျ၊လက်ရှိ ၅ ရက်နေ့က
ပစ္စည်းများအထိပဲ ရန်ကုန်ကို အဝင်ရှိပါသေးတယ်

ထပ်မံ တင်းကြပ်လိုက်တဲ့ စည်းကမ်းတွေ အရလည်း
အချို့သော Metals ပစ္စည်းများ လတ်တလောပို့ဆောင်
၍ မရနိုင်သေးပါဘူးခင်ဗျ၊ အဆင်မပြေမှုများ အတွက်
Micro Bean မှ အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျ 🙏

Micro Bean မှာက Hand Carry Service မရှိတဲ့
အတွက် အခြား Cargo တွေ သယ်ဆောင်လို့ရနေတဲ့
ပစ္စည်းမျိုးတွေကို မပို့ဆောင်နိုင်ရခြင်းဖြစ်ပါတယ်၊
ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းမျိုးဆိုရင်ဖြင့် ပုံမှန်ထက်
စျေးနူန်းသက်သာစွာနဲ့ သယ်ယူနိုင်ပါတယ်ခင်ဗျ။

အသေးစိတ်သိရှိလိုပါက 𝐌𝐢𝐜𝐫𝐨 𝐁𝐞𝐚𝐧 ရဲ့
𝐏𝐡 - 𝟎𝟗 𝟕𝟓𝟔 𝟐𝟎𝟎 𝟐𝟒𝟗 သို့ ခေါ်ဆို နိုင်ပြီး
အမှတ် ၅၊ မြေညီထပ်၊ မယ်ဇီကုန်းလမ်း
နှင့် ဘူတာရုံလမ်းထောင့်၊ ၆ ရပ်ကွက် ၊
လှိုင် မြို့နယ် သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from Micro Bean's post 04/03/2026

28 ရက်နေ့ China က တင်လိုက်တဲ့ ပစ္စည်းတွေ
ဒီနေ့ 4 ရက်နေ့ ရန်ကုန်ရောက်လာပြီနော် 📦🛩️

တချို့ Customers အမေးများတတ်ကြတဲ့
မေးခွန်းလေးတွေ ကို ဖြေပေးထား ပါတယ်🙏

💬 ကိုယ်တိုင်မှာတဲ့ ပစ္စည်းမျိုးလက်ခံပေးလား ?

👉 လေဆိပ်မှာ ကုန်ပစ္စည်းတင်ပို့နိုင်ဖို့ကခက်ခဲပြီး
အမြဲလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက
သေချာစွာ စိစစ်ထားတဲ့ အတွက် Customers
တွေမှာလိုက်တဲ့ ပစ္စည်းတွေမှာ ထုတ်ထားတဲ့
စည်းကမ်းချက်နဲ့ မကိုက်ညီတာမျိုးပါခဲ့ရင်
ကုန်ပစ္စည်း သိမ်းဆည်းခံရနိုင်တဲ့ Risk ရှိတဲ့
အတွက် Customers တွေ ကိုယ်တိုင်ဝယ်ယူ
တာမျိုး လက်မခံရခြင်းဖြစ်ပါတယ်ခင်ဗျ၊
ကျနော်တို့ ကိုယ်တိုင် နေ့စဉ်မူဝါဒ အပြောင်း
အလဲတွေနဲ့ ကိုက်ညီအောင် လုပ်နေရတာပါ

💬 Supplier ခ ဘယ်လို ယူပါသလဲ ?

👉 Supplier Service အတွက်ဝန်ဆောင်ခ
လုံး၀ ပေးချေစရာမလိုပါဘူးခင်ဗျ

💬 ပစ္စည်းအတွက်ကို တာဝန်ယူပေးလား ?

👉 ကျွန်တော်တို့က တာဝန်ယူ သယ်ယူပေးနိုင်တဲ့
ပစ္စည်းကိုသာ ဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက်
Insurance Charges 4% ပေးပြီးသယ်ယူထားတဲ့
ပစ္စည်းတွေ အတွက်ကို အာမခံပါတယ်ခင်ဗျ

💬 အစ်မတို့ သယ်တဲ့ Air Cargo က တစ်လဝန်းကျင်
ကြာတယ်၊၇ ရက်ကနေ ၁၂ ရက်အတွင်းရောက်တယ်
ဆိုတာ ဖြစ်နိုင်ပါ့မလား ?

👉 တရုတ် ကနေ ရန်ကုန် လေယာဉ်ရောက်ဖို့ ၂ နာရီ
ကနေ ၂ နာရီ ခွဲအတွင်းသာကြာမြင့်တဲ့ အတွက်
လေဆိပ်မှာ အခြားသောအခက်အခဲ မရှိခဲ့ဘူး
ဆိုရင် ၇ ရက်ကနေ ၁၀ ရက်အတွင်းမရောက်
နိုင်စရာအကြောင်း မရှိပါဘူးခင်ဗျ။တလကြာ
မြင့်ခဲ့ရင်လည်း လေကြောင်းက မဖြစ်နိုင်ပါ။

💬 သယ်ယူစရိတ် ဘယ်လောက်ကျမလဲ?

👉 3Kg နှင့်အထက် 1 Kg - 75 ယွမ်
1Cbm - 12,525 ယွမ် ကျပါမယ်ခင်ဗျ

မယုံလို့ လာမေးကြတဲ့ Customer တွေ အတွက်လည်း
ပုံနှင့်တကွ သက်သေပြပေးထားပါတယ်ခင်ဗျာ 🙏

အသေးစိတ်သိရှိလိုပါက 𝐌𝐢𝐜𝐫𝐨 𝐁𝐞𝐚𝐧 ရဲ့
𝐏𝐡 - 𝟎𝟗 𝟕𝟓𝟔 𝟐𝟎𝟎 𝟐𝟒𝟗 သို့ ခေါ်ဆို နိုင်ပြီး
အမှတ် ၅၊ မြေညီထပ်၊ မယ်ဇီကုန်းလမ်း
နှင့် ဘူတာရုံလမ်းထောင့်၊ ၆ ရပ်ကွက် ၊
လှိုင် မြို့နယ် သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

24/02/2026

တရုတ်ပြည်မှ ရန်ကုန်သို့ 12 ရက်အတွင်း ပို့နိုင်ဖို့
Micro Bean ရဲ့ Air Cargo က အသင့်ရှိနေပြီနော် 🛩️

Blind Box 300Kg စာ နှင့် အခြားကုန်ပစ္စည်းများ
ကို တရုတ်ပြည်မှ ရန်ကုန်အရောက် 11 ရက်အတွင်း
Customers လက်ထဲ အရောက်ပို့ဆောင်ပေးခဲ့ပါပြီ
မှာယူချင်တဲ့ Customers များဆက်သွယ်နိုင်ပါတယ်

လေကြောင်းသယ်ယူခ နူန်းထားတွေကတော့

1 ကီလို - ၇၅ ယွမ်

1 Cbm - ၁၂,၅၂၅ ယွမ် ကျသင့်မှာပဲဖြစ်ပါတယ်ခင်ဗျ။

ကုန်ပစ္စည်းအများ သယ်ယူမယ့် Customers များလည်း
သယ်ယူခနူန်းထား များကို ညှိနိူင်းပေးပါတယ်ခင်ဗျာ။

🚨 လေယာဉ် ဖြင့် သယ်ယူတာ ဖြစ်တဲ့အတွက်
ဥပဒေ အရတားမြစ် ကုန်ပစ္စည်းများ လက်မခံပါ 🚨

🚫 Battery-Powered Devices 🚫

🚫 Liquid items 🚫

🚫 Magnetic 🚫

🚫 Branded/Copy items 🚫

စသည့် ပစ္စည်းများသယ်ယူ၍ မရနိုင်ပါဘူးခင်ဗျာ
အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🙏

09/01/2026

Air Cargo Customers များခင်ဗျာ

MAI မှ ဇန်နဝါရီလ 8 ရက်၊ 9 ရက် တွင်
စီစဉ်ထားသည့် (Yagon - Kunming – Yangon)
Cargo Flight များအား လေယာဉ် စက်ပိုင်းဆိုင်ရာ
ပြဿနာ (Mechanical Issue) ဖြစ်ပေါ်ခဲ့သဖြင့်
လေကြောင်းလုံခြုံရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီ
မှုမရှိသောကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရပါတယ်။

ဤအခြေအနေများကြောင့် Micro Bean မှ
ပစ္စည်းမှာ ယူထားတဲ့ Customer များအနေဖြင့်
Delivery Schedule များတွင်နှောင့်နှေးမှုများရှိ
နိုင်ကြောင်းကို ကြိုတင်အသိပေးပါရစေခင်ဗျာ 🙏

06/01/2026

Micro Bean ရဲ့ Customer များခင်ဗျာ

နှစ်သစ်မှာ သတင်းကောင်းအနေဖြင့်
လမ်းကြောင်းအသစ်မှ ပစ္စည်းများ
တောက်လျှောက်ဝင်ဖို့ ရှိပါတယ်နော်

11 လပိုင်း 20 ဝန်းကျင်က Order တွေ
အထိပါပါမယ်ခင်ဗျ၊ပစ္စည်းရောက်တဲ့
Customer များကို Page မှ အမြန်ဆုံး
အကြောင်းကြားပေးသွားပါ့မယ်ခင်ဗျာ၊

လက်ရှိ 1Kg 25 ယွမ် နူန်းဖြင့် တရုတ်ပြည်
မှ ရန်ကုန် အရောက်ပို့ဆောင်ပေးနေပါတယ်၊
နေရာအခက်အခဲ ကြောင့် ပစ္စည်းရောက်တဲ့
Customers များလည်း အမြန်ပစ္စည်းထုတ်ယူ
ပေးဖို့ ကို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ 🙏

Photos from Micro Bean's post 06/12/2025

Micro Bean ရဲ့ Customers များခင်ဗျာ

ကုန်ပစ္စည်း တင်ပို့ရတဲ့ အခက်အခဲတွေ
ကြောင့် သယ်ယူပို့ဆောင်ခနူန်းထားများကို

ပုံမှန်လမ်းကြောင်း

𝟐𝟎𝐑𝐦𝐛 ➡️ 𝟐𝟓𝐑𝐦𝐛( ကြာချိန် 𝟒𝟓-𝟔𝟎𝐝𝐚𝐲𝐬)

လေကြောင်းလမ်း

𝟕𝟎𝐑𝐦𝐛 ➡️ 𝟕𝟓𝐑𝐦𝐛 ( ကြာချိန် 𝟓-𝟏𝟎𝐝𝐚𝐲𝐬)
(ကုန်ပစ္စည်း ကန့်သတ်ချက် များရှိပါတယ်)

သို့ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

ကုန်ပစ္စည်းတင်သွင်းရာမှာ လမ်းအခက်အခဲတွေ
ပိုမို များပြားလာတာကြောင့်သာ စျေးနူန်းပြောင်း
လဲရခြင်းဖြစ်ပါတယ်ခင်ဗျ၊Micro Bean အနေဖြင့်
စတင်လုပ်ကိုင်ချိန်ထဲက Customer များအတွက်
အသက်သာဆုံးနူန်းထားများဖြင့် ကုန်ပစ္စည်းများစွာ
သယ်ယူပို့ဆောငိပေးခဲ့တာမလို့ အခု စျေးနူန်းပြောင်း
လဲမှုကို နားလည်ပေးနိုင်မယ် မျှော်လင့်ပါတယ်ခင်ဗျ 🙏

10/11/2025

လေကြောင်းဖြင့် မှာယူပြီး Delayed ဖြစ်ခဲ့ရတဲ့
Shipment ဒီနေ့ YGN terminal ကို စဝင်ပါမယ်
Customs clearance process အပြီး ခန့်မှန်းခြေ
Wednesday လောက် ပစ္စည်းထုတ်လို့ရပါမယ်ခင်ဗျ။

မြဝတီမှာ ပိတ်မိနေတဲ့ ပစ္စည်းတွေကိုတော့
ကားနဲ့ တဆင့်ပြန်ခွဲပြီး သယ်ပေးနေပါတယ်၊
လမ်းကြောင်း မကောင်းသေးတာမလို့ ပစ္စည်း
အသေး သီးသန့်သာ ထုတ်လို့ရပါဦးမယ်ခင်ဗျ။

ပစ္စည်းရောက်ရှိတဲ့ Customers တွေကိုလည်း
အမြန်ဆုံး အကြောင်းကြားပေးသွားပါမယ်ခင်ဗျ 🙏

22/10/2025

Micro Bean ရဲ့ Customer များခင်ဗျာ

ယခုမှ စ၍ ကုန်ပစ္စည်းသယ်ယူစရိတ်များကို
အောက်ပါ MMQR payment တခုတည်းဖြင့်
သာ လက်ခံသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

ကုန်ပစ္စည်း သယ်ယူခတွေအတွက်သာဖြစ်ပါတယ်❗️
Pay အတော်များများကလည်း ငွေချေနိုင်တာမလို့
Customers တွေ အဆင်ပြေဖို့ မျှော်လင့်ပါတယ် 🙏

❗️သတိပေးချက်❗️

ဆိုင် QR ကို လူလိမ်များ အသုံးချ
မှုများမှ ကင်းဝေးစေရန် အတွက်

ပစ္စည်းဝယ်ယူနေကြ Customers များမှ
လွဲပြီး အခြားသူများမှ ငွေမှားလွှဲ၊အခြား
သောအကြောင်းများကြောင့် ငွေပြန်ထုတ်
ယူလိုပါက ဆောင်ရွက်ပေးသွားမည်မဟုတ်ပါ။

Telephone

Address


No. 5, Ground Floor, Mae Zi Gone Road, Hlaing Tsp. , Yangon
Hlaing
11051

Opening Hours

Tuesday 09:00 - 05:30
Friday 09:00 - 17:30
Saturday 09:00 - 17:30