EPM hand made

EPM hand made

Share

ရက်ချိန်း မြန်ဆန် တိကျရန် EPM handmade

22/05/2026

Summer crochet class တစ်ခု ပြီးဆုံးသွားပါပြီ။
အချိန် သုံးလပေးရပြီ တစ်လကို ရှစ်ရက် ၊ တစ်နေ့ကို တစ်နာရီခွဲပါ။

အခြေခံအဆင့်မှာ ကျူးလစ်ပန်း ၊ ကလစ် ၊ အရုပ် တစ်မျိုး ဆီသင်ပေးပါတယ်။

Summer class က နွေရာသီ အတန်း မရှိတော့ ပေမဲ့ စနေ ၊ တနင်္ဂနွေ in person ညနေ ၃:၃၀ကနေ ၅:၀၀အထိ လှိုင်မြို့နယ်မှာ အတန်းရှိပါတယ်။

တက်ချင်ရင် အချိန်မရွေး ဟဲလိုလိုက်ပါ။

Photos from EPM hand made's post 14/05/2026

သင်တန်းသူ သမီးလေး ထိုးထားတဲ့ လက်ရာ တစ်ခုပါ။ သူဘာသာ အွန်လိုင်းက ရှာပြီး ထိုးထားတာပါ။ အခြေခံရသွားရင် ကိုယ်ဘာသာ အွန်လိုင်းမှာ self study လုပ်လို့ရပါပြီ။

တီချယ်နဲ့ သင်ချင်ရင်တော့ အွန်လိုင်း class ရှိပါမယ်။ ခက်ခဲတဲ့ ပတ်တမ်တွေ သင်မှာပါ။ ရှောင်ရန် ၊ ဆောင်ရန်တွေ သင်မှာပါ။

09/05/2026

ပြောပြမယ်‌ေနာ် ကလေးတွေပဲ သင်မဲ့ အိုင်ဒီယာ ဘာလို့ ရလာတဲ့အကြောင်း

Crochet လောကမှာ brand ပေါက်နေတဲ့သူတွေရှိတယ်။ သူတို့ရဲ့ marketing skill ကို ကိုယ်က လိုက်ကြည့်ပါတယ်။ ဘယ်သူ ဘာနဲ့ ပေါက်လဲ သူတို့ အတွေ့ကြုံတွေ ၊ အခက်ခဲတွေ နားထောင်ပါတယ်။

B*H က အရင်ဆုံး သူထိုးတဲ့ အိတ်ကို brand ပေါက်အောင် လုပ်တယ်။ နောက်ပြီး သင်တန်းခေါ်တယ်။ သူ့ရဲ့ content creation တိုင်းက ကလေး အမေတွေ နဲ့ အိမ်မှာ နေတဲ့သူတွေကို သူက target ထားတာ။

သူက သူလမ်း သူဖောက်ပြီး အောင်မြင်သွားတယ်။ သူလမ်းတိုင်း မလိုက်ချင်ပါဘူး။

ကိုယ်ရဲ့ ဉာဏ်က သူများလမ်းဆိုရင် သိပ်လုပ်ချင်တဲ့သူ မဟုတ်ဘူး။

အတုတော့ ယူတယ်။ ယူတဲ့ အတုက ပုံတူ မဟုတ်ဘူး။ သူဘယ်လို အိုက်ဒီယာ ယူလဲ။ ငါဆိုရင် ဘယ်လို လုပ်ရင် ရမလဲနဲ့ စဉ်းစားတယ်။

Crochet မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ထိုးတာ မတူပါဘူး။ အချို့က အိတ်လိုင်း ၊ အချို့က ဖိနပ်လိုင်း ၊ အချို့က အင်္ကျီလိုင်း ၊ အချို့က အရုပ် လိုင်း၊ အချို့က ပန်းလိုင်း၊ အချို့က ကလစ်၊ ဘီးကုပ် ၊ ခေါင်းစည်းကွင်း ၊ အချို့က ဦးထုပ်၊ အချို့က အရုပ် အမျိုးစား အရမ်းစုံပါတယ်။

ကိုယ်အာသီသ ရှိတာက ပန်း ၊ ကလစ်၊ ဘီးကုပ်၊ ခေါင်းစည်းကွင်း ၊ အရုပ်မို့ ကလေးတွေ အကြိုက်ပါပဲ။ အဲ့တော့ ငါ target ငါ ပစ်မှတ်က ကလေးတွေပဲ ရည်ရွယ်မယ် ဆိုပြီး ရွေးချယ်ဖြစ်ပါတယ်။

အွန်လိုင်း အတန်းတွေကလည်း မှိုလို ပေါက်အောင် ပေါနေတော့ အိမ်လိုက်သင်တာနဲ့ ကိုယ်အိမ်မှာ သင် တဲ့ in person အတန်းကို ရွေးချယ်ဖြစ်တယ်။

ကလေးတွေက အခုမှ ချည်စ ကိုင်မှာမို့ အွန်လိုင်းနဲ့ အဆင်မပြေတဲ့သူက အများစုမို့ in person အတန်းလေး ဖွင့်မယ် စိတ်ကူးဖြစ်ပါတယ်။

ဆယ်ကျော်သက် ကလေးတွေကို target ထားတယ်။ Page မှာ ကလေးတွေကို ရည်ရွယ်တဲ့ content လေးတွေ ရေးတယ်။ ကိုယ်ဝင်ထားတဲ့ group တွေမှာ ရှယ်တယ်။

ပထမဆုံး ဆယ်ကျော်သက် ကလေး နှစ်ယောက်နဲ့ adult တစ်ယောက်ရတယ်။ ခရီးတော့ အဆုံးထိ မရောက်ဘူး။ အခြား အလုပ်ပေါ်လာလို့ အတန်းတွေ ဖျက်လိုက်ရတယ်။

Page မှာတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ အမြဲတင်ဖြစ်တယ်။

ကလေးတွေပဲ သင်ပေးချင်တော့ summer ဖွင့်ကြည့်တယ်။ မိတ်ဆက်ပေးတဲ့ လူကောင်းနဲ့ ဆုံရတယ်။ အထိုက်အလျှောက် သင်တန်းသား ရတယ်။

ကနဦးအစမှာ တင် အထိုက်အလျှောက် အောင်မြင်မှု ရခဲ့တယ်။တစ်ယောက်စကား တစ်ယောက်နားနဲ့ ပူးပေါင်းကူညီပေးတဲ့သူတွေ အားလုံး ကျေးဇူးတင်ပါတယ်။

လာတက်တဲ့ ကလေးတွေက private school နဲ့ International school တက်တဲ့ ကလေး တွေ ပါတယ်။ မိဘတွေ hand made ကို စိတ်ဝင်စားလို့ အံဩသင့်ရပါတယ်။

စနေ ၊တနင်္ဂနွေ အတန်းလေးတွေတော့ ကျောင်းပိတ်ရက်တွေမှာ ဖွင့်သွားမှာပါ။

အခုက အိမ်မှာ သင်တဲ့ အတန်းပဲရှိပါတယ်။ တက်ချင်တဲ့သူတွေ message မှာ ဖုန်းနံပါတ်ချန်ထားပေးပါ ပြန်ဆက်သွယ်ပါ့မယ်ရှင့်။

09/05/2026

စနေ ၊တနင်္ဂနွေ crochet အိမ်သင်တန်းလေး။ လက်ရှိ သုံးယောက်ပါ။ အိမ်တက်ချင်တဲ့သူတွေ join လို့ရပါတယ်။

မတတ်မှာ မပူနဲ့နော်။ ချည်ကိုင်နည်း ၊ ချည်ယူနည်း သေချာကြည့်ပေးတယ်။ ချည်ကိုင်နည်း ၊ ချည်ယူနည်း မမှန် အဆင့် မတက်ပေးဘူး။

အခြေခံ ဆုံး ဖြစ်တဲ့ ချည်ကိုင်နည်း ၊ ချည်ယူနည်းက first ပထမဆုံးပါပဲ။ အဲ့ဒါမမှန်ရင် ပတ်တမ် ဖတ်တတ်ရင်လည်း အလကားပါ။

သိတာနဲ့ လက်တွေ့ လိုက်လုပ်တာ ပေါင်းမှ ကျွမ်းကျင်မှု ရတာပါ။ ကျောင်းဖွင့်ရက်တွေ စနေ ၊ တနင်္ဂနွေ အတန်းရှိပါတယ်။

ညနေ ၃ နာရီခွဲကနေ ၅ နာရီ အထိပါ။ မနက်ပိုင်းကတော့ မအားပါ။

03/05/2026

Crochet သင်တန်းက ဒီလ ရတဲ့ လစာလေးတွေပါ။ သုံးပုံ နှစ်ပုံပါ။ တစ်ပုံကတော့ သုံးလို့ကုန်ပါပြီ။

အိဖြူရဲ့ တတ်သိပညာ မနေသာ ကနေ ရှာတဲ့ passive income ဖြစ်ပါတယ်။ ချည်ထိုး သင်ရတာ ပျော်တာက ဒီငွေကြေးထက် ပိုပါတယ်။

ကိုယ်သင်‌ေပးတဲ့ သူတို့လေးတွေ ထိုးတတ်ရင်ပို ပျော်ပါတယ်။ ပျော်နေတဲ့ ပီတိက သင်တန်းကြေးထက် ပိုပါတယ်။

Photos from EPM hand made's post 03/05/2026

မတ်လက စတက်တဲ့ သမီးလေးရဲ့ ကလစ် လက်ရာပါ။ ဒီသုံးလအတွင်း ပြောသမျှ နားထောင် ၊ သင်သမျှ မငြီးမငြူးလုပ်ပေးတဲ့ မီးမီးလေးကို ကျေးဇူး တင်ပါတယ်။

အခြေခံပတ်တမ်တွေ သင်ပြီးရင် လက်ရာ မငြိမ်သေးတဲ့ ကလေးတွေကို လက်တွေ့ လုပ်တဲ့အနေနဲ့ လွယ်တာလေးတွေ စသင်ပါတယ်။

ကလစ် ၊ ကျူးလစ်၊ အရုပ် (လွယ်တာလေးတွေပါ)
။ သူတို့လေးတွေ ဒါတွေပြီးရင် ကိုယ်ဘာသယ self study လုပ်လို့ ရပါပြီ။

မဟုတ်ဘူး တီချယ်နဲ့ အတူတူ ထိုးချင်တယ်ဆိုရင်တော့ အခြေခံပြီးတဲ့ ကလေးတွေအတွက် online အတန်းလေး ရှိပါမယ်။

တီချယ်ဆီ ယုံယုံကြည်ကြည်နဲ့ အပ်ပေးတဲ့ မေမေတွေ အားလုံး ကျေးဇူးတင်ပါတယ်။

In person အတန်း ၊ one by one အတန်းကတော့ လူပြည့်သွားပါပြီ။ Saturday, Sun day အတန်းလည်း လက်ရှိ လူပြည့်နေပါတယ်။

တစ်တန်းကို အချိန် သုံးလပဲကြာလို့ စာရင်းပေးထားလို့ ရပါတယ်။ အားတဲ့အချိန် တီချယ် ဆက်သွယ်ပေးပါမယ်။

လာမဲ့နှစ် summer ကတော့ တီချယ်ဖွင့်ဖို့ မသေချာပါဘူး။ ကလေးတွေ စာပြတဲ့ assistant teacher လည်း လုပ်နေတာမို့။ အချိန် မအားလောက်ပါဘူး။

စနေ ၊ တနင်္ဂနွေ အတန်းလေးကိုသာ ချိတ်စေချင်ပါတယ်။

Photos from EPM hand made's post 28/04/2026

အခြေခံပြီးသွားတော့ အရုပ်မထိုးခင် Project ကြီးတွေ မကိုင်ခင် ကနဦး ပတ်တမ်လွယ်တဲ့ ဟာ သင်ပေးပါတယ်။

ပတ်တမ် လွယ်တဲ့ဟာ သင်ပြီး ထိုးချက်တွေ တစ်ဖြည်းဖြည်း လှလာအောင် ၊ ထိုးချက်ညီလာအောင် တီချယ်က ဘေးကနေကြည့်ပေးတယ်။

ထိုးချက်တင်မဟုတ် ပန်းဖြစ်အောင် ချူပ်တာ ၊ ရိုးတံမှာ ပန်းလုပ်တာကအစ ‌ဂရုစိုက်ပြီး ကြည့်ပေးဖြစ်ပါတယ်။

အားနည်းချက်တွေပြင်ပေးပါတယ်။ အခုဆိုရင် မတ်လကတက်တဲ့ ကလေးလေးဟာ ပန်းထိုးတတ်ပါပြီ။

ထိုးထားတဲ့ပန်းကို ပန်းစည်းတတ်တဲ့ မေမေက စည်းပေးထားတာပါ။

ဒါကတော့ တီချယ်ရဲ့ အကြွားပိုစ် ဖြစ်ပါတယ်။ 😍🤫

24/04/2026

Crochet စာမေးလို့ရ

မင်မင် သင်ပေးတဲ့ ကလေးတစ်ယောက်က မနက်က လိုင်းပေါ်က စာမေးတော့ အဲ့မှာ ထိုးတာ မှားလား မှန်လား ကြည့် ရှင်းပြရင်း မျောသွားပြီးဟင်းအိုးတည်ထားတာ မေ့ သွားတယ်။ အဲဒါနဲ့ ဟင်းအိုးက တူးကုန်ရော😂

သမီးမေမေက တီချယ်အားမှ လို့ ပြောပေမဲ့ ဟင်းအိုးလည်း ရေထည့်ထားတာမို့ အချိန်ရတယ်နဲ့ ထားလိုက်တာ မျောရင် မေ့သွားတယ်။

တော်သေးတယ်။ အရံဟင်းမို့လို့။

ပြောချင်တာက ကိုယ်သိတာ ပြောရရင် သင်ပေးရရင် ဒီတီချယ်က မမောနိုင် မပန်းနိုင်ဘူး။

ကျန်ရက်တွေက တီချယ် အပြင်ရောက်လို့ အဆင်မပြေပေမဲ့ သောကြာနေ့က ဘာအတန်းမှ မရှိ အားရက်မို့ ကိုယ်သင်ထားတဲ့ ကလေးတွေ အိမ်စာ မရရင် messager က မေးလို့ရတယ်နော်။

တီချယ်ရဲ့ personal account Ei Phyu Mon ကို invite လုပ်လိုက်ပါ။ ကလေး ဘယ်သူရဲ့ မေမေပါလို့ message အရင်ပို့ပေးပါ။ သူစိမ်းဆိုရင် အရမ်း လက်မခံလို့ပါ။

21/04/2026

ပိုစ် မတင်တာကြာလို့ အက်မင် စာလေး ရေးမယ်နော်။

ဒီက အက်မင်က နွေရာသီ ကလေးတွေကို crochet face to face, one by one သင်ပေးနေတာမို့ ပိုစ်တွေ ရေးတင်မယ်ဆိုပြီး မရေးဖြစ် ၊ ပေခ်ျကို မကြည့် ဖြစ်ဘူး။

Crochet ပညာကို အခြေခံ လိုက်သင်ပေးနေတော့ အော်ဒါတွေလည်း လက်ခံ မထိုးဖြစ်တော့ ပုံအသစ် တွေလည်း မရှိမို့ တင်စရာ မရှိတာလည်း ပါတယ်။

ဒီမင်မင်က ကလေးတွေကိုပဲ အဓိက သင်ပေးမလား ရည်ရွယ် ထားလို့ ဒီနှစ်မှာ မတက်ရတဲ့ ကလေးတွေ နောက်နှစ် နွေရာသီ လာဆက်သွယ်ကြနော်။

ကလေးတွေ ဖြစ်လို့ အိမ်အကြို ၊ အပို့ ကရိကထ များလို့ အိမ်ရောက်သင်တန်းလေး ဒီနှစ်စဖြစ်ပါတယ်။

အိမ်အရောက် သင်ရတော့ သွားတာ ၊ လာတာနဲ့ ဒီမင်မင်က တစ်ရက်ကို နှစ်နေရာလောက်ပဲ ခြေဆန့်နိုင်တာပါ။ အများကြီး လက်မခံနိုင်ပါဘူး။

ချည်ထိုး အခြေခံက ပုံမှန် လိုက်လုပ်နိုင်တဲ့သူဆိုရင် သင်ချိန် တစ်လ နဲ့ တစ်ပတ်ဆိုရင် course ပြတ်ပါတယ်။

ဒါက အခြေခံပြတ်တဲ့ အချိန် အတိုင်းတာပါ။ အဲ့ကနေ ပန်း ထိုးတာ ၊ ကလစ် ထိုးတာ ၊ အရုပ်ထိုးတာပါ တွဲယူရင် သင်ချိန်က သုံးလမှ အဆင်ပြေတာပါ။

Sample လေးတွေ ထိုးရတာပေါ့။ အရုပ်မှာလည်း pattern တွေများတဲ့အတွက် အခုမှ စချည်ထိုးတတ်သူကို တီချယ်က လွယ်တဲ့ အရုပ်ပတ်တမ် ထိုး သင်တာပါ။

အဓိက ရည်ရွယ်ချက်က သင်ပြီးသား အခြေခံ ထိုးချက်တွေ ပတ်တမ်နဲ့ တွဲပြီး မှတ်မိအောင်နဲ့ ထိုးကျင့်ရအောင်နဲ့ ထိုးချက် သေသပ်ဖို့ကို တီချယ်က ကြည့်ပေးတာပါ။

တီချယ်ဆီက ပတ်တမ်ဖတ်နည်း ၊ ထိုးချက် မှန်နည်းတွေ သိရရင် ကိုယ်ဘာသာ အွန်လိုင်းမှာ လေ့လာသင်ယူပြီး ထိုးကျင့် ကျင့်လို့ရပါပြီ။

ချည်ထိုး ခြင်းက ရမဲ့ အကျိုးကျေးဇူး

(၁) ငွေကြေး တန်ဖိုး သိလာခြင်း

ချည်ထိုး ပစ္စည်းလေးတွေဟာ ပြည်တွင်းမှာ ဈေးကွက်လည်းရှိ ၊ လူကြိုက်လည်း များလာပြီမို့
Passive income နောက်ဆိုရင် ရှာနိုင်ပါပြီ။

Passive income ရှာနိုင်ရင် ကလေးတွေကို ငွေကြေးတန်ဖိုး သင်ပြီးသားဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ငွေကြေး စီမံခန့်ခွဲမှု အသိပါ ရစေပါတယ်။

(၂) မိတ်ဖွဲ့ ရာတွင် အသုံးတည့်ခြင်း

တစ်ယောက်နဲ့ တစ်ယောက် ခင်မင် ရင်းနှီးကြတဲ့ အခါ အမှတ်တရ အနေနဲ့ လက်ဆောင်လေးတွေ ဖလှယ်ကြပါတယ်။

Hand made ပစ္စည်းလေးတွေဟာ လူကြိုက်များတဲ့အရာ ၊ လူတိုင်းနီးပါး တန်ဖိုးထားတဲ့အရာမို့

ကိုယ်ဖန်တီးထားတဲ့ ချည်ထိုး ပစ္စည်း တစ်ခုခုနဲ့ ချစ်ခြင်း မေတ္တာ ၊ ခင်မင်မှုရဲ့ အတိမ်အနက်ကို ပုံဖော်လို့ ရပါတယ်။

(၃) ဂိမ်း ၊ ယူကျူ အစားထိုး ခြင်း

အခုလို အင်တာနတ်ခေတ်မှာ ကလေးတိုင်းက ဖုန်း ၊ ကွန်ပျူတာ ၊ ipad စတဲ့ ပစ္စည်းတွေကို မဖြစ်မနေ ကိုင်ကြပါတယ်။

တန်ဆေး လွန်ဘေး မဖြစ်အောင် စဉ်းစားတဲ့အခါ ချည်ထိုးထားကို tool တစ်ခုအနေနဲ့ စဉ်းစားလို့ ရပါတယ်။

Hand made ပစ္စည်းလေးတွေလုပ်တာ ကလေးမှာ ဝါသနာ ထုံလာရင် တစ်ခြားအရာပေါ် စိတ်ဝင်စားမှု လျော့လာပါတယ်။

ချည်ထိုးတာဟာ အာရုံစူးစိုက်မှု ကောင်းရပါတယ်။ စိတ်ပြန့်လွင်နေရင် ချည်ထိုးတဲ့အခါ ထိုးချက် မှားလေ့ရှိပါတယ်။

အဲ့တော့ ချည်ထိုးနည်းလည်း အကုန်သိပြီးသား သူဟာ ချည်မှန်အောင် ထိုးဖို့အတွက် အာရုံက ချည်ထိုးတဲ့ အနားမှာပဲ ထားရတာပါ။

အဲဒါကြောင့်လည်း စိတ်ပညာကုထုံးတွေမှာ ချည်ထိုးတာကို ကုသမှု တစ်ရပ်အနေနဲ့ ထည့်သွင်းထားတယ်ဆိုတာ လေ့လာမှတ်သားရပါတယ်။

(၄) နောက်ဆုံးတစ်ခုကတော့ အထီးမကျန်တာပါ။

ချည်ထိုးရတာ ဝါသနာ ပါလာရင် ၊ ပိုး ဝင်လာရင် တစ်ယောက်တည်း နေလာရင်လည်း အထီးမကျန်တော့ပါဘူး။

ကလေးတွေ သဘာဝမှာ သူကို ခေါ်မယ်။ သူကို မခေါ်ဘူး။ သူကို မပေါင်းနဲ့ သူကို ပေါင်း ဆိုတဲ့ အလေ့အထလေး ရှိတော့ ဝါသနာ တစ်ခုကို ပျိုးထောင်ပေးတာ ကလေးကို တစ်ခါတည်း စိတ်ပိုင်းဆိုင်ရာ ကြံခိုင်အောင် လုပ်ပေးတာနဲ့ တူပါတယ်။

ဒီအချက် လေးချက်နဲ့ နိဂုံးချူပ်လိုက်ပါတယ်။

ကျောင်းတွေဖွင့်ချိန် စနေ ၊ တနင်္ဂနွေ အတန်း ဖွင့်ဖို့ စိတ်ကူးထားပါတယ်။

အချိန်က နှစ်ရက်တည်းမို့ လူပြည့်နေရင်တော့ အများကြီး လက်ခံလို့ မရပါဘူး။

အဲ့သူတွေအတွက် နောက်နှစ်နွေရာသီတိုင်း လာဆက်သွယ်လို့ ရပါတယ်ရှင့်။

20/04/2026

ဒီလကုန်ရင် စနေ ၊တနင်္ဂနွေ in person ၊ face to face ၊ one by one သင်ရတဲ့ အတန်းတစ်ခု ပြီးပါပြီ။

အခုသင်တန်းသူလေးက သင်ရတဲ့အထဲမှာ

ထူးထူးခြားခြား အကြားအာရုံ ချို့တဲ့တဲ့သူမို့ မသင်ခင်ရော ၊ သင်နေစဉ်ရော တတ်ပါ့မလား စိုးရိမ်ခဲ့ရတဲ့သူပါ။

သူဆီကလည်း တစ်ဆင့် အတွေ့ကြုံတွေရခဲ့ပါတယ်။ အမြင် အားသန်တော့ လက်တွေ့ထိုးတဲ့ အမြင်ကိုပဲ မှတ်တာ အားသန်တဲ့သူပါ။

ပတ်တမ်ဖတ်တာ သင်ပေမဲ့ ပတ်တမ်ကို တွဲမမှတ်ဘဲ ကိုယ်ထိုးတာပဲ လိုက်ကြည့် ထိုးတဲ့သူမို့ သုံးလ လောက် အချိန်ယူရပါတယ်။

အခြေခံထိုးနည်းတွေ အကုန်သင်ခဲ့တယ်။ လွယ်တဲ့ ပန်း ကျူးလစ်နဲ့ အရုပ်ထိုးသင်ခဲ့ပါတယ်။

ကိုယ်ထိုးတာ ကြည့်ပြီး ပြရင် နောက်က လိုက်ထိုး ပါတယ်။ ချည်ယူတာ ၊ ချည်သိမ်းတာ ၊ ထိုးချက်တွေကတော့ ကျစ်ပြီး ညီနေတာပါ။

ကိုယ်တွေက ခက်တာမှ လုပ်ချင်တဲ့သူတွေမို့ မသန်ပေမဲ့ စွမ်းတဲ့သူတွေ သင်ချင်ရင် သင်ပေးပါမယ်နော်။

သင်တန်းကျောင်းတွေလည်း ဆက်သွယ်လို့ရပါတယ်။ အခု ချည်ဈေးကွက်ကလည်း ဈေးတန်းတစ်ခုအနေနဲ့ ရှိနေတာမို့ လက်ရာကောင်းရင် ရောင်းတန်း ဝင်ပါတယ်။

အိမ်‌မှာနေရင်း passive income ရှာပေးနိုင်တာမို့ professional ကျကျ လုပ်လိုသူတွေ EPM hand made ကို ဆက်သွယ်ပါရှင့်။

သင်တဲ့ဆရာမက အရမ်းစိတ်ရှည်ပါတယ်။ ဖုန်းကတော့ 09448003879ပါ။

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Address


U Aye Street 2
Hlaing
11051,11052