Sakura Hospital Hinthada

Sakura Hospital Hinthada

Share

နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ
Offical page of SAKURA Hospital Hinthada

08/06/2026

ဆာကူရာဟင်္သာတ ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်

Operation Manager M/F 1 Post

Key Responsibilities
✅ ဆေးရုံ၏ daily operation ကို စောင့်ကြည့်ထိန်းချုပ်၍ အဆင်ပြေချောမွေ့စေရရန်အတွက် ကြီးကြပ်ဆောင်ရွက်ရန်
✅Department များအကြား coordination လုပ်ဆောင်၍ communication gap မရှိစေရန် ဖြေရှင်းပေးရန်
✅လူနာများ၏ complaints များကို လက်ခံစစ်ဆေးပြီး အမြန်ဆုံးနှင့် အသင့်တော်ဆုံး ဖြေရှင်းပေးရန်
✅Service quality ကို စဉ်ဆက်မပြတ် monitor လုပ်၍ patient satisfaction တိုးတက်ရန်အတွက် ဆောင်ရွက်ရန်
✅Daily Operation တွင် conflict / misunderstanding ဖြစ်ပေါ်ပါက mediator အဖြစ် ဖြေရှင်းပေးရန်
✅Daily Reports များကို စစ်ဆေး၍ မိမိ၏ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များအား ဆောင်ရွက်ပြီး၊ Management ၏ ဆုံးဖြတ်ချက်လိုအပ်သည့် ကိစ္စရပ်များအား Management ထံ တင်ပြရန်
✅Operational gaps များကို identify လုပ်၍ ပြင်ဆင် / ပြောင်းလဲမှုများအတွက် management သို့ အကြံပြုရန်

Requirements
✅တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
✅Strong communication & interpersonal skills
✅Intermediate English skill
✅Reporting နှင့် basic documentation skills
✅Leadership mindset ရှိပြီး department များနှင့် effectively coordinate လုပ်နိုင်သူ ဖြစ်ရမည်
✅Complaint handling နှင့် patient service mindset ကောင်းမွန်သူ ဖြစ်ရမည်
✅Pressure အောက်တွင်လည်း တည်ငြိမ်စွာ ဆုံးဖြတ်နိုင်ပြီး problem-solving skills ကောင်းသူ ဖြစ်ရမည်
✅Hospital / Healthcare operation ပိုင်း (သို့မဟုတ်) အခြားလုပ်ငန်းများတွင် Management / Supervisor role အတွေ့အကြုံရှိသူကို ဦးစားပေးမည်

Additional Requirement
လျှောက်ထားသူများသည် ယခင်လုပ်ကိုင်ခဲ့သော အလုပ်နေရာမှ Reference Person (Supervisor / Manager) ၏ အမည်၊ ရာထူးနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်ကို ပူးတွဲတင်ပြပေးပါရန်

အထက်ပါ ရာထူးများအား လျှောက်ထားရန် စိတ်ဝင်စားသူများသည် သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ (၄) လအတွင်း ရိုက်ထားသော ဓာတ်ပုံ (၃) ပုံ တို့နှင့်အတူ -

အမှတ် (၁၁၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဆကာရပ်ကွက်၊ ဟင်္သာတမြို့၊ ဆာကူရာဆေးရုံ ဝန်ထမ်းရေးရာဌာန သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်လိုပါက - 09 771 705 381 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ Email ဖြင့် လျှောက်ထားလိုပါက - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

08/06/2026

စောစောသိရင် ကုသပျောက်ကင်းနိုင်တဲ့ ဦးနှောက်အကျိတ်ရောဂါ

ဇွန်လ ၈ ရက်နေ့ "ကမ္ဘာ့ဦးနှောက်အကျိတ်ရောဂါနေ့" အထိမ်းအမှတ်အဖြစ် ဦးနှောက်အကျိတ်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာ ဗဟုသုတအချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဦးနှောက်အကျိတ်လို့ ပြောလိုက်ရင် အများစုက ကြောက်စရာရောဂါတစ်ခုလို့ ထင်တတ်ကြပေမဲ့ တကယ်တော့ ခေတ်မီဆေးပညာအရ စောစီးစွာ သိရှိနိုင်မယ်ဆိုရင် ထိရောက်စွာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

ကာကွယ်၊ ကုသလို့ ရနိုင်လား?

✅ ထိရောက်တဲ့ ကုသမှုနည်းလမ်းများ ရှိပါတယ်။
ဆေးပညာ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဆေးဝါးကုသမှုများဖြင့် ထိရောက်စွာ ကုသနိုင်ပြီး ပုံမှန်အတိုင်း ရှင်သန်နေထိုင်နိုင်ပါတယ်။

✅ နေထိုင်မှုပုံစံဖြင့် ကာကွယ်နိုင်ပါတယ်။
တိကျတဲ့ ကာကွယ်ဆေး မရှိသေးပေမဲ့ ဓာတ်ရောင်ခြည်ထိတွေ့မှု များတဲ့ နေရာတွေကို ရှောင်ကြဉ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဘာတွေကို သတိထားရမလဲ?

မနက်ပိုင်း အိပ်ရာနိုးချိန်မှာ ပုံမှန်ထက် ပိုမိုပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အကြောင်းရင်းမရှိဘဲ ပျို့အန်ခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း စတဲ့ လက္ခဏာတွေကို သတိပြုမိဖို့ လိုအပ်ပါတယ်။

မိမိဆီမှာဖြစ်စေ၊ မိမိချစ်ရသူတွေဆီမှာဖြစ်စေ ဒီလိုလက္ခဏာမျိုးတွေ တွေ့ရှိနေရင် စိုးရိမ်ထိတ်လန့်မနေဘဲ အချိန်မီ စစ်ဆေးမှုခံယူပြီး လိုအပ်တဲ့ ကုသမှုကို စောစီးစွာ ခံယူဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ 💜

Photos from Sakura Hospital Hinthada's post 02/06/2026

Delivering happiness and health,one baby at a time. Thank you for trusting us with your precious moment.💜

Welcome to the world Babies👶

ချစ်စရာကောင်းတဲ့ကလေးငယ်လေးတွေနဲ့ မိခင်များရဲ့ စိတ်ချမ်းမြေ့မှု ၊ ဘေးကင်းလုံခြုံမှုတို့ အတွက် Sakura_Hospital Hinthada မှအစွမ်းကုန်ကြိုးစားပေးထားပါတယ်🥰

အဆင့်မြင့်နည်းပညာများ ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်နဲ့အတူ ကောင်းမွန်သောဝန်ဆောင်မှုများနဲ့ သင်တို့ရဲ့ အဖိုးတန်ရင်သွေးငယ်လေးများအတွက် ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါတယ်။🥰💜

Photos from Sakura Hospital Hinthada's post 01/06/2026

ဆာကူရာဟင်္သာတ ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်
Medical Technologist (Laboratory) M/F (၂) ဦး
လိုအပ်သော အရည်အချင်းများ:
✅ B.Med.Tech ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
✅ Biochemistry, Immunology နှင့် Microbiology Test များ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
✅ Teamwork ကောင်းမွန်ပြီး တာဝန်ယူမှုရှိရမည်။

Laboratory Technician M/F (၁) ဦး
✅ Grade I , Grade II Certificate ရရှိထားသူ ဖြစ်ရမည်။
✅ Sample Collection နှင့် Sample Processing လုပ်ငန်းများ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
✅ သင်ယူလိုစိတ်ရှိပြီး အလုပ်ကြိုးစားသူ ဖြစ်ရမည်။
✅ Communication Skill ကောင်းမွန်သူ ဖြစ်ရမည်။

Radiographer M/F (၂) ဦး
လိုအပ်သော အရည်အချင်းများ:
✅ B.Med.Tech ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
✅ Communication ကောင်းမွန်ပြီး Teamwork ဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ နေ့ညမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
✅ Salary 10 Lakh++++ (လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုအပေါ် မူတည်ပြီး လစာညှိနှိုင်းပေးမည်။)

Salary - Negotiable
Uniform provided
Training & Career Development Opportunities

အထက်ပါ ရာထူးများအား လျှောက်ထားရန် စိတ်ဝင်စားသူများသည် သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ (၄) လအတွင်း ရိုက်ထားသော ဓာတ်ပုံ (၃) ပုံ တို့နှင့်အတူ -

အမှတ် (၁၁၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဆကာရပ်ကွက်၊ ဟင်္သာတမြို့၊ ဆာကူရာဆေးရုံ ဝန်ထမ်းရေးရာဌာန သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်လိုပါက - 09 771 705 381 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ Email ဖြင့် လျှောက်ထားလိုပါက - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

01/06/2026

ကလေးငယ်တွေရဲ့ ဖြူစင်တဲ့ အပြုံးတွေနဲ့ ကမ္ဘာကြီးကို ပိုမိုတောက်ပစေဖို့... ✨

​ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ 'အပြည်ပြည်ဆိုင်ရာ ကလေးများနေ့' မှာ ကမ္ဘာပေါ်ရှိ ကလေးသူငယ်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆာကူရာဆေးရုံ ဟင်္သာတ မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ 💜👶👧"

26/05/2026

ဆေးရုံတက်ကုသမှုခံယူနေသော လူနာများအတွက် မိုးရာသီလက်ဆောင် ☔
​လူနာများ၏ ကျန်းမာရေးကို အစဉ်တစိုက် ပြုစုစောင့်ရှောက်ပေးလျက်ရှိသော ကျွန်ုပ်တို့ ဆာကူရာဆေးရုံ (ဟင်္သာတ) မှ နွေးထွေးသော စေတနာ၊ မေတ္တာများနှင့်အတူ အမှတ်တရဖြစ်စေရန် အစီအစဉ်လေးတစ်ခု ပြုလုပ်ပေးထားပါတယ်။ 🥰💜

​ဒီမိုးရာသီကာလအတွင်းမှာ ဆာကူရာဆေးရုံ (ဟင်္သာတ) မှာ တက်ရောက်ကုသမှုခံယူမယ့် ဆေးရုံတက်လူနာတိုင်းကို မိုးဒဏ်၊ လေဒဏ်ခံနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ "Limited Edition မိုးရာသီအထူးလက်ဆောင် ထီး" လှလှလေးတစ်လက်ကို မေတ္တာလက်ဆောင် (Free Gift) ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ☂️✨

​အစီအစဉ်ကာလလေးကတော့ [ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ] ဖြစ်ပါတယ် 💜
​ကျန်းမာရေးပြဿနာတိုင်းကို အကောင်းမွန်ဆုံးဖြစ်အောင် တာဝန်ယူကုသပေးမှုများနှင့်အတူ လူနာများ အိမ်အပြန်လမ်းခရီးတွင်လည်း မိုးမမိစေဘဲ လုံလုံခြုံခြုံ ရှိနေစေရန်အတွက် ကျွန်ုပ်တို့ ဆာကူရာဆေးရုံ (ဟင်္သာတ) ကနေ ယခုလို အမှတ်တရလက်ဆောင်လေး စီစဉ်ရခြင်းဖြစ်ပါတယ်။

​✅ စိတ်ချရသော အထူးကုဆရာဝန်ကြီးများ၏ ကုသမှု
✅ နွေးထွေးပျူငှာသော ဝန်ဆောင်မှု
✅ ဆေးရုံတက်လူနာတိုင်းအတွက် မိုးရာသီ အထူးလက်ဆောင်

​မိမိတို့၏ ကျန်းမာရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုလျှင် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 💜☔

​📞 ဖုန်းနံပါတ် - 09-776303132, 09-688688678
📍 လိပ်စာ - အမှတ် ၁၁၁၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဆကာရပ်ကွက်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး။

21/05/2026

ဆာကူရာဟင်္သာတ ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်

OPD Staff Nurse InCharge M/F 1 Post-

လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ-

✅OPD Department ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်
✅Specialist များ၏ လာရောက်မည့် အချိန်ဇယားကို ကြိုတင်သိရှိပြီး OPD လုပ်ငန်းများအတွက် လိုအပ်သလို ပြင်ဆင်စီမံနိုင်ရမည်
✅Patient Booking များကို သေချာတိကျစွာ လက်ခံစီမံနိုင်ရမည်
✅OPD Team အား Training နှင့် Guidance ပေးနိုင်ရမည်
✅Patients နှင့် Specialists များအတွက် ကောင်းမွန်သော Service ပေးနိုင်ရမည်
✅ဆေးရုံရှိ အခြားဌာနများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်

လိုအပ်သောအရည်အချင်းများ-

✅B.NSc (or) Diploma in Nursing ဘွဲ့ရရှိထားသူ ဖြစ်ရမည်
✅Communication Skill နှင့် Leadership Skill ကောင်းမွန်ရမည်
✅Teamwork ဖြင့် တာဝန်ယူလုပ်ဆောင်နိုင်ရမည်
✅Hospital / Clinic OPD Experience ရှိသူ ဦးစားပေးမည်
✅Problem Solving Skill နှင့် Management Skill ရှိရမည်

အထက်ပါရာထူးအားလျှောက်ထားရန်
စိတ်ဝင်စားသူများသည်သက်ဆိုင်ရာ
ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊
အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊
သန်းခေါင်စာရင်းမိတ္တူ ၊
(၄)လအတွင်းရိုက်ထားသော
ဓါတ်ပုံ (၃)ပုံ တို့နှင့်အတူ
အမှတ်(၁၁၁) ၊ ဗိုလ်မြတ်ထွန်းလမ်း ၊
ဆကာရပ်ကွက် ၊ ဟင်္သာတမြို့
ဆာကူရာဆေးရုံ ဝန်ထမ်းရေးရာဌာန သို့
လာရောက်လျှောက်ထားနိုင်ပါသည် ။
ဆက်သွယ်လိုပါက - 09 771 705 381
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။
Mail ဖြင့်လျှောက်ထားလိုပါက
[email protected]
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

17/05/2026

❄️" ဆာကူရာဆေးရုံ (ဟင်္သာတ) တွင် ၂၄ နာရီပတ်လုံး လေအေးပေးစနစ် (Aircon) ပြန်လည်ရရှိနေပါပြီ "❄️

​ပြီးခဲ့သောရက်ပိုင်းက လျှပ်စစ်မီးနှင့် စက်သုံးဆီဆိုင်ရာ အခက်အခဲများကြောင့် ဖြစ်‌ပေါ်ခဲ့သည့် အဆင်မပြေမှုများကြားတွင် ‌မိမိတို့ ဆာကူရာဆေးရုံ(ဟင်္သာတ)ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လာရောက်ခဲ့ကြသော လူနာများနှင့် မိသားစုဝင်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏✨
​အဆိုပါကာလအတွင်း လေအေးပေးစနစ် အပြည့်အဝမရရှိခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့ရသော စိတ်အနှောင့်အယှက်များအတွက်လည်း လွန်စွာအားနာရပါသည်။ 🙇‍♂️
​ထိုအခက်အခဲများအား ပြေလည်နိုင်စေရန် ‌ဆာကူရာဆေးရုံအဖွဲ့သားများအားလုံး အစွမ်းကုန် ကြိုးစားဖြေရှင်းခဲ့ရာ... 🛠️💪
ယခုအခါ လူနာများအားလုံး စိတ်အေးချမ်းစွာဖြင့် အနားယူကုသမှု ခံယူနိုင်ရန်အတွက် ၂၄ နာရီပတ်လုံး လေအေးပေးစနစ် (Aircon) ကို အပြည့်အဝ ပြန်လည်ပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ 🏥💨

​ကျွန်ုပ်တို့ ဆာကူရာဆေးရုံ(ဟင်္သာတ)သည် ‌မိမိတို့လူနာတိုင်းအတွက် အကောင်းမွန်ဆုံး ကျန်းမာရေးဝန်ဆောင်မှုများနှင့် နွေးထွေးဆုံးသော စေတနာများဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို ပေးအပ်နိုင်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်လျက်ရှိပါသည်။ 💜🩺

10/05/2026

မိမိကိုယ်တိုင်ထက် သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို အမြဲဦးစားပေးတတ်တဲ့ လောကရဲ့ ကျေးဇူးရှင် မိခင်များအားလုံးကို Sakura Hospital Hinthada မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
အမေတို့ရဲ့ မေတ္တာရိပ်အောက်မှာ သားသမီးတွေ ကျန်းမာစွာ ကြီးပြင်းခွင့်ရသလို၊ အမေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် သားသမီးတွေနဲ့အတူ နေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
"အမေများအားလုံး သက်ရှည်ကျန်းမာပါစေ။"
✨ May 10 - Happy Mother's Day

📞 ဆက်သွယ်ရန်ဖုန်း - ၀၉၇၇၆၃၀၃၁၃၂၊ ၀၉၆၈၈၆၈၈၆၇၈
📍 လိပ်စာ - အမှတ် (၁၁၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး။

Want your practice to be the top-listed Clinic in Hinthada?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 111 . Bo Myat Tun Road . Hinthada Township
Hinthada