Irrigation Office, Hinthada
To share flood protection activities
17/11/2025
ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း ရေဘေးကာကွယ်ရေးအတွက် တာတမံကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ပေးခြင်းအခမ်းအနား(17.11.2025)
27/10/2025
လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (၇၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို (၂၆.၁၀.၂၀၂၅)ရက်နေ့
အင်္ဂပူမြို့၊ ကံဦးကျေးရွာအုပ်စု၊ ဇေယျသုခကျောင်းတိုက်တွင် ကျင်းပ လှူဒါန်းခဲ့ပါသည်။ နတ်လူ သာဓုခေါ်စေသောဝ်။ (27.10..2025)
30/09/2025
ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပုသိမ်ခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်ဆောင်ရမည်ဖြစ်သော ဦးမျိုးမြင့်အောင် ၊လက်ထောက်ညွှန်ကြားရေးမှူး၏ နှုတ်ဆက်ပွဲအခမ်းအနားနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြောင်းရွှေ့ရောက်ရှိလာသော
ဦးကျော်စွာမြင့်၊လက်ထောက်ညွှန်ကြားရေးမှူးအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနား
(30.9.2025)
08/08/2025
ဟင်္သာတခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား(8.8.2025)
30/06/2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၃၀.၆.၂၀၂၅)ရက်နေ့တွင်
မြန်အောင်မြို့နယ် မြန်အောင်တာ
တာမိုင် (၆/၃)အမှတ်(၂)ရေကင်းစခန်း(မကျီးစု)၌ ကျင်းပပါသည်။
အခမ်းအနားသို့
မြန်ေအာင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင် ဆည်/ရေဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်
မြန်အောင်မြို့နယ်၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ
ဦးနေမင်းထွန်း
နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ် ဆည်/ရေဦးစီးဌာန ဦးစီးအရာရှိ၊ ဆည်/ရေဦးစီးဌာန ဦးစီးမှူး(မြို့ပြ)၊ဒု-ဦးစီးမှူး(မြို့ပြ)များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာတမံတလျှောက်နေထိုင်ကြသော ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၈၀)ခန့်တက်ရောက်ပါသည်။(30.6.2025)
29/06/2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေး
ကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၂၉.၆.၂၀၂၅)
ရက်နေ့တွင် ဟင်္သာတမြို့နယ်
မဲဇလီညွန့်ကျေးရွာအနီး ဖြတ်တာ(၁-င)နှင့် ဟင်္သာတကမ်းနာတာ တာဆုံတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးတင်မောင်ဝင်း နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် ၊ တိုင်းဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ
ဦးလှိုင်ထွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင် ဆည်/ရေဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး
ဦးမျိုးမြင့်အောင်(၂)၊ ဟင်္သာတမြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဌ ဦးအောင်ဇော်မင်း၊မြို့နယ်
အဆင့်ဌာနဆိုင်ရာများ၊မြို့နယ် ဆည်/ရေဦးစီးဌာန ဦးစီးအရာရှိများ၊ ဆည်/ရေဦးစီးဌာန ဦးစီးမှူး(မြို့ပြ)၊ဒု-ဦးစီးမှူး(မြို့ပြ)များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပြန်/ဆက် နှင့် တာတမံတလျှောက်နေထိုင်ကြသော ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၃၀၀)ခန့်တက်ရောက်ပါသည်။(29.6.2025)
11/11/2024
လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနဝန်ထမ်းမိသားစုများ၏(၆၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို (၁၀.၁၁.၂၀၂၄)ရက်နေ့
ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ သရက်ချောင်းအုပ်စု၊ကွင်းကြီးကျေးရွာ၊ကွင်းကြီးကျောင်းတိုက်တွင် ကျင်းပ လှူဒါန်းခဲ့ပါသည်။ နတ်လူ သာဓုခေါ်စေသောဝ်။ (11.11.2024)
12/10/2024
၂၀၂၄ ခုနှစ် မိုးရာသီကာလ မြစ်ရေကြီးချိန်တာတမံများ ထိခိုက်ပျက်စီးမှုမှ ကြိုးစားကာကွယ်ခဲ့ကြသော တာတမံလုပ်သားများအားဂုဏ်ပြုထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို
(၁၁.၁၀.၂၀၂၄)နေ့တွင် ကျင်းပခဲ့ပါသည်။(12.10.2024)
19/09/2024
ဦးတင်ဝင်း(ညွှန်ကြားရေးမှူး)(ငြိမ်း)+ ဇနီး ဒေါ်လှလှမို့ မိသားစု ရန်ကုန်မြို့မှ မိုးရာသီကာလ ရေဘေးအခက်အခဲရှိသူများအား မိုးကာ နှင့် အနွေးထည်များ ပေးပို့လှူဒါန်းပါသည်။
13/08/2024
ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးရုံး
ဝန်ထမ်မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား (၁၃.၈.၂၀၂၄)
30/07/2024
ဧရာဝတီတိုင်းဒေသကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်အေးသည် ဟင်္သာတခရိုင်၊ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင့်စိုး နှင့် ဇလွန်မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း တို့လိုက်ပါလျက်(၃၀.၇.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင်အတွင်း မိုးရာသီကာလမြစ်ရေကြီးစဉ် တာတမံအခြေအနေများကို လိုက်လံကြည်ရှုစစ်ဆေးရာ ဇလွန်မြို့နယ် ဆန်တန်းရေကင်းစခန်းသို ရောက်ရှိရာ ကာကွယ်ဆောင်ရွက်ထားရှိမှုများအားလက်ထောက်ညွှန်ကြားရေးမှူး
ဦးမျိုးမြင့်အောင် မှ ရှင်းလင်းတင်ပြပါသည်။ စီးပွားကူးသန်း ဝန်ကြီး မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။(30.7.2024)
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Hinthada