Civil Library - HTU

Civil Library - HTU

Share

Hinthata technological university(civil library)

21/05/2021

https://www.facebook.com/1661179860862174/posts/2839790573001091/

နည်းပညာတက္ကသိုလ် (ဟင်္သာတ) မြို့ပြအင်/ယာ ဌာနမှ
လ/ကထိက ဆရာမ ဒေါ်နီလာမြင့်ကို ယခုမနက်မှာပဲ အကြမ်းဖက် စကစမှ ရဲကား၄ စ်ီးဖြင်​့လာရောက် ခေါ်ဆောင်သွားပါတယ် အမှတ်၁ သို့ ခေါ်သွားမယ်လို့ ကနဦးသိရှိထားပါတယ်။
ကျေးဇူးပြုပြီး မိမိတို့တတ်နိုင်တဲ့ဘက်မှအကူညီပေးပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။

04/02/2021

နည်းပညာတက္ကသိုလ် (ဟင်္သာတ)
ဒုပါမောက္ခချုပ်နှင့်တကွ
ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမ များအားလုံးမှ တစ်နိုင်ငံလုံးရှိပြည်သူ့ဝန်ထမ်းများနှင့်အတူ တစ်သားတည်းရပ်တည်၍ သဘောထားထုတ်ပြန်လိုက်သည်။

12/05/2020

ဒီညနောက်ဆုံးပါ

3 Days Online Bootcamp

Batch 1 မှာသင်တန်းသားဦးရေ အရမ်းများသွားတဲ့အတွက် အခက်အခဲလေးများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ယခု Batch 2 ကိုထပ်မံဖွင့်လှစ်ပေးလိုက်ပါတယ်။

Batch 1 တွင်ကျောင်းသားအားလုံးကို အခမဲ့သင်ကြားပေးခဲ့သော်လည်း MYEO မှ Operation Charge အခက်အခဲ တစ်ချို့ကြောင့် ယခု Batch 2 တွင် Maintain Charge အနေဖြင့် 3000 ကျပ်ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။

သို့သော်လည်း MYEO နှင့် ကျွန်တော်တို့ သမဂ္ဂ ၏ နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ
"နည်းပညာတက္ကသိုလ်(ဟင်္သာတ) မှ ပထမဆုံးအပ်နှံသူ ကျောင်းသား/သူ အယောက် 100 အား FOC အခမဲ့ " သင်ကြားပေးသွားမှာဖြစ်ပါတယ် လို့ သတင်းကောင်းလေးပါးချင်ပါတယ်။
ဒါကြောင့် ယခု Course ကိုတက်ရောက်မည့်
နည်းပညာတက္ကသိုလ်ဟင်္သာတမှ ကျောင်းသား/သူများ Page Chat Box တွင်မိမိ၏ [ အမည်၊ Facebook account name၊ ဖုန်းနံပါတ်]
တို့ကိုစာရင်းပေးသွင်းပြီး FOC အတွက် Register Code များထုတ်ယူကာ စာရင်းပေးသွင်းနိုင်ကြပါပြီ

𝟑 𝐝𝐚𝐲 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐨𝐨𝐭 𝐂𝐚𝐦𝐩 (Batch-2) အား ပြုလုပ်ရန်အောက်ပါ Link ကိုနှိပ်ပါ။

Link - https://m.me/MYEODigitalSkillsOnlineCourse?ref=3DBCbatch2 👈👈

#စာရင်းသွင်းတာ ဒီနေ့ည 12နာရီနောက်ဆံုးမို့လို့ အမြန်ဆုံး စာရင်းပေးသွင်းကြပါနော်

19/02/2020

မြို့ပြအင်ဂျင်နီယာကျောင်းသူဟောင်း - မသိင်္ဂီစိုး (ကွယ်လွန်)ကိုယ်စား မိသားစုမှ Civil Library သို့

1. Reinforced Concrete Design A - B
2. မြို့ပြအင်ဂျင်နီယာ အဘိဓာန်
3. Eng - Myan အဘိဓာန်

စာအုပ်များအား လှူဒါန်းခဲ့ပါသည်

08/01/2020

Civil Library သို့ တီချယ် ဒေါ်ခိုင်ဇာအောင် လှူဒါန်းသော အလှူငွေ ထဲမှ 7.1.2020 တွင် မဖြိုးရည်သန့်က တာဝန်ခံ၍ စာအုပ်အချို့ ဝယ်ယူ လှူဒါန်းခဲ့ပါသည်။

1. တစ်နုံနုံဆွသောဆူး - ပုညခင်
2. ဗုဒ္ဓဦးနှောက် - ဇော်ဝင်းကြူ
(ပျဥ်းမနား)
3. ပြုံး၍လည်းကန်တော့ခံတော်မူပါ၊ရယ်၍
လည်းကန်တော့ခံတော်မူပါ - နုနုရည် အင်းဝ
4. Analysis of Rates - ဦးကျော်နိုင်
5. ဘုရင်ဖြစ်မယ့်လက်ညှိုး - ကောင်းပြည့်သော်
6. တာတစနေသား - ဦးနု
7. ကိုယ်တိုင်သိရှိသွားမှု - ဇဏ်ခီ
8. How to talk - Adele Faber
& Elaine Mazlish
9. အဆောက်အအုံခန့်မှန်း - ဦးကျော်နိုင်
နည်းပညာ
10. ဆောက်လုပ်ရေးလုပ်ငန်းသုံး
အင်ဂျင်နီယာနည်းပညာ - ဦးကျော်လင်း
11. Auto CAD 2019 - ရောဘတ်တင်အေး

တီချယ် ဒေါ်ခိုင်ဇာအောင်နှင့် မဖြိုးရည်သန့် အား ကျေးဇူးတင်ပါတယ်ခဗျာ

22/08/2019

၂၂-၈-၁၉ရက်နေ့တွင် 2nd yr (EC)မှ မောင်ကောင်းထက်ကိုသည်civil library အတွက်
(၁) သံစဉ်များနှင့်ကမ္ဘာ (အတွေးရသစာစု) -ဦးဘုန်းဓာတု
(၂) စိတ်ညစ်ရမယ့်စကား မပြောပါနဲ့လား - ရဝေနွယ်အင်းဝ
(၃) မာကတ်တင်းသိဖွယ် A_80 _ ညီညီနိုင်မြန်မာပြန်
(၄) စီးပွားရေးလုပ်ငန်းသုံး အစုစပ်အက်ဥပဒေ- ဦးမောင်မောင် (မော်ကျွန်း)
(၅) လက်ဆောင်-မိုးရှင်း (IMT)
(၆) အမေရိကန်ပညာရေးအကြောင်းတစေ့တစောင်း- ကျော်ထွန်း
(၇) ပန်းကြာဝတ်မှုန် -ခင်ခင်ထူး
(8) ဘာပဲဖြစ်ဖြစ်သတ္တိရှိပါ- မေသင်္ကြန်ဟိန်း
(၉) ဂျပန်သွားသူများလက်စွဲ- Thin Myanmar Language Centre
(၁၀) ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး - Dr. Herry Alder
(၁၁) အခြေခံလုပ်ဆောင်ချက်များ-ရဲမင်းအောင်
(၁၂) ဝါကျပြုလုပ်နည်း နှင့် လက်တွေ့စကားပြော (တရုတ်/မြန်မာ) - ဒေါ်နီလာတင် (မြန်မာပြန်)
(၁၃) Vendetta Lucky's Revenge_ Jackie Collins
(၁၄) The partner_ John Grisham
(၁၅) Taken by midnight _ Lara A Drain
(၁၆) Letters from Burma _ Aung San Suu Kyi
စုစုပေါင်း ၁၆အုပ်အား
လှူဒါန်းသွားပါသည်။
မောင်ကောင်းထက်ကိုအား နည်းပညာ ကျောင်းသား ကျောင်းသူများ ကိုယ်စား civil libraryမှ အထူးကျေးဇူးတင်ပါတယ် ရှင့်။

31/07/2019

၃၁-၇-၁၉ရက်နေ့တွင် မကြည်စန္ဒာသိမ့်သည်civil library အတွက်ဆရာမထက်ထက်ထွန်း၏ဘဝထဲက အမေးအဖြေများ၊ဒေါက်တာဘုန်းမောင်၏ ဘဝဆိုတာ ဒီိလိုလား၊ နှင့်ဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်များအား
လှူဒါန်းသွားပါသည်။
မကြည်စန္ဒာသိမ့်အား နည်းပညာ ကျောင်းသား ကျောင်းသူများ ကိုယ်စား civil libraryမှ အထူးကျေးဇူးတင်ပါတယ် ရှင့်။

Photos from Civil Library - HTU's post 26/06/2019

မင်္ဂလာပါရှင်။
Libraryလေးကိုတော့ ယနေ့ Literary clubမှ members များကလာရောက် ရှင်းလင်း သန့်ရှင်းရေး လုပ်ဖြစ်ပါတယ်ရှင့်။
Civil library လေးကို အခြေအနေအကြောင်းကြောင့် လာမယ့် 1.7.19 (Mon)ကနေ စဖွင့်မှာဖြစ်ပါတယ်ရှင့်။ စာကြည့်တိုက် ကဒ်များကိုလည်း တနင်္လာနေ့မ စပြီး ထုတ်ယူနိုင်ပါပီရှင့်။ အရင် semester နဲ့ မတူဘဲ ယခု 2nd semester မှာတော့ အချိန်အခက်အခဲနှငိ့ လူအင်အားအခက်အခဲကြောင့် စာကြည့်တိုက်ဖွင့်ရက်ဟာ တပတ်ကို သုံးရက် ဖွင့်ပေးမှာဖြစ်ပါတယ်ရှင့်။ တနင်္လာနေ့များတွင် မိမိတို့ ငှားရမ်းထားသော စာအုပ်များကို ပြန်လည်အပ်ရမာဖြစ်ပီး ကြာသပတေးနေ့ နှင့်သောကြာနေ့များတွင် စာအုပ် ငှားရမ်း နိုင်မှာဖြစ်ပါတယ်ရှင့်။

21/06/2019

၂၁-၆-၁၉ရက်နေ့တွင် ချယ်ဒေါ်ခိုင်ဇာအောင်သည်civil library အတွက်လိုအပ်သော သုတ ရသ နည်းပညာ စာအုပ်များ ဝယ်ရန် ၁၀၀၀၀၀ိ/- (၁သိန်း ကျပ်တိတိ ) လှူဒါန်းသွားပါသည်။
ချယ်ခိုင်ဇာအောင်အား နည်းပညာ ကျောင်းသား ကျောင်းသူများ ကိုယ်စား civil libraryမှ အထူးကျေးဇူးတင်ပါတယ် ရှင့်။

19/02/2019

၁၀-၂-၁၉ရက်နေ့တွင် ချယ်ဒေါ်ခိုင်ဇာအောင်သည်civil library အတွက်၁၀၀၀၀ိ/-ကျပ်တိတိ လှူဒါန်းသွားပါသည်။
ချယ်ခိုင်ဇာအောင်အား နည်းပညာ ကျောင်းသား ကျောင်းသူများ ကိုယ်စား civil libraryမှ အထူးကျေးဇူးတင်ပါတယ် ရှင့်။

28/01/2019

မင်္ဂလာပါရှင်။
Civil libraryလေးဟာ ၂၉-၁-၁၉ (Tue) ကနေစပြီး ပြန်လည်အသက်ဝင်လာတော့မှာဖြစ်ပါတယ်ရှင့်။
ဒီနှစ်မှာ ထူးခြားချက်တခုကတော့ volunteer များဟာ literary club memberများသာ ဖြစ်ပါတယ်ရှင့်။စာကြည့်တိုက်ဖွင့်ရန်အတွက် volunteer များဟာလည်း အသင့်ဖြစ်နေပါပီရှင့်။
စာအုပ်ယာယီငှားကဒ်လေးတွေလည်းပြင်ဆင်ထားပြီးဖြစ်ပါတယ်ရှင့်။
ဒါ့ကြောင့်စာအုပ်ငှားသူတွေဟာ အောက်ပါ စည်းကမ်းများကို လိုက်နာရမာ ဖြစ်ပါတယ်ရှင့်။
(1)libraryမှ ငှားထားသောစာအုပ်များကိုတပတ်အတွင်း ပြန်အပ်ရမာဖြစ်ပါတယ်ရှင့်။
(2)စာအုပ်ငှားကဒ်တန်ဖိုးကတော့ 500 ကျပ်ဖြစ်ပြီး လေးလ တဖြတ်စာ ထိ ငှားနိုင်မှာဖြစ်ပါတယ်ရှင့်။
(3) libraryကဒ်မပါလျှင်ငှားခွင့်မရှိပါရှင့်။
(4) တကြိမ်ငှားလျှင်၁ပတ်ကို ၂အုပ်ငှားနိုင်ပါတယ်ရှင့်။
(5)ငှားထားသောစာအုပ်မျာဟာတပတ်အထက်၁ရက်ကျော်လျှင်၂၀၀ ကျပ်ဒဏ်ငွေပေးဆောင်ရပါမယ်။ အကယ်၍ တပတ်နှင့်ဖတ်၍မပြီးသောစာအုပ်များကို libraryတွင်လာရောက်သက်တမ်းတိုးနိင်ပါတယ် ရှင့်။(6)ငှားထားသောစာအုပ်များပျက်စီးပျောက်ဆုံးပါက လက်ရှိတန်ဖိုးအတိုင်းလျော်ရမာ ဖြစ်ပါတယ်ရှင့်။ (7)ကဒ်အားလွှဲပြောင်းငှားရမ်းခွင့်မရှိပါရှင့်။
~~~ ယာယီကဒ်များကို၂၉-၁-၁၉ရက်နေ့မှစ၍ လာရောက်ပြုလုပ်နိုင်ပါပီရှင့်။
~~~မိတ်ဆွေတို့အနေနဲ့ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး အကြံပေးနိုင်ဖို့အတွက်လည်း comment box လေးစီစဉ်ထားမှာဖြစ်ပါတယ်ရှင့်။ဒါ့အပြင် စာအုပ်များလှူဒါန်းလိုပါကလည်း စတင်လှူဒါန်းနိုင်ပါပီရှင့်။

Photos from Civil Library - HTU's post 07/12/2018

နည်းပညာတက္ကသိုလ် (ဟင်္သာတ) မြို့ပြအင်ဂျင်နီယာဌာနစာကြည့်​တိုက်​သို့ မြို့ပြအင်ဂျင်နီယာဆိုင်ရာစာအုပ်များလှူဒါန်းပေးပါသော...
ကို ဝေမင်း၊ အမ တင့်တင်မော် နှင့် အခြားအလှူရှင်များကိုလွန်စွာကျေးဇူးတင်ရှိပါကြောင်း.

ကျွန်တော်တို့မြို့ပြအင်ဂျင်နီယာဌာန (ဟင်္သာတ) ကိုယ်စား....ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်
ကျေးဇူးလည်းတင်ပါတယ်...
နောင်လည်းဒီထက်မကလှူနိုင်ကြပါစေခင်ဗျာ...

စာအုပ်တွေနဲ့အခြား pdf တွေကို ကျောင်းသားကျောင်းသူများရေရှည်အသုံးပြုနိုင်ဖတ်ရှုနိုင်ဖို့စနစ်တကျစာရင်းပြုထိန်းသိမ်းပေးသွားမည်ဖြစ်ပါကြောင်း...

Want your organization to be the top-listed Government Service in Hinthada?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Civillibrary031@gmail. Com
Hinthada

Opening Hours

Monday 11:40 - 12:40
Tuesday 11:40 - 12:40
Wednesday 11:40 - 12:40
Thursday 11:40 - 12:40
Friday 11:40 - 12:40