Ultra-Net Hinthada
Smart City with Smart Internet
08/08/2026
Wifi Password ကိုကိုယ်တိုင်ချိန်းရမှစိတ်ကျေနပ်တဲ့Custmoerလေးတို့အတွက်Password ချိန်းနည်းလေးတင်ပေးလိုက်ပါပြီရှင့်📢
📢 Wi-Fi Password ကိုယ်တိုင်ပြောင်းနည်း 🔐
📶 Wi-Fi Password မျှဝေထားလို့ ပြောင်းချင်ပါသလား?
Router ကို Reset လုပ်စရာမလိုဘဲ ကိုယ်တိုင်လွယ်လွယ်ကူကူ Password ပြောင်းနိုင်ပါတယ်။ ✨
📌 Huawei HG8546M Router အတွက်
Poster ထဲက အဆင့်ဆင့်လမ်းညွှန်ချက်တွေကို လိုက်လုပ်ရုံနဲ့ အလွယ်တကူပြောင်းနိုင်ပါတယ်။
👉 Step 1 – 5
Router နဲ့ချိတ်ဆက်ပြီး 192.168.100.1 ကို Browser မှာဝင်ကာ Login ပြုလုပ်ပြီး WLAN Basic Configuration ထဲဝင်ပါ။
👉 Step 6 – 9
Wi-Fi Password အသစ်ထည့်ပြီး Apply နှိပ်ပါ။
ပြီးရင် Device တွေကို Password အသစ်နဲ့ ပြန်လည်ချိတ်ဆက်အသုံးပြုနိုင်ပါပြီ။ ✅
🔐 Password အသစ်ထားတဲ့အခါ
✔️ အနည်းဆုံး 8 characters အသုံးပြုပါ
✔️ စာလုံးအကြီး/အသေး၊ ဂဏန်းနဲ့ Symbol တွေ ပေါင်းစပ်အသုံးပြုပါ
✔️ မိမိအတွက်မှတ်မိလွယ်ပြီး အခြားသူများ ခန့်မှန်းရခက်တဲ့ Password ဖြစ်အောင်ထားပါ။
💙 မသိသေးရင် Poster ထဲက အဆင့်ဆင့်အတိုင်း လိုက်လုပ်ကြည့်လိုက်ပါနော်။
01/08/2026
ချစ်ရပါသော Customer လေးများရှင့်(2.8.26)တွင်ညီမတို့ရဲ့ Hinthada Ultra Net wifiရုံးလေးမှာ
ဝါဆိုသက်န်းကပ်နှင့်အာရုဏ်ဆွမ်းအလှူလေးရှိပါသဖြင့်တရားနာကြွရောက်ကျပါရန်ရိုသေလေးစားစွာဖြင့်တရားနာဖိတ်ကြားအပ်ပါတယ်ရှင့်💌💓
29/07/2026
29.7.2026 ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် ၇ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ဘေးအန္တရာယ်ကင်းဝေးပြီး
လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း
ဆုမွန်ကောင်းမေတ္တာပို့သအပ်ပါသည်။🙏🏼
19/07/2026
(၇၉) နှစ်မြောက် အာဇာနည်နေ့
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
"တိုင်းပြည်နှင့် ပြည်သူတို့အတွက် အသက်ပေး စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြင့်မြတ်သော စိတ်ဓာတ်နှင့် ကျေးဇူးတရားကို အစဉ်အမြဲ အောက်မေ့ လေးစားဂုဏ်ပြုအပ်ပါသည်။
07/07/2026
🎉 မိုးရာသီ အထူး Promotion လာပါပြီ! 🌧️
UltraNet ကို အသုံးပြုနေတဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များအတွက် ဇူလိုင်လ တစ်လလုံး အထူးအခွင့်အရေးတွေ စီစဉ်ထားပါတယ်။
📅 Promotion ကာလ – ဇူလိုင်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ။
မိတ်ဟောင်း Customer များအတွက် ✅ ၆ လစာ Bill ပေးသွင်းပါက ၁ လ အခမဲ့ ရရှိမှာဖြစ်ပါတယ်။ ✅ ၁ နှစ်စာ Bill ပေးသွင်းပါက ၃ လ အခမဲ့ ရရှိမှာဖြစ်ပါတယ်။
မိတ်သစ် Customer များအတွက် ✅ Meter 300 အောက် Package ကို ၆ လစာ ကြိုတင်ပေးသွင်းပါက ၁ လ အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။
⏰ အချိန်ကန့်သတ်ထားတဲ့ Promotion ဖြစ်လို့ အမြန်ဆုံး လာရောက်လျှောက်ထားပြီး အထူးအခွင့်အရေးကို ရယူလိုက်ပါ။
UltraNet – မြန်ဆန်တည်ငြိမ်တဲ့ Internet နဲ့ သင့်နေ့စဉ်ဘဝကို ပိုမိုချိတ်ဆက်ပေးနေပါတယ်။
📢 Hinthada Ultra Net မှ ဝန်ထမ်းခေါ်ယူနေပါသည်!
🔧 Position – FTTX Installer
တာဝန်ယူမှုရှိပြီး အလုပ်ကြိုးစားလိုသူများအတွက် အခွင့်အရေးကောင်း!
Internet Installation, Cable Setup နှင့် Field Service လုပ်ငန်းများတွင် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
✅ သင်ယူလိုစိတ်ရှိသူ
✅ Teamwork ကောင်းသူ
✅ Field work ဆင်းနိုင်သူ
✅ တာဝန်ယူမှုရှိသူ
📍Location – အမှတ်(၁၆၃)၊ဘုရားကြီး (၂)လမ်း၊ဟင်္သာတမြို့
📩 စိတ်ဝင်စားသူများ Page Messenger (သို့) CV ပေးပို့၍ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
☎️ Viber No - 09-891184741
09/03/2026
📣 အရေးကြီးကြေညာချက်
မင်္ဂလာပါရှင့် 🙏
ကျွန်မတို့ Hinthada Micky Myanmar Fiber Internet Service Company သည်
ယနေ့မှစ၍ Ultra Net အမည်ဖြင့် Brand Name ပြောင်းလဲပြီး အရည်အသွေးမြင့် Internet Services ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း အသိပေး ကြေငြာအပ်ပါသည်။
📌 အမည်သာ ပြောင်းလဲခြင်းဖြစ်ပြီး
✔ Internet Speed
✔ Service Quality
✔ Customer Service
✔ Packages & Prices
✔ Office Location
များအားလုံးကို ယခင်နေရာမှာ ယခင်လူများက ယခင်ကထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆက်လက်ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပါသည်။
Name အသစ် – Vision အသစ် တွေ နဲ့ အတူ ပိုကောင်းမွန်တဲ့ Service တွေ ရဖို့ Ultra Net ကို သုံးကြပါစို့ ။
အမြဲယုံကြည်အားပေးခဲ့ကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🙇♀️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hinthada
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |