Kenedy
Philanthropic Organization, in Chin State and Kalay, Kabaw area. help the needs
heal the hurt
15/07/2023
about - Kenedy
ကေနီဒီ အသင်းသည် နိုင်ငံရေး၊ဘာသာရေး၊ လူမျိုးရေး အယူဝါဒများ ဘေးချိတ်ထားကာ လူသားများ နှင့် ၎င်းတို့ မှီတင်း နေထိုင်ရာ ပတ်ဝန်းကျင် ကမ္ဘာမြေ အကျိုးသယ်ပိုး ဆောင်ရွက်နိုင်ရေး အတွက် ရင်ဘတ်ချင်း တူသော လူငယ်များဖြင့် ဖဲွ့စည်းထားသော အသင်း တစ်ခု ဖြစ်ပါသည်။
၂၀၂၀-၂၁ ခုနှစ် များတွင် ကိုဗစ် ကပ်ရောဂါ အစ မှ စ၍ မိမိတို့ တတ်အားသရွေ့ အရပ်ဒေသ အချို့ရှိ လူသားများအတွက် လိုအပ်သော ကူညီ ထောက်ပ့ံ ဆောင်ရွက်မှုများ ရှိပါသည်။ ဆေးရုံများ၊ ရပ်ရွာအခြေပြု community quarantine centre များတွင် လည်း volunteer အဖြစ်ပါဝင် ခဲ့ကြပါသည်။ ကျေးရွာများ တွင်လည်း အရေးပေါ် ရှေးဦးသူနာပြု သင်တန်းများ ပို့ချပေးမှုများလည်း ရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် စစ်ဘေးရှောင် စခန်း (၃) ခုတွင် ကလေးငယ် (၆၀၀) ကျော်အတွက် ပြည်တွင်း ပြည်ပ အလှူရှင်များ ကနေ တဆင့် လည်း အနွေးထည် များ ထောက်ပ့ံကူညီမှု များလည်း ပြုလုပ်ခဲ့ပါသည်။ ထိခိုက် ဒဏ်ရာ ကအစ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြုံတွေ့နေသော ခက်ခဲ လူနာ တချို့ကိုလည်း ကူညီထောက်ပ့ံမှု များ ပေးနိုင်ခဲ့ပါသည်။
စစ်ဘေး၊ သဘာဝ ဘေး ကြောင့် အခက်အခဲ ဖြစ်နေသော၊ နေရပ်မှ ရွှေ့ပြောင်းရသော အိမ်ထောင်မိသားစု (၃၀) ကိုလည်း လိုအပ်သော အကူအညီများ ကို အလှူရှင်များကနေ တဆင့် ပံ့ပိုးကူညီ နိုင်ခဲ့ပါသည်။
မိမိတို့အသင်း ကနေဝတဆင့် ယုံယုံကြည်ကြည်နဲ့ လှူဒါန်း ကူညီပေးသူများအား အထူးကျေဇူးတင်ရှိပါသည်။
ထို့အတူ ခက်ခဲ ကာလတွင် ပို၍ ခက်ခဲသော လိုအပ်သောသူများအား ကူညီပံ့ပိုး နိုင်သလောက် ကူညီပ့ံပိုးလိုသူများ၊ သဒ္ဒါတရား ထက်သန်သော ပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သလောက် ကေနဒီ ကနေတဆင့် ပ့ံပိုးကူညီပေးလို့ ရကြောင်းလည်း ပြောကြားလိုပါသည်။
တို့လက်တွေ တဲွမြဲတဲွကာ အတူတကွ ရင်ဆိုင်ကျော်လွှား ကြပါစို့။
Click here to claim your Sponsored Listing.
Category
Website
Address
Haka
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |