Beach Life

Beach Life

Share

#BeachLife is economic camping ground developing with the nature.

25/08/2022

Bali

Bali 💚

Photos from Beach Life's post 22/12/2019

ကဲ...
လာမယ် Christmax နဲ့ Happy New Year 2020 ပိတ်ရက်တွေမှာ သူငယ်ချင်း မိတ်​ေဆွအဖွဲလိုက် စရိတ်သက်သာစွာနဲ့ သီးသန့်camping လုပ်ဖို့ စိတ်ကူးလေးများရှိကြလားဗျ။

ကမ်းခြေလူနေမှုပုံစံကို ဆန်းသစ်ပြီး သစ်၊ ဝါး၊ ဓနိ တို့နဲ့ဆောက်လုပ်ထားတဲ့ လေးယောက်အထိ တည်းခိုနိုင်မယ့် တဲငယ်သုံးလုံး၊ တယောက်အိပ် ရွက်ဖျင်တဲ့ငယ် နှစ်လုံး၊ စုစုပေါင်း ဆယ်လေးယောက်အထိ ကမ်းခြေ sea viewမှာတည်းခိုနိုင်တဲ့ နေရာလေးတစ်ခုရှိတယ်။ နေရာက ရခိုင်ပြည်နယ်တောင်ပိုင်းက ကြွေချိုင်ရွာ။ ရေချိုးခန်း အိမ်သာများ ပြည့်စုံစွာစီမံထားပြီး အုပ်စုလိုက်ပျော်ပွဲစားထွက်စခန်းချ ချင်သူများအတွက် အလွန်အဆင်ပြေစေမှာဖြစ်ပါတယ်။

တစ်ရက်တာ ငှားရမ်းမှုအတွက် camping ground တစ်ခုလုံး မိမိတို့ တစ်ဖွဲ့တည်းသာရှိနေမှာဖြစ်လို့ လွတ်လပ်စွာပျော်ရွှင်နိုင်ပါတယ်။ လူသူအရောက်နည်းပါးပြီး သဘာဝအတိုင်းတည်ရှိနေတဲ့ သောင်ပြင်ကျယ်များ၊ ကျောက်ဆောင်များ၊ စမ်းချောင်းများဟာ group camping လုပ်ချင်သူတွေအတွက် ဆွဲဆောင်မှုအပြည့်နဲ့ တည်ရှိနေပါတယ်။

တစ်ရက်တာတည်းခိုမှုအတွက် ၁၅၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဆယ်လေးယောက်အတွက် မနက်စာပါ ပါဝင်တာမို့ စောစောသာ helloလုပ်လိုက်တော့ဗျာ...

Photos from Beach Life's post 21/12/2019

ကြွေချိုင်ရွာဟာ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်တွင်းမှာတည်ရှိတဲ့ ကမ်းခြေရွာတစ်ခုပါ။ ရန်ကုန်မှ ၁၉၂မိုင်ခန့်ကွာဝေးပြီး ရန်ကုန်မှ ငပလီသို့သွားရာ လမ်းကြောင်းပေါ်ရှိ ရွာငယ်တစ်ခုဖြစ်ပါတယ်။
အနောက်ရိုးမ၊ တောင်ယာစပါးခင်းများနဲ့ ပင်လယ်ကမ်းခြေကြားမှာ အရင်က တံငါရွာလေးအဖြစ်ရှိခဲ့ပြီး၊ ယခုအခါမှာတော့ လှပသော ကမ်းခြေဒေသတခုအဖြစ် ရောက်ဖူးသူတိုင်း အသိအမှတ်ပြုရတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။
မိုးများသောဒေသဖြစ်ပြီး ရံဖန်ရံခါ အနောက်ရိုးမပေါ်မှ မြူခိုးမြူငွေ့တို့ဟာ တောင်ယာစပါးခင်းများနဲ့ အုန်းခင်းများကို ဖြက်သန်းကာ ပင်လယ်ဆီသို့ ဆီးဝင်နေတတ်တာကို တွေ့မြင်နိုင်ပါတယ်။
ဒီပါတ်ဝန်းကျင်ဟာ ရခိုင်တိုင်းရင်းသားများသာမက ချင်းလူမျိုးများပါ မှီတင်းနေထိုင်ကြကာ အေးချမ်းသောဒေသအဖြစ် တည်ရှိနေပါတယ်။ ဒေသခံအများစုဟာ တောင်ယာလုပ်ငန်း၊ ရေလုပ်ငန်းတို့ကို ရာသီအလိုက် ပြောင်းလဲလုပ်ကိုင်တက်ကြတယ်။ နေအိမ်အများစုမှာ သစ်၊ ဝါး၊ ဓနိတို့ဖြင့်ဆောက်လုပ်ကာ ရှေးအစဉ်လာအတိုင်း တည်ရှိနေဆဲပဲ ဖြစ်ပါတယ်။
သဘာဝ အလှတရားတို့ကို ခံစားချင်သူတို့အဖို့ အချိန်ပေးကာ မဖြစ်မနေလာရောက်သင့်တဲ့ဒေသတစ်ခုလဲဖြစ်ပါတယ်။

Want your hotel to be the top-listed Hotel in Gwa?
Click here to claim your Sponsored Listing.

Beach Life

ကမ်းခြေ လူနေမှုပုံစံကို ဆန်းသစ်သော အသွင်ဖြင့် မိတ်ဆွေသူငယ်ချင်းများအဖွဲ့လိုက် စခန်းချ ပျော်ပွဲစားထွက်နိုင်ရန် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ရှိ ကြွေချိုင်ရွာတွင် Camping Ground အဖြစ် ပထမဦးစွာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ရခိုင်ရိုးမ (အနောက်ရိုးမ) နှင့် နီးကပ်စွာတည်ရှိလျှက်ရှိပြီး၊ လူအရောက်နည်းပါးသေးသော ကမ်းခြေများ၊ ကျောက်ဆောင်များ၊ စမ်းချောင်းများဖြင့် သဘာ၀အတိုင်းတည်ရှိကာ၊ တံငါသည်တို့၏ နေ့စဉ်ဘ၀များကို အနီးကပ်လေ့လာနိုင်သောဒေသဖြစ်ပါတယ်။ ဘဲကျွန်းနှင့် အခြားသောစိတ်ဝင်စားဖွယ်ရာ ကျွန်းများ၊ ရွာစဉ်အလိုက် ကွဲပြားစွာတည်ရှိနေသော ပင်လယ်ချိုင်များက တမူခြားနားသော သဘာ၀အလှများနှင့် ကမ်းခြေလူနေမှုပုံစံကို ခံစားရစေမှာပါ။

Category

Telephone

Website

Address


Gwa