The Rays of Light - Dawei
HIV/AIDS prevention, HIV Testing and Counselling,
24/06/2025
Miss Queen Page ကို like and follow
လုပ်ပီး No.5လေးကို like 👍လေးတချက်ဖစ် အားပေးပါအုံး🥰
No( 5 ) May Madi Moe
Miss Queen 2025 ✨️
OFFICIAL VOTING PHOTO စတင်ပါပြီ
Page ကို Like & Follow ပြုလုပ်ပြီး မိမိကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင် ပုံများကို Like & share တို့ဖြင့် ဝန်းရံ အားပေးနိုင်ပါတယ်...
စည်းကမ်းသတ်မှတ်ချက်များ ....
1 Like - 1 Vote
*** Page ကို Like & Follow လုပ်ထားသော Like & Share များကိုသာ ရေတွက်မည် ဖြစ်ပါသည် ။
အခုက စပြီး 29 . 6 . 2025 ညနေ ( 3 ) နာရီအထိ
နောက်ဆုံးထား ရေတွက်မှာဖြစ်ပြီး Voting အများဆုံး ရရှိတဲ့ ပြိုင်ပွဲဝင်ကို
Miss Queen 2025 ပြိုင်ပွဲရဲ့
" Best of Popular " ဆု ရရှိမှာဖြစ်ပါတယ်။
24/01/2025
အလင်းတန်းလေးများ(ထားဝယ်)ရုံးတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းတစ်ဦးလိုအပ်လျက်ရှိပါသည်။ ဆက်သွယ်ရန်လိပ်စာ အမှတ်(အမှတ်၁၄၃) မောလဲဘုရားလမ်း၊ဥဿရံတိုးချဲ့ရပ်ကွက်၊ ထားဝယ်မြို့။ ဖုန်း 09422190853
30/12/2024
နှစ်သစ်မှာ သူငယ်ချင်းတို့ကို မင်မင်တို့ရဲ့ အလင်းတန်းလေးများ ဆေးခန်းတွေမှာ ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်လဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်...
အလင်းတန်းလေးများ ဆေးခန်း (Dawei Mini KPSC)
✅ HIV ရောဂါဆိုင်ရာ အချက်အလက်များ မျှဝေခြင်း (HIV HE)
✅ သွေးမစစ်ဆေးခင် အကြို နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ခြင်း (Pre Test Counselling)
✅ သွေးစစ်ဆေးပြီးနောက် နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ခြင်း (Post Test Counselling)
✅ ကာလသားရောဂါ ဆွေးနွေးခြင်း ၊ စစ်ဆေးခြင်း နှင့် ကုသခြင်း (STI counselling, screening & treatment)
✅ ရောဂါပိုး ရှိသူများကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း (Positive Counselling)
✅ ရောဂါပိုးရှိသူများကို အေအာရ်တီဆေးဝါး အခမဲ့ရရှိစေရန် ဆက်လက်လွှဲပြောင်းပေးခြင်း (ART referral)
✅ HIV ပိုးရှိသူများ နှင့် ဆက်နွယ်သူများကို စစ်ဆေးဖော်ထုတ် သွေးစစ်ခြင်း (INDEX testing)
✅ တီဘီရောဂါ စစ်ဆေးနိုင်ရန် နှင့် ကုသမှုခံယူနိုင်ရန် လွှဲပြောင်းပေးခြင်း (ဦးတည်အုပ်စုဝင်များ၏ လိင်ဆက်ဆံဘက်အဖော်များနှင့် မိသားစုဝင်များသာ) (TB screening and treatment referrals)
✅ အေအာရ်တီဆေးသောက်မည့်လူများအား သတ်မှတ်ထားသည့် အချက်အလက်နှင့် ကိုက်ညီလျှင် အာဟာရ ပံ့ပိုးခြင်း (Nutrition support)
✅ အမျိုးသားသုံး နှင့် အမျိုးသမီး ကွန်ဒုံးများ ၊ ချောဆီများ ပံ့ပိုးခြင်း
✅ ဝန်ဆောင်မှုများ လာယူနိုင်ရန် လမ်းခရီးစရိတ် ပံ့ပိုးခြင်းများ (TA support)
✅ ဒါအပြင် ဝန်ဆောင်မှု လာယူသူများအား မုန့်ဖြင့် ဧည့်ခံခြင်း (Refreshments support)
👉 HIV ကူးစက်နိုင်ခြေများတဲ့ လိင်တူ ချစ်သူတွေ ၊ လိင်လုပ်ငန်းနဲ့ အသက် မွေးဝမ်းကြောင်းသူတွေ ၊ မူးယစ်ဆေး အကြောထိုးသွင်းသူတွေ နဲ့ အခြား ကူးစက်နိုင်ခြေများသူတွေကိုပဲ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုတွေကို ရုံးဖွင့်ချိန် မနက် ၉ ကနေ ညနေ ၄ နာရီအတွင်း ရရှိမှာ ဖြစ်ပါတယ်။
ဆေးခန်း ဖုန်းနံပါတ် - 09 422190853 ကိုလည်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ
📌ဆေးခန်းလိပ်စာ အမှတ်၁၄၃ မောလဲဘုရားလမ်း၊ဥဿရံတိုးချဲ့ရပ်ကွက်၊ထားဝယ်မြို့။
စောစစ် သိကြ ကုသမှ
ကျန်းမာ ဘဝ ပျော်ရွှင်ရ
17/04/2024
“HIV ပိုး ရှိမရှိစိတ်ပူမိနေရင် ဘယ်တော့ သွေးစစ်ရမှာလဲ” 🤔🤔
သွေးစစ်လိုသူ အများစုက HIV ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်တွေ ဖြစ်တဲ့ ပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေး အကြောထိုးသွင်းသုံးစွဲခြင်း ၊ ဆေးထိုးအပ်ဆေးထိုးပြွန်များ နဲ့ ထိခိုက်မိပြီး သွေးစစ်ချင်ကြတာတွေ ရှိပါတယ်။ တချို့ကလည်း မတော်တဆ ခိုက်မိတာတွေ ကြောင့် သွေးပေသွားတာ စတာတွေ ဖြစ်တတ်ပါတယ်။ တချို့ကလည်း ကွန်ဒုံး ပေါက်တာ ၊ ကွန်ဒုံး လိင်တံတစ်ဝက် အထိသာ ဖုံးမိတာ ၊ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေ ပေသွားလို့ စိတ်မချလို့ စစ်ချင်တာ အကြောင်းအရင်းတွေက အမျိုးမျိုးပါပဲ။
ဒီတော့ မိမိမှာ HIV ပိုး ရှိမရှိ မစစ်ဆေးခင် ဒါလေးတွေကို သိထားဖို့လိုပါမယ် ⬇️⬇️
➡မတော်တဆ ထိခိုက်မိလို့ HIV ပိုး ကူးခံရတာကိုသိချင်လို့ ချက်ချင်းကြီး ပိုး ရှိ/မရှိ စစ်ဆေးရင် မပေါ်ပါဘူး ၊ ပေါ်ခဲ့ရင် အရင်ကတည်းက ပိုးကူးထားပြီး မသိလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်
➡HIV ပိုးကောင်ကို ချက်ချင်း တိုက်ရိုက်ရှာဖွေစစ်ဆေးရင်တောင် စျေးကြီးပြီး နေရာတိုင်းမှာ မရနိုင်ပါဘူး (ဥပမာ - PCR test လိုမျိုး)
➡HIV ပိုးကို တုန့်ပြန်ပြီးမှ ထွက်လာတဲ့ ခုခံအား antibody ကို လူအနည်းစုမှာ အစောဆုံး ၂ပတ် မှ စပြီးစစ်လို့ရပါတယ်။ ရှိပြီး သေချာရှာမတွေ့တာလည်း ရှိတတ်လို့ ပိုမိုတိကျတဲ့ နည်းတွေနဲ့ ထပ်စစ်ရပါမယ်
➡HIV ပိုးကို တုန့်ပြန်ပီးမှ ထွက်လာတဲ့ ခုခံအား antibody ဆိုတာ ပိုးကူးစက်ခံရပြီး ၃လအချိန်ရောက်ရင် ၉၉.၉% ထွက်လာပါတယ်။ ၃လအကြာမှ Rapid antibody Test kit နဲ့ စစ်တာကတော့ စျေးသက်သာပြီး ပိုမိုတိကျပါတယ်။
HIV စစ်ဆေးခြင်းနဲ့ သက်ဆိုင်တဲ့ Window Period/ကြားကာလ ဆိုတာကိုလည်း နားလည်ထားမယ်ဆိုရင် ပိုရှင်းသွားပါလိမ့်မယ်။ လေ့လာချင်ရင် ဒီလင့်လေးမှာ https://www.facebook.com/AllianceHIVPrevention/posts/341920918517576 ဖတ်ကြည့်ပေးပါ။😊😊
17/04/2024
သူငယ်ချင်းတို့ရေ.. ဒီအပတ်ပြောပြ ပေးသွားမှာကတေ့ာ “ HIV ပိုး ရှိမရှိ စစ်တာ ကို မကြာခဏ စစ်ရမှာလား စစ်ဖို့လိုလား ဆိုတာ“ နဲ့ ပတ်သတ်ပြီး ပြန်ဖြေပေးသွားမှာ ဖြစ်ပါတယ်
➡ ဒီမေးခွန်းအတွက်တော့ အဖြေတစ်ခုတည်း မရှိပါဘူး။ ကိုယ်က HIV ပိုးကူးစက်နိုင်ခြေ အန္တရာယ် ဘယ်လောက်ရှိသလဲ အပေါ် မှာပဲမူတည်ပါတယ်။
✅အကယ်၍ သင်က လိင်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက် (သို့မဟုတ်) လိင်ဆက်ဆံဖော်များတယ်ဆိုရင်တော့ ၃လ ဒါမှမဟုတ် ၆လ တကြိမ်တိုင်းစစ်ပါ။
✅ပုံမှန်အနေအထားမှာတော့ ၁ နှစ်တကြိမ်လောက် ဒါမှ မဟုတ် လိုအပ်မှပဲ စစ်ရင် ရပါပြီ။
အရေးကြီးတာကတော့ စောစောစစ်ရင် စောစောပိုးရှိမရှိ သိရလို့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ခုခေတ်မှာတော့ HIV ပိုးရှိမရှိ စစ်ဆေးတာက လွယ်ကူပြီး ကုန်ကျစရိတ်လည်း နည်းလာပြီဖြစ်ပါတယ်…
17/04/2024
“HIV ပိုး စစ်လို့ ပိုးရှိသွားပြီဆိုရင် ဘာဆက်လုပ်ကြမှာလဲ”
✅စိတ်တည်ငြိမ်အောင်ထားပါ
HIV positive ဆိုတဲ့ အဖြေက စိတ်ထိခိုက်စရာ ဖြစ်နိုင်ပေမဲ့ အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ပါ။
✅ကျွမ်းကျင်သူများနဲ့ ဆွေးနွေးတိုင်ပင်ပါ
အနီးစပ်ဆုံး ဆေးခန်းတွေ ဒါမှမဟုတ် ဝန်ဆောင်မှုပေးနေတဲ့ page တွေကနေတဆင့် သိချင်တာနဲ့ ဘာဆက်လုပ်ရမလဲ မေးမြန်းပါ၊ အဲဒီကနေ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ အကြံဥာဏ်တွေ ရယူပါ။
✅လက်လှမ်းမှီနိုင်တဲ့ ဝန်ဆောင်မှုတွေ ရှာဖွေပါ
မိမိနေထိုင်ရာ နေရာရဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာရှိတဲ့ အခမဲ့ နှစ်သိမ့်ဆွေးနွေးပေးတာတွေ ၊ အခမဲ့ဆေးဝါးကုသမှုတွေ ကဲ့သို့ ဝန်ဆောင်မှုတွေကို လေ့လာရှာဖွေရယူပါ။
✅သင့်မှာ လိင်ဆက်ဆံဖော်ရှိရင် HIV ပိုး ရှိမရှိ စစ်ခိုင်းပါ
HIV ပိုးရှိရင် မိမိရဲ့ အဖော်ကိုလည်း သွေးစစ်ခိုင်းဖို့လိုပါတယ်။
✅အခြားသူတွေကို HIV ပိုးမကူးစက်စေဖို့ အကာအကွယ်သုံးပါ
ပိုးရှိနေပြီဆိုရင် အခြားသူတွေဆီ ကူးစက်မသွားဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျမှန်မှန်ကန်ကန် ဆက်လက် အသုံးပြုပါ။
✅ART အေအာရ်တီ ဆေးကို အမြန်ဆုံးသောက်ပါ
HIV ပိုးက ကိုယ်ခံအား စနစ်ကို တိုက်ခိုက်ပါတယ်၊ ART အေအာရ်တီဆေးဝါးများက HIV ပိုးပွားများမှုကို တားဆီးပြီး ကိုယ်ခံအားကို ပြန်လည်မြင့်တက်စေပါတယ်၊ ဒါကြောင့် အခမဲ့ ရနေပြီ ဖြစ်တဲ့ ART အေအာရ်တီ ဆေးဝါးကို နီးစပ်ရာ ခုခံကျ/ကာလသားရောဂါ တိုက်ချက်ရေးဌာနများမှာ သွားရောက်စာရင်းဝင်ပြီး ကုသမှု အမြန်ဆုံးရယူလိုက်ပါ။
05/10/2023
HIV ကာကွယ်ရေး နည်းလမ်းတွေ တော်တော်များများကို ဖော်ပြပေးသွားပြီးပြီဆိုတော့ ဒီထဲကမှ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးကြည့်ကြရအောင်…
📌PrEP + Condoms (နှစ်ထပ်ကာကွယ်မှု) - Pre-Exposure Prophylaxis (PrEP) နှင့် ကွန်ဒုံးတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် HIV ပိုးကူးစက်ခြင်းမှ ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ PrEP တစ်ခုတည်းက 100% ထိရောက်မှု မရှိပေမယ့် ကွန်ဒုံးနဲ့ တွဲသုံးတဲ့အခါ HIV ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သလို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STIs) ကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
📌အကာအကွယ်သုံးပါ - ကွန်ဒုံးများသည် ကွဲပြားခြားနားသော ပုံသဏ္ဍာန်၊ အရွယ်အစား၊ အသွင်အပြင်များ ရှိပါတယ် ။ ဒါကြောင့် HIV ကူးစက်မှုကို ကာကွယ်ရန် မိမိနှင့်သင့်လျော်သောကွန်ဒုံးကို အမြဲတမ်းအသုံးပြုပါ။
📌သင့်လိင်ဆက်ဆံဖော် နှင့် ပွင့်လင်းစွာ ပြောဆိုပါ - HIV ကာကွယ်ရေးနှင့်ပတ်သက်၍ သင့်လိင်ဆက်ဆံဖော် (သို့) သင့်လိင်ဆက်ဆံဖော် (များ)နှင့် ပွင့်ပွင့်လင်းလင်း ရိုးသားစွာ ပြောဆိုရန် အရေးကြီးပါတယ်။ ဒါကြောင့် နှစ်ဦးစလုံး ပုံမှန်စစ်ဆေးမှုခံယူရန်၊ အကာအကွယ်ကို တသမတ်တည်းနှင့် မှန်ကန်စွာအသုံးပြုရန်၊ လိုအပ်ပါက PrEP ကဲ့သို့သော ရွေးချယ်မှုများ ကို ရယူနိူင်ရန် ဆွေးနွေးပါ။
📌HIV ပိုးရှိသူဖြစ်ပါက ART ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ- အကယ်၍ သင်ဟာ HIV ပိုးရှိသူဖြစ်ပါက ART ဆေးကို စွဲမြဲမှန်ကန်စွာသောက်ပါက ခန္ဓာကိုယ်အတွင်းရှိ ပိုးကောင်အရေအတွက်ကို စစ်ဆေးမှုများဖြင့် ရှာဖွေမတွေ့ရှိနိုင်သည်အထိ လျော့ချနိုင်ပြီး လိင်မှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါသည်။
📌စိတ်ကျန်းမာရေးကို ဂရုပြုပါ - သင့်စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းက HIV ကာကွယ်ခြင်း၏ အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါတယ် ။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ နှင့် စိတ်ဓာတ်ကျမှုတို့က ကျန်းမာသောရွေးချယ်မှုများ ပြုလုပ်ရန် နှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုကိုပြုလုပ်ဖို့ သင်၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ လိုအပ်ပါက သူငယ်ချင်းများ၊ မိသားစု သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်များထံမှ အကူအညီရယူပါ။
📌မူးယစ်ဆေးဝါးအသုံးပြုမှုကို ထိန်းချုပ်ပါ - မူးယစ်ဆေးဝါးသုံးစွဲမှုက စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပြီး အန္တရာယ်ရှိသော အပြုအမူများဆီသို့ ဦးတည်စေသောကြောင့် HIVပိုးကူးစက်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။ အကယ်လို့ သင်ဟာ မူးယစ်ဆေးများကို အသုံးပြုနေပါက မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော နောက်ဆက်တွဲအန္တာရာယ်များကို သတိပြုပြီး အန္တာရာယ်ကို လျှော့ချရန် Harm Reduction Service များကို ရယူပါ။
HIV ကာကွယ်ခြင်းသည် နည်းလမ်းတစ်ခုတည်းနှင့် ကိုက်ညီသည့် နည်းလမ်းမဟုတ်ကြောင်း သတိရပါ။ လူတိုင်း၏ အခြေအနေနှင့် လိုအပ်ချက်များသည် မတူညီသောကြောင့် သင့်အတွက် အကောင်းဆုံးဖြစ်မည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် နည်းဗျူဟာအမျိုးမျိုးကို ရှာဖွေရန် အရေးကြီးပါတယ်။
Credit #
31/07/2022
😍
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 143, Shwe Bon Thar Phayar Load
Dawei
ALDM
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |