Postcards from Burma

Postcards from Burma

Share

ကိုယ့်နိုင်ငံမှာ သိပ်လှတဲ့ နေရာတွေ?

02/02/2021

ပြည်သူအားလုံးနဲ့ အတူရှိနေမည့် မြန်မာ Travel Blogger များရဲ့ သဘောထား ထုတ်ပြန်ချက်

Statement of Myanmar Travel Bloggers to be with all Myanmar people



Bloggers

16/09/2020

#အလွမ်းပြေ (၆)

ကိုယ်တိုင်က introverted တစ်ယောက်မို့ထင်တယ်။ ကမ်းခြေသွားဖြစ်ရင်တောင် လူသူမရှိတဲ့ ကမ်းခြေမျိုး ရွေးသွားဖြစ်တယ်။ ဒီပုံမှာဆို ရခိုင်ပြည် ဂွမြို့အကျော်က ကြွေချိုင်နားမှာပါ။ အတိအကျဆို ကြွေချိုင်ကနေ နာရီဝက်လောက်ထပ်လှေစီးရတဲ့ ဘဲကျွန်းပေါ်မှာ။ “ ဘာမှလဲမရှိဘဲ မင်းဘာသွားလုပ်လဲ”. လို့မေးရင် ကျနော် က ပြုံးပြလိုက်မိမှာပဲ။ ဒီဘက်ခေတ်မှာ internet မရှိတဲ့ ပတ်ဝန်းကျင်တခုကို New Luxury တစ်ခုအနေနဲ့ တင်စားသတ်မှတ်နေကြပါတယ်။ ကျနော်လည်း အဲ့အယူအဆကို သဘောကျတယ်။ မှတ်မှတ်ရရ အဲ့ဒိနေ့ သူငယ်ချင်း ၂ ယောက်ရဲ့ Honeymoon လဲဖြစ်ခဲ့တယ်။

14/09/2020

#အလွမ်းပြေ (၅)
သွားဖြစ်ခဲ့ ခရီးထဲမှာ အမှန်ခဲ့ဆုံး ၊ပြန်တွေးတိုင်း ပီတိအဖြစ်ဆုံး နဲ့ လက်ရှိနယ်မြေအခြေအနေအရ နောင်ဘယ်တော့လောက်မှ အေးအေးဆေးဆေးထပ်သွားနိုင်မှန်းမသိတဲ့ ခရီးကို ပြောပါဆို မြောက်ဦးသွားခဲ့တဲ့ခရီးပဲ ဖြစ်ပါတယ်။မှတ်မှတ်ရရ မြောက်ဦးဟာ ခရီးလည်းဝေး သွားသူများများစားစားလည်း မရှိတော့ ကျနော် သွားခါနီး မြောက်ဦးအေကြာင်း ရှာရဖွေရ တိုင်ပတ်ရသေးတယ်။ online မှာ active ဖြစ်နေတဲ့မြောက်ဦးသူ/သား တွေလိုက်ရှာ နယ်မြေ အခြေနေ နဲ့ သွားသင့်တဲ့နေရာတွေမေးမြန်းပြီး လူရောကုန်ရောတင်တဲ့expressနဲ့ ၂၄ နာရီကျော်ကြာကားစီးသွားခဲ့ရတယ်။ ဟိုရောက်ခဲတော့ ပင်ပမ်းသည်မှန်သမျှ တန်လိုက်သည်ဖြစ်ခြင်း။ ဘယ်​တော့မှန်းမသိသေးပေမယ့် နောက်တစ်ခေါက်ထပ်ရောက်ချင်ပါသေးတယ်။
(မရောက်ဖူးသူတွေ ဖတ်လို့ရအောင်ပါ)
https://www.facebook.com/postcardsfromburma/posts/1871039532980768

07/09/2020

#အလွမ်းပြေ (၄)

ထားဝယ်ကို ကျနော် အကြွေးရှိနေတယ်။ ထားဝယ်အကြောင်းရေးဖို့ဆိုပြီး ၂ ခေါက်တိတိလာတယ်။ ပြီးတော့ ဘာမှဆက်မဖြစ်ဘူး။လူတွေက တချို့အကြောင်းအရာတွေကို ချက်ချင်းထလုပ်ဖို့ ဘာကြောင့်တွန့်ဆုတ်နေပါလိမ့်...😈 ။
ဒီပုံထဲကနေရာလေးက ဖိုးဖိုးကျောက် ကမ်းခြေမှာပါ။ အမှန်ဆို သိပ်လှ၊ ရေသိပ်ကြည်တဲ့ ကမ်းခြေပေါ့ ။ ကျနော် ရောက်တော့ အဲ့နေ့က မိုးရွာတာနဲ့တိုးပြီး ရေကလည်းနောက်နေတယ်။ ခရီးထွက်တဲ့အခါ ခရီးသွားLuck ဆိုတာလဲ တခါခါ လိုသေးတယ်။ ဘယ်လောက်ပဲပြင်ဆင်သွားသွား ရာသီဥတုက နှောက်ရင် သွားတာပဲ။ အဲ့တော့ နောက်ပိုင်းခရီးသွားတဲ့အခါ စိတ်ကိုပါ ပြင်ဆင်ပြီး သွားတတ်လာတယ်။

06/09/2020

#အလွမ်းပြေ (၃)

ပြည်ရောက်တော့ ...
သရေခေတ္တရာမြို့ဟောင်းကို ဘယ်သွားရမှန်းမသိလို့သာ ဝင်လိုက်တာ။ ယူနက်စကိုဝင်ထားတဲ့ မြို့ဟောင်းတခုပေါ့ ၊ မြို့ရိုးဘာညာ လေးတွေရှိမယ်ပေါ့။ ဒီလောက်ပဲ။ ရောက်သွားတော့မှ သပ်သပ်ရပ်ရပ်၊ စိမ်းစိမ်းစိုစို၊ လှလှပပ နဲ့ သေချာပြင်ဆင်ထားတဲ့ လေ့လာစရာအပြည့် ၊ ယူနက်စကို အသိမှတ်ပြု ပျူမြို့ဟောင်းတစ်ခုအဖြစ် မြင်လိုက်ရတယ်။ သမိုင်းလေ့လာသူရော၊ ဓါတ်ဆင်/ဓါတ်ရိုက် ဝါသနာပါသူတွေအတွက်ပါ လည်ပတ်စရာနေရာတခုဆိုလည်း မမှားပါဘူး။ ကားနဲ့သွားတာထက် သုံးဘီး၊ စက်ဘီး ၊ဆိုင်ကယ် တခုခု နဲ့ စိမ်ပြေနပြေ လေ့လာသင့်တဲ့ နေရာလေးတခုပါ။
ပုံထဲက ဘောဘောကြီးစေတီဆို မြင်နေကြမဟုတ်တဲ့ ထူပါစေတီအမျိုးအစားလည်းဖြစ် ၊စေတီနားမရောက်ခင် အဝင်လမ်းကတည်းက အတန်းလိုက်ရှိနေတဲ့ အပင်တွေနဲ့ ဘောဘောကြီးစေတီဟာ အတော်သပ္ပါယ်လှတယ်။
စကားမစပ် ပြည်မြို့ဟာ ထင်မထားလောက်အောင် လေ့လာစရာတွေများတဲ့အပြင် အစားအသောက်လည်း အတော့်ကိုကောင်းတဲ့ မြို့လည်းဖြစ်ပါတယ်။

05/09/2020

#အလွမ်းပြေ (၂)

အဖေရယ် အမေရယ် အမျိုးတွေရယ်ကို ထားဝယ်လိုက်ပို့ပေးဖြစ်တဲ့ အခေါက်ပေါ့။ မောင်းမကန်ကမ်းခြေမှာ အိမ်အလုံးလိုက်ငှါး၊ အားလုံးစုပြီး နေဖြစ်ကြတယ်။ ခရီးတွေခဏ ခဏ ထွက်ဖြစ်လာတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့ လူကြီးတွေအတွက် တခါခါ စဉ်းစားဖြစ်လာတယ်။ အရင်ကလို သူတို့သွားဖူးတဲ့ ဘုရားဖူးခရီးတွေမျိုးမဟုတ်ဘဲ ခုခေတ်လူငယ်တွေသွားသလို ပေါ့ပေါ့ပါးပါး၊ သဘာဝနဲ့ပိုနီးစပ်တဲ့ ခရီးတွေ သွားစေချင်မိတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် ကျနော်တို့ကို ခရီးတွေနဲ့ မိတ်ဆက်ပေးခဲ့တာလဲ သူတို့ပဲမှတ်လား??

P.s ပုံလေးကတော့ လူကြီးထိန်းနေရတာနဲ့ ပုံမရိုက်ဖြစ်လို့ ပြန်ခါနီးမှ တည်းခဲ့တဲ့ အိမ်ရှေ့လေးမှာ အပြေးအလွှား အမှတ်တရ

04/09/2020

#အလွမ်းပြေ (၁)

မှတ်မိသေးတယ် ...
ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက ကိုယ်ရဲ့ ကားပိစိနဲ့ တောင်အထပ်ထပ် ကွေ့အသွယ်သွယ်ကို ဖြတ်ပြီး ပင်လောင်းမြို့ကိုသွားဖြစ်ခဲ့တယ်။ ပထမဆုံး ရှမ်းပြည်ဘက် ကားမောင်းဘူးတဲ့ အတွေ့အကြုံပါပဲ။ ပထမဆုံး ရန်ကုန်ကနေ ၆ နာရီအထက် ခရီးရှည်မောင်းဘူးတာဆိုလဲ ဟုတ်တယ်။ နေပြည်တော်ကနေ ၁ နာရီလောက် တောင်တက် ၊ ၁၅ ထပ်ကွေ့ဆိုတာကို အသက်ဖွဖွလေးရှုပြီးမောင်း၊ ပေါင်းလောင်းမြို့ရောက် ၊ ပြီးတာနဲ့ ဗြုန်းဆို ဒီ လိန်းလီတံတားကြီး ပေါ်လာတော့ာပဲ။ နေပြည်တော်ဘက်ကနေ ပင်လောင်းသွားချင်တာဖြစ်ဖြစ် ၊ ကလောက်ဘက်ဆက်သွားချင်တာပဲဖြစ်ဖြစ် ၊ ကယားဘက် ထပ်သွားချင်တာပဲဖြစ်ဖြစ် ဒီတံတားကိုဖြတ်သွားရမှာပါ။ မြေပြင်ကကြည့်ရင်လည်း တံတားကြီးကမိုက်သလို ကျနော်ကတော့ အပေါ်စီးကနေ တံတားကိုမြင်ရတာ တံတားရယ် ဆည်ရယ် တောင်တန်းတွေရယ်နဲ့ အတော် ကြည့်ကောင်းတယ် ထင်မိတယ်။ တံတားအကျော်လေးမှာ နန်းမွန်ကြီးရေတံခွန်ကို ပို့ပေးတဲ့ လှေဆိပ်တွေရှိတယ်။ ခဏတဖြုတ် ကားလည်းနားရင်း ဆိုင်လေး ဘာလေး ထိုင်လို့ရတာပေါ့။

Photos from Postcards from Burma's post 03/09/2020

Dream or Real

Photos 02/06/2020

ကိုဗစ်ပြီးလို့ ခရီးတွေ စသွားလို့ ရပြီဆိုရင်ကော မြောက်ဦးဟာ ဘာလဲ??ဘယ်လဲ??
Mrauk U , Ancient Rakhine City

https://www.facebook.com/postcardsfromburma/posts/1871039532980768

Photos from Postcards from Burma's post 19/05/2020

“In Life It’s Not Where U Go, It’s Who U Travel With.” @ Hanoi, Vietnam

Photos 17/05/2020

Dream or Real

Want your business to be the top-listed Media Company in Dawei?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Dawei