Dawei-EDC

Dawei-EDC

Share

Dawei Education Degree College❤️ We accept advertising posts

07/10/2023

ကျောင်းတော်ကြီးထဲကဆိုရင် pageကို
Follow လုပ်ထားပါ
❤️

06/10/2023

Dawei-EDC❤️

05/10/2023

“Education is not the learning of facts, but the training of the mind to think.”

― Albert Einstein

05/10/2023

ရှာဖွေထားသမျှ တွေ့သမျှ Free Class & Educational Websites တွေကို sharing လုပ်ပေးလိုက်ပါတယ်💕✨✨

admin အားရင်ထပ်ရှာပြီး ဖြည့်ပေးအုံးမှာမို့လို့ You can share guys 🤍 (this is not crd postပါadmin ရှာထားတာလေးတွေပါ🤍)
Edit - အသစ်တွေ ထပ်ဖြည့်ထားပါတယ် 🙆🏻‍♀️

Educational Websites စုစည်းမှု

https://m.facebook.com/story.php?story_fbid=518112589557772&id=100806307955071

Web Development Free Class

https://m.facebook.com/story.php?story_fbid=1364315693924471&id=100010381592688

Edx Education Website (Free Course )

https://m.facebook.com/story.php?story_fbid=2938244689792123&id=100008198618729

Coursera Educational website (highly recommend ✨)

Coursera ကတော့ fieldအစုံကို uni အစုံကနေသင်ပေးတာမို့ ကိုယ် တက်ချင်တာကို ရှာပြီး enrollလို့ရပါတယ် free courseတွေတင်ကိုမနည်းပါဘူး admin တစ်ခုချင်း link မချတော့ဘူးနော်✨
https://www.coursera.org/

Coursera Website မှ Certificate Free ရယူဖို့အတွက် Financial Aid လျှောက်နည်း
https://www.facebook.com/100599128503473/posts/223314652898586/

Educational Free Website 12 ခု စုစည်းမှု✨

https://m.facebook.com/story.php?story_fbid=695851454459348&id=353923085318855

Educational Groups များစုစည်းမှု ✨
https://m.facebook.com/story.php?story_fbid=320405722791550&id=100044663733559

Free course with FREE CERTIFICATE ✨
https://www.facebook.com/101057464789056/posts/323084639253003/

Software Engineering အတွက် free course & တက်ထားသင့်တဲ့ သင်တန်းများ
https://m.facebook.com/groups/589712041379811/permalink/1493903364294003/

SELF STUDY FREE GROUP
https://m.facebook.com/groups/1130854413992333/permalink/1135595510184890/

ဒီgroupလေးကို joinထားစေချင်ပါတယ် gp adminကကျေးဇူးတင်စရာကောင်းလောက်အောင်ကို paid courseတွေ paid books တွေကို free sharing လုပ်ပေးနေတာပါ✨

Korean Language Level 1 to Level 4 အထိ လေ့လာနိုင်မယ့် Free YouTube Channel
https://m.facebook.com/story.php?story_fbid=257231459456783&id=105338694646061

Korean Books ( TTMIK က $နဲ့ဝယ်ရတာတွေကို အခု free down ဖို့အတွက် ရှာပြီးတင်ပေးထားပါ)postပိုင်ရှင်ကပြန်ဖျက်မှာမို့လို့ မြန်မြန်လေး down ထားလိုက်တာ စိတ်ချရပါတယ် ✨

https://www.facebook.com/groups/1130854413992333/permalink/1136972990047142/

IELTS SELF STUDY TIPS

https://m.facebook.com/story.php?story_fbid=1412082749155524&id=903424113354726

Japanese Language Free Class (Sensei သင်ပေးတာက closed gpထဲFreeသင်ပေးတာပါ gp linkချမရလို့ ဒီpage နာမည်အတိုင်း‌ေနာက်မှာ Free Classလို့ထည့်ရိုက်ရင်ကျလာမှာပါ ✨)

https://www.facebook.com/Hoshikojapaneseknowledge/

Japanese Free Class for 2 weeks (beautiful society ကsenseiသင်ပေးတာပါ )

https://www.facebook.com/105572940973086/posts/314696703394041/

Apps for Japanese Self Study

https://www.facebook.com/groups/1130854413992333/permalink/1136535123424262/

JAPANESE Basic to N4 Free Group
https://www.facebook.com/112394467060332/posts/297965175169926/

IELTS Cambridge 1 to 15 books download

https://m.facebook.com/story.php?story_fbid=157549986240642&id=105846688077639

IELTS SELF STUDY free website
https://ieltsliz.com/

https://www.ieltsadvantage.com/

English Free Course by Myanmar Youths

https://m.facebook.com/story.php?story_fbid=102946851972949&id=102072835393684

For English Speaking and IELTS speaking test

https://youtube.com/c/EnglishSpeakingSuccess (IELTS Speaking testအတွက် category တွေခွဲပြီး ရှင်းပြတာမို့ practiceလုပ်လို့အဆင်ပြေပါတယ် )

BBC ENGLISH
https://youtube.com/user/bbclearningenglish

English Vocabulary တွေ‌ IELTSအတွက်ရော sharing လုပ်ပေးနေကြ Page လေး✨
https://www.facebook.com/Learn-English-With-Rain-104233568320010/

Apps to improve English Skills

https://m.facebook.com/story.php?story_fbid=814190959212107&id=100018636313134

IELTS Benefits (IELTS knowledge sharing page )
https://www.facebook.com/IELTS-Benefit-102637587774060/

Duolingo Test Preparation Guide

https://m.facebook.com/story.php?story_fbid=159852852730138&id=102306631818094

Korean Basic & Level 1 by Yonsei University

https://coursera.org/share/f3fc7b425d637b08d25589b1ed163b33
Yonsei ကသင်တာဖြစ်လို့ ရှင်းလင်းပြီး တော်"ကောင်းပါတယ် financial aidနဲ့ အတူ certificate ထုတ်လို့ရပါတယ်

Talk to me in Korean (YTရောWebsiteရောရှိပါတယ် )
https://youtube.com/c/TalkToMeInKorean2009
Conversations တွေရော Grammar တွေရော စုံလင်ပြီး သင်တာ တိုတိုနဲ့ ရှင်းတဲ့channelပါ✨

Topik 1 old questions taught by Myanmar Teacher (YT channel)
https://youtube.com/channel/UCvdUU31r26SVSskRlU_m7Dw

Let's Study with Moon ( Korean Language)
Conversations အတိုလေးတွေ reading, grammar point လေးတွေတင်ပေးတဲ့ page ပါ

https://www.facebook.com/shinymoon8/

Thai Language Free Class

https://m.facebook.com/story.php?story_fbid=299089295161361&id=111519123918380

Harvard University Free Online Courses

https://m.facebook.com/story.php?story_fbid=311956350365832&id=101057464789056

Multi Languages Free Online Class
https://m.facebook.com/story.php?story_fbid=162253972485605&id=102352335142436

Free Digital Courses with Free Certificates

(Future learn website ကလည်း coursera လိုပဲ educational website ပါ coursesတွေအများကြီးfreeလေ့လာလို့ရတဲ့အပြင် certificate ပါ free ပေးတဲ့အတန်းတွေလည်း ရှိပါတယ် )

https://m.facebook.com/story.php?story_fbid=317718839789583&id=101057464789056

Designer Free Class
https://m.facebook.com/story.php?story_fbid=2818036408452763&id=2212303912359352

Crochet Free Class
https://m.facebook.com/story.php?story_fbid=354757309047432&id=335598640963299

Fun Websites for Students
https://m.facebook.com/story.php?story_fbid=244145134167765&id=109504517631828

Telegram Education Channel
_____________________________
Korean Self Study Group Chat
https://t.me/eebyvh

Improve English
https://t.me/ingliztiliuzz

Learn English Idioms Land
https://t.me/Idiomsland

Hangul
https://t.me/hangulhm

English tips and tools
https://t.me/EnglishTipsandTools

Let's learn Korean with Jiwoo
https://t.me/letslearnkoreanwithjiwoo

🇰🇷K language apps လေးတွေ comment မှာထပ်ဖြည့်ထားပါတယ် ✨

ဒါကတော့ local brand support ဖို့အတွက် local brand collection ပါ✨
https://m.facebook.com/story.php?story_fbid=297048712047070&id=102265424858734

05/10/2023

"ပဉ္စဂုဏံ အဟံဝန္ဒာမိ
အာစရိယဂုဏံ အဟံဝန်ဒာမိ"
ကမ္ဘာ့ ဆရာများနေ့ နှင့်အတူ သင်ဆရာ မြင်ဆရာ ကြားဆရာ တို့ကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ဦးချ ကန်တော့ပါသည်။

05/10/2023

💢IQ,EQ,SQ,AQ💢
++++++++++++++

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး
သတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ
သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက် အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ❓ (တွေ့ရှိချက် အသစ်တဲ့)👍

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ် နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...
မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ် မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

original writer

05/10/2023

Education မှာ 5C ပါတယ်
စာသင်ယုံနဲ့မရဘူး
Citizenship ပါ
ပါဖို့လိုတယ်

05/10/2023

. ❗ဆရာ၏ ဂုဏ်အင်္ဂါ ၂၅ ပါး❗
●●●●●●●●●●●●●●●●●●●●

၁။ ဆရာသည် မိမိတပည့်အပေါ်၌ အမြဲမပြတ်
အစောင့်အရှောက်ကို ဖြစ်စေခြင်း၊

၂။ တပည့်၏ မှီဝဲဆည်းကပ်သင့်သော ပုဂ္ဂိုလ်,
မဆည်းကပ်သင့်သော ပုဂ္ဂိုလ် တို့ကို သိခြင်း၊

၃။ တပည့်၏ မေ့လျော့မှု, မမေ့လျော့မှုတို့ကို သိ
ခြင်း၊

၄။ တပည့်အတွက် အိပ်ရာနေရာ ထိုင်ခင်းကို သိ
ခြင်း၊

၅။ တပည့်၏ မကျန်းမမာ ဖျားနာသည်ကို သိခြင်း၊

၆။ ဆွမ်းဘောဇဉ် ရ, မရကို သိခြင်း၊

၇။ တပည့်၏ ထူးခြားမှု မထူးခြားမှုကို သိခြင်း၊

၈။ မိမိ သပိတ်အတွင်း၌ ရောက်သော ဘောဇဉ်ကို
ခွဲဝေပေးခြင်း၊

၉။ ‘‘မကြောက်လင့်၊ သင်၏ အကျိုးစီးပွားသည်
တိုးတက်နေ၏’’ဟု အားပေးအားမြှောက်ပြုခြင်း၊

၁၀။ ‘‘ဤသို့သော ပုဂ္ဂိုလ်နှင့် ပေါင်းသင်းနေ၏’’ဟု
တပည့်၏ အပေါင်းအသင်းကို သိခြင်း၊

၁၁။ ရွာ၌ အပေါင်းအသင်းကို သိခြင်း၊

၁၂။ ကျောင်း၌ အပေါင်းအသင်းကို သိခြင်း၊

၁၃။ တပည့်နှင့်အတူ မြူးတူးရယ်မောခြင်းကို မ
ပြုလုပ်ခြင်း၊

၁၄။ တပည့်နှင့်အတူ စကားပြောဆိုမှုကို ပြုခြင်း၊

၁၅။ အနည်းငယ် ချွတ်ချော်တိမ်းပါးသည်ကို
တွေ့မြင်သည်ရှိသော် သည်းခံခြင်း၊

၁၆။ လေးစား သမှုဖြင့် ကောင်းစွာ ပြုလုပ်ရခြင်း၊

၁၇။ ဆရာ့ဝတ်ကို မချိုးမဖျက်ရခြင်း၊

၁၈။ မလျှို့မဝှက် ပြုလုပ်ရခြင်း၊

၁၉။ အတတ်ပညာကို အကြွင်းမထားဘဲ သင်ကြား
ပေးရခြင်း၊

၂၀။ ‘‘တပည့်ကို အတတ်ပညာတို့၌ ကောင်းစွာ ဖြစ်
စေအံ့’’ဟု အဖစိတ် ထားရခြင်း၊

၂၁။ ‘‘အဘယ်နည်းဖြင့် မဆုတ်ယုတ်ပါအံ့နည်း’’ဟု
ကြီးပွားစေလိုစိတ် ထားရခြင်း၊

၂၂။ ‘‘တပည့်ကို အတတ်ပညာ အားအစွမ်းဖြင့်
အားရှိသည်ကို ပြုအံ့’’ဟူသော စိတ်ဓာတ်မျိုး
ကို ထားရခြင်း၊

၂၃။ တပည့်အပေါ်၌ မေတ္တာစိတ်ကို ရှေးရှုထားရ
ခြင်း၊

၂၄။ ဘေးရန်ရောက်သောအခါတို့၌ မစွန့်ပစ်ရခြင်း၊

၂၅။ ပြုလုပ်ဖွယ် ဝတ်အကျင့်၌ မမေ့လျော့ဘဲ
ချွတ်ချော် ဖောက်ပြန်လတ်သော် တရားသဖြင့်
ချီးမြှောက်ခြင်း။

📕 (မိလိန္ဒ။၁၀၁။) (မိလိန္ဒ၊မြန်။၁၀၉။)📕

ဆရာအဖြစ်နေ၍ နိဿယည်း ပေးနိုင်‌သော
ရဟန်း၏ အင်္ဂါ (၅) ပါး
https://www.facebook.com/100064815335204/posts/457937983043376/

https://www.facebook.com/profile.php?id=100064815335204
Credited to ဝိနည်းအမေးအခြေကဏ္ဍ

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Address


Dawei
Dawei
I'MNOTBUSYYET,SOI'LLGETBACKTOYOULATER