Marvel.Guitar Training Class
Guitar သင်တန်း
31/12/2025
နေခဲ့တော့ ၂၀၂၅ ရေ...... အရာအားလုံးအတွက်ကျေးဇူးပါ......
လာမယ့် ၂၀၂၆ မှာ Music နဲ့ နည်းပညာပေါင်းစပ်သင်ယူကြရမယ့်
MFP အတန်းသစ်တစ်ခုစီစဉ်ထားပါကြောင်း ဂီတဝါသနာရှင် ညီငယ် ညီမငယ်/ သားငယ်/ သမီးငယ်များအား ကြိုတင် အသိပေးအပ်ပါတယ်.😀...... လာမယ့်
😍၂၀၂၆ မှာ အကောင်းဆုံး ကျော်ဖြတ်ကြပါစို့ ......🤩
09/11/2025
အခြေခံ Guitar Rhythm. Level-1 ကို ပြီးမြောက်အောင် သင်ယူနိုင်ခဲ့ကြတဲ့ ညီမငယ်များကို Marvel Guitar မှ ဂုဏ်ယူစွာ မှတ်တမ်းတင်ပါတယ်။ ရောက်တဲ့ နေရာမှာ ရပ်မနေဘဲ ဆက်လက်လေ့လာ သင်ယူကြပါလို့လည်း တိုက်တွန်းပါတယ်။😍
19/10/2025
အခြေခံ Guitar Rhythm. Level-1 ကို ပြီးမြောက်အောင် သင်ယူနိုင်ခဲ့ကြတဲ့ သားငယ်သမီးငယ်များကို Marvel Guitar မှ ဂုဏ်ယူစွာ မှတ်တမ်းတင်ပါတယ်။ ရောက်တဲ့ နေရာမှာ ရပ်မနေဘဲ ဆက်လက်လေ့လာ သင်ယူကြပါလို့လည်း တိုက်တွန်းပါတယ်။😍
Drum-Level.1 နဲ့ Guitar Level.1 သင်တန်းသား ၂ ဉီးဆုံကြသောအခါ😍
11/07/2025
အခြေခံ Guitar Rhythm. Level-1 ကို ပြီးမြောက်အောင် သင်ယူနိုင်ခဲ့ကြတဲ့ ညီငယ်ညီမငယ်များကို Marvel Guitar မှ ဂုဏ်ယူစွာ မှတ်တမ်းတင်ပါတယ်။ ရောက်တဲ့ နေရာမှာ ရပ်မနေဘဲ ဆက်လက်လေ့လာ သင်ယူကြပါလို့လည်း တိုက်တွန်းပါတယ်။😍
03/06/2025
အတန်းချိန်လေးတွေပြောင်းထားပါတယ်
02/06/2025
ဂီတကို ဘာလို့ သင်ယူလေ့လာကြမှာလဲ…..
ဂီတပညာရေးဟာ အဆင့်အတန်းမြင့်မားတဲ့ ပညာရပ်တစ်ခုပါ။ …..
ဂီတဘာသာမှာ သူ့ကိုယ်ပိုင် အက္ခရာ/ညွှန်းကိန်း/အခေါ်ဝေါ်/ သင်ကေတ/
သီအိုရီ/ နည်းစနစ်/ မတူညီတဲ့ တူရိယာများနဲ့ နည်းပညာများစွာ ပါဝင်ပတ်သက်ပါတယ်။
ဒါနဲ့ဆက်စပ်ပြီး - ဂီတကိုဘာကြောင့်လေ့လာသင်ယူသင့်သလဲ?
ဂီတအကြောင်း နားလည်ပြီးရင် ဘာတွေအကျိုးရှိမလဲ?
ဂီတပညာရပ်ကို သင်ယူနေစဉ်မှာ ဘာတွေဖြစ်နိုင်/ရနိုင်မလဲ?
ပီးရင်ဘယ်နေရာမှာအသုံးချမလဲ? စတာတွေ မေးကြပါလိမ့်မယ်။
ဂီတဆိုတာ နိုင်ငံရဲ့ဂုဏ်သိက္ခာပါ.. နိုင်ငံရဲ့ မျက်နှာစာပါ.. ဂီတ အနုပညာ ဆိုတာအရမ်းကို သိမ်မွေ့နူးညံ့ပြီး သင်ယူ နားလည် ခံစား ဖန်တီးနိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓါတ်ခိုင်မာမှု စိတ်ရှည်သည်းခံနိုင်မှု အာရုံစူးစိုက်မှု ဇွဲလုံ့လရှိမှု နဲ့ တော်ရုံလေ့ကျင့်သားအားကောင်းရုံနဲ့ မရနိုင်ပါဘူး။
ဂီတ Music ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင်ယူရတဲ့ အပိုင်းတွေအများကြီးရှိပါတယ်။ ဂီတဆိုတာကို အချို့လူတော်တော်များများက “သီချင်း”လို့နားလည် ထားကြပါတယ်။ သီချင်းနဲ့ ဂီတမတူပါဘူး။ ဂီတ နဲ့ ဂီတာ ဟာလည်း မတူပြန်ပါဘူး။ ဂီတာ ဆိုတာက ဂီတသံစဉ် (သီချင်း)တွေကို ဖန်တီးရာမှာ ပါဝင်တီးခတ်ရတဲ့ တူရိယာ instrument တစ်ခုမျှသာ ဖြစ်ပါဝယ်။ ကဲ …. ဂီတအကြောင်းပဲဆက်ပြောရအောင်…လူတိုင်းနာလည်လွယ်အောင် သီချင်း တစ်ပုဒ်ကို ဉပမာထားပြောရရင်… သီချင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် သံစဉ် / စည်းချက် / စာသား / ညဏ်ပညာ/ အတွေ့အကြုံ/ နည်းပညာနဲ့ အခြားအစိတ်အပိုင်းများစွာနဲ့ဖွဲ့စည်းပုံဖေါ်ရပါတယ်။ ဒါကလည်း ဂီတအကြာင်းကို ထဲထဲဝင်ဝင် သင်ယူလေ့လာဖူးသူမှသိနိုင်ကြပါတယ်။
ဒါ့အပြင် …..သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့အတွက် တူရိယာ instrument တစ်ခုခုကို တီးတတ်နေရုံနဲ့ မလုံလောက် သေးပါဘူး။ အခြားတွဲဖက် တူရိယာတွေရဲ့အလုပ်လုပ်ပုံကိုလည်း နားလည်သင့်သလောက် နားလည်ထားဖို့လိုပါတယ်။ သီချင်းတစ်ပုဒ်ကို ဖန်တီးသူတွေဟာ တစ်ဉီးချင်း ကျွမ်းကျင်မှု/ တစ်ဉီးနဲ့တစ်ဉီး နားလည်မှု/ ကူညီဖေးမနိုင်မှု/စာနာငဲ့ညှာနိုင်မှု/အပေးအယူညီမျှမှု စတဲ့ အရာတွေနဲ့ ပြည့်စုံပြီး အတ္တမာန်မာနတွေကင်းကြရပါတယ်။ စုဖွဲ့မှု အားကောင်းမှ သီချင်းကောင်း တစ်ပုဒ် ဖြစ်လာတာပါ။
ဂီတကိုသင်ယူခြင်းဟာ စည်းကမ်းလိုက်နာမှု/ စိတ်ရှည် သည်းခံနိုင်မှု/ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု ရင့်ကျက်မှုနဲ့ ယုံကြည်မှု / အာရုံစူးစိုက်နိုင်စွမ်းရှိမှု/ ဇွဲလုံ့လ ရှိမှု/ စုဖွဲ့မှု/ ချင်းချင်းစာနာနားလည်တတ်မှု/ အပေးအယူမျှတ ညီညွတ်မှု စတာတွေကို တပါတည်းသင်ယူခြင်းနဲ့အတူတူပါပဲ။ ဒီတော့ ဂီတကိုသင်ယူသူ တစ်ယောက်ရဲ့ပညာရေး လူမှုဆက်ဆံရေး အတွေးအခေါ် စတာတွေ တဆင့်ပြီးတဆင့် မြင့်မားလာ နိုင်ဖို့အတွက် ဂီတက အထောက်အကူတစ်ခုဆိုလည်းမမှားပါဘူး။
အင်္ဂလိပ်စာ သင်္ချာ သိပ္ပံဘာသာ စတာတွေ က တစ်ဉီးတစ်ယောက် တည်း ထူးချွန်ပြောင်မြောက်နေပြီး အတ္တတွေထားလို့ရပါသေးတယ်။ ဂီတ နယ်ပယ်မှတော့ တစ်ဉီးတည်း ချွန်ထွက်နေရုံနဲ့မရပါဘူး။ မတူတာတွေကို ညီအောင်ညှိယူရပြီး အားလုံးနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့ပါ တစ်ပါတည်း သင်ယူရတာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ အတ္တကင်းပြီး နှလုံးသားလှပ စိတ်ထားနူးညံ့သိမ်မွေ့တဲ့ လူသားတွေများများရှိဖို့အတွက် ဂီတပညာဟာ အကောင်းဆုံး အထောက်အကူကောင်းတစ်ခုပါပဲ။
ဒါကြောင့် ဂီတပညာရပ်ကို သင်ယူလေ့လာသင့်ပါတယ်။ ဘာတွေရနိုင်မလဲ? ဘာတွေအကျိုးရှိမလဲ? ဘယ်နေရာမှာ အသုံးချမလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဆက်လက်အတွေးနယ်ချဲ့လို့ရပါတယ်။
Sithu Linnlat .....2.6.2025 (12:20 PM)
29/05/2025
အခြေခံ Rhythm ဂီတာနှင့် အခြေခံ ဂီတ သီအိုရီ သင်တန်း Level-1 ကို ပြီးမြောက်အောင် တက်ရောက်သင်ကြားခဲ့တဲ့ ကချင်တိုင်းရင်းသားလေး နဲ့
ထားဝယ် သားလေး တို့ကို ဂုဏ်ယူစွာ မှတ်တမ်းတင်လိုက်ပါတယ်/😍
19/05/2025
အခြေခံ ဂီတာ Basic Guitar and Theory . Level -1 ကို ပြီးမြောက် အောင် တက်ရောက်သင်ယူနိုင်ခဲ့တဲ့ ညီငယ် ညီမငယ် သားငယ် သမီးငယ်များကို Marvel Guitar သင်တန်းမှ ဂုဏ်ယူစွာ မှတ်တမ်းတင်လိုက်ပါတယ်. ရောက်တဲ့ နေရာမှ ရပ်မနေကြဘဲ ဂီတ ပညာကို ဆက်လက် ကြိုးစား လေ့လာ ဆည်းပူး ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်//😍😍😍
26/02/2025
ဂီတကို ခံစားနားလည်သူတိုင်းဟာ စိတ်ထားနူးညံ့သိမ်မွေ့သူတွေ သူတပါးအပေါ် စာနာထောက်ထားငဲ့ညှာတတ်သူတွေ ဖြစ်ကြပါတယ်/ --
ကမ္ဘာကြီးအေးချမ်းသာယာဖို့ / လူ့ပတ်ဝန်းကျင်တစ်ခုလုံး နူးညံ့သိမ်မွေ့ဖို့ အတွက်ဆိုရင်လည်း - ဂီတ ဆိုတဲ့ အနုပညာခံစားတတ်မှုဟာ လူသားတိုင်းရဲ့ နှလုံးသားတွေမှာ ကိန်းအောင်းနေသင့်တာပါ. ဂီတသံစဉ်တွေ ပျောက်ကွယ်တဲ့ နေ့ဟာ လူ့ပတ်ဝန်းကျင်မှာ အကျည်းတန်တဲ့နေ့ပါပဲ/ ဂီတ ဟာ နူးညံ့သိမ်မွေ့ ပေမယ့် စွမ်းအားအလွန်ကြီးပါတယ်/ စိတ်နဲ့ တည်ဆောက်ထားတဲ့ အရာ မှန်သမျှကို ခွန်အားပေးနိုင်တယ်/ ပျော်ရွှင်မှုတွေပေးနိုင်တယ်/ ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပေးနိုင်တယ်/ -/- /- /ထူးခြားဆန်းပြားပြီး ခက်ခဲ နက်နဲ မှော်ဆန်နေပေမယ့် တိကျတဲ့ သီအိုရီတွေ ညွှန်းကိန်းတွေလည်းရှိနေပြန်တယ်/ လွတ်လပ်စွာလည်း ဖန်တီး ခွင့်ရှိတယ်/ --- လူတိုင်း ခံစားခွင့်ရှိသလို ဖန်တီးခွင့်လည်း ပေးထားတယ်/ --- သင်လည်း ဖန်တီးနိုင်အောင် ကြိုးစားကြည့်သင့်တယ်...
😍 😍 🥰 ခုချိန်မှာ ပညာသင်နှစ် တစ်နှစ်ပြီးဆုံးသွားတဲ့ ညီငယ် ညီမငယ် လေးများအတွက် နွေရာသီ အားလပ် ရက်မှာ ဂီတပညာရပ်ကို လေ့လာဆည်းပူးဖို့ Guitar and Drum (ဂီတာနဲ့ဒရမ်)သင်တန်းလေး ဖွင့်ထားပါတယ်/. . .
သင်တန်းနေရာ - (၁၀၁) မြိတ်လမ်း. ရှမ္မလည်ဆွဲရပ်. ထားဝယ်မြို့
ဖုန်း- 09.263378238 / 09.788174940
ခရစ်စမတ်အချိန်ရောက်ခဲ့တဲ့ -
ဒီဇင်ဘာအလွမ်း
03/12/2024
ပုံပါ ......
Performance နဲ့
Practice ကို အချို့ကသဘော မပေါက်ကြဘူး။ ဒီပုံကို ပညာရပ်ဆိုင်ရာ နယ်ပယ် ပေါင်းစုံမှာ အသုံးပြု အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ ဂီတနယ်ပယ်မှာ ဆိုရင်
နည်းနည်းလေးတီးတတ်ဖို့ကို
အများကြီး လေ့ကျင့်ရတဲ့သဘောပါ။
ရေပေါ်မှာပေါ်နေတာက အများအမြင်
အနည်းအကျဉ်းလောက်သီဆိုတီးခတ်
ပြနိုင်တဲ့ အပိုင်းလေးပေါ့။
ရေအောက်ပိုင်းက ကြီးမားတဲ့ အစိတ်ပိုင်းကြီးကတော့ လူတွေမမြင်နိုင်တဲ့ အချိန်မှာ
အများကြီးလေ့ကျင့် ပေးဆပ် ကြိုးစား အားထုတ်ထားရတဲ့ အပိုင်းကို ရည်ညွှန်း
တာပါ။
နည်းနည်းလေးတီးပြဖို့ကို အများကြီး လေ့ကျင့်ထားရမှာကို မြင်အောင်ကြည့်ပြီး
နည်းနည်းပဲလေ့ကျင့်ပြီး များများ တီးတတ် ဖို့ ဆိုတာ ကတော့ ....
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
မြိတ်လမ်း
Dawei