Apex Language Center

Apex Language Center

Share

Do what you love , Love what you do.

28/02/2026

🌈Congratulations to all of my students for your accomplishments 👏👏👏

Photos from Apex Language Center's post 12/02/2026

🌈English & Japanese language Class
(Summer Intake)
=====================================
🚨အသစ်ထပ်မံ တိုးချဲ့ ထည့်သွင်းထားသော

British Council က ကျင်းပတဲ့ Cambridge Exam

အကြောင်းအရာများနဲ့ ဂျပန်ဘာသာရက်တန်းခွဲများကို

တစ်ပုံချင်းစီတွင် လေ့လာနိုင်ပါကြောင်း အသိပေး

အကြောင်းကြားခြင်း⤵️⤵️⤵️

11/08/2025

Apex Language Center မှ အသစ်ထပ်မံဖွင့်လှစ်လိုက်သော ဂျပန်ဘာသာစကားအတန်း(Japanese Language Class) မှာ

*ဂျပန်ဘာသာစကားကိုအခြေခံမှစတင်ပြီးကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုတတ်မြောက်လိုသူများ
*ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲများတွင်ဖြေဆိုအောင်မြင်လိုသူများ
*ဂျပန်နိုင်ငံသို့သွားရောက်နေထိုင်အလုပ်လုပ်ကိုင်ရာတွင် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လိုသူများ တက်ရောက်နိုင်ပါတယ်။

🎌 Levels - ( N5/N4 ) 🎌

🗓️ Duration
( August to December )

⏰ Monday to Wednesday
[ N5 ( 8:00 am to 10:00 am ) ]
[ N4 ( 10:30 am to 12:30 pm ) ]

⏰ Saturday & Sunday
[ N5 ( 8:00 am to 10:30 am ) ]

📍 အမှတ်(၁၃၄)၊မင်္ဂလာသီရိလမ်း၊မြို့သစ်ရပ်ကွက်၊
ဒေါပုံမြို့နယ်၊ရန်ကုန်

☎️ 09 79 599 07 37 / 09 975 11 88 07

ာသင်တန်း

Photos from Apex Language Center's post 23/07/2025

Summer Class Young Learners ❤️

11/07/2025

𝖠𝗉𝖾𝗑 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝖫𝖺𝗇𝗀𝗎𝖺𝗀𝖾 𝖢𝖾𝗇𝗍𝖾𝗋 ( 𝖢𝖺𝗆𝖻𝗋𝗂𝖽𝗀𝖾 𝖤𝗑𝖺𝗆 𝖨𝗇𝖿𝗈𝗋𝗆𝖺𝗍𝗂𝗈𝗇)

Apex English Language Center တွင်တက်ရောက်နေသောကျောင်းသူ၊ကျောင်းသားများအနေဖြင့် (𝖡𝗋𝗂𝗍𝗂𝗌𝗁 𝖢𝗈𝗎𝗇𝖼𝗂𝗅) မှ ဦးစီးကျင်းပသော International Cambridge Exam ကိုဖြေဆိုရန် ရည်ရွယ်ထားသူများ အတွက် အသိပေးအကြောင်းကြားခြင်း။

Exam ဖြေဆိုမည့်သူများအနေဖြင့် Apex English Language Center သို့လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

09975118807/09895988751/09759673764 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

01/02/2025

🔷 နွေရာသီပိတ်ရက်ကာလမှာ ကလေးငယ်များရဲ့

ပညာရေး အဆက်မပြတ်သွားဖို့ အတွက်

Apex English Language Centre မှ ကူညီပေး

လျက်ရှိနေပါပြီ💯💯💯

🧑‍🎓ကလေးငယ်များအတွက် အင်္ဂလိပ်စာတိုးတက်မှုရှိစေ

ဖို့ Summer English Speaking Class များ နဲ့ Basic

Grammar ( အခြေခံ သဒ္ဒါ) အတန်းများကို

အသက်အရွယ် အပိုင်းအခြားအလိုက် တက်ရောက်

နိုင်မဲ့ အတန်းများကို ဖွင့်လှစ်ထားပါတယ် ခင်ဗျာ

♦️Summer English Class
================•

📌 အသက် (၇ နှစ်မှ ၁၄နှစ်) အတွင်း တက်ရောက်
သင်ကြားနိုင်ပါတယ်

📌ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီမှာ

background knowledge ပါလာတာခြင်းမတူတဲ့

အတွက် ကိုယ်နဲ့ ကိုက်ညီမဲ့ အတန်းကို တက်ရောက်

နိုင်ဖို့ placement test (ခေါ် ) အရည်ချင်းစစ်

စာမေးပွဲဖြေဆိုပီး တက်ရောက်နိုင်ပါတယ်

📌သင်ကြားမှုထိရောက်စေဖို့ အတွက် အတန်းတွင်း

assistant teachersများနဲ့ သေချာကြပ်မတ်ပေးပီး

ကလေးငယ်များရဲ့ လိုအပ်ချက် ၊ အားနည်းချက်

အားသာချက်များကို အမြဲစောင့်ကြည့်ပေးမှာဖြစ်ပါ

တယ်

📚အတန်းတွင်း အသုံးပြုတဲ့ စာအုပ်များအနေဖြင့်

Oxford University ကထုတ်ဝေတဲ့ သင်ရိုးညွှန်းတမ်း

များနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်

📌သင်ရိုးညွှန်းတမ်းမှာ ပါတဲ့ စာတွေအပြင် level တစ်ခု

ချင်းစီအလိုက် သက်ဆိုင်ရာ

- grammar lesson

- extracurricular activities

- general knowledge

- songs တွေကိုပါ ထည့်သွင်းသင်ကြားပေးမှာပါ

👍 ဒါ့အပြင် သက်ဆိုင်ရာ အတန်းအလိုက် ထူးချွန်

ကျောင်းသားများကိုလဲ ကြိုးစားအားထုတ်မှု ရလာဒ်

ကို အသိမှတ်ပြုဆုလက်ဆောင်များလဲ ချီးမြှင့်ပေးပါ

တယ် ခင်ဗျာ

♦️Basic Grammar Class (အခြေခံသဒ္ဒါ တန်းခွဲများ)
=================================•

❓အင်္ဂလိပ်စာ ဝါကျ တည်ဆောက်ဖို့ ခက်ခဲနေပီလား

❓ဝါကျတစ်ကြောင်းမှာ ပါတဲ့ စကားလုံးတွေကို ခေါင်း၊

အမြှီးတည့်အောင် ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲနေပီလား

❓essay / letter တွေမှာ သဒ္ဒါမှန်ကန်ပီး စနစ်ကျကျ

ရေးသားတတ်ဖို့ လိုအပ်သူများ

👉 အပေါ်မှာဖေါ်ပြတဲ့ အချက်တွေက လက်ရှိကျောင်း

တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ တိုင်း

ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဖြစ်ပါတယ် ။

👉အရေး နဲ့ အဖတ် ကို အားပြုပေးတာက သဒ္ဒါဖြစ်ပြီး

တော့ ဘာသာရပ်တစ်ခုလုံးရဲ့ အခြေခံ အုတ်မြစ် ဆိုလဲ

မမှားနိုင်ပေ

👉 speaking ပိုင်းမှာတော့ သဒ္ဒါမှန်ကန်မှုကို

အတိုင်းအတာ တစ်ခုထိ လျစ်လျူရှု လို့ ရနိုင်ပေမဲ့

အရေးနဲ့ အဖတ်ပိုင်းမှာတော့ အဓိကကျတဲ့ သော့ချက်

ဖြစ်နေပါတယ်

👉 သဒ္ဒါကို အခြေခံကျကျ တတ်မြောက်ထားမယ်ဆိုရင်

ကျောင်းတွင်း၊ ကျောင်းပြင်စာမေးပွဲ များမှာလဲ

များစွာအထောက်ကူ ဖြစ်စေပါတယ်

📌 အခြေခံ သဒ္ဒါတန်းများကို Grade -5 မှ

စ၍တက်ရောက် သင်ကြားနိုင်ပီး သင်ရိုးတစ်ခုချင်းစီ

အလိုက် တက်ကျွမ်းမှုစစ်ဆေးခြင်းများ လဲ ပါဝင်မှာ

ဖြစ်ပါတယ်

🛎️ ဖေဖဝါရီ လ ( ၁ ရက်နေ့ မှ ၂၀ရက် )အတွင်း အပ်နှံ

သူများ နှင့် ကျောင်းသား ဟောင်းများကို

🛑10 % discount 🛑 ရရှိမှာဖြစ်ကြောင်း အသိပေး

အကြောင်းကြားအပ်ပါတယ် ခင်ဗျာ

👨‍🏫 Apex English Founder - Arkar Zay Ya

🎓Qualifications - BSc( physics)
- Alumni of YSEALI
(U.S Embassy Rangoon)
- Certificate in ECCD
- Certificate in TEFL
- Certificate in TESOL
- Diploma in Business
Management and
Entrepreneurship

✉️သင်တန်းဆရာ၏ အမှာစကား

“ အခွင့်အရေးက ပန်းတိုင် မဟုတ်ရင်တောင်

ပန်းတိုင်ကိုရောက်စေသော လှေကားအဖြစ်

အသုံးချတတ်သူများဖြစ်ပါစေ”
======================================

🗂️အသေးစိတ်အချက်အလက်များ စုံစမ်းနိုင်ရန်အတွက်

☎️ ဖုန်း - 09 975118807, 09 781987087 , 01 551808

🏠 - အမှတ် (၁၃၄)၊ မင်္ဂလာ သီရိလမ်း ၊ မြို့သစ်

ရပ်ကွက် ၊ ဒေါပုံမြို့

🛜Viber no - 09 975118807

📱Facebook messenger - Apex English စသည်တို့မှာ

လဲ စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ

Apex English
Apex English Learners’ group

22/01/2025

❗️Facebook Error ကြောင့် ကို page ကို ကောင်းကောင်းဆက်သုံးမရတာကြောင့် ပုံတွေကို ခုမှတင်ဖြစ်ပါတယ် (2024)ခုနှစ်ရဲ့ အမှတ်တရတွေကို videoလေးနဲ့အတူ တင်ပေးလိုက်ပါတယ်နော်

😔တချို့ ပုံတွေရှာမရတော့လို့ အဲ့ထဲမှာမပါတဲ့သူများလဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုပါရစေ

12/04/2024

💦သကြင်္န်ပိတ်ရက် အသိပေးအကြောင်းကြားခြင်း💦

======================================

🚨 Apex English သင်တန်းတွင် တက်ရောက်နေသော

ကျောင်းသား၊ ကျောင်းသူများ၊ Young learner

အတန်းများအားလုံး ⤵️⤵️⤵️

🔔 (၁၂. ၄.၂၀၂၄ ) မှ ( ၁၉. ၄. ၂၀၂၄ ) 🔔

ထိ ပိတ်ပါကြောင်း အသိပေး အကြောင်းကြား

အပ်ရင်း 🙏🏼ပျော်ရွှင်သော နှစ်သစ်မင်္ဂလာ

ဆုတောင်း ပြုပေးလိုက်ပါတယ်ရှင် 🙏🏼

04/01/2024

⁉️အုတ်ရောရော ကျောက်ရောရော ဖြစ်နေတဲ့ Idiom အမျိုးစား တွေထဲကမှ 💡“Pure Idiom “💡 အကြောင်းလေး တင်ဆက်ပေးလိုက်ပါတယ်
===============================
❓Pure idiom ဆိုတာဘာလဲ❓

✍️Pure Idiom ဟာဆိုရင် အရင်တစ်ပတ်က

Idiomအမျိုးအစား (၇)မျိုးထဲကမှ တစ်ခု

ဖြစ်ပြီး တခြား Idiom တွေနဲ့ မတူတဲ့

အချက်ကတော့ သူ့ရဲ့ စကားလုံးတွေကို

ကြည့်လိုက်ရင်။ အဓိပ္ပာယ် ကောက်ဖို့

ခဲယဉ်းပီး ဆိုလိုရင်းနဲ့ ဘာမှ မသက်ဆိုင်

သလို ခံစားရတာပါပဲ။

🎯ဥပမာအားဖြင့် - အောက်မှာ ပြထားတဲ့

ပုံကို ကြည့်လိုက်ရင် ခြေထောက်ကျိုးနေတဲ့

ကောင်လေးတစ်ယောက်ကို တွေ့ရလိမ့်မယ်

ပီးတော့ အင်္ဂလိပ်စကားလုံး “Break a leg”

ဆိုတာကိုပါ တွေ့ရလိမ့်မယ်။

ဒါဆို ဒီအင်္ဂလိပ် စကားလုံးဟာ

ခြေထောက်ကျိုးတယ် ဆိုတဲ့ အဓိပ္ပာယ်

ယူဆလို့ရတယ်။ Idiom မဟုတ်တဲ့

သမာရိုးကျ ဘာသာပြန်မယ်ဆို

“Break a leg”က ခြေထောက်ကျိုးတယ်

ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ Idiom အနေနဲ့

ဆိုရင်တော့ ယူဆထားတာတွေ မှားသွားပါ

လိမ့်မယ်။

✅တကယ်တော့ (Idiom )မှာ “Break a leg”

ဆိုတဲ့ အဓိပ္ပာယ် က “Good luck”

ကံကောင်းပါစေလို့ ဆန္ဒပြုပေးလိုက်တာပါ

ဒါဆို ခြေထောက်ကျိုးတာနဲ့ ကံကောင်းတာ

ဘာမှ ကိုမဆိုင်တာပါ။ သို့သော် Idiom

အရတော့ “Break a leg “ ဆိုတာ

“Good luck” ကိုပြောတာပါ။

📌အကျဉ်းချုပ် နားလည်ရရင် လုံးဝ

ချိတ်ဆက်ဖြည့်တွေးလို့မရ ၊အဓိပ္ပာယ်

ကောက်ဖို့ လဲ ခဲယဉ်းတဲ့ Idiom တွေဟာ

“Pure Idiom “တွေပဲဖြစ်ပါတယ်။

💁‍♂️ကဲ အနည်းငယ်သဘောပေါက်လောက်ပီဆို

အောက်က ဥပမာ စာကြောင်းလေးနဲ့

“Pure Idiom” အကျဉ်းချုပ်ကို အဆုံးသတ်

လိုက်ပါရစေ။✔️✔️✔️

➡️➡️⤵️

- Break a leg to all the interviewers in today’s interview.
( ဒီနေ့ အင်တာဗျူး ဝင်ရောက်ဖြေဆို မဲ့ သူများ အားလုံး ကံကောင်းကြပါစေ)

…(Idiom ) အမျိုးအစားတွေနဲ့ တခုချင်းစီရဲ့

သုံးနှုန်းပုံတွေကို နောက်ထပ် မျှဝေပေး

သွားပါဦးမယ်။ဒါ့အပြင် အင်္ဂလိပ်စာနဲ့

ပက်သက်ပီး သိသင့်သိထိုက်

ဗဟုသုတများကို Apex English

မှမျှ ဝေပေးသွားမှာ ဖြစ်ပါတယ်။

🙏 ဝင်ရောက်ဖတ်ရှုမှု အတွက် Apex English

မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

===============================

👨‍🏫Apex Founder ရဲ့စေတနာအမှာစကား⤵️

“ အခွင့်အရေးက ပန်းတိုင် မဟုတ်ရင်တောင်

ပန်းတိုင်ကိုရောက်စေသော လှေကားအဖြစ်

အသုံးချတတ်သူများ ဖြစ်ကြပါစေ”

✍️Thanks for your interest,
…Apex is a myth

30/12/2023

🎇နှစ်သစ်မှာ လူသားများအားလုံး

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပီး ၊

ကောင်းကျိုး လိုရာဆန္ဒများ ပြည့်စုံပါစေလို့

ဆုမွန်ကောင်းတောင်းရင်း Quiz လေးနဲ့

နှစ်ဟောင်းကို နှုတ်ဆက်လိုက်ပါရစေ🎆

27/12/2023

❓Idiom ဆိုတာဘာလဲ❓
===============================
🤷‍♂️ What is Idiom❓

✍️ (Idiom)ဆိုတဲ့စကားလုံးဟာဆိုရင်

အင်္ဂလိပ်စာလေ့လာသူတွေအဖို့ စိမ်းမှာ

တော့မဟုတ်ဘူး။ရှင်းရှင်းနားလည်ရရင်

(Idiom)ဆိုတာ တိုက်ရိုက်အဓိပ္ပာယ်

အရ(ဒေသိယစကား)ဓလေ့သုံးစကားပါပဲ။

ကာလဒေသကိုလိုက်ပီးသုံးရတဲ့အသုံး

အနှုန်းပေါ့။ဘာသာစကားတိုင်းမှာလဲသူနဲ့

သက်ဆိုင်တဲ့Idiomတွေရှိပါတယ်။

ကျွန်တော်တို့မြန်မာစကားမှာလဲရှိပါတယ်။

🎯 ဥပမာအားဖြင့် ရေအိုးထဲမှာရေမရှိတော့ဘူး

ဆိုပါစို့ အဲတာကိုတနည်းအားဖြင့်⤵️

“မိချောင်းပေါ်နေပီ” ဆိုပီပြောသလိုပေါ့။

နောက်တခု သူ့ကိုစျေးဝယ်ခိုင်းလိုက်တာ

ပြန်ပေါ်မလာတော့ဘူးဆိုတာကို⤵️

“စူလားလိပ်ရေထဲလွှတ်လိုက်သလိုပဲ” ဆိုပီး

စသဖြင့်တိုက်ရိုက်မဟုတ်ပဲသွယ်ဝိုက်တဲ့

အဓိပ္ပာယ်နဲ့တင်စားပြောဆိုတာပေါ့။

🎯 အင်္ဂလိပ်ဘာသာစကားမှာဆိုလဲ

”အရမ်းလွယ်တာပဲ”ဆို

”That’s very easy “ပေါ့။ဒါပေမယ့်

”just a piece of cake “လို့

ပြောလိုက်တယ်။

”just a piece of cake “ဆိုတာ

တိုက်ရိုက်ဘာသာပြန်မယ်ဆို

”ကိတ်မုန့်အပိုင်းလေးတပိုင်းပေါ့”

ဒါပေမယ့်သူ့အဓိပ္ပာယ်ကလဲပဲ

”အရမ်းလွယ်တာပဲ”ဆိုတဲ့မူရင်းအဓိပ္ပာယ်ကို

ဖော်ပြတာပါပဲ။အကျဉ်းချုပ်နားလည်ရ

ရင်(Idiom)ဆိုတာမူရင်းအဓိပ္ပာယ်ကိုမတူ

ကွဲပြားတဲ့အသုံးအနှုန်းနဲ့ ဖော်ပြထား

ခြင်းဖစ်ပါတယ်။✔️✔️✔️


👉Idiom မှာလဲ အမျိုးအစားအားဖြင့်

(၇) မျိုးရှိပါတယ်။အဲ့တာတွေကတော့

- Pure Idioms
- Binomial Idioms
- Partial Idioms
- Prepositional Idioms
- Proverbs
- Euphemisms
- Cliches

ဆိုပီး ရှိပါတယ်။▪️▪️▪️

💁‍♂️…(Idiom ) အမျိုးအစားတွေနဲ့ တခုချင်းစီရဲ့

သုံးနှုန်းပုံတွေကို နောက်ထပ် မျှဝေပေး

သွားပါဦးမယ်။ဒါ့အပြင် အင်္ဂလိပ်စာနဲ့

ပက်သက်ပီး သိသင့်သိထိုက်

ဗဟုသုတများကို Apex English

မှမျှ ဝေပေးသွားမှာ ဖြစ်ပါတယ်။

🙏 ဝင်ရောက်ဖတ်ရှုမှု အတွက် Apex English

မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

👨‍🏫Apex Founder ရဲ့စေတနာအမှာစကား⤵️

“ အခွင့်အရေးက ပန်းတိုင် မဟုတ်ရင်တောင်

ပန်းတိုင်ကိုရောက်စေသော လှေကားအဖြစ်

အသုံးချတတ်သူများ ဖြစ်ကြပါစေ”

✍️Thanks for your interest,
…Apex is a myth

==================================

Apex Language Center Do what you love , Love what you do.

Want your school to be the top-listed School/college in Dawbon?
Click here to claim your Sponsored Listing.

Category

Website

Address


Dawbon
11241

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00