Disciples Bible Seminary

Disciples Bible Seminary

Share

Started in 2003 with 12 students to fulfill Great Commission as the vision is to make disciples who make disciples and plant churches.

18/06/2026

👉👉 အချင်း​လူပျင်း​၊ ပုရွက်ဆိတ်​ထံသို့​သွား​၍
၎င်း​၏​လုပ်ဆောင်မှု​တို့​ကို​ကြည့်ရှုဆင်ခြင်​လျက် ဉာဏ်ပညာရှိ​လော့​။ (သုတ္တံကျမ်း 6:6)

ပုရွက်ဆိတ်အကြောင်း အနည်းငယ်လေ့လာကြည့်ရအောင်🐜

1. 🐜 ပုရွက်ဆိတ်တွေရဲ့ အိပ်စက်ခြင်း— လူတွေလို
တစ်ခါတည်းမဟုတ်ဘဲ အချိန်တိုတို အကြိမ်များစွာ အိပ်ကြတယ်။

2. 💪 သူတို့ကိုယ်အလေးချိန်ထက် ၁၀–၅၀ ဆအထိ ပစ္စည်းတွေ သယ်နိုင်တယ်။

3. 🌍 ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်အရေအတွက်ဟာ လူဦးရေထက် များစွာ ပိုများတယ် — ခန့်မှန်းခြေ ၂၀ ကွင်တီလီယံ (20,000,000,000,000,000) ကျော်ရှိတယ်။

4. 🧭 လမ်းပျောက်ခဲတယ် — နေရောင်၊ မြေပြင်အမှတ်အသားတွေနဲ့ အနံ့လမ်းကြောင်းတွေကို အသုံးပြုပြီး အိမ်ပြန်လမ်းရှာနိုင်တယ်။

5. 🤝 အဖွဲ့လိုက် အလုပ်လုပ်ရာမှာ အလွန်စည်းကမ်းရှိတယ် — အစားအစာရှာသူ၊ ကလေးထိန်းသူ၊ စစ်သားစသဖြင့် တာဝန်ခွဲထားကြတယ်။

6. 🌱 အချို့ပုရွက်ဆိတ်မျိုးတွေက လယ်ယာလုပ်တယ် — မှိုစိုက်ပျိုးပြီး အစာအဖြစ် အသုံးပြုကြတယ်။

7. 🐄 အချို့ပုရွက်ဆိတ်တွေက ပိုးမွှား (aphids) တွေကို “နွား” လို မွေးမြူကြတယ် — သူတို့ထုတ်တဲ့ အချိုရည်ကို အစာအဖြစ် သောက်ကြတယ်။

✨ အံ့ဩဖွယ်အချက်တစ်ခု — ပုရွက်ဆိတ်တစ်ကောင်ရဲ့ ဦးနှောက်က သေးငယ်ပေမယ့် အဖွဲ့တစ်ဖွဲ့လုံး ပူးပေါင်းလုပ်ဆောင်တဲ့အခါ အလွန်ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ကြတယ်။🐜

8. 👑 ဘုရင်မပုရွက်ဆိတ်တချို့က နှစ် ၂၀–၃၀ အထိ အသက်ရှည်နိုင်တယ် — ပိုးမွှားလောကထဲမှာ အသက်အရှည်ဆုံးထဲက တစ်မျိုးဖြစ်တယ်။

9. 🌊 တချို့ပုရွက်ဆိတ်တွေ ရေပေါ်မှာ ဖောင်လို ပေါင်းပြီး မျောနိုင်တယ် — ရေကြီးတဲ့အခါ အချင်းချင်းကို ချိတ်ဆက်ကာ အသက်ရှင်နိုင်ကြတယ်။

10. ⚔️ တခြားပုရွက်ဆိတ်အုပ်စုနဲ့ စစ်တိုက်ကြတယ် — စစ်သားပုရွက်ဆိတ်တွေက ကိုလိုနီကို ကာကွယ်ပေးကြတယ်။

11. 🏠 မြေအောက်မြို့ကြီးတွေ တည်ဆောက်တတ်တယ် — အခန်းတွေ၊ လမ်းကြောင်းတွေ၊ အစားအစာသိုလှောင်ခန်းတွေတောင် ရှိတတ်တယ်။

12. 🐜📢 စကားမ‌ပြောနိုင်ပေမဲ့ ဆက်သွယ်နိုင်တယ် — အနံ့ဓာတ် (pheromones) တွေ ထုတ်ပြီး အန္တရာယ်၊ အစားအစာရှိရာနေရာ စတာတွေကို အသိပေးကြတယ်။

13. 🧟 "Zombie Ant" ဖြစ်စေတဲ့ မှိုတစ်မျိုးရှိတယ် — မှိုက ပုရွက်ဆိတ်ကို ထိန်းချုပ်ပြီး သူ့ကိုယ်ပေါ်ကနေ ပေါက်ထွက်လာတတ်တယ်။

14. 🌎 ပုရွက်ဆိတ်တွေကို အန္တာတိကတိုက်ကလွဲပြီး ကမ္ဘာ့တိုက်တိုင်းမှာ တွေ့နိုင်တယ်။

15. 🚶 တစ်ကောင်တည်းက အားနည်းပေမယ့် အဖွဲ့လိုက်ပူးပေါင်းတဲ့အခါ အလွန်အစွမ်းထက်လာတယ် — လူ့အဖွဲ့အစည်းတွေကတောင် ပုရွက်ဆိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လေ့လာပြီး နည်းပညာတွေ ဖန်တီးကြတယ်။

✨ အံ့ဩစရာအကောင်းဆုံးတစ်ခု ပုရွက်ဆိတ်တွေမှာ ခေါင်းဆောင်တစ်ကောင်က အမိန့်ပေးတာမရှိဘဲ၊ တစ်ကောင်ချင်းစီရဲ့ အပြုအမူသေးသေးလေးတွေ ပေါင်းစပ်ပြီး အဖွဲ့တစ်ခုလုံးကို စနစ်တကျ လည်ပတ်စေနိုင်ပါတယ်။ ဒီအယူအဆကို "Swarm Intelligence" လို့ ခေါ်ပြီး စက်ရုပ်နည်းပညာနဲ့ AI စနစ်တွေမှာတောင် အသုံးပြုနေကြပါတယ်။
အဲဒါက ပုရွက်ဆိတ်တွေရဲ့ အံ့ဩဖွယ်အကောင်းဆုံးအရာတစ်ခုပါ။ 🐜

ပုရွက်ဆိတ်တွေမှာ ဘုရင်မ (Queen) ရှိပေမယ့် ခေါင်းဆောင်မဟုတ်ဘူး။ သူ့တာဝန်က ဥဥပေးဖို့ပဲ ဖြစ်တယ်။ ဘယ်သူ့ကိုမှ အမိန့်မပေးဘူး။

အလုပ်တွေကိုတော့ ဒီလိုလုပ်ကြတယ် —

🍞 အစားအစာတွေ့တဲ့ ပုရွက်ဆိတ် က မြေပေါ်မှာ အနံ့လမ်းကြောင်း (pheromone) ချန်ထားတယ်။

👃 တခြားပုရွက်ဆိတ်တွေ က အဲဒီအနံ့ကို လိုက်ပြီး အစားအစာရှိရာကို သွားကြတယ်။

🍯 အစားအစာများများရှိရင် သွားလာတဲ့ ပုရွက်ဆိတ်တွေများလာပြီး အနံ့လမ်းကြောင်းက ပိုပြင်းလာတယ်။

❌ အစားအစာမရှိတော့ရင် အဲဒီအနံ့က တဖြည်းဖြည်းပျောက်သွားပြီး ပုရွက်ဆိတ်တွေက လမ်းအသစ်ရှာကြတယ်။

ဒီလို တစ်ကောင်ချင်းစီက ရိုးရှင်းတဲ့ စည်းမျဉ်းလေးတွေကို လိုက်နာရုံနဲ့ အဖွဲ့တစ်ခုလုံးက စနစ်တကျ အလုပ်လုပ်နိုင်တာကို "Swarm Intelligence" (အစုလိုက် ဉာဏ်ရည်) လို့ခေါ်ပါတယ်။

✨ အဲဒါကြောင့် ပုရွက်ဆိတ်တွေဟာ ခေါင်းဆောင်တစ်ယောက်မရှိဘဲ မြို့တစ်မြို့လို စနစ်တကျ လည်ပတ်နိုင်တဲ့ သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။

Credit # Google

11/06/2026

သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။

တိမောသေဩဝါဒစာဒုတိယစောင် ၂:၁၅

29/05/2026

🌳သမ္မာတရား၌ အမြစ်တွယ်သော အသက်တာ 🌳

"သင်တို့သည် သမ္မာတရားကိုသိကြသဖြင့်၊ ထိုသမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။" (ယောဟန် ၈:၃၂)

🔺ခရစ်ယာန် အသက်တာတွင် သမ္မာတရားကို မိမိကိုယ်တိုင် မှန်ကန်စွာ သိရှိနားလည်ခြင်းသည် အရေးကြီးဆုံးသော အခြေခံအုတ်မြစ် ဖြစ်သည်။💯💯
🟩 မှန်ကန်သော ဝိညာဉ်ရေးရာ အစာအာဟာရနှင့် သွန်သင်ခြင်း၊သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းပြသွန်သင်ပို့ဆောင်ခြင်း မရှိသောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းခရီးလမ်းသည် လမ်းလွဲတိမ်းစောင်းသွားတတ်ပါသည်။🖤🖤⛔

ထို့ကြောင့် နှုတ်ကပတ်တော် သမ္မာတရားကို စနစ်တကျနှင့် အသေအချာ သွန်သင်လမ်းညွှန်ပေးနေသည့် DBS (Disciples Bible Seminary)သို့ တက်ရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။ 💚💚

DBS တွင် သင်ဘာတွေ ရရှိမလဲ။
📖 "စနစ်ကျသော သမ္မာကျမ်းစာ လေ့လာခြင်း" နှုတ်ကပတ်တော်ကို အကောက်အလွဲမရှိ၊ အမှန်ကန်ဆုံး သွန်သင်ပေးခြင်း။
👣 "လက်တွေ့ကျသော သာသနာ အတွေ့အကြုံ" ဘုရားသခင်၏ နိုင်ငံတော်နှင့် အမှုတော်မြတ်၌ ပါဝင်ဆက်ကပ်လိုသူများအတွက် သာသနာလယ်ကွင်းပြင်များသို့ ကိုယ်တိုင်ဆင်းကာ ထိတွေ့လုပ်ဆောင်နိုင်မည့် အခွင့်အရေး။
🫆 "ခေါင်းဆောင်မှုနှင့် အစေခံခြင်း"
နှလုံးသားနှင့် အစစ်အမှန် အစေခံတတ်သော ဘုရားသခင်၏ လူစစ်ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း။

👥👥ဘုရားသခင်၏ ခေါ်ခြင်းကို ခံရသူများ၊ နှုတ်ကပတ်တော်၌ မွတ်သိပ်သူများနှင့် အမှုတော်မြတ်တွင် ထိရောက်စွာ အစေခံလိုသူ မည်သူမဆိုအတွက် DBS ကျမ်းစာကျောင်းက အသင့်ရှိနေပါသည်။ 💒

Photos from Disciples Bible Seminary's post 27/05/2026

DBS၏ 2026-2027 စာသင်နှစ်ကို
11/5/26 ရက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
အခြေအနေအမျိုးမျိုးကြောင့် ရပ်ဝေးမှ
ကျောင်းသားအချို့ အချိန်မီရောက်ရှိလာရန်
ကြန့်ကြာမှုများရှိနေဆဲ ဖြစ်သော်လည်း
ကျေးဇူးတော်အားဖြင့် အစပြုခဲ့ပြီဖြစ်သည်။
ရောက်ရှိလာသောကျောင်းသားများနှင့် ကျောင်းအတွက် Last Sunday၌ (24/5/2026) ဆက်ကပ်ဆုတောင်းခြင်း အစီအစဉ်ကိုလည်း အသင်းတော်( LWCC )တွင်ပြုလုပ်နိုင်ခဲ့ပါပြီ။
အမျိုးမျိုးသော ပံ့ပိုးခြင်းအားဖြင့် ပါဝင်ဆက်ကပ်ကြသောသူ တစ်ဦးချင်းစီအပေါ် ထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော်ဝ်။

DBS မိသားစု။

23/04/2026

နှုတ်ကပတ်တော်လိုချင်ပါက
DBS သို့ အရောက်လှမ်းခဲ့ပါ။

မေလ ၉ ရက်နေ့နောက်ဆုံး
ကျောင်းရှိရာသို့ ရောက်လာပါလေ‌စေ။

Grow in Christ,
Grow in the Word,
Serve His Body.

Ph: 09788394470

Photos from Disciples Bible Seminary's post 10/04/2026

📌 တပည့်တော်ကျမ်းစာကျောင်း 🔥

👍အ‌ရောက်လှမ်းခဲ့ သမ္မာတရားရှိရာ💪

🫰 သမ္မာတရားရ၍ ခရစ်တော်၏ နောက်လိုက်ဖြစ်လိုပါက
"တပည့်တော်ကျမ်းစာကျောင်း"သို့ အရောက်လှမ်းခဲ့ပါ။

📌 ၂၀၂၆ ခုနှစ် ဓမ္မပညာသင်နှစ်ကို
လာမည့် မေလ (၁၁) ရက်‌နေ့တွင်
စတင်ဖွင့်လှစ်မည်ဖြစ်သည်။

🧑‍🦱 ကျောင်းသူ/သားဟောင်းများ
ကျောင်းသား/သူသစ်များ ကျောင်းသို့
မေလ ၈ ရက်နေ့ နောက်ဆုံးထား၍
ရောက်ရှိရမည်ဖြစ်သည်။

👉 သတ်မှတ်အရည်အချင်း
အမှန်တကယ် အမှုတော်အတွက် ဆက်ကပ်လိုသူ၊
နှုတ်ကပတ်တော်ကို မြတ်နိုးလေ့လာဆည်းပူးလိုသူ၊
အထက်တန်းအဆင့်ရှိသူ/ပြီးမြောက်သူ၊
ကယ်တင်ခြင်းစိတ်ချမှုရပြီးသူဖြစ်ရပါမည်။

👉လိုအပ်ချက်
ရပ်ကွက်ထောက်ခံစာ၊
မှတ်ပုံတင်၊
သင်းအုပ်ထောက်ခံချက်၊
တကိုယ်ရေသုံးပစ္စည်းများ၊

👉အခွင့်အရေး
အမှန်တကယ် အမှု‌တော်ကို စိတ်ဝင်စားပြီး
ကြိုးစားသင်ယူလိုသူဖြစ်ပါက ကျောင်းမှထောက်ပံ့ငွေ
လျှောက်ထားနိုင်သည်။ ကျောင်းကော်မတီ၏
ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်မည်။

📱ဆက်သွယ်ရန်
ဆရာမညိုညိုဝင်း - 09799549756
ဆရာဂျုံဇီ - 09788394470

မှတ်ချက် ။ ။ လူငယ် ထိန်းသိမ်းရေးစခန်း၊ ဆေးဖြတ်နေရာမဟုတ်ပါ။

Telephone

Address


421-422, Shwe Oak Aw Street, 104 Ward, S/Dagon, Yangon
Dagon