Health knowledge

Health knowledge

Share

စေတနာဖြင့်မျှဝေပေးသောတိုင်းရင်းဆေးများ။
#Likefollowshare

12/01/2026

ဗဟုသုတ

ရောဂါပေါင်း_၆၁_မျိုးအတွက်ဆေးဘက်ဝင်တဲ့ဆီးဖြူသီး တန်ဖိုးရှိတဲ့ပို့လေးမို့သိမ်းထားလိုက်ပါ

( ၁ ) ဒူလာသွေးဝမ်းပျက်ရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဥ့်နှင့် ချက်စားရသည် ၊

( ၂ ) အရေးပြားတွင် ဖြစ်တတ်သော ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည် ။

( ၃ ) ဆီးချိုရောဂါအတွက် ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည် ၊

( ၄ ) နှာခေါင်းသွေးလျုံလြင်းအတွက် ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည် ။

( ၅ )ဆီးပုပ်ရောက်ဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကိုထန်းလျက်၊များရည်၊တကာနှင့်နယ်စားရသည် ။

( ၆ )သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီးသံပုရာရည်နှင့် သောက်ရသည် ။

( ၇ ) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်ရေစီးကမ်းပြိုခြင်းများအတွက် ဆီးဖြူသီးရွက်ကို ရေနှင့်သုံးခွက်တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည် ။

( ၈ ) ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည် ၊

( ၉ ) မီးလှောင်နာ ၊ ရေနွေးပူလောင်နာ များအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည် ၊

( ၁၀ ) ကလေးများတွင် ဖြစ်တတ်သော ကျဗဟုံးနာ အတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ လိမ်း ရသည် ၊

( ၁၁ ) ဝမ်းသက်ခြင်း ၊ အစာမကြေခြင်းများ အတွက် ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည် ။

( ၁၂ ) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍မျက်စိကို ဆေးကြောပေးရသည် ။

( ၁၃ ) သွေးလွန်( ရာသီလွန်လျှင်) ဆီးဖြူသီးအလုံးကြီးကို စားရသည်။

( ၁၄ ) သွေးဒူလာ အတွက် ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီတုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။

( ၁၅ ) ဒူလာသရောနာ(ဆီးသွားသော အခါ ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက် ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊

( ၁၆ ) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို စားပေးရသည်။

( ၁၇ ) သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူရွက်ပြုတ်အရည်ကိုထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။

( ၁၈ ) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊ ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍ သကြားနှင့်သုံးဆောင်ရသည်၊

( ၁၉ ) လျှာကွဲခြင်း အတွက် ဆီုးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍ပလုတ်ကျင်းပေးရသည်၊

( ၂၀ ) မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။

( ၂၁ ) မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။

( ၂၂ )အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်ငါးရှဥ့်ပနီမီးကင်ခြောက်ကို ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်မကြာမကြာ ကြော်ချက်စားရသည်။

( တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည် ။ )

( ၂၃ ) ဓါတ်ချူပ်ရောဂါအတွက် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။

( ၂၄ ) ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာင်္ံးတို့၏ ခွန်အားကိုဖြစ်စေသည်။ကာမအားကို ဖြစ်စေပါသည်။

( ၂၅ ) အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီးပျားရည်နှင့် ရောစားရသည်။

( ၂၆ )ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန် ဆီးဖြူသီး အစိမ်းကို စားရသည်။

( ၂၇ ) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။

( ၂၈ ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊ ပိုးများသေစေရန်ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများတွင် ထည့်ချက်စားရသည်။

( ၂၉ ) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။

( ၃၀ ) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ အဆင်းလှရန်၊ ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။

( ၃၁ ) အတိသာရဝမ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍ချက်နားတွင် အုံပေးရသည်။

( ၃၂ ) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊ပျားရည်တို့ကို ရောကျွေးရသည်။အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။

( ၃၃ ) ပြည်တုလာသရော ရောဂါများတွက် ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊ ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။

( ၃၄ ) ဝမ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများတွက် ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။ အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍ယိုထုတ်ထား၇သည်။

( ၃၅ ) ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညစ်ရည်ကို ဖာလာမှုန့်ရော၍သောက်ရ၏။

( ၃၆ ) ဆီးလွန်ရောဂါအတွက် ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။

( ၃၇ ) ပိတ်ဝမ်းကိုက်ခြင်း၊ဝမ်းသက်ခြင်း၊ သွေးလျှုံ၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး သကြားခပ်၍ သောက်ရသည်။

( ၃၈ ) မီးယပ်ဖြူဆင်း ရောဂါများအတွက် ဆီးဖြူသီးခြောက်ကို ရေစိမ်၍တစ်နေ့(၂)ကြိမ်တိုက်ရသည်။

( ၃၉ ) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊ကြက်သွန်ဖြူ လှော်၊ကြောင်ပန်းရွက်ခြောက်၊ ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီးမန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။

( ၄၀ ) လူပျိုနာများ အတွက် ဆီးဖြူမြစ်၊ ထန်းမြစ်၊ဆူးရစ်မြစ်၊ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍သုံးခွက်တစ်ခွက် တင်ကျိုရသည်။ အရည်စစ်ပြီး ရေတစ်ဝက်ရော၍သုံးခွက်တစ်ခွက်တင်ကျိုပြီးသုံးကြိမ်ပြုလုပ်ရသည်။တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။

( ၄၁ ) ဆီးကြောင့် ဖြစ်သော မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်ဆီးဖြူသီး ကြိတ်ညစ်ရည်နှမ်းဆီစစ်စစ်၊ကြိတ်မှန်ရွက်ကြိတ်ညစ်ရည်၊ နွားနို့ နွယ်ချို၊တို့ကို သန့်စင်သော ကြေးအိုးတွင်ထည့်ချက်ရသည်။ ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။

( ၄၂ ) ဆီးဝမ်းလေမှန်၍ ကျန်းမာ ဝဖြိုးစေရန် ဆီးဖြူသီးခြောက် စမုန်နက် ၊ဆေးပိုးတီ ဆဝက်သာ၊ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကိုညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။

( ၄၃ ) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။

( ၄၄ ) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ ကွဲစိမ့်၍ ထွက်လာသော အရည်ကိုမျက်စဉ်းဆေးအဖြစ်သုံးသည်။ မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။

( ၄၅ ) ထုံနစိုရောဂါ အတွက် ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ဖျော်ရည် အဖြစ် သုံးဆောင်ကြသည် ။

( ၄၆ ) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ သုံးဆောင်လျှင်ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်းသည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊အန်ခြင်းနာတာရှည်ဝမ်းချူပ်ရောဂါတို့ကိုပျောက်ကင်းစေပါသည်။

( ၄၇ ) မျက်စဉ်းဆေး အဖြစ် ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။နံနက်တွင် မျက်စိဆေးပေးနိုင်သည်။ မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။

( ၄ဂ ) အစာမကြေရောဂါ ဝမ်းသွားရောဂါတို့ အတွက် ဆီးဖြူသီး ရွက်နုနုကိုနွားနို့ ၊ ဒိန်ချဉ်နှင့်ရောသောက်ပေးရသည်။

( ၄၉ ) ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်းရောဂါ ၊ ဝမ်းကိုက်ရောဂါ ဝမ်းသွားရောဂါနှာစေးရောဂါတို့အတွက်အလွန်အသုံးဝင်သည်။

( ၅၀ ) ဆီးဖြူသီးသည် ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊ အသားဝါရောဂါဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။

( ၅၁ ) ဆီးဖြူသီး အဆံကို ပြုတ်၍ မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။

( ၅၂ ) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။

( ၅၃ ) သွေးကို ချူပ်စေတတ်သဖြင့် နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ သွေးဖောက်ပြန်သောရောဂါတို့ကို ပျောက်ကင်းစေပါသည်။

( ၅၄ ) သုတ်ကိုပွားစေတတ်၊သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့် သုတ်၊ဆီးရောဂါမီးယပ်ရောဂါ ၊သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။

( ၅၅ ) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊ အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။

( ၅၆ ) ဆီးကိုများစေတတ်သည် ။ ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့် သည်းခြေကြောင့်ဖြစ်သောဒူလာသရောနာ တို့ကို ပျောက်ကင်းစေပါသည်။

( ၅၇ ) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍ နူနာ၊အနာကြီး အရေပြားရောဂါတို့ကို ပျောက်ကင်းစေပါသည်။

( ၅၈ ) လတ်ဆတ်သောဆီးဖြူသီးသည် အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။

( ၅၉ ) လတ်ဆတ်သောဆီးဖြူသီးသည် သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။

( ၆၀ ) အားဆေးအဖြစ်ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။

( ၆၁ ) လတ်ဆတ်သောဆီးဖြူသီးသည် ဆီးရွင်စေခြင်း၊ ဝမ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။

02/01/2026

• ကျွန်မကိုယ်တိုင် ရဲယိုသီးယိုနဲ့ အသက်ဆက်နေရသူမို့ သူ့ရဲ့ ကောင်းကျိုးတွေကို အသေးစိတ်လေ့လာပြီး လက်တွေ့ခံစားရတာလေးတွေကို ဝေဒနာတူသူတွေအတွက် ပြန်လည်မျှဝေပေးပါရစေ။ 🙏

• ​အထူးသဖြင့် အောက်ပါရောဂါဝေဒနာရှင်များအတွက် သင့်တော်ပါတယ် -👇

• ​သွေးလေးဖက်နာ၊ ရိုးရိုးလေးဘက်နာ
​ဂေါက်ရောဂါ 👇

• ​ကိုယ်ခံအား ကျဆင်းသူများ
​အရိုးအဆစ် ရောင်ရမ်းနာကျင်နေသူများ
​သုံးစွဲနည်း - 👇

• ဒီရာသီမှာ ဒီဆေးလေးကို တစ်နေ့ ထမင်းစားဇွန်း (၁) ဇွန်း ကနေ (၂) ဇွန်းအထိ စားပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

•> ​ဆေးပြုလုပ်နည်း ​ရဲယိုသီးရဲ့ သိပ္ပံနည်းကျ ကောင်းကျိုး (၆) ချက် 👇
​၁။ သွေးဖိအားကို ထိန်းညှိပေးခြင်း
ရဲယိုသီးဟာ သွေးတိုးရောဂါရှိသူတွေအတွက် သဘာဝအတိုင်း သွေးဖိအားကို မျှတအောင် ချိန်ညှိပေးနိုင်စွမ်း ရှိပါတယ်။

​၂။ ကိုယ်အလေးချိန် ထိန်းချုပ်ပေးခြင်း
ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး အစားအသောက် လွန်ကဲစွာ စားချင်စိတ်ကိုလည်း လျော့ကျစေပါတယ်။

​၃။ Antioxidants ပြည့်ဝခြင်း
Vitamin C နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။

​၄။ မကောင်းတဲ့ အဆီဓာတ်ကို လျော့ချပေးခြင်း
သွေးတွင်းက မကောင်းတဲ့အဆီ (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့အဆီ (HDL) ကို တိုးပွားစေပါတယ်။

​၅။ အသည်းနှင့် ကျောက်ကပ်ကို အားကောင်းစေခြင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေး (Detox) တာကြောင့် အသည်းနဲ့ ကျောက်ကပ်အတွက် အထူးကောင်းမွန်ပါတယ်။

​၆။ ပိုးမွှားကူးစက်မှုကို ကာကွယ်ပေးခြင်း
ရဲယိုရွက်နဲ့ ရဲယိုသီးမှာ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
​ဝေဒနာရှင်အားလုံး သက်သာပျောက်ကင်းကြပါစေ။ 🙏

16/12/2025

ပွေးရောဂါ (အရေပြားမှိုစွဲနာ) ကို ကုသတဲ့အခါ လူအများစုဟာ ဆေးလိမ်းတာ၊ ဆေးသောက်တာတွေကိုသာ အားကိုးကြပါတယ်။ ဒါပေမဲ့ သင့်မီးဖိုချောင်ထဲက ရိုးရှင်းတဲ့ ကြက်ဟင်းခါးသီးတစ်လုံးတည်းကို အသုံးပြုပြီး ၂ ရက် အတွင်း ပွေးကွက်တွေ သိသိသာသာ ပျောက်ကင်းသွားနိုင်တယ်ဆိုရင် အံ့ဩသွားမှာ မလွဲပါဘူး။
ကြက်ဟင်းခါးသီးမှာ ပိုးသတ်နိုင်တဲ့ နှင့် ဘက်တီးရီးယားဆန့်ကျင်နိုင်တဲ့ အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားရောဂါအချို့ကို သက်သာပျောက်ကင်းစေဖို့ ရိုးရာနည်းလမ်းအဖြစ် အသုံးပြုလေ့ရှိပါတယ်။
✨ ကြက်ဟင်းခါးသီးဖြင့် ပွေးကုသနည်း
ဒီနည်းလမ်းဟာ ပွေးကွက်ငယ်လေးတွေနဲ့ အစောပိုင်းအဆင့်မှာ အထူးထိရောက်မှုရှိတယ်လို့ သိရပါတယ်။
လိုအပ်သောပစ္စည်း:
• လတ်ဆတ်သော ကြက်ဟင်းခါးသီး (၁) လုံး
ပြုလုပ်ပုံနှင့် အသုံးပြုပုံ:
1. ဖျော်ရည်ပြင်ဆင်ခြင်း:
• ကြက်ဟင်းခါးသီးကို ရေစင်အောင်ဆေးကြောပါ။
• သေးငယ်တဲ့ အတုံးလေးတွေ လှီးဖြတ်ပြီး ဖျော်စက်ထဲ ထည့်၍ဖြစ်စေ၊ ညက်အောင် ထောင်း၍ဖြစ်စေ အရည်ရအောင် ကြိတ်ခြေပါ။
• (⚠️ ရေလုံးဝမထည့်ပါနှင့်၊ ကြက်ဟင်းခါးသီးရဲ့ သဘာဝအရည်ကိုသာ ယူပါ)။
2. လိမ်းကျံခြင်း:
• ရရှိလာတဲ့ ကြက်ဟင်းခါးသီး ဖျော်ရည် (သို့မဟုတ်) အဖတ်/အရည် ရောထားတဲ့ အရောအနှောကို ပွေးကွက်ရှိတဲ့ နေရာပေါ်မှာ တိုက်ရိုက် လိမ်းကျံပေးပါ။
3. ထားရှိခြင်း:
• လိမ်းထားတဲ့ နေရာကို နာရီအနည်းငယ်ကြာ (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး လိမ်းပြီး တစ်ညလုံး ထားပေးနိုင်ပါတယ်။
4. ဆေးကြောခြင်း:
• မနက်ရောက်ရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
မည်မျှကြာအောင် ပြုလုပ်မလဲ:
• ဒီနည်းလမ်းကို တစ်နေ့လျှင် (၂) ကြိမ် (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်) ပုံမှန် ပြုလုပ်ပေးပါ။
• ရလဒ်ကောင်းတွေကို ၄၈ နာရီအတွင်း စတင်မြင်တွေ့လာရနိုင်ပြီး၊ ရောဂါလက္ခဏာ လုံးဝပျောက်ကင်းသွားသည်အထိ ဆက်လက်လုပ်ဆောင်ပေးသင့်ပါတယ်။
🚨 အရေးကြီးသော သတိပေးချက်
• ကြက်ဟင်းခါးသီးဟာ အားပြင်းတဲ့ သဘာဝအာနိသင်ရှိတာကြောင့် အရေပြား နီမြန်းတာ၊ ယားယံတာ စတဲ့ လက္ခဏာတွေ ပြင်းထန်စွာ ဖြစ်ပေါ်လာရင် ချက်ချင်း ရပ်တန့်ပါ။
• မျက်လုံးနဲ့ နီးတဲ့နေရာတွေ၊ ထိခိုက်ရှနာရှိတဲ့ နေရာတွေမှာ မလိမ်းမိအောင် သတိထားပါ။
• အထူးသဖြင့် ဆီးချိုသမားများ၊ ကိုယ်ဝန်ဆောင်များ သို့မဟုတ် နာတာရှည်ရောဂါရှိသူများအနေဖြင့် ဆရာဝန်၏ အကြံဉာဏ်ကို ဦးစွာ ရယူပြီးမှသာ သုံးစွဲသင့်ပါသည်။

14/11/2025

ကျောက်ကပ်ကျောက်တည်တာ ဒါမှမဟုတ် ဆီးလမ်းကြောင်းမှာ အနယ်အနှစ်တွေရှိလို့ ဆီးသွားရတာ ခက်ခဲနေသူတွေအတွက် ရှေးပဝေသဏီကတည်းက လက်ဆင့်ကမ်းလာတဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အုန်းရည်နဲ့ ကျောက်ချဥ်ကို ရောစပ်သောက်သုံးတဲ့ နည်းလမ်းပါ။

ပါဝင်ပစ္စည်းများ

အုန်းသီးနုနု တစ်လုံး
လက်သန်းအရွယ် ကျောက်ချဥ် (ညက်အောင်ထောင်းထားပါ)
ပြုလုပ်နည်းအဆင့်ဆင့်အုန်းသီးကို အဖုံးဖွင့်ပြီး အထဲက အုန်းရည်ကို ဖိတ်မသွားစေဘဲ အလုံးလိုက်အတိုင်း ထားပါ။

ညက်အောင်ထောင်းထားတဲ့ ကျောက်ချဥ်မှုန့်ကို အုန်းရည်ထဲကို ထည့်ပါ။
အုန်းသီးအလုံးလိုက်ကို မီးဖိုပေါ်မှာ မီးအေးအေးနဲ့ တင်ပြီး ကျောက်ချဥ်တွေ အုန်းရည်နဲ့ သေချာပျော်ဝင်သွားအောင် အပူပေးပါ။

ကျောက်ချဥ်များ ပျော်ဝင်သွားပါက မီးပိတ်ပြီး အအေးခံပါ။
အေးသွားတဲ့အခါ အဖုံးဖွင့်ကာ တစ်လုံးလုံးကို သောက်သုံးနိုင်ပါတယ်။
သောက်သုံးပုံတစ်နေ့ကို အုန်းသီးတစ်လုံးနှုန်းနဲ့ ဆက်တိုက် ၃ ရက် သောက်သုံးပေးပါ။

ဒီနည်းလမ်းက ဆီးလမ်းကြောင်းအတွင်းက ကျောက်တည်ခြင်းနဲ့ အနယ်အနှစ်တွေကို ပျော်ဝင်စေပြီး ဆီးသွားရတာကို လွယ်ကူချောမွေ့စေတယ်လို့ ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။

27/10/2025

ယောက်ျားသားများအတွက် လျှို့ဝှက်ဆေးစွမ်းကောင်း "ကြောင်ရိုသေပင်"
အိမ်ရှင်ယောက်ျားများစွာ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အလွယ်တကူ နေရာတိုင်းမှာ တွေ့နိုင်တဲ့ "ကြောင်ရိုသေပင်" ကို တွေ့တာနဲ့ အမြစ်ကို ဖြတ်ပြီး နေလှန်းထားပါ။ ဈေးကြီးပေးပြီး ဝယ်စရာမလိုဘဲ အာနိသင် အတူတူရတဲ့ သဘာဝဆေးစွမ်းကောင်း ဖြစ်ပါတယ်။
အမြစ်ဖြင့် သောက်သုံးနည်း (အားအင်ဖြည့်တင်းရန်)
• ကြောင်ရိုသေပင် အမြစ်စို (၃၀) ဂရမ် (သို့မဟုတ်) အမြစ်ခြောက် (၁၅) ဂရမ် ကို ရေ (၃) ဖန်ခွက်မှ (၄) ဖန်ခွက်ဖြင့် ပြုတ်ပြီး တစ်နေ့လျှင် (၁) ဖန်ခွက် သောက်ပါ။
• အာနိသင်များ - အားအင်ပြည့်ဖြိုးစေခြင်း၊ သွေးလေလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကိုက်ခဲနာကျင်မှု သက်သာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း။
အရွက်ဖြင့် သောက်သုံးနည်း (အဆုတ်နှင့် အအေးမိခြင်းအတွက်)
• ကြောင်ရိုသေရွက် အစို (၁) ဆုပ် ကို ရေ (၄) ခွက်ဖြင့် ပြုတ်၍ (၂) ခွက် ကျန်သည်အထိ ချက်ပါ။
• မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (၁) ခွက်စီ သောက်ပါ။
• အာနိသင်များ - ရောင်ရမ်းမှု သက်သာစေပြီး အဆုတ်ထဲမှ အချွဲသလိပ်များကို ထုတ်ပေးသည်။
ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်မှုအတွက် အသုံးပြုပုံ
• ပန်းနာရင်ကျပ် (သို့မဟုတ်) ဓာတ်မတည့်မှု များ ဖြစ်ပေါ်သည့်အခါ တစ်ခွက်တည်းနှင့် သိသာသော အကျိုးသက်ရောက်မှု ရရှိနိုင်သည်။
• နည်းလမ်း (၁) - ကြောင်ရိုသေပင် (အမြစ်အပါအဝင်) တစ်ပင်လုံးကို ယူ၍ ရေ (၁) ဖန်ခွက်ဖြင့် ပြုတ်ပြီး ရောဂါလက္ခဏာပေါ်သည့်အခါ သောက်ပါ။
• နည်းလမ်း (၂) - အပင်တစ်ပင်လုံးကို ထောင်း၍ ဆန်ဆေးရည်ဖြင့် ရောပါ။ အရည်ကို စစ်ပြီး ပြစ်ပျစ်လေး (၁) ဖန်ခွက် ရသောအခါ ရောဂါလက္ခဏာပေါ်သည့်အခါ သောက်ပါ။

26/10/2025

"သွားကိုက်ခြင်းတွေ နောက်မဖြစ်တော့ပါ!
အစွမ်းထက်လှတဲ့ ဗီးစပ်ရွက် (ဇာမဏီရွက်) ကိုယ်တွေ့ နည်းလမ်း"
ကျွန်တော်တို့ လူသားတွေဟာ သွားကိုက်၊ သွားနာဝေဒနာကို အများစုက ခံစားဖူးကြမှာပါ။ ဒီလိုသွားကိုက်ရတဲ့ အကြောင်းရင်းကလည်း အချို၊ အငံ၊ အဆိမ့်တွေ အစားများတာကြောင့် အဖြစ်များကြတာပါ။

ဥပမာအားဖြင့်- ဘီစကစ်၊ ထန်းလျက်၊ သကြား၊ ငါးခြောက် စတာတွေ အစားများပြီး သွားကို ဂရုမစိုက်ပေးရင် သွားကိုက်ဝေဒနာကို ခံစားကြရမှာပါပဲ။

သွားကိုက်ပြီဆိုရင် ကလေးမပြောနဲ့၊ ကျွန်တော်တို့ လူကြီးတွေတောင် မျက်ရည်ကျရတာမျိုး ရှိပါတယ်။ သွားကိုက်ဝေဒနာဟာ လူကို အတော်ဒုက္ခပေးပါတယ်။ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်နဲ့ ကြာတော့ လူက သွားကိုက်တဲ့ ဝေဒနာတင်မကဘဲ တခြားရောဂါတွေပါ ဝင်လာကြတာမျိုး ဖြစ်တတ်ပါတယ်။

နောက်ဆုံး လုံးဝမခံစားနိုင်တော့တဲ့အဆုံး ဆေးခန်းသွားပြီး နှုတ်လိုက်ကြတာတွေလည်း ရှိပါတယ်။

ခုတော့...
သွားဘယ်လောက်ကိုက်ကိုက် နှုတ်စရာ မလိုတော့ပါဘူး။ ဗီးစပ်ပွင့် က သွားကိုက်ဝေဒနာကို ယူပစ်သလို ပျောက်ကင်းသွားတဲ့အထိ တာဝန်ယူပေးပါလိမ့်မယ်။

အသုံးပြုပုံကတော့ လွယ်ကူပါတယ်

၁။ ဗီးစပ်ပွင့်ကို ခူးယူပါ။ သန့်ရှင်းအောင် ဆေးပါ။
၂။ ပြီးတော့ အမှုန့်ဖြစ်အောင် ချေလိုက်ပါ။
၃။ ကိုက်နေတဲ့သွားတွေရဲ့ သွားဖုံးနားကို သိပ်ပေးလိုက်ပါ။
၄။ သွားခေါင်းပေါက်၊ သွားပိုးပေါက် ဖြစ်နေရင်တော့ ဗီးစပ်အမှုန့်ကို သွားခေါင်းပေါက်ထဲကို သိပ်ထည့်ပေးလိုက်ပါ။

ခဏအတွင်းမှာပဲ ယူပစ်လိုက်သလို ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။ မယုံမရှိကြပါနဲ့၊ ကျွန်တော့်ရဲ့ ကိုယ်တွေ့ပါ။

ဗီးစပ်ရွက် (ဇာမဏီရွက်) ဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ရောက်ပြီး အလွယ်တကူ တွေ့နိုင်ပါတယ်။

အင်္ဂလိပ်ဆေး၊ ဗမာဆေးတွေ စုံနေပြီ၊ သွားကိုက်ဝေဒနာက မသက်သာဘူးဆိုတဲ့သူတွေ ဗီးစပ်ပွင့်ကို သုံးကြည့်ပါ။ တစ်ခါ အသုံးပြုပေးရုံနဲ့ အရှင်းပျောက်ကင်းသွားပါမယ်။

တကယ်ပါ၊ ပြန်မကိုက်တော့ပါဘူး။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။
သတ္တဝါတွေ ကျန်းမာချမ်းသာပြီး ရောဂါဘေးဘယာတွေ ကင်းဝေးနိုင်ကြပါစေ။

15/09/2025

အရိုးကင်ဆာ ပျောက်တဲ့ 🍄ကွန်ချာ

ကျော် မှတ်ထားတာလေးကို မျှဝေတာပါ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က FB မသုံးစွဲကြပါဘူး နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းကို လစဉ် ထွက်တာနဲ့ ဝယ်ဖတ်ပါတယ်။

အဲ့ထဲမှာက အခုလို ဆေးဖက်ဝင်သော အကြောင်းရာတွေကို အကိုးကားနဲ ပါလေ့ရှိပါတယ်

လွယ်လွယ်ကူကူ အသုံးဝင်ပြီး အစွမ်းထက်သော အရာများကို မှတ့်ထားလေ့ရှိပါတယ်။

မှတ်ထားတဲ အကြောင်းရာလေးကဒီလိုပါ

ဟင်္သတ မြိုနယ် တောရွာဘက်က ဦးလေးတယောက်ဟာ အရိုးကင်ဆာ ဖြစ်လို ဆေးရုံက ခြေထောက့် တဖက် ဖြတ်ဖို ရက်ချိန်းပေးလိုက်ပါတယ်တဲ့ ထိုဦးလေးဟာ ခြေထောက်

တဖက်တော့ မဖြတ်တော့ဘူး ဒီအတိုင်းသာ အသေခံသွားမယ်ဟု ဆိုကာ အရိုးကွဲမတတ့် ကိုက့်ခဲ နေသော ဝေဒနာကို ကြိတ်မှိတ်ပြီး အန်တုကာခံနေပြီ ဆေးရုံရက်ချိန်းကို မသွားတော့ပါဘူးတဲ့

ဒီလိုဖြစ်နေချိန်မှာ တိုက်ဆိုင်စွာ တောဘက်ကပဲ ဝါသနာရှင် ရွက်ပုံးသီး ဘိန်းတောဝါရင့် ဆရာကြီးက ဒီနည်းလေးကို ပေးခဲပါသတဲ့

မှိုကွန်ချာ မနုမရင့် အချိန်ကို နှုတ်ပြီး မြေကြီးများ သဲများ သန့်စင်ကာ အရက်ပြန် ပုလင်းထဲကို စိမ်ပြီး ပရက် ဆေးဆိုင်တွေမှာ ဝယ်လိုရတဲ "ဒုတ္ထာ" အမှုန့်နဲ ရောပြီး နေတိုင်း သုပ်လိမ်းပေးနေရုံပါပဲ

အဲဒီလို လိမ်းပေးနေပြီး တဖြေးဖြေး သိသာစွာ နာကျင်ကိုက်ခဲနေသော ဝေဒနာဟာ သက်သာလာပြီး ခြေထောက်ဖြတ်ရမည်ဟု ဆိုသော အရိုးကင်ဆာဟာ ဖြတ်စရာ မလိုပဲ အကောင်းပကတိအတိုင်း ပျောက်ကင်းသွားကြောင်း နေရပ်အတိအကျ ရွာအမည် နံမည် နှင့်တကွ ရေးသားထားတာကို ဖတ်ခဲ့ဖူးပါတယ် ။
အတိကျ နံမည် ကိုတော့ မမှတ်မိပေမယ့် စွဲနေအောင် မှတ်ထားတာကတော့ မှိုကွန်ချာ , အရက်ပြန်, ဒုတ္ထာ ဒီသုံးမျိုးကို ရောစပ်ပြီး လိမ်းပေးရင် အရိုးကင်ဆာ ကို ပျောက်သွားတယ်ဆိုတာပါပဲ

အဓိက တော့ ဒုတ္ထာ အမှုန့်ပါမယ်ဟုဆိုပါသည် ။

မှိုကွန်ချာ ဟာ စား၍ လုံးဝမရသော မှိုပါ မိုးဦးကာလမှာ နေရာဒေသ အတော်များများပေါက်ပါတယ် ပုံပါအတိုင်းမှိုပါ ရင့်သွားလို့ရှိရင် ပုတ်စော်အရမ်းနံပါတယ် လောက်တွယ်တဲ့အထိကို ပုတ်တဲ့မှိုမျိုးပါ ။

အဲလို မရင့်မစွန်ခင် အနုကို နှတ်ပြီး အရက်ပြန်ပုလင်းနှင့် စိမ်းထားပါက နှစ်နှင့်ချီကြာနေတောင်မှ အာနိသင် မပျက်ဘူးဟု ဆိုပါသည် ။

ဒုတ္ထာ အမှုန့် မပါဘဲနဲ အရက်ပြန်နဲ စိမ်းထားပြီးအရည်ကို

သွေးစူးနာ
အနာစိမ်း
အနာပဆုတ်
ယားနာ
ပွေးနင်းကူး
စသည့် အရေပြား အနာမျိုစုံကိုလည် ပျောက့်ကင်းကြောင်း ဆိုပါသည်

တောနယ်ဘက်တွေမှာ ထိုကဲသို ဆေးနည်းလေးက အံမတန် အသုံးဝင်ပါတယ် ဒါ့ကြောင့် ကျော်သိသလောက် မျှဝေ လိုက်ပါရစေဗျာ..။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

20/08/2025

ငှက်ပျောခွံကို အလွယ်တကူ မလွှင့်ပစ်လိုက်ပါနဲ့။ လူတော်တော်များများ လျစ်လျူရှုထားတဲ့ အဖိုးတန်တဲ့အရာ

ကျွန်တော်တို့ မထင်မရှား လွှင့်ပစ်နေတဲ့ ငှက်ပျောခွံတွေမှာ တကယ်တမ်း အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်ဆိုတာ ယုံပါသလား။ ကျွန်တော် ကိုယ်တိုင်လည်း နေ့စဥ်ဘဝမှာ အကျိုးရှိတာတွေကို စမ်းသုံးကြည့်ပြီး တကယ်အလုပ်ဖြစ်တာမို့ ပြန်လည်မျှဝေပေးချင်ပါတယ်။ အကုန်အကျနည်းနည်းနဲ့ အကျိုးကျေးဇူးများများရနိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းတွေကို ရှာဖွေနေတဲ့သူတွေအတွက်ပေါ့။

ဘယ်လိုအရာတွေမှာ သုံးလို့ရလဲဆိုတာ ကြည့်လိုက်ရအောင်

၁။ ဖိနပ်တွေကို တောက်ပြောင်အောင် တိုက်ပေးနိုင်တယ်
ဖိနပ်ကို ငှက်ပျောခွံရဲ့ အတွင်းသားနဲ့ ပွတ်တိုက်ပေးရင် စျေးကြီးတဲ့ ဖိနပ်တိုက်ဆေးတွေ မလိုဘဲ သားရေဖိနပ်တွေက ပြန်တောက်ပြောင်လာပါလိမ့်မယ်။

၂။ အသားအရေခြောက်တာကို ပြုပြင်ပေးနိုင်တယ်
အက်ကွဲနေတဲ့ ဒူးခေါင်း ဒါမှမဟုတ် ဖနောင့်ကို ငှက်ပျောခွံနဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ငှက်ပျောခွံမှာပါတဲ့ အာဟာရတွေက အသားအရေကို နူးညံ့လာအောင် တကယ်ကူညီပေးပါတယ်။

၃။ ငှက်ပျောခွံလက်ဖက်ရည် ရေနွေးကြမ်းဖျော်နိုင်တယ်
ငှက်ပျောခွံကို သန့်စင်အောင် ဆေးကြောပြီး အဖျားနဲ့ အရင်းကို ဖြတ်ပါ။ ပြီးရင် ရေနွေးနဲ့ ပြုတ်ပါ။ ဒါမှမဟုတ် Smoothie ထဲထည့်ပြီး ဖျော်သောက်တာကလည်း အာဟာရတန်ဖိုးကို တိုးစေပါတယ်။

၎။ သဘာဝမြေသြဇာအဖြစ် သုံးနိုင်တယ်
ငှက်ပျောခွံကို အပင်ရဲ့ အရင်းမှာ မြှုပ်လိုက်တာနဲ့ မြေဆီလွှာက ပိုပြီး ပွလာပြီး အပင်တွေ ပိုစိမ်းလာပါလိမ့်မယ်။ ဒါမှမဟုတ် ကြာပင်စိုက်ထားတဲ့ အိုးထဲကိုလည်း ထည့်နိုင်ပါတယ်။

၅။ အစားအစာ အရသာကို ပိုကောင်းစေပါတယ်
အသားဟင်းချက်တဲ့သူတွေအနေနဲ့ အသားမကင်ခင် ငှက်ပျောခွံနဲ့ အရင်ပတ်ပြီး ကင်ကြည့်ပါ။ အသားက ပိုနူးညံ့လာပြီး မွှေးရနံ့လည်း ပိုရစေပါတယ်။

၆။ ဆံပင်ပေါင်းတင်နိုင်တယ်
ငှက်ပျောခွံကို ရေထဲမှာ စိမ်ထားပြီး ဆံပင်ပေါင်းတင်ပေးတာက ဆံပင်ကို ပိုတောက်ပြောင်ပြီး ပိုသန်မာစေပါတယ်။

၇။ ဆူးစို့တာကို ဆွဲထုတ်နိုင်ပါတယ်
ဆူးစို့ရင် ငှက်ပျောခွံကို မိနစ် ၃၀ လောက် ကပ်ထားလိုက်ပါ။ ဆူးက အလွယ်တကူ ထွက်လာပြီး နာလည်း မနာတော့ပါဘူး။

၈။ သွားကို ပိုဖြူစေတယ်
သွားတွေကို ငှက်ပျောခွံနဲ့ တစ်နေ့ ၂ ကြိမ် ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ သဘာဝအတိုင်း သွားတွေ ပိုဖြူလာတာကို ခံစားရပါလိမ့်မယ်။

၉။ ခြင်ကိုက်တာကို သက်သာစေတယ်
ခြင်ကိုက်တဲ့နေရာကို ငှက်ပျောခွံနဲ့ ကပ်ထားပေးတာက ယားယံတာကို သက်သာစေပြီး အသားပေါ်မှာ အကွက်လည်း မဖြစ်စေပါဘူး။

၁၀။ အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်
ငှက်ပျောခွံကို မျက်နှာပေါ် လိမ်းပြီး မိနစ် ၂၀ လောက် ထားပေးပါ။ ဗီတာမင်တွေက အရေပြားကို ပိုတင်းရင်းစေပြီး နုပျိုစေပါတယ်။

၁၁။ အိမ်လုပ်မျက်နှာပေါင်းတင်ဆေး
ငှက်ပျောခွံ တစ်ခြမ်းကို သဘာဝဒိန်ချဥ် အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ် ၁၀ မိနစ်လောက် တင်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ သင့်အသားအရေက ပိုပြီး ကြည်လင်လာတာကို တကယ်ပဲ တွေ့ရပါလိမ့်မယ်။

အနှစ်ချုပ်ရရင်တော့ ငှက်ပျောခွံဟာ လွှင့်ပစ်ရမယ့်အရာမဟုတ်ပဲ သဘာဝကနေ ရရှိတဲ့ အသုံးဝင်လှတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ စုဆောင်းပြီး အသုံးပြုကြည့်ပါ၊ တကယ်ကောင်းတဲ့အရာတွေဟာ ကျွန်တော်တို့နဲ့ အနီးဆုံးမှာ ရှိနေတယ်ဆိုတာ သိလာပါလိမ့်မယ်။

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Dagon