Golden Queen

Golden Queen

Share

committed to excellence

31/12/2025

နှစ်သစ် ၂၀၂၆မှာ
သင်တန်းသူ၊ သင်တန်းသားအားလုံးနဲ့
မြန်မာပြည်သူ၊ ပြည်သားအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီးနေ့ရက်တိုင်းမှာ ပျော်ရွှင်အေးချမ်းကြပါစေရှင် 💫

31/12/2025

၂၀၂၆ အထိ နောင်တမရဘဲ လုပ်နိုင်ခဲ့တဲ့ အရာတွေဆိုရင် Pan Pan coffee products တွေကို ထုတ်ခဲ့တာ အခုဆို ၅နှစ်ကျော်တောင်ရှိပါပြီ
ဒီ Pan Pan လုပ်ငန်းမှာလည်း ကော်ဖီတင်မကဘူး ဝိုင်အထိပါ ထုတ်ကုန် ၅ မျိုးနဲ့ ပြည်ပပွဲတွေအထိရောင်းချခဲ့ပြီးပြီ
အခုလည်း အဲ့ဒီကော်ဖီလုပ်ငန်း တိုးတက်အအောင်မြင်မှုနဲ့အတူ ကျမရဲ့ long term business plan တွေအများကြီးဆွဲထားနိုင်တဲ့အပြင်

တစ်ဖက်မှာလည်း ကိုယ်၀ါသနာပါတဲ့ကျောက်မျက်သင်တန်းကို entrepreneurial mindset နဲ့ Training လေးစတင်ခဲ့ရာကနေ အခုဆိုနေရာတစ်ခုမှာ ရောက်နေခဲ့ပါပြီ

ဒါတင်မက ကျောက်မျက်အရောင်းအဝယ်ပိုင်းမှာလည်း ၁၅နှစ်တာကာလ ရောင်းဝယ်ခဲ့တာကနေ ယနေ့အထိ မှန်မှန်နဲ့ ဂုဏ်သိက္ခာရှိရှိ အမည်ကောင်းနဲ့ ရပ်တည်နေနိုင်ခဲ့ပြီ

ဒါကြောင့် 2026 မှာလည်း ကျမကိုယ်ကျမယုံကြည်ရင်း လူမှုရေး စီးပွါးရေး မှာ မိဘမျိုးရိုးဂုဏ်ကိုဆက်ထိန်းရင်း သိက္ခာရှိစွာ ဆက်ရပ်တည်မှာပါ 😍
ချစ်ခင်အားပေးကြတဲ့သူတွေတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်

Myo-Golden Queen
Prosessional Gem Instructor

💫committed to excellence💫

#ကျောက်မျက်သင်တန်း #ရန်ကုန် #မန္တလေး
——:——:—-

Photos from Golden Queen's post 20/12/2025

Christmas 🎄

Photos from Golden Queen's post 18/12/2025

Muzo green
Columbia Emerald အလှ

ဆိုင်ကျောက်လာကြည့်ချင်သူများအတွက်

💫committed to excellence💫

သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber
နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင်

⭐️နေရာ ။ Golden Queen,Room-2048, Level-1,Taw Win -Center , Pyay road.Yangon
—-

17/12/2025

Muzo green
Columbia Emerald အလှ

ဆိုင်ကျောက်လာကြည့်ချင်သူများအတွက်

💫committed to excellence💫

သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber
နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင်

⭐️နေရာ ။ Golden Queen,Room-2048, Level-1,Taw Win -Center , Pyay road.Yangon
—-

Photos from Golden Queen's post 17/12/2025

Golden Queen က မြန်မာ့ကျောက်မျက်ပြပွဲမှာ ဘယ်လိုကျောက်တွေ တင်ဒါယူခဲ့လည်း❤️

Queen

Photos from Golden Queen's post 28/11/2025

ပတ္တမြား ကျက်သရေအလှ❤️
Founder အမဝတ်ပြထားတဲ့ ပတ္တမြား တဆက်နဲ့ ညနေအလှ❤️

⭐️နေရာ ။ Golden Queen,Room-2048, Level-1,Taw Win -Center , Pyay road.Yangon။

Photos from Golden Queen's post 05/11/2025

Columbia Emerald & Diamonds rings အလှ

ဆိုင်ကျောက်လာကြည့်ချင်သူများအတွက်

💫committed to excellence💫

⭐️နေရာ ။ Golden Queen,Room-2048, Level-1,Taw Win -Center , Pyay road.Yangon
—-

19/10/2025
18/10/2025

ရွှေတွင်းဝါအလှ
Sold out

Danburite (ရွှေတွင်းဝါ)ကို လက်ရှိမှာ Russia, Madagascar, Mexico, Japan, Switzerland နဲ့ Myanmar တွင် တူးဖော်တွေ့ရှိနေပါတယ်။ Danburite (ရွှေတွင်းဝါ)ကို ကျောက်မျက်လောကတွင် လောကုတ္တရာ ဂုဏ်သတ္တိများ စိတ်ဝင်စားသူများကလည်း ကျောက်ရဲ့ ပါဝါက စိတ်အားထက်သန်မှုနဲ့ စိတ်ခွန်အားပေးနိုင်တံအတွက် Social Science နယ်ပယ်မှာလည်း တော်တော်များများ အပြောများလာကြပါတယ်။ ကျွန်မတို့ လူသားတိုင်းရဲ့ Society မှာ Emotional agility ရှိဖို့ Danburite (ရွှေတွင်းဝါ) ဆောင်ထားရင် overcoming challenges လုပ်နိုင်တယ်ဆိုပြီးတော့လည်း ဝယ်သူတဲ့ကုန်သည်တွေက ယုံကြည်ကြပါတယ်။

ကမ္ဘာ့ကုန်သည်တွေ ကြားမှာ Trend ဖြစ်နေတဲ့ Danburite (ရွှေတွင်းဝါ)
---------------
အရောင်မဲ့ကာလာ/ပန်းရောင်သန်းကာလာ Danburite (ရွှေတွင်းဝါ) ကို စိန်လိုမျိုး တန်ဖိုးဖြတ်မရသော ကျောက်မျက်အဖြစ် ထိပ်တန်းအစားထိုး ဝယ်ယူမှု များလာတာကြောင့် နောက်ပိုင်းဈေးကွက်ပိုဝင်လာခြင်းဖြစ်ပါတယ်။ စိန်အစားထိုးဝယ်ရခြင်းမှာ Danburite (ရွှေတွင်းဝါ)၏ ထူးခြားသော Luster ခေါ် တောက်ပမှုမြင့်ခြင်းကြောင့် ဖြစ်ပြီး အလင်းယိုင်ညွှန်းကိန်း ၁.၆၃, ၁.၆၄ နှင့် မာဆင့် ၇ မှ ၇.၅ ကြောင့် ဖြစ်ပါတယ်။ သဘာဝပါသော hallow tiny tube ဖြစ်စေ inclusion tube မပါသော Danburite များရဲ့ အရောင် ကောင်းသွားပြီဆိုရင် ကြိုက်ဈေးရပိုရတဲ အထိမြန်မာ့ Danburite မျက်နှာဗန်း လှနေသော အချိန်ဖြစ်ပါတယ်။
ဒါကြောင့် Lucky Gems & Lucky color danburite ဟာ မြန်မာမှာသာမက၊ ကမ္ဘာ့ဈေးကွက် မှာပါ တန်းဝင် precious gems အဖြစ် ကျောက်မျက်ချစ်သူအများစု ရေရှည်ရင်းနှီးမြှပ်နှံမှု အနေဖြင့် စုဆောင်း ကျောက်ထဲ စာရင်းဝင်နေတာကြောင့် Knowledge Sharing ပေးခြင်းဖြစ်ပါတယ်ရှင်။

ရွှေတွင်း၀ါရဲ့ ရှားပါးမှုနဲ့ တန်ဖိုး
----------
တန်ဖိုးမှာ အရောင်အမျိုးအစားနှင့် ကာရက်အလေးချိန်ပေါ် အခြေခံပြီး အရောင်မဲ့ Danburite သည် အရောင်မဲ့စိန်နှင့် ဆင်တူပါတယ်။ ဈေးနှုန်းမှာ 5 ct အောက်ဆိုလျှင် တစ်ကာရက်ကို 75$, 190$, အထိရှိပြီး 10 ct အောက်မှာ ရှားပါးပြီး တစ်ကာရက်ကို $240 အထိ အရောင်နှင့် သန့်စင်မှုအပေါ် မူတည်ပါတယ်။ 10 ct အထက်ရှိပြီး 20 ct အထိ Danburite ရွှေတွင်းဝါအရောင်များတွင် ရှားပါးအရောင် Pink Danburite သို့ နောင်နှစ်များတွင် ကျောက်မျက်ဈေးကွက်ဖွံ့ဖြိုးမှုနှင့်အတူ ဈေးနှုန်းမှာ - 200 % မှ 400 % အတွင်း တိုးလာနိုင်မည်ဟု ခန့်မှန်းကျပါသည်။ ၂ နှစ် မှ ၄ နှစ်တာအတွင်း တန်ဖိုးများ သိသိသာသာ တိုးနိုင်သည်လို့လည်း ခန့်မှန်းကြပါသည်။ ယခုနှစ်ပိုင်းတွင် ရွှေတွင်းဝါ မှာ အလွန်ဈေးသင့်သော ကျောက်မျက်ဖြစ်နေသော်လည်း ကမ္ဘာ့ ကျောက်မျက်ဈေးကွက်၏ လက်ရှိလမ်းကြောင်းအခြေအနေအားကောင်းလာသည်က တစ်ကြောင်း တရုတ်ဈေးကွက်ကြောင့် တွန်းအားကောင်းနေသော ကျောက်မျက်ဈေးကွက်ဖြစ်နေပါပြီ။ တရုတ်ရဲ့ ကျောက်မျက်ဝယ်ယူမှု ဈေးကွက်ကို ဦးဆောင်နေပြီး အမေရိကန်ကျောက်မျက်နှင့် စိန်ဈေးကွက်ကို သိသိသာသာ ကျော်ဖြတ်နေသည်ကို တွေ့နိုင်ပါတယ်။

ဒါတင်မကဘူး အခုတလောTourmaline၊ Ruby၊ Sapphire၊ Garnets၊ Chrysoberyl, Jade နှင့် အခြား မြန်မာ့ကျောက်မျက်များ ကို တိုးမြင့်ဝယ်လာကြတာကိုလည်းတွေ့ရပါတယ်။

အခုအချိန်ထိ အားပေးနေကြတဲ့ လူတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်လည်း အများကြီး sharing လုပ်သွားပေးမှာမလို့ ဆက်လက်အားပေးကြပါဦးနော်…

ကျောက်မျက်ရတနာနှင့်ပါတ်သက်ပြီး မိမိကိုယ်တိုင်စာသားများဖြင့် knowledge sharing ပေးနေပါ၍ ပြန်လည်ကူးယူဝေမျှပေးလျှင်လည်း credit မဖြုတ်ပဲ စာသားအတိုင်းဝေမျှပေးဖို့ မေတ္တာရပ်ခံပါတယ် ရှင်။

💫committed to excellence💫

သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,
နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင်

#ကျောက်လက်တွေအထူးသင်တန်း #မြန်မာတွင်းထွက်ကျောက်မျက်သင်တန်း

Myo-Golden Queen

#ရွှေတွင်းဝါ sharing

03/10/2025

ခေတ်စားနေတဲ့ kunzite

ဒီနေ့တော့ Kunzite ဆိုတဲ့ ထူးခြားလှပတဲ့ကျောက်မျက် အကြောင်းလေးကို ပြောပြပေးသွားပါမယ်ရှင့်

✨ Kunzite က သဘာဝကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပြီး အလွန်လှပတဲ့ အလင်းရောင်အောက်မှာ ပုံဖေါ်ပေးနိုင်တဲ့ အထူးထင်ရှားတဲ့ ကျောက်တစ်ခုပါ။ သူ့ရဲ့ထူးခြားတဲ့ အရောင်ပြောင်းလဲမှု - Pleochroism နဲ့ ပန်းရောင်အလှက ကျောက်မျက်လောကမှာ သူ့ကို သီးသန့်နေရာတစ်နေရာ ရရှိစေခဲ့တာပါ။ ဒီကျောက်မျက်ရဲ့ အခြေခံအချက်အလက်တွေကို ကျွန်မရဲ့ ဒီနေ့ Post မှာတော့ သေသေချာချာ နားလည်အောင် ရှင်းပြပေးပါမယ်။

Kunzite ရဲ့ မူလရင်းမြစ်နဲ့ ဖွဲ့စည်းပုံ လို့ဆိုရင်တော့ ကျွန်မတို့ ကျောက်မျက်ပညာရှင်တွေအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အုပ်စုနဲ့ ဓာတုဖွဲ့စည်းပုံ ကို အရင်ဆုံးပြောပြရမှာပါပဲ။ Kunziteကို ၁၉၀၂ ခုနှစ်ဝန်းကျင်မှာ ကျောက်မျက်ပညာရှင် George Frederick Kunz က ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သူ့ရဲ့ဂုဏ်ကို အစွဲပြုပြီး "Kunzite" လို့ အမည်ပေးခဲ့တာပါ။ Kunzite ဟာ Spodumene အုပ်စုဝင် တစ်ခုပါ။ ဓာတုဖွဲ့စည်းပုံအရ Lithium/ Aluminum /Silicate ဖြစ်ပြီး အဲ့ဒီထဲကမှ Pink to Violet အရောင် အထိရှိတဲ့ အမျိုးအစားကို Kunzite လို့ သတ်မှတ်ပါတယ်။ အဲ့တော့ အရောင် အနေနဲ့က ပန်းရောင်၊ လိမ္မော်ရောင် နဲ့ တချို့ဆို အနည်းငယ် ခရမ်းရောင် ထွက်နိုင်ပါတယ်။ ဘယ်အရောင်ထွက်လဲကတော့ ကျောက်ထဲကရှိတဲ့ manganese အပေါ်မူတည်ပါတယ်။။ Kunzite ကျောက်မျက်ဟာ Pegmatite veins လို့ခေါ်တဲ့၊ ပုံဆောင်ခဲကြမ်းတွေဖြစ်ပေါ်တဲ့ မီးသင့်ကျောက် များမှာ အပူချိန်၊ ဖိအားနဲ့ ဓာတုဗေဒ တုံ့ပြန်မှုတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဓိကအားဖြင့် Afghanistan, Pakistan, Brazil, Madagascar, USA (California) တို့မှာ ထွက်ရှိတာကို တွေ့ရပါတယ်။

Kunzite ရဲ့ အထူးခြားဆုံးဂုဏ်သတ္တိဟာ Pleochroism လို့ခေါ်တဲ့ အရောင်မျိုးစုံပြောင်းလဲခြင်း ဖြစ်ပါတယ်။ ကျောက်ကို အလင်းရောင်တစ်ခုအောက်မှာ လှည့်ကြည့်ရင် ပန်းရောင်၊ နောက်တစ်ဖက်ကကြည့်ရင် ခရမ်းရောင် စသည်ဖြင့် မတူညီတဲ့အရောင်တွေကို မြင်ရနိုင်ပါတယ်။ ဒါကြောင့် ကျောက်ဖြတ်သမားတွေဟာ ဒီသဘောတရားကို အခြေခံပြီး အရောင်အလှဆုံးကို ချိန်ညှိဖြတ်တောက်ကြရပါတယ်။ Clarity အနေနဲ့ သဘာဝ Kunzite တွေမှာ inclusions အနည်းငယ်တွေ့နိုင်ပေမယ့် Faceted cut လုပ်ထားရင် အလွန်ပြန့်ပြန့်လင်းလင်း ထွက်ပါတယ်။

အဲ့တော့ ဒီလိုကျောက်မျက်တစ်ပွင့်ကို ရွေးချယ်ပြီဆိုရင် ထိန်းသိမ်းစောင့်ရှောက်ဖို့ သူ့ရဲ့ Mohs Scale Hardness နဲ့ ခံနိုင်ရည်အား ကို သိထားဖို့ လိုပါတယ်။ Kunzite ရဲ့ Hardness က Mohs Scale မှာ ၆.၅ - ၇ သာရှိတာကြောင့် စိန်၊ နီလာ စတဲ့ ကျောက်တွေထက် ပိုပျော့ပြီး ခြစ်ရာဖြစ်လွယ်တာကို သတိထားရပါမယ်။ ထို့အပြင် Cleavage လည်း ရှိနိုင်တာကြောင့် ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ဖိအားတွေကို ရှောင်ရှားသင့်ပါတယ်။ အထူးသတိပြုရမှာက Kunzite ဟာ နေရောင်ခြည်ဒဏ်ကို မခံနိုင်ပါဘူး။ အချိန်ကြာကြာ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မယ်ဆိုရင် သူ့ရဲ့လှပတဲ့ ပန်းရောင်ဟာ Fade သွားနိုင်ပါတယ်။ ဒါကြောင့် Kunzite ကို Evening Stone လို့လည်း ခေါ်ဆိုကြပြီး၊ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်တဲ့အခါ အလင်းရောင်မထိတွေ့တဲ့ သေတ္တာထဲမှာပဲ သိမ်းဆည်း ဖို့ အကြံပေးပါရစေ။

👉 အကျဉ်းချုပ်အနေနဲ့ ပြောရရင် Kunzite ဟာသဘာဝကျောက်မျက်ရတနာ (Spodumene variety) ဖြစ်ပြီး သူ့ရဲ့ ပန်းရောင်/ခရမ်းရောင်အလှ၊ Pleochrois နဲ့ ကြည်လင်ပြတ်သားမှု တို့ကြောင့် လက်ဝတ်ရတနာအနေနဲ့၀တ်ဖို့ကော/ collector တွေအတွက်ကော အလွန်တန်ဖိုးရှိတဲ့ သဘာဝကျောက်မျက်ရတနာ တစ်မျိုးပါပဲ။ နေရောင်ခြည်ဒဏ်ကိုသာ အထူးဂရုပြု ရမယ်ဆိုရင် ထူးခြားလှပတဲ့ Kunziteကို စိတ်ချလက်ချ ဝတ်ဆင်နိုင်ပါတယ်။

နောက်တစ်ပိုင်းမှာ Kunzite ကို ဘယ်လိုသဘာဝမှန်မမှန် ခွဲခြားနိုင်တဲ့ အခြေခံနည်းလမ်းတွေကိုဆိုဆက်ပြောပေးပါမယ်နော်။

ပိုနက်နက်နဲနဲ လေ့လာချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ ကျောက်မျက်သင်တန်းတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

စိတ်၀င်စားပြီး မေးမြန်းလိုတာ၊ အမြင်ချင်း ဖလှယ်ချင်တာတွေရှိရင် comment မှာ ရေးခဲ့ပါနော်။

💫committed to excellence💫

သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber
နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင်

📝 သင်တန်းရဲ့အားသာချက်တွေကြောင့်လူအမြဲပြည့်တဲ့အတွက်စာရင်းကြိုသွင်းရပါတယ်ရှင်
#ကျောက်လက်တွေ့အထူးသင်တန်း #မြန်မာတွင်း
ထွက်ကျောက်မျက်သင်တန်း #ရန်ကုန် #မန္တလေး #နေပြည်တော်
#ကွန်ဇိုက် #ကျောက်မျက်ပညာ

YouTube
www.youtube.com/

TikTok
https://www.tiktok.com/?_t=ZS-8xqcEyLZWUB&_r=1

Photos from Golden Queen's post 24/09/2025

တန်ဖိုးမြင့်ကျောက်အသန့်များကြည့်လိုပါက Golden Queen 😍

Want your business to be the top-listed Jewelery/watch Store in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myoma Kyaung Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00