CCTV and Access Control

CCTV and Access Control

Share

CCTV system and Access control solution

28/07/2020
28/07/2020

အပူချိန်ရှိရင်တော့ alarm မြည်မှာဖြစ်ပြီး Flap Barrier gate လဲ ပိတ်နေမှာ ဖြစ်ပါတယ်

28/07/2020

အပူချိန်တိုင်းပြီး ဂိတ်အပိတ်အဖွင့်လုပ် Time Attendance ၀င်ထွက်ချိန်များအားမှတ်တမ်းယူပြီး Payroll ပါထည့်တွက်တဲ့အထိ လွယ်လွယ်ကူကူဆောင်ရွက်နိုင်ပါတယ်....

Time attendance နဲ့ အပူချိန်တိုင်းတဲ့စက်ကတော့ user 50,000 ကျော် အထိရပါတယ်၊ Celsius/Farenheit တစ်မျိုးမျိုးနဲ့ထားလို့ရတယ်၊ ဂိတ်ဖွင့်ပိတ်ဖို့ကတော့ (မျက်နှာ/လက်ဗွေ/လက်၀ါး/RFID card) ကြိုက်တာနဲ့သုံးနိုင်ပါတယ် (Indoor, Outdoor) နှစ်မျိုးလုံးရပါတယ်။

Flap barrier gate ဆိုရင်လဲ Industry grate ဖြစ်လို့ အကြမ်းခံတယ်အကြိမ်(၆)သန်း အာမခံချက်ရှိလို့ တစ်ရက်ကို အကြိမ် ၂၀၀၀ ဖွင့်ပိတ်လုပ်မယ်ဆိုရင်တောင် ၈ နှစ်အထိရပါတယ် (Indoor, outdoor) နှစ်မျိုးလုံးရပါတယ်။

လစာထွက်ဖို့ဆိုရင်လဲ ၊ ၀င်ထွက်မှတ်တမ်းများကိုကောက်နှုတ်ပြီး Payroll-Me system နဲ့ချိတ်ဆက်လို့ ရပါသေးတယ် (Cloud base Payroll-Me system အကြောင်းလေ့လာချင်ရင်တော့ ပေးထားတဲ့ link မှာ ၀င်ရောက်ကြည့်နိုင်ပါတယ်) ။

https://www.facebook.com/Payroll-Me-Human-Resource-Management-Solution-108155943987603/

အသုံးပြုဖို့သော်၄င်း နည်းပညာအကြောင်းသိချင်ရင်သော်၄င်း Hill City Co.,ltd ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်၊ ၀ယ်ဖို့စိတ်ကူးရင်တော့ Payment term ကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ် ။

ကျောင်း/ဆေးရုံ/စက်ရုံ အလုပ်ရုံ/ဟိုတယ်/ရုံး/လေဆိပ်/shopping mall အစရှိသည့် နေရာများမှာ အသုံးပြုနိုင်ပါတယ်။

Hill City Co.,Ltd
09-502 9560
09-45-502 9560

24/07/2020

CCTV နဲ့ Home Security အတွက် ပြည့်စုံပြီး စနစ်ကျကျလေး တပ်ဖို့စဉ်းစားနေရင်တော့ Hill City Co.,ltd ကို ဆက်သွယ်လိုက်ပါနော်....

CCTV Security System
နေ့ညကြည့် ကင်မရာများကို ၊ တပ်မဲ့ကင်မရာအမျိုးအစားနဲ့ နေရာအကွက်အကွင်းကိုမတပ်ခင်မှာ Handheld Display Preview အရင်ကြည့်ပြီး မြင်ကွင်းကို Customer စိတ်တိုင်းကျတော့မှ တပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်ပါတယ်၊ ကျွမ်းကျင်ပညာရှင်များနဲ့စုစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ပစ္စည်းကောင်းလက်ရာသေသပ် စေတနာအပြည့်အ၀နဲ့ တာ၀န်ယူဆောင်ရွက်ပေးပါတယ်။

Smart Door Lock
အိမ်ပင်မတံခါး၀၊ သီးသန့်ခန်း သတ်မှတ်အိမ်သားများသာ အသုံးပြုနိုင် Smart Door Lock တပ်ဆင်နိုင်ပါတယ် ၊ တံခါးဖွင့်ဖို့ (လက်ဗွေ ၊ လှို့၀ှက်ကုတ်၊ သော့) တစ်ခုခု အသုံးပြုနိုင်ပါတယ် ၊ လက်ဗွေပေါင်း ၁၂၀ ထည့်သွင်းနိုင်ပြီး Master လက်ဗွေကိုင်ဆောင်သူမှ အသုံးပြုမည့်သူ တစ်ယောက်ချင်းကို ထည့်သွင်းပေးရမှာပါ ၊‌ ရေဆိုတော့ မခံပါဘူး ဒါကြောင့် Indoor ပဲ အသုံးပြုလို့ပဲ ရမှာပါ။

Photos from CCTV and Access Control's post 24/07/2020
Photos from CCTV and Access Control's post 24/07/2020

CCTV နဲ့ Home Security အတွက် ပြည့်စုံပြီး စနစ်ကျကျလေး တပ်ဖို့စဉ်းစားနေရင်တော့ Hill City Co.,ltd ကို ဆက်သွယ်လိုက်ပါနော်....

CCTV Security System
နေ့ညကြည့် ကင်မရာများကို ၊ တပ်မဲ့ကင်မရာအမျိုးအစားနဲ့ နေရာအကွက်အကွင်းကိုမတပ်ခင်မှာ Handheld Display Preview အရင်ကြည့်ပြီး မြင်ကွင်းကို Customer စိတ်တိုင်းကျတော့မှ တပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်ပါတယ်၊ ကျွမ်းကျင်ပညာရှင်များနဲ့စုစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ပစ္စည်းကောင်းလက်ရာသေသပ် စေတနာအပြည့်အ၀နဲ့ တာ၀န်ယူဆောင်ရွက်ပေးပါတယ်။

Smart Door Lock
အိမ်ပင်မတံခါး၀၊ သီးသန့်ခန်း သတ်မှတ်အိမ်သားများသာ အသုံးပြုနိုင် Smart Door Lock တပ်ဆင်နိုင်ပါတယ် ၊ တံခါးဖွင့်ဖို့ (လက်ဗွေ ၊ လှို့၀ှက်ကုတ်၊ သော့) တစ်ခုခု အသုံးပြုနိုင်ပါတယ် ၊ လက်ဗွေပေါင်း ၁၂၀ ထည့်သွင်းနိုင်ပြီး Master လက်ဗွေကိုင်ဆောင်သူမှ အသုံးပြုမည့်သူ တစ်ယောက်ချင်းကို ထည့်သွင်းပေးရမှာပါ ၊‌ ရေဆိုတော့ မခံပါဘူး ဒါကြောင့် Indoor ပဲ အသုံးပြုလို့ပဲ ရမှာပါ။

06/07/2020

Smart Door Lock for (home, residence, private/family room, office)

06/07/2020

Fingerprint Smart Door Lock လေးပါနော် အိမ်အဝင်၊ သီးသန့်ခန်းလေးတွေနဲ့ ရုံးတံခါး တွေမှာ တပ်ဆင်လို့ရပါတယ် ၊ သတ်မှတ်ထားတဲ့ သူ/အိမ်သားတွေပဲ ဖွင့်လို့ရမှာ ဖြစ်ပါတယ် ၊ လက်ဗွေမထည့်ချင်လဲ PIN Code နဲ့သုံးလို့ရပါသေးတယ်။

လက်ဗွေ ၁၂၀ ထည့်သွင်းထားလို့ရပါတယ် ၊ Master Fingerprint ကိုင်ဆောင်သူရဲ့ လက်ဗွေပြပြီးမှ အသစ်ပါဝင်မဲ့သူကို ထပ်သွင်းရမှာဖြစ်ပါတယ် ။

အတွင်းဘက်အခြမ်းမှာ ပါဝါအတွက် AA Battery ၄ လေး ထည့်သွင်းပေးရမှာပါ၊ Battery အားနည်းနေရင်လဲ အချက်ပေးမှာဖြစ်ပါတယ် ၊ လုံးဝကုန်သွားရင်တော့ တံခါးလော့ကျ သွားမှာဖြစ်ပြီး အတွင်းကနေပဲဖွင့်လို့ရတော့မှာပါ....

(မေးစရာရှိလာပါတယ် ဒါဆို သော့ဖျက်တံခါးရိုက်ဖွင့်ရတော့မှာလား.... ???)........မပူပါနဲ့ ဖြေရှင်းဖို့နည်းလမ်းပါထားပြီးသားပါ...

(9V battery လေးပဲလိုပါတယ် Lock အပြင်ဘက်ခြမ်းအောက်ဘက်မှာ 9V ထောက်ပြီး power ပေးလိုက်ရင် လက်ဗွေနဲ့ ပြန်ဖွင့်လို့ရသွားမှာပါ) အဲဒါမှမဟုတ်ရင် (Master emergency key) အရေးပေါ်သော့နဲ့လဲ ဖွင့်နိုင်ပါသေးတယ်နော်...

ရေစိမ်တော့ မခံပါဘူး ဒါကြောင့် Indoor ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Sales, Service, Training နဲ့ တံခါးတပ်ဆင်ခြင်းပါ တစ်ပါတည်းပြုလုပ်ပေးပါတယ် စိတ်ဝင်စားရင်တော့ အောက်ပါနံပါတ်ကို မေးမြန်းဆက်သွယ်နိုင်ပါတယ် ၊ နည်းပညာစိတ်ဝင်စားတဲ့သူများရှိရင်လဲ မေးမြန်းနိင်ပါတယ် ။

09-502-9560
Hill City Co.,Ltd
Building-11, Room-502, MICT Park

03/07/2020

CCTV camera တပ်ဆင်ဖို့ သိမှတ်ဖွယ်ရာများ ရေးပေးလိုပါတယ်... အချုပ်ဆိုပေမဲ့ စာကတော့နဲနဲရှည်သွားရင် သီးခံပြီး ဖတ်ပေးကြပါလို့...

စာဖတ်သူသိပါသလား.... ?
ကမ္ဘာတစ်ဝန်းမှာ လေ့လာစမ်းစစ်ချက်များအရ Crime ရာဇဝတ်မူ ၆၀% လောက်ဟာ ကင်မရာတပ်ဆင်ထားခြင်းကြောင့် မထမြောက်ခဲ့ပါဘူး ၊ တပ်ဆင်ထားခြင်းကြောင့် ရာဇဝတ်မူကို မတားဆီးနိင်ဘူး သို့သော်ငြားလည်း Potential Crime (ဖြစ်လာနိင်ချေရှိတာတွေကို အဟန့်အတား ဖြစ်စေပါတယ်)...

၁) ကင်မရာအမျိုးအစား ဘယ်ဟာတွေကောင်းလဲ ?
လက်ရှိစျေးကွက်မှာရှိတဲ့ brand တော်တော်များများ သိပ်မကွာပါဘူး ကောင်းတယ်လက်ခံလို့ရတဲ့ ပစ္စည်းတွေပါ၊ ဥပမာ Dahua, HIK စသည့်ဖြင့်ပေါ့..အခြား brand တွေလဲ ရှိပါသေးတယ်.. အကြံပေးချင်တာကတော့ Brand ကို သိပ်မကြည့်ပါနဲ့ ကိုယ်လိုချင်တာ ရနိင်လားရယ် ၊ သိမ်းနိုင်တဲ့ ပမာဏရယ် ၊ အင်တာနက်နဲ့ ကြည့်နိုင်လား ? အဲလောက်ဆို ကောင်းနေပါပြီ ။

၂) သိမ်းဆည်းနိုင်တဲ့ ပမာဏ (Storage) ?
ဒါက အရေးကြီးတယ် ဖြစ်ပေါ်ခဲ့တဲ့ရက်တွေကို ပြန်ကြည့်ဖို့အတွက် record history ဘယ်လောက်ထားချင်လဲ CCTV တပ်လိုက်တာနဲ့ မပြီးပါဘူး ၊ တပ်ဆင်သူဘက်က အကြံပြုပေးရမှာပါ (ဥပမာ..Camera တစ်လုံး အချိန်ပြည့်မှတ်တမ်းလုပ်တာ တစ်ရက်ကို 8-10Gb အထိရောက်နိုင်တယ်နော် Cam ၁၀ လုံးတပ်ထားရင် 1000Gb(1Tb) ကို ၁၀ ရက်နဲ့ ပြည့်မှာပါ) ၊ အဲလိုမဖြစ်အောင် လိုအပ်တဲ့ လှုပ်ရှားမူရှိမှ Record လုပ်ဆိုတဲ့ Setting လေးတွေ ချိန်ညို့ဖို့လိုပါမယ် ။

၃) အင်တာနက်ကနေကြည့်ယူဖို့ အဆင်ပြေ/မပြေ ?
အိမိရှင်ဘက်က အင်တာနက်လိုင်းရှိတယ် ဖုန်းနဲ့ကြည့်ချင်တယ် laptop နဲ့ ကြည့်ချင်တာတွေ တောင်းဆိုလာနိုင်ပါတယ် ဒါတွေက မိမိရောင်းတဲ့ပစ္စည်းမှာ ပါဝင်မူ ရှိ/မရှိ ကြိုပြောထားဖို့လိုပါမယ် ၊ ဒါလဲအရေးကြီးတဲ့ အချက်ထဲပါဝင်ပါတယ် ။

၄) ဆိုက်ဆာဗေး (site survey) ပြုလုပ်ပေးခြင်း ?
ဒါက အရေးကြီးတဲ့ကဏ္ဏာထဲ ထည့်ထားရပါမယ် ၊ အများစုက dome cam (ကင်မရာအလုံးလေးပါ) သို့မဟုတ် Bullet (နဲနဲရှည်မျောမျော် ပုံလေးပါ) ၊​ နေရာအကွက်အကွင်းပေါ်မူတည်ပြီး ရွေးချယ်မှန်ကန်စွာဆုံးဖြတ်ဖို့လို့ပါတယ်...

အကြမ်းဖျဉ်းတော့ Dome တွေကို Indoor (အိမ်တွင်း ပေါ်တီကို) ခေါင်နိမ့်တွေမှာ တပ်ဆင်လေ့ရှိတယ် ၊ Bullet ကျတော့ အဝေး (ခြံထိပ် ဝန်းနံရံ ခြံဝန်းထဲ) စတဲ့ အဝေးကြည့်ချင်တဲ့ နေရာမှာ Outdoor တပ်ဆင်လေ့ရှိပါတယ် ၊ Bullet အများစုက​တော့ (IP67 rating waterproof) ဖြစ်ပါတယ် (ဘာပဲဖြစ်ဖြစ်သေချာအောင် မေးထားသင့်ပါတယ် ဘာလို့လဲဆိုတော့ တစ်ချို့ Bullet cam တွေမှာ အသံတွေပါဖမ်းလို့ရတာတွေရှိတော့ ရေဆိုခံမခံ ဆိုတာတွေပါလာနိင်ပါတယ်) ၊

ကင်မရာ ၁ လုံးထဲနဲ့တော့ ခြံဝင်းတစ်ခုလုံး မရနိုင်ပါဘူး ၊ ကင်မရာလိုအပ်တာထက်နည်းရင်လဲ အဆင်မပြေသလို များနေရင်လဲ ပုံရိပ်တွေထပ်နေလို့ ပိုလို့တောင် ကြည့်ရခက်နေပါလိမ့်မယ် ။

၅) နောက်ဆုံးကတော့ ကြိုးနဲ့လား ကြိုးမဲ့လား (wire or wireless) သုံးရမလဲ ?

wireless ကြိုးမဲ့သုံးမယ်ဆိုရင်တော့ စျေးပိုသွားနိုင်ပါတယ် အခြားအထောက်အကူ အပိုပစ္စည်းတွေပါ လိုအပ်ရင်ဝယ်ထည့်ဖို့ လိုပါတယ်နော်...

ဒါလဲတပ်ဆင်သူဘက်က အကြံပြုရမှာပါ (ဥပမာ- အိမ်ရှင်က ရှုပ်ရှုပ်ထွေးထွေး မကြိုက်လို့ wireless လုပ်ပေးပါလို့တောင်းဆိုခဲ့ရင် အိမ်တွင်းနရံအထူအပါး wireless range တွေကို သိနေပြီး Solution အဖြေပေးနိုင်ရမှာပါ ၊ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးနဲ့ကတော့ အကောင်းဆုံးဆိုပေမဲ့ လိုအပ်ရင် ကြိုးနဲ့ကော ကြိုးမဲ့ကော ပေါင်းသုံးရနိင်အောင် နည်းပညာလေးတွေ ဖြည့်ဆည်းထားဖို့ လိုပါတယ် ။

Hill City Co.,ltd
CCTV and Access Control System
09-502-9560
Building-11, Room-502, MICT Park

30/06/2020

ကျောင်းများ ရုံးများ နှင့် စက်ရုံများအတွက် (Access Card နဲ့ Barrier ဂိတ်ပွင့်ပေးသည် စနစ်လေးကို တင်ဆက်ပေးပါမယ်)

စနစ်ရဲ့ တည်ဆောက်ပုံကတော့ အသုံးပြုခွင့်ရှိသူတိုင်းမှာ Access Card တစ်ခုဆီရှိပါမယ်၊ ကဒ်ကိုပြပြီး ၀င်/ထွက်ပြုရမှာဖြစ်ပါတယ် ။

Flap barrier က Industry gate ဖြစ်လို့ကြံ့ခိုင်မူရှိပါတယ်.....

အကြိမ် (၆ သန်း) အာမခံရှိတယ်အတွက်အကြောင့် ၊ တစ်ရက်ကို အကြိမ် ၂၀၀၀ မောင်းတံ ဖွင့်ပိတ်လုပ်ရင်တောင် ၊ တစ်နှစ်ဆိုရင် (365 x 2000 = 7.3 သိန်း) ၈ နှစ်စာလောက်ကို အသာလေး အသုံးပြုနိုင်ပါတယ်။

လုပ်ငန်းအတွက်လဲ သင့်တော်တယ် ၊ အရည်အသွေးကောင်းကောင်းလဲသုံးချင်ရင်တော့ စဥ်းစားလို့ရပါတယ်နော်။

30/06/2020

ကျောင်းများ ရုံးများ နှင့် စက်ရုံများအတွက် (ကိုယ်အပူချိန်တိုင်းပြီးမှ Barrier ဂိတ်ပွင့်ပေးသည် စနစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်)...

စနစ်ရဲ့ တည်ဆောက်ပုံမှာ (hardware and control software) ၂ မျိုးပါ၀င်မှာဖြစ်ပါတယ်။

Hardware တွေကတော့ (အပူချိန်တိုင်း Infrared ကင်မရာဆင်ဆာ) နဲ့ (Barrier ဂိတ်) ပဲဖြစ်ပါတယ်

Software ကတော့ ၀င်/ထွက်လုပ်ထားတဲ့ Record တွေပြန်လည်ကြည့်ယူပြီး Time Attendance တွက်ချက်ခြင်းအတွက်သော်၄င်း History ပြန်ကြည့်လိုရင်သော်၄င်း အသုံးပြုနိုင်ပါတယ်။

အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ် (အပူချိန်တိုင်းကိရိယာနှင့် barrier ဂိတ်က အတွင်းမှာ ချိတ်ဆက်ထားပါတယ်) ၀င်/ထွက် ပြုလုပ်သူတိုင်းကို (ကင်မရာဆင်ဆာ ကတိုင်းမယ်) ပုံမှန်အပူချိန်ဖြစ်မှ ဂိတ်ပွင့်ပါမယ် ။ ပုံမှန်အပူချိန်ထက် မြင့်နေရင်တော့ Alarm ထမြည်မှာဖြစ်ပြီး မောင်းတံလဲပိတ်နေမှာ ဖြစ်ပါတယ် ။ (လူများတဲ့နေရာများဖြစ်တဲ့ ကျောင်း ၊ ရုံး၊ စက်ရုံ တွေအတွက် တစ်ယောက်ချင်း အဖျားတိုင်းတံနဲ့လိုက်တိုင်းစရာ မလိုတော့ပါဘူး) ဒါ့အပြင် အ၀င်/အထွက်မှတ်တမ်းများကို ကြည့်ပြီး Time Attendance အနေနဲ့လဲ အသုံးပြုလို့ရပါသေးတယ် ။

(Infrared ဆင်ဆာကင်မရာ)ကတော့......

၁) အပူချိန်ကို မိမိနှစ်သက်သလို (Fahrenheit / Celsius) ၂ မျိုးကြိုက်တာနဲ့ ချိန်ထားနိုင်ပါတယ် ။

၂) လူ၀င်/ထွက်ဖတ်ပေးတာလဲ (၀.၅)စကန့်ပဲကြာပါတယ် လမ်းလျောက်၀င်သွားလို့ ရတဲ့ အနေအထားပါပဲ ။

၃) မျက်နှာဖုံးတပ်ထားရင်နဲ့လဲ အသုံးပြုနိုင်ပါတယ် ။

၄) (Palm recognition) ပါတယ် လက်ဖ၀ါးပြပြီးတော့လဲ အသုံးပြုနိုင်ပါတယ်၊ လက်ဖဝါးအပူချိန်လဲ ဖတ်နိုင်ပါတယ် ။

တွဲဖက် Flap gate barrier ဆိုရင်လဲ.....

၅) Industry gate ဖြစ်လို့ကြံ့ခိုင်မူရှိပါတယ် ။

၆) အကြိမ် (၆ သန်း) အာမခံရှိတယ်အတွက်အကြောင့် ၊ တစ်ရက်ကို အကြိမ် ၂၀၀၀ မောင်းတံ ဖွင့်ပိတ်လုပ်ရင်တောင် ၊ တစ်နှစ်ဆိုရင် (365 x 2000 = 7.3 သိန်း) ၈ နှစ်စာလောက်ကို အသာလေး အသုံးပြုနိုင်ပါတယ်။

(Infrared Temperature Sensor) မပါပဲ Barrier gate အပိတ်အဖွင့်ကို Card ရှိတဲ့သူပဲ ၀င်/ထွက်ခွင့်ရှိတဲ့ ပုံစံနဲ့လဲ အသုံးပြုနိုင်ပါသေးတယ် ။

လုပ်ငန်းအတွက်လဲ သင့်တော်တယ် ၊ အရည်အသွေးကောင်းကောင်းလဲသုံးချင်ရင်တော့ စဥ်းစားလို့ရပါတယ်နော်။

Want your business to be the top-listed Computer & Electronics Service in Dagon?
Click here to claim your Sponsored Listing.

Website

Address


Dagon
11052

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00