Angel's Secret Powder
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angel's Secret Powder, Health/Beauty, Dagon.
19/08/2022
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
18/08/2022
မေး ။ ။ ပုံထဲမှာ ဘာမြင်လဲ?
ဖြေ ။ ။ အမဲစက် တစ်စက်
လူတွေကအဲ့လိုပဲ
ဒီလောက်အဖြူတွေအများကြိး ကိုမမြင်ဘူး
ဘာမဟုတ်တဲ့ အမဲစက်လေးကို မြင်တတ်ကြတယ်။
ကောင်းတာဘယ်လောက်လုပ်လုပ်
မကောင်းတာလေးတခုတွေ့ပြီဆို
ဝေဖန်လို့ မဆုံးတော့ဘူး။ ။
ဖြစ်ချင်တာတွေ မဖြစ်သေးလို့ စိတ်ညစ်နေမဲ့ အစား ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ပြီး အရာရာကို ကြိုးစားကျော်ဖြတ်မယ်
Frighting 💪💪💪
15/08/2022
ယနေ့အကြိုက်ဆုံးဥပမာ.....👌
ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …
ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..
ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...
နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။
"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..
15/08/2022
☺️မှန်ထဲမှာပြုံးတာ မြင်ချင်ရင်ကိုယ်ကအရင်ပြုံးရတာဘဲ☺️
🖍 အဲ့လိုပဲ ဘဝတခုလုံးပြောင်းလဲချင်ရင်
ကိုယ် ကိုယ်တိုင်က အရင်ဆုံး
ကြိုးစားပြောင်းလဲမှရမယ်💪💪💪
crd
13/08/2022
ကိုယ်ထိန်းချုပ်မရတဲ့အခြေအနေတွေအတွက်ထိုင်စိတ်ညစ်မနေဘဲ ဘယ်လိုအရာတွေက cover ပြန်ဖြစ်စေနိုင်သလဲ ကို တွေးပြီး လုပ်ပါ
08/07/2022
✍️✍️✍️ လူတစ်ယောက်စီမှာ နေ့စဉ် နေ့စဉ် အဓိကကျတဲ့ အချိန် ( ၃ )ချိန်ရှိပါတယ်။
၁/ မနက်စောစောအိပ်ယာကစနိုးတဲ့အချိန်။
၂/ အစာစားချိန်။
၃/ညအိပ်ယာဝင်ချိန်။
🙏🙏🙏 / မနက်စောစောအိပ်ယာစနိုးတဲ့အချိန်မှာ ဆေးပညာအရ အိပ်ယာကနိုးနိုးချင်းချက်ချင်းဆိုသလိုကုတင်ပေါ်ကတန်းမဆင်းရဘူးတဲ့။ခေတ္တခြေဆန့်ထားရင်းခြေဖျားလေးတွေကွေးချည်ဆန့်ချည်လုပ်ပြီး၊လက်အုပ်ချီလျှက်သရဏဂုံ၃ပါးရွတ်လိုက်မယ်။ပြီးရင် မိမိကိုယ်ကိုမိမိအရင်မေတ္တာပို့မယ်။
🙏🙏🙏 " ဘုရားတပည့်တော်သည်ကျန်းမာရလိုပါ၏။ချမ်းသာရလိုပါ၏။ဘေးခပ်သိမ်း ရန်ခပ်သိမ်း၊ အန္တရာယ်ခပ်သိမ်း၊ရောဂါခပ်သိမ်း၊ကင်းငြိမ်းရလိုပါ၏။ အပူကင်းပျောက်အအေးရောက်လိုပါ၏။ "လို့မေတ္တာပို့ပြီးရင် အရပ်၁၀မျက်နှာကိုမေတ္တာပို့သပြီးမှအိပ်ယာကထ ,စေ့ချင်ပါတယ်။
( ဒီလို မေတ္တာနဲ့အိပ်ယာထခြင်းကြောင့်မိမိစိတ်လည်းကြည်လင်တယ်၊ မင်္ဂလာအပေါင်းနဲ့လဲပြည့်စုံတယ်။တစ်နေ့တာလုံးလည်းမင်္ဂလာရှိနေပါတယ်။)
❤️❤️❤️ မိသားစုအပေါ်လည်းစိတ်ချမ်းသာစကား၊ပျော်ပျော်ရွှင်နဲ့ဆက်ဆံပေးရပါ့မယ်။
၂/ အစာစားချိန်။
✍️✍️✍️ အစားအစာစားချိန်မှာစိတ်ညစ်စရာ၊ ဒေါသဖြစ်စရာ၊စီးပွားရေးလူမှုရေးပြဿနာပေါင်းစုံကိုမပြောတာအကောင်းဆုံးပါ။အစာစားနေရင်စိတ်ဆိုးဒေါသဖြစ်မိ၊စိတ်မချမ်းမသာဖြစ်မိရင် အစာလည်းမကြေဖြစ်တတ်သလို၊ စားနေတဲ့အစာများဟာအစာအိမ်နဲ့အူလမ်းကြောင်းထဲကိုမရောက်ဘဲ၊သီးပြီးလေပျွန်ထဲရောက်သွားရင်အသက်အန္တရာယ်အထိဒုက္ခဖြစ်စေပါတယ်။
( စိတ်ညစ်စရာ၊ဒေါသဖြစ်စရာ၊အပူသောကများ အစာစားကြချိန်မပြောကြစေလိုပါ။)
၃/ ည, အိပ်ယာဝင်ချိန်။
🙏🙏🙏 ည, အိပ်ယာဝင်ချိန်အိပ်ကြတယ်ဆိုတာ တစ်နေ့တာလုံးပင်ပန်းနွမ်းနယ်နေတာကို လူရော စိတ်ပါအနားယူပြီးနောက်တစ်နေ့အလုပ်ခွင်အတွက်အားမွေးရခြင်းပါဘဲ။နှစ်ချိုက်စွာအိပ်ပျော်မှလည်းလူကျန်းမာမယ်၊စိတ်ကျန်းမာမယ်လေ။
✍️✍️✍️ ညတိုင်း အိပ်ယာမဝင်ခင်မိမိကိုယ်တိုင်ကလည်းခင်ပွန်းကြီး၁၀ပါးကိုဝန်ချတောင်းပန်မယ်။မိမိကလည်းအားလုံးကိုခွင့်လွှတ်ပြီးမှ မိမိစိတ်ရှင်းရှင်းနဲ့အရာရာကိုမေ့ပြီးအိပ်ယာဝင်ရင်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်စေမယ်။
နောက်တစ်မနက်အိပ်ယာထစမှာလည်းစိတ်ကြည်လင်ကျန်းမာစွာနိုးထနေမှာပါ။
🙏🙏🙏 အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေဗျာ။
Lay Lay.
ကျွန်မ ဖတ်ဖို့
09/06/2022
#ဝက်ခြံဆိုတာ အများအားဖြင့် လူငယ်ပိုင်တေများအဖြစ်များတဲ့ အရေးပြားရောဂါ၁မျိုးဖြစ်ပါတယ်
အထူးသဖြင့် အပျို လူပျိုဖြစ်ခါစလေးတွေမှာအဖြစ်များတတ်ပါတယ်
မျိုးရိုးကြောင့်လည်းဖြစ်တတ်ပါတယ်ဒီအရာထက် အဓိက ကတော့
ပထမအဆင့်နေထိုင်စားသောက်မှုက အရေးကြီးဆုံးပါ
၁ အချို အဆီအစိမ့် အကြော် ရယ်ဒီမိတ်များကို ရှောင်ပေးရပါမယ်
မရှောင်နိုင်ရင်တော်ရုံသက်သာနိုင်မည်မဟုတ်ပါ
၂ skin care များကိုလည်းသေချာစွာပြုလုပ်ပေးပါ အထူးသဖြင့် ဝက်ခြံသမားများက ညမှာ double cleancing လုပ်ကိုလုပ်ပေးရပါမယ်
ဝက်ခြံသမားများက အဆီအရမ်းပြန်တာဖြစလို့ မျက်နှာမှာဖုံ များကပ်နေရတာအရမ်းကိုလွယ်တာမို့ ဘက်တီးရီးယားပိုးက မျကိနှာမှာတွယ်ကပ်နေတာမို့ double cleancing ကိုမရှိမဖြစ်သုံးရပါမယ် မသုံးပေးလို့လည်းဝက်ခြံတွေပို့ပွားလာခဲ့တာပါ
၃ ဝက်ခြံအတွက်ထုတ်ထားတဲ့မျက်နှာသစ်မျိုးသုံးဖို့လိုအပ်ပါတယ်
တချို့ကနားမလည်တော့တွေ့ကရာမျက်နှာသစ်မျိုးအသုံးပြုမိလို့ ဝက်ခြံကပိုဆိုးလာတတ်ပါတယ် ဝယ်တဲ့အချိန်ကျရင် ကိုယ့်အသားရည် ကဘယ်လိုအသားရည်လဲ မေးဝယ်တတ်ဖို့ လိုပါတယ်
ဒီ၃ချက်ကိုသာ သေချာဂရုစိုက်ရင် သင့် ဝက်ခြံ သက်သာလာပါလိမ့်မယ်နော်
05/06/2022
တစ်ခါတုန်းက ဆရာမတစ်ယောက်ဟာ -
သူ့အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသားလေးတဦးကို
"သားကြီးလာရင် ဘာလုပ်မှာလဲ"လို့မေးလိုက်တဲ့အခါ
ကျောင်းသားလေးက မဆိုင်းမတွဘဲ
"ရုပ်ရှင်မင်းသားလုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့သူတွေကို မုန့်လိုက်ကျွေးမယ်" လို့ဖြေလိုက်တယ်၊
အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက
"ဒီကောင်-သောက်ပေါ"ဆိုပြီး သူ့ကိုဝိုင်းဟားကြတယ်၊
ဆရာမကလည်း"မင်းလုပ်ချင်တာတွေက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်၊တစ်ခြားအရာတွေကို ပြောင်းစဉ်းစားတာကောင်းလိမ့်မယ်" လို့ပြောခဲ့တယ် ၊
နောက် နှစ်ပေါင်း၂၀ ကျော်/၃၀ခန့် ကြာတဲ့အခါ
အဲဒီကျောင်းသားလေးဟာ သူပြောခဲ့တဲ့အတိုင်း
ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေအမြင့်မားဆုံး အချမ်းသာဆုံးမင်းသား၊ ၂၁ရာစု ဥရောပနဲ့အမေရိကလူတွေအားလုံးထက်
သြဇာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့တယ်၊
သူဟာ အိန္ဒိယနိုင်ငံရဲ့ အာဟာရချို့တဲ့သူ ၄သန်းကျော်နဲ့
ကမ္ဘာ့အိမ်ခြေရာမဲ့တွေအတွက်
သူရရှိတဲ့အနုပညာကြေးငွေ ၇၅%ကိုလှူဒါန်းထားပါတယ်၊
ဒါတွေကြောင့်လည်း အင်္ဂလန်ဘုရင်မကြီး Elizabethကိုယ်တိုင်က သူ့ကို ဂုဏ်ထူးဆောင် ပရဟိတသမားဆုပေးအပ်ခဲ့ပါတယ်၊
ထိုသူကား အခြားမဟုတ်-
အချစ်၊အလွမ်း၊အဆွေး၊အကြမ်းအရမ်းအကုန်ရတဲ့
ကျနော်တို့ရဲ့ အသည်းကျော်Bollywoodဘုရင်ကြီး
shah rukh khan(ရှရွတ်ခမ်း)ပင် ဖြစ်သည်၊
တစ်ခြားလူတွေ မင်းအပေါ်မြင်တဲ့အမြင်က
အရေးမကြီးပါဘူး၊မင်းရည်မှန်းချက်အပေါ်ထားတဲ့
မင်းရဲ့အမြင်ကသာ အရေးအကြီးဆုံးပါ-
သူတောင်းစားတွေမှာလည်း
ရှင်ဘုရင်ဖြစ်ခွင့်အိပ်မက်ရှိပါတယ်-
မဖြစ်နိုင်ဘူးဆိုတာ တကယ်သေချာပြီလား..
Crd #
အခြားသူတွေရဲ့ အမြင်ကအရေးမကြီးဘူး
မင်းကိုယ်တိုင် ဘာဖြစ်ချင်တယ်ဆိုတာ သိဖို့နဲ့
ဇွဲမလျော့စတမ်း ဆက်လက်လုပ်ဆောင်နေဖို့ပဲလိုတာ
ကိုယ့်ရဲ့အနာဂတ်က ကိုယ့်လက်ထဲမှာပဲမို့
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး
မဖြစ်ခင် ကြိုးစားမှုတွေမရပ်တန့်လိုက်ဖို့ပဲ လိုတာပါ
04/06/2022
လင်းယုန်ငှက်လိုကျင့်ပါ
လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ
အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး
အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
နေနိုင်ဖို့အတွက် သူတို့ရဲ့
အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ ဆုံးဖြတ်
ချက်တခုကို ချကြရပါတယ်။
သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး
အတောင်တွေကလည်း အရမ်းလေးလာပါတယ်
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်
ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။
ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး
အသိုက်တခုတည်ဆောက်လိုက်ပါတယ်
ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။
ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။
နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို
တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့
ရက်ပေါင်းက ၁၅၀ ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ
ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့
အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်
Crd မူရင်းရေးသားသူ
01/06/2022
အလုပ်ဘာကြောင့်လုပ်ကြလဲ .. ???
ပိုက်ဆံ ဘာလို့ ကြိုးစားရှာနေတာလဲ ❓❓❓
ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့
ကြွက်ဟာ ဘဝရဲ့စည်းစိမ်ချမ်းသာတွေ
အကုန်လုံးကို ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး
စားလိုက်သောက်လိုက်နဲ့ comfort zone ထဲမှာ ပျော်နေခဲ့တယ်။
အိုးထဲကဆန်တွေအားလုံးကုန်သွားတဲ့အခါမှာတော့
ကြွက်ဟာအိုးထဲက ထွက်နိုင်မယ့်နည်းလမ်းကို
ရှာမရတော့သလို စားစရာလည်းမရှိတော့ပါဘူး။
အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊ အင်အားတွေရှိတုန်းမှာ
မရုန်းကန်ခဲ့ရင်၊ စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင်
သက်တောင့်သက်တာရှိတဲ့အခြေအနေထဲမှာ
ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့တစ်နေ့မှာ
comfort zone လို့ခေါ်တဲ့ ထောင်ချောက်ထဲမှာ
နောင်တပေါင်းများစွာနဲ့ ကျန်ရစ်နေခဲ့ရလိမ့်မယ်။.
credit to original writer
30/05/2022
" သိပ်ကိုကောင်းတဲ့..ဥပမာ "
ကိုယ်က ဘယ်လောက်ဖြောင့်ဖြောင့်
ကိုယ့်ကို လက်ခံမယ့် မျက်နှာပြင်က
ကောက်နေမယ်ဆိုရင်.....
အဖြောင့်ရဲ့ပုံရိပ်က
အကောက်ပဲထင်ပါတယ်
ဒါကြောင့်တခါတလေ ကိုယ်က
အကောင်းပြောပေမယ့်
ကိုယ့်အပေါ်တမျိုးထင်လျှင်...
လက်ခံတဲ့မျက်နှာပြင် က
ကောက်နေတယ် လို့ ပဲမှတ်လိုက်ပါ...
ပြန်လည်မျှဝေပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Dagon