3D Puppet

3D Puppet

Share

3D modeling for architecture and Visualizer .

24/02/2025

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက်.........

ကုဋေ ပြီးရင် ဘာလာလဲ။

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။

ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော် -
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။

ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။

ဆယ် = 10

ရာ = 100

ထောင် = 1000

သောင်း = 10000

သိန်း = 100000

သန်း = 1000000

ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။

ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။

ကောဋိ = 1 × 10^14

ပေကာဋိ = 1 × 10^21

ကောဋိပကောဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန်နဟုတံ = 1 × 10^42

အက်ခဘေိဏီ = 1 × 10^49

ဗိန္ဒု = 1 × 10^56

အဗ္ဗုဒ = 1 × 10^63

နိရဗ္ဗုဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

သောကန္ဓိက = 1 × 10^91

ဥပ်ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပုဏ္ဍရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

အသေင်္ခ်ျ = 1 × 10^140

ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။

သင်္ချေကြီး (၈)မျိုး

(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။

(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။

(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။

(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။

(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။

(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။

(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။

(8) အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။ခရစ်ဒစ်

အသင်္ချေ ရေတွက်ပုံ

ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။ သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။

တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။

“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )

ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။

ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ

၁ = တစ်ခု

၁၀ = တစ်ဆယ်

၁၀၀ = တစ်ရာ

၁၀၀၀ = တစ်ထောင်

၁၀၀၀၀ = တစ်သောင်း

၁၀၀၀၀၀ = တစ်သိန်း

၁၀၀၀၀၀၀ = တစ်သန်း

၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။

ဥပမာ

၁၀၀၀၀၀၀၀ =တစ် ကုဋေ

၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး

၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)

စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ

တစ်ကောဋိကို သုည

တစ်လုံး ကပ်သော် ဆယ်ကောဋိ

နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )

သုံးလုံးကပ်သော် ကောဋိတစ်ထောင်

လေးလုံးကပ်သော် ကောဋိတစ်သောင်း

ငါးလုံးကပ်သော် ကောဋိတစ်သိန်း

ခြောက်လုံးကပ်သော် ကောဋိတစ်သန်း

ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)

ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။

ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။

ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။

ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။

ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။ သိုဆိုလျှင် အသင်္ချေယျ၏ တန်ဖိုးကား မည်မျှပင် များပြားနေမည်နည်း ဟု တွေးရင်း ဘုရား ရဟန္တာတို့၏ ကြီးမြတ်လှသော ဉာဏ်တော်အား အံ့သြ လေးစား ချီးကျူး ပူဇော်ရင်း……

credit :ဓမ္မရောင်ခြည်

10/09/2024

ဒါကတော့ Wu khong မ Videoလေးပါ
သူကတော့တုတ်ပါပါတယ် ☺️

Photos from 3D Puppet's post 30/08/2024

အားလုံးက ထော်ကိုင်းသွားကြတော့ 👀
တို့လည်း ေသာ်ကွားတော့မယ် ဟွန့် 🫦

တွေ့ရင်ခေါ်အုံးနော် 😚
Comment မှာ videoလေးလည်းပြပေးထားတယ်နော်🥰

Photos from 3D Puppet's post 19/08/2024

ကယ် ကိုယ်နဲ့ ဘယ်အကောင်လေးတွေက စရိုက်တူလည်း ဆိုတာcommentလေးမှာမန့်သွားကြည့်ပေးကြပါအုံးနော်😂

တကယ်လို့လက်ဆောင်လိုချင်တဲ့သူများအနေနဲ့ ဒီ post ေလးကို shareပြီး share screenshot လေးကိုမိမိကြိုက်နှစ်သက်တဲ့အကောင်လေးရဲ့အောက်မှ comment ဝင်မန့်သွားနိုင်ပါတယ်ဗျ
Modelလေးတွေကို နေ့ခင်းတစ်နာရီကျော်မှာစပို့ပေးလိုက်ပါ့မယ်နော်

အားလုံးပဲ Morning ပါ
ကျွန်တော်ကတော့ အပြာလေးပေါ့😝

Labu Labu lar bu

23/01/2024

အရင်ဆွဲထားတဲ့ Temple လေးတစ်ခုကို video လေးနဲ့ထပ်ပြပေးထားတာလေးပါ

အားပေးပေးကြပါအုံးနော်🤗

09/12/2023

ဘုရားရိပ်တရားရိပ်က တစ်ကယ့်ကို အေးချမ်းပါတယ်

ထီးဖြူ animation လေးပါ

Photos from မြင့်သိန်း - တမ္ပဝတီ-ပန်းပု/အဆင့်မြင့်ပရိဘောဂ's post 22/07/2023
14/07/2023

https://m.facebook.com/story.php?story_fbid=200729292967105&id=100090901059756&mibextid=Nif5oz

"ဗိသုကာပညာနှင့် အဆောက်အအုံဆိုင်ရာ စကားလုံးများ - ၆"

ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်တို့တွင် တပ်ဆင်လေ့ရှိတဲ့ အပြောက်အမွမ်းကို "ကျောင်းပြောက်" ဟု ခေါ်လေ့ရှိပြီး နန်းတော်မှာတပ်ဆင်တဲ့ အပြောက်အမွမ်းကို "နန်းပြောက်" လို့ ခေါ်ပါတယ်။

ကျောင်းပြောက်တွေကို ကျက်သရေရှိနေစေဖို့အတွက် ဒုရင်၊ တော်ရနောင်၊ အဆော် စတာတွေမှာ နတ်ရုပ်၊ ဂဠုန်ရုပ်၊ ဒေါင်းရုပ် စတဲ့ အရုပ်တွေသာမက ဇာတ်နိပါတ်တော်များကိုပါ အကွက်ကျကျ ထည့်သွင်းထုလုပ်တတ်ကြပါတယ်။

နန်းပြောက်များမှာဝောာ့ အမွမ်းပန်းများ သတ်သတ်သာရှိပြီး တင့်တယ်ကျော့ရှင်းမှုကိုသာ အလေးပေးထုလုပ်တပ်ဆင်ကြတယ်။

တပ်ဆင်တဲ့နေရာအလိုက်အခေါ်မှာတော့ ပြာသာဒ်မုခ်မှာ တပ်ဆင်ထားတာကို "မုခ်ပန်း" လို့ ခေါ်ပြီး အမိုးထောင့် (အုန်းလက်စွန်းထောင့်) တွေမှာ တပ်ဆင်ထားပါက "ထောင့်ပန်း" လို့ ခေါ်ပါတယ်။

စုလစ်ဆိုတဲ့ ဝေါဟာရအောက်မှာဝောာ့ ဖေါ်ပြ‌ပါအပြောက်အမွမ်းအားလုံး ပါဝင်မှာဖြစ်ပါတယ်။

ပုံတွင်ပြထားတဲ့ ထောင့်ပန်းမှာ အရုပ်၊ ဇာတ်ကွက်မပါဝင်တဲ့ နန်းပြောက်ဖြစ်ပါတယ်။ ဝင်းမောင် (တမ္ပဝတီ) ရဲ့ "ကမ္ဘောဇသာဒီနန်းတော်ဆိုင်ရာမှတ်တမ်းများ - ၁၂" ဆောင်းပါး (၂ စက်တင်ဘာ ၁၉၉၂၊ ကြေးမုံ) ပါ ရတနာပုံခေတ်ထောင့်ပန်းပုံကို ပြန်လည်ပြင်ဆင်ဖေါ်ပြထားတာပါ။

ကျောင်းပြောက်‌မှာလည်း ဖေါ်ပြပါအစိတ်အပိုင်းများသာဖြစ်ပြီး အခေါ်ပဲအနည်းငယ်ကွဲမှာ ဖြစ်ပါတယ်။ (ဥပမာ - အဆော်တွင် နတ်ရုပ်ရှိပါက နတ်ဆော်၊ သိကြားရုပ်ဆိုပါက သိကြားဆော်)

ထောင့်ပန်းအစိတ်အပိုင်း ၁၉ ခုရဲ့ အနက်ဖွင့်ဆိုပုံကို မြန်မာအဘိဓာန်ထဲ တွေ့ရ‌သလောက်ဖေါ်ပြထားပါတယ်။ အဘိဓာန်ထဲမတွေ့ရတဲ့ အစိတ်အပိုင်းတွေအတွက်လည်း နီးစပ်တဲ့ စကားလုံးတွေရဲ့ (ဥပမာ - အဆော်၊ မှော်) အနက်ကို ထည့်သွင်းဖေါ်ပြလိုက်ပါတယ်။

အနက်ဖွင့်ဆိုပုံတွေ ကြည့်ပါက အပြောက်အမွမ်းတချို့ရဲ့ အဓိပ္ပာယ်သိပ်မကွဲပြားနေတာ၊ သီးသန့်ဖြစ်မနေတာကို တွေ့ရပါတယ်။ "မြန်မာမှုဗိသုကာ ဝေါဟာရအဘိဓာန်" ထဲမှာ ဘယ်လိုမျိုး သီးသန့်အနက်ဖွင့်ဆိုပုံတွေ ရှိမလဲဆိုတာတော့ မလေ့လာ‌ရသေးပါဘူး။

*** ဆရာဦးဝင်းမောင် (တမ္ပဝတီ) ရဲ့ "ပြာသာဒ်များကို လေ့လာခြင်းစာတမ်း" ကို အခြေခံကိုးကားဖေါ်ပြပါတယ်။ အဲဒီစာတမ်းကိုလည်း ဆရာ့ခွင့်ပြုချက်နဲ့ ပြန်လည်ပြင်ဆင်တင်ပြဖို့ စီစဉ်နေပါတယ်။ ပုံပါစကားလုံးတချို့ကို အဘိဓာန်ထဲကအတိုင်း ပြန်ရေးထားပါတယ်။ ဥပမာ - အပြောက်အမွမ်း (မူရင်း- အမွှမ်းအပြောက်)၊ တုရင် (မူရင်း-ဒုရင်) ***

သုကာ

#ဗိသုကာပညာစကားလုံးများ
#ဗိသုကာပညာ

#ကြန်မဂ္ဂဇင်း_၂၀၂၃

Want your business to be the top-listed Contractor in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Dagon
159941