Wai Yan - MarTech
🔔 MarTech Expert | Helping Youth and Support IT & Marketing Community | Author @ blog.waiyanthwin.com He has over 15 years of experience in his career.
Wai Yan Thwin is a MarTech Specialist and the Co-Founder of Newness – Digital Agency. He is passionate about sharing his knowledge on technology, digital marketing, and other topics through his blog and other channels.
27/08/2026
ဒီနေ့မှ မိတ်ဆက်တာ - Gemini 3.5 Transcribe
အဓိက Live Transcribe Feature ကို သဘောကျ
input tokens စျေး မဆိုးဘူး
Meeting တွေကို တိုတို တုတ်တုတ် လေမရှည်ပဲ ပြောရင် တော့ အဆင်ပြေမယ်။ :D
19/08/2026
ထိုင်းက သူတို့ နိုင်ငံသားတွေ AI သုံးလို့ရအောင် AI အမျိုးစားပေါင်း ၁၄+ နဲ့ အခြေခံသင်တန်းတွေ စတော့မယ်
အခမဲ့နော်။ အားကျစရာပဲ။
အခု လူ ၅ သန်း အရင်လက်ခံနေပြီ။ နိုင်ငံတော် အဆင့် တွန်းနေတဲ့သဘောပဲ။
Brand တစ်ခု အစကနေ တည်ဆောက်ခဲ့တဲ့ ဇာတ်လမ်းပါ။
25/07/2026
Facebook က မနေ့က feature အသစ်တစ်ခု ကြေညာလိုက်တယ် — Facebook Verified ပါ။
ဒါက ပိုက်ဆံပေးရတဲ့ Meta Verified (blue tick) မျိုး မဟုတ်ဘူး၊ အခမဲ့ badge တစ်ခုပါ။
လုပ်ပုံက ရိုးရှင်းတယ် —
selfie video တိုတိုတစ်ခု ရိုက်၊ ကိုယ့် profile ပုံနဲ့ တိုက်ကြည့်၊ ကိုက်ရင် ရပြီ။
မိနစ်အနည်းငယ်ပဲ ကြာမယ် (၁၈ နှစ်အထက်၊ account ကောင်းကောင်းသုံးထားသူ ဖြစ်ရမယ်)။
ရပြီဆိုရင် ဒီ badge က Marketplace, Groups, Dating, Profile တို့မှာ ပေါ်လာမယ်။
အဓိကကတော့ "ဒီ account က bot ဒါမှမဟုတ် fake မဟုတ်ဘူး၊ လူစစ်စစ်ပါ" လို့ တစ်ချက်ကြည့်ရုံနဲ့ သိအောင် လုပ်ပေးတာမျိုး ဖြစ်မယ်။
Business Owner တွေ သိထားသင့်တာ (3) ချက် —
၁။ ဒီ badge က Page အတွက် မရဘူး၊ personal profile အတွက်ပဲ။ ဒါကြောင့် ကိုယ့် business Page မှာ tick ပေါ်မယ် မထင်နဲ့။ ဒါပေမဲ့ မြန်မာ ရောင်းသူ အများစုက personal account နဲ့ Marketplace မှာ ရောင်းကြတော့ — ကိုယ့် personal profile ကို verify လုပ်ထားရင် customer ဘက်က ယုံကြည်မှု ပိုရနိုင်တယ်။
၂။ badge ရှိတိုင်း "လုံခြုံတယ်" လို့ မဆိုလိုဘူး။ Facebook ကိုယ်တိုင်က ပြောထားတာက ဒါက လူစစ်စစ်ဖြစ်ကြောင်း အတည်ပြုတာပဲ ဖြစ်ပြီး၊ အဲဒီ account ကို ယုံကြည်စိတ်ချရတယ်လို့ အာမ မခံဘူး တဲ့။ ဒါကြောင့် ဝယ်တဲ့အခါ သတိတော့ ထားရဦးမယ်။
၃။ နောက်ပိုင်း ပြိုင်ပွဲတွေ/ Campaign တွေ လုပ်တဲ့အခါ ဝင်ပြိုင်တဲ့ ဝင် comment လုပ်တဲ့သူတွေက Bot လား ၊ ဝယ်ထားတာလား၊ လူအစစ်တွေလား ဆိုတာမျိုး ခွဲခြား လို့ရနိုင်တယ်။ ဟိုပြိုင်ပွဲ ဒီပြိုင်ပွဲတွေမှာ အမြဲတွေ့နေရတဲ့ Campaign Hunter တွေ လျော့သွားနိုင်တယ်။
ကျနော့် အမြင်ကတော့ — AI နဲ့ fake account တွေ များလာတဲ့ ခေတ်မှာ ဒါ ကောင်းတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ badge တစ်ခုတည်းကို အားကိုးလို့ မရသေးဘူး။ တစ်ခု သတိထားစရာက ဒီ feature ကို နိုင်ငံအလိုက် အဆင့်ဆင့် ဖြန့်နေတာမို့ မြန်မာမှာ ချက်ချင်း မရသေးတာ ဖြစ်နိုင်တယ် — ကိုယ့် app ထဲ ရောက်လာမှ စမ်းလို့ ရမယ်။
28/06/2026
အရင်က ထိုင်း retail ကို မောင်းနှင်တာ tourist တွေ ဖြစ်တယ်။ အခု ပြောင်းသွားပြီ။
Read More > Comment
25/06/2026
မနေ့တစ်နေ့ကပဲ Claude ကလဲ Tag ဆိုတာမိတ်ဆက်လိုက်တယ်၊ Viber မှာလဲ ChatGPT ပေါ်လာပြီ
အဲတော့ AI တွေက နေ့စဉ်ပြောဆို ဆက်သွယ်နေတဲ့ Group တွေ၊ Conversion တွေ၊ Slack မှာဆို Thread တွေထဲ ရောက်လာတာ ကောင်းလား?
ကျနော့်အတွက်ဆိုရင်တော့ ကောင်းတယ် အရင်က Assistant တစ်ယောက်ကို မေးဖို့ လိုတာတွေ ဘာပြီး ဘာဆက်လုပ်ရမှာတွေ ကို သူက ကြားထဲကနေ coordinator တစ်ယောက်လို လုပ်နိုင်လာတယ်။ သူ့ကို သတ်မှတ်ထားတဲ့ Data တွေ ပေးထားတာနဲ့ internal က question တွေ ဝင်ပြောနိုင်မယ်။ Company က Flow တွေ ဝန်ထမ်းအသစ်ဝင်ရင်က အစ လွတ်ထားလို့ရနိုင်မယ်။ ကျနော်တို့လို့ Marketing Agency ဆို စုံနေတာပဲ လုပ်ခိုင်းလို့ရတယ်။
လိုအပ်ရင် သူပါ့ ဝင်ပြောခိုင်းလို့ရတယ် "ဟေး Claude ဘယ်လိုလဲပေါ့"
ကျနော်တို့ Newness မှာတော့ Claude Tag ကို စသုံးနေပြီ နောက်ရက်မှ အခြေအနေ Blog တစ်ပုဒ်ရေးပေးတော့မယ် အခုတော့ screenshot ကို ဖတ်ပြီး ရီလိုက်တော့ 🤣
ကိုဝေယံကိုပဲ ကြောက်တဲ့ ကောင်လေး
23/06/2026
ဇူလိုင် ၁ ရက်ကစ Facebook Ads မှာ နိုင်ငံအလိုက် "Location Fee" အသစ်တစ်ခု စကောက်တော့မယ်။ Myanmar target အတွက် တိုက်ရိုက် မသက်ရောက်ပေမဲ့ — နိုင်ငံခြား customer target လုပ်နေသူတွေ သိထားသင့်တဲ့ အချက်တွေကို ကျနော် ရှင်းပြထားပါတယ်။
Comment 👇
04/06/2026
မနေ့က လုပ်သွားတဲ့ Meta Conversations 2026 မှာ Meta Business Agent ကို တရားဝင်မိတ်ဆက်သွားပါတယ်။
ကျနော်နဲ့ အလုပ်လုပ်နေတဲ့ client တွေကတော့ နဂို soft launch ကတည်းက ရနေပြီးသားပါ။
မရသေးတဲ့ Page ပိုင်ရှင်တွေ အနေနဲ့ စိတ်ဝင်စားတယ် Waitlist လုပ်ချင်တယ်ဆိုရင် ကျနော်နဲ့ အတူ အဖြေရှာကြည့်ချင်တယ်ဆိုရင် comment မှာ
"Meta Business Agent" လို့ မန့်ခဲ့ကြပါ ကျနော် အားတာနဲ့ တစ်ယောက်စီ check ပေးပါမယ်။
31/05/2026
Productivity အတွက် Marketing ကို Technology တွေ AI တွေ ပေါင်းစပ် ပြီး customer acquisition ကို လုဖို့ ဘက်ပေါင်းစုံကနေ လုပ်လို့ရနေပြီ။
ဒီချိန်မှာ လုပ်ငန်းရှင်တွေ စလုပ်သင့်တာက customer royalty ပဲ ရှိပြီးသား ဖောက်သည်တွေ ကိုယ့်စီမှာပဲ ဆက်တည်ရှိနေအောင် database တွေ ဆောက် retaining strategy တွေ နဲ့ စလုပ်ဖို့ အချိန် တန်ပြီ။
တကယ်ပြောတာ customer အသစ်ရှာရတဲ့ စရိတ်နဲ့ အဟောင်းကို ထိန်းရတဲ့ စရိတ် မတူဘူးနော်
21/05/2026
စောင့်မျှော်နေသူ လာပါပြီ - Stable Version ဒီနေ့မှ ရတယ်။ AI ခေတ်မှာ လုပ်စရာတွေ အရမ်းများတယ် Task တွေ တစ်ခုပြီးတစ်ခု ပေးနေသလိုပဲ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Botataung