The Breakfast

The Breakfast

Share

ပြီးပြည့်စုံသောမနက်ခင်းအတွက် ပါရမီဖြည့်ဖက်

04/02/2023

ဆိုင်ရဲ့ရောင်းအကောင်းဆုံးထဲပါတဲ့ အာလူးပလာတာ။
ကိုယ့်ဆရာ Indian Line Chef ရဲ့ စပယ်ရှယ်လက်စွမ်းလို့ ပြောရမယ်။ အချဉ်ရည်လေးနဲ့တို့လိုက် ၊ ငရုတ်သီးကြော်လေးကိုက်လိုက်နဲ့။ မမြည်းစမ်းရသေးတဲ့သူများရှိရင် စားကြည့်ကြဖို့ အကြံပြုပါတယ်ဗျာ။

#သင့်မနက်ခင်းအတွက်အကောင်းဆုံးပါရမီဖြည့်ဖက်

03/02/2023

Team Coriander!
ဆောင်းမြူလေးတွေနဲ့မနက်ခင်းမှာ ရေကူးကန်ဘေးလေးထိုင်ပြီး တနေ့တာအတွက် အလိုအပ်ဆုံးဖြစ်တဲ့ မနက်စာကောင်းကောင်း သုံးဆောင်လိုက်ပါ။
Address - Poolside, C1B , Timesquare Condo, Merchant Road, Botahtaung.

06/01/2023

မနက်စာစားဖို့ ရွေးချယ်တဲ့အခါမှာ
အစားအသောက်ကောင်းရမယ်
လေကောင်းလေသန့်ရှိရမယ်
အေးအေးဆေးဆေးရှိရမယ်
သွက်လက်ပျူငှာတဲ့ ဝန်ထမ်းများက ဝန်ဆောင်မှု ပေးရမယ် ဆိုတဲ့ သူများအတွက် The Breakfast မှ အကောင်းဆုံး ဖြည့်ဆည်းပေးပါရစေ။
𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐂𝟏𝐁 , 𝐏𝐨𝐨𝐥𝐬𝐢𝐝𝐞 , 𝐓𝐢𝐦𝐞𝐬𝐪𝐮𝐚𝐫𝐞 𝐂𝐨𝐧𝐝𝐨 , 𝐁𝐨𝐭𝐚𝐡𝐭𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩.

#သင့်မနက်ခင်းအတွက်အကောင်းဆုံးပါရမီဖြည့်ဖက်

Photos from Wint TK's post 25/12/2022

The Breakfast မှာ မနက်စာကို မနက် ၇နာရီကနေ နေ့လည်အထိ စားသုံးမှာယူနိုင်ပါတယ်။ ဆိုင်မှာ လူကြိုက်များကြတဲ့ မနက်စာလေးတွေက
အာလူးပူရီ၊ မြီးရှည် ၊ တိုရှည် ၊ အုန်းနို့ခေါက်ဆွဲ ၊ စီလုံတီးတို့ ဖြစ်တာမို့ လာရောက်မြည်းစမ်းကြဖို့လည်း ဖိတ်ခေါ်ပါရစေရှင်။

22/12/2022

ယနေ့ကျရောက်သော ၂၇၆၂ကြိမ်မြောက် ကရင်နှစ်သစ်ကူး‌နေ့မှစ၍

" တိုင်းရင်းသားညီအကိုမောင်နှမအားလုံးအတွက်
ပျော်ရွှင်စရာ အချိန်အခါလေးဖြစ်ပါစေကြောင်း
The Breakfast by YAMAKA မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ။

Photos from The Breakfast 's post 20/12/2022

Feedbacks Time!!!
------------------------------

ဒါလေးကတော့ page Check-in မှာပြောပေးထားတဲ့ Customer တွေရဲ့ feedback လေးတွေပါရှင်။ Feedback ကိုတကူးတကလာပြောပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

လိုအပ်ချက်များအတွက်လဲ Admin တို့ The breakfast Team မှာ အစွမ်းကုန်ဖြည့်ဆည်းပါ့မယ် ရှင်

ဒါကြောင့် The Breakfast ကို လှမ်းလာ ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

ဆိုင်လိပ်စာလေးကတော့
အမှတ် C1B , Time Square Condo , ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပြီး
ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ ☎-09 891127764 ဖြစ်ပါတယ်။


#သင့်မနက်ခင်းအတွက်အကောင်းဆုံးပါရမီဖြည့်ဖက်

11/12/2022

ဖွင့်တဲ့နေ့မှာ ရောင်းအကောင်းဆုံးက အုန်းနို့ခေါက်ဆွဲနဲ့ အာလူးပလာတာပါ။
အုန်းနို့ခေါက်ဆွဲကိုလည်း ဧည့်သည်များရဲ့အကြံပြုချက်အတိုင်း အုန်းနို့လျှော့ဖို့ စီစဉ်ပြီးပါပြီဗျာ။

Photos from The Breakfast 's post 09/12/2022

Welcome Team Anton Ego
Ratatouille ကာတွန်းကားထဲက ဝေဖန်ရေးဆရာကြီး Anton Ego ကို သဘောကျလို့ ဒီနေ့ကံထူးတဲ့သူတွေအကုန်လုံးကို "Team Anton Ego" လို့ အမည်လေးပေးထားပါတယ်။
Winner အကုန်လုံး နှစ်သက်ရာမီနူး (၅)မျိုးနဲ့ လက်ဖက်ရည်တစ်ခွက်ကို မြည်းစမ်းဖို့ အခွင့်အလမ်းရရှိမှာဖြစ်ပြီး မှတ်ချက်တွေကိုတော့ မိမိတို့ Profile မှာ Review အနေနဲ့ ရေးသားပေးဖို့ မေတ္တာရပ်ခံပါရစေဗျာ။
မနက်ဖြန်မနက် ၆:၃၀နာရီမှာ စတင်ဖွင့်လှစ်ပါမယ်။ လိပ်စာလေးကတော့ အမှတ်C1B, TimeSquare Condo , ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ်ဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ 09891127764 ဖြစ်ပါတယ် ခင်ဗျာ။

#သင့်မနက်ခင်းအတွက်အကောင်းဆုံးပါရမီဖြည့်ဖက်

Photos from The Breakfast 's post 08/12/2022

Team 1 - ပလာတာလို့ ခေါ်မယ်
Team 2 - ထပ်တရာလို့ပဲ ခေါ်မယ်
Chef - Paratha လုပ်ပေးလိုက်မယ် ။ ရလား။
All - "OKKK"

ဒီလိုနဲ့ပဲ ကျနော်တို့ The Breakfast ရဲ့ သကြားပလာတာနဲ့အာလူးပလာတာကို တည်ခင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၀ရက်နေ့မနက် ၆:၃၀နာရီမှာ တွေ့ကြမယ်ဗျာ။
ဆိုင်လိပ်စာလေးကတော့ အမှတ် C1B , Time Square Condo , ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ 09891127764 ဖြစ်ပါတယ်။

ချစ်ခြင်းအားဖြင့်
The Breakfast Team
Best companion for your breakfast

07/12/2022

အစားအသောက်နဲ့ပတ်သက်ပြီး အားမနာတမ်းဝေဖန်မယ့်သူ(၁၀)ဦး အလိုရှိပါတယ်။
The Breakfast ဖွင့်မယ့် ဒီဇင်ဘာ ၁၀ရက်နေ့မနက်ခင်းမှာ အစားအသောက်တွေကောင်းမကောင်းကို တကယ်လာစားပြီး တကယ်ဝေဖန်ပေးမယ့်သူများကို ဖိတ်ပါရစေ။
နှလုံးသားက နုနုငယ်ငယ်မို့ တိုက်ရိုက်မပြောသေးပဲ Facebook မှာ Check in ဝင်ပြီး Review အနေနဲ့ ရေးပေးဖို့တော့လိုပါမယ်။ ပါဝင်ချင်တဲ့သူတွေက
(၁) Page ကို Like လုပ်ထားရပါမယ်။
(၂) အစားအသောက်ကောင်းကောင်း ကြိုက်တတ်ရပါမယ်။
(၃) ပြောရဲဆိုရဲ ရပ်ကွက်က ဖြစ်ရပါမယ်။
(၄) ဒီပို့စ်လေး Share ပြီး Comment လာပေးပေးကြပါနော်။ဒီဇင်ဘာ ၉ရက်နေ့ နေ့လည်မှာ random ရွေးရမှာ မို့ပါ။

လိပ်စာကတော့ - အမှတ် C1B , Timesquare Condo ,ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ်မှာဖြစ်ပါတယ်။

Want your restaurant to be the top-listed Restaurant in Botataung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Poolside , C1B , TimeSquare Condo , Corner Of Merchand Road And Borahtaung Zay Road
Botataung

Opening Hours

Monday 06:30 - 14:00
Tuesday 06:30 - 14:00
Wednesday 06:30 - 14:00
Thursday 06:30 - 14:00
Friday 06:30 - 14:00
Saturday 06:30 - 14:00
Sunday 06:30 - 14:00