Aung Pyae Phyo

Aung Pyae Phyo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Pyae Phyo, Shopping & retail, Bogale.

18/03/2023
25/10/2022

#ခြောက်ပြစ်ကင်းသဲလဲစင်မိန်းမ

တစ်ခါမှာ အသက် ၉၀ အရွယ် အဖိုးကြီးတစ်ယောက်ဟာ အိပ်ရာပေါ်မှာ သေခါနီးဖြစ်နေတယ်။ သူဟာ တစ်ခါမှ လက်မထပ်ခဲ့ဖူးဘဲ တစ်သက်လုံး လူပျိုကြီးလုပ်နေခဲ့တယ်။

သူ့ကို လာကြည့်တဲ့ အိမ်နီးချင်းလူငယ်တစ်ယောက်က "အဘ၊ တစ်သက်လုံး လက်မထပ်ဘဲ လူပျိုကြီးလုပ်နေခဲ့တဲ့ လျှို့ဝှက်ချက် ဘယ်သူ့ကိုမှ မပြောခဲ့ဘူးနော်။ အခု အဘ လူ့လောကမှာ ကြာကြာနေရတော့မှာ မဟုတ်လို့ ကျွန်တော့်ကို အဲဒီလျှို့ဝှက်ချက် ပြောပြပေးပါလား" လို့ ပြောတယ်။

အဖိုးကြီးလည်း ခုလို ပြန်ပြောတယ်။ "အေးကွာ၊ ငါသေတော့မှာဆိုတော့ မင်းကို လျှို့ဝှက်ချက် ပြောပြပေးပါမယ်။ ဒီလိုပါ။ ငါလက်မထပ်တာ လူပျိုကြီးလုပ်ချင်လို့ မဟုတ်ပါဘူး။ အပြစ်ဆိုဖွယ်မရှိ ခြောက်ပြစ်ကင်းသဲလဲစင် မိန်းမတစ်ယောက်ကို ရှာနေလို့ပါ။ ရှာရင်း ရှာရင်းနဲ့ ငါလည်း အသက်ကြီးသွားတာပေါ့ကွာ"

လူငယ်က "အဘရယ်၊ ဒီကမ္ဘာကြီးမှာ လူဦးရေ ဘီလီယံချီရှိပါတယ်။ လူဦးရေတစ်ဝက်ဟာ မိန်းမတွေပါ။ အဲဒီထဲက ဦးလေးရှာနေတဲ့ အပြစ်ဆိုဖွယ်မရှိ ခြောက်ပြစ်ကင်းသဲလဲစင်မိန်းမတစ်ယောက်တောင် ရှာမတွေ့ဘူးလားဗျာ" လို့ မေးပြန်တယ်။

အဖိုးကြီးလည်း မျက်ရည်တွေ စီးကျလာပြီး "တွေ့တာပေါ့ကွာ။ ငါရှာနေတဲ့ ခြောက်ပြစ်ကင်းသဲလဲစင်မိန်းမကို တွေ့ပါတယ်"

လူငယ်လည်း အံ့ဩသွားပြီး "ဟင်၊ ဒါဆိုရင် အဘ ဘာကြောင့် သူ့ကို လက်မထပ်တာလဲဗျ" လို့ မေးပြန်တယ်။

အဖိုးကြီးက "သူကလည်း ပြီးပြည့်စုံပြီး စံထားလောက်တဲ့ ယောက်ျားတစ်ယောက်ကို ရှာနေတယ်လေ" လို့ ဆွေးဆွေးမြည့်မြည့် ပြောလိုက်တယ်။

ဗန်းမော်သိန်းဖေ
၂၀-၁၀-၂၀၂၂

Want your business to be the top-listed Shop in Bogale?
Click here to claim your Sponsored Listing.

Website

Address


Bogale