BEHS Inntakaw
just to inform what's happening around the school
16/11/2021
"ဘွဲ့တခုတော့ ရထားမှ" လို့ ပြောမယ့်အစား "ပညာတခုတော့ တတ်ထားမှ" လို့ ပြောမယ့် လူ့အဖွဲ့အစည်းတခု ကျွန်တော်တို့ တည်ဆောက်ရလိမ့်မယ်။
လူ့အဖွဲ့အစည်းက လိုအပ်တာဟာ ဘွဲ့ရတဲ့သူတွေ မဟုတ်ဘူး။ ပညာတတ်တဲ့သူတွေပဲ ဖြစ်တယ်။ ဆေးပညာဘွဲ့ရတဲ့သူတွေကို မလိုဘူး။ ဆေးကုသမှု ပေးနိုင်တဲ့သူတွေကိုပဲ လိုတယ်။ အင်ဂျင်နီယာဘွဲ့ရတဲ့သူတွေကို မလိုဘူး။ လမ်းတံတားတွေ အဆောက်အဦးတွေ ဆောက်လုပ်တတ်သူတွေပဲ လိုတယ်။
ဘွဲ့ဆိုတာသည် အသိအမှတ်ပြုမှုတခုပဲ။ ဒီလူသည် ဆေးကုသဖို့ လုံလောက်တဲ့ အသိပညာ ဗဟုသုတ ကျွမ်းကျင်မှုတွေ ရှိပြီလို့ ယူဆတဲ့အခါ ဆေးပညာဘွဲ့ ပေးလိုက်တာပဲ။ တခြားသောဘွဲ့တွေလည်း အလားတူတွေပဲ။ ပညာသည် အဓိက၊ ဘွဲ့ဆိုတာသည် အဲ့ဒီပညာ တတ်မြောက်ထားပြီဆိုတဲ့ အသိအမှတ် ပြုမှုပဲ။ ဒီဘွဲ့ရထားတယ်ဆိုတာနဲ့ သူဆီမှာတော့ ဒီအရည်အချင်းတွေ ရှိပြီဆိုတာ အလွယ်တကူ သိနိုင်ဖို့ သတ်မှတ်ထားတဲ့အချက်တခုပဲ။
ဘွဲ့သည် ပညာကို အာမ မခံနိုင်တော့တဲ့အခါမှာ အလကား ဖြစ်သွားတယ်။ ဒီနိုင်ငံမှာတော့ ဘွဲ့အများစုဟာ အလကားဖြစ်နေတာ ကြာနေပါပြီ။ အရင်ခေတ်က ဘွဲ့မရရင်လည်း အလုပ်ကောင်းကောင်းရတယ်၊ ဒီခေတ်က ဘွဲ့ရလည်း အလုပ်မရဘူးဆိုတာ အဲ့ဒါကြောင့်ပဲ။ ခြင်္သေ့ပုံ တံဆိပ်ကပ်ထားတဲ့ ကြောင်ပေါက်ကလေးတွေ ဖြစ်ကုန်ကြလို့။
၂၁ ရာစုမှာ အင်တာနက်တွေ ပေါ်လာတယ်။ ပညာသင်ရတာ လွယ်လာတယ်။ ကိုယ် တော်ရင်တော်သလောက် ပညာတွေ ယူလို့ရလာတယ်။ ပြန်အသုံးချလို့ ရလာတယ်။ မင်း ဘာဘွဲ့ရသလဲဆိုတာက အရေးမကြီးတော့ဘူး၊ မင်း ဘာလုပ်တတ်သလဲဆိုတာက အရေးကြီးလာတယ်။ ပညာကိုပဲကြည့်ပြီး အလုပ်ခန့်တဲ့ လုပ်ငန်းတွေ တိုးတက်မယ်။ ဘွဲ့ကိုပဲကြည့်ပြီး အလုပ်ခန့်တဲ့ လုပ်ငန်းတွေ ကျရှုံးမှာပဲ။ ဘွဲ့တခု ရရင်ပြီးရောဆိုပြီး ယူထားတဲ့သူတွေ အနာဂတ်မှာ လမ်းပျောက်မှာပဲ။
15/11/2021
တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။
• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။
• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အထက အင်းတကော်ကျောင်းတွင် အလယ်တန်းပြတာဝန်ထမ်းဆောင်နေသော Grade 9 အင်္ဂလိပ်စာ ဆရာမ
ဒေါ်စန်းသီလှိုင်(ကျောင်းဘင်ခရာအဖွဲ့မှူး) ကွယ်လွန်သွားသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်
ဆရာမ ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေ 🙏🙏🙏
05/11/2021
အယ် 🤭🤭🤭
ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို
===============================
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကျောင်းတက်သွားမည့် ဆရာမ သုံးဦးအား ကျောင်းဝတ်စုံ ယူနီဖောင်း မဝတ်သည့်အပြင် ဝန်ထမ်းကတ်လည်း မပါသောကြောင့် စစ်ကောင်စီတပ်များကခေါ်ပြီး နားရင်းအုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ ဆရာမသုံးဦးသည် ဘိုကလေးမြို့၊ ပူတင်းစုရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာမများဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က ဗိုလ်ချုပ်ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်များက ခေါ်ယူစစ်ဆေးရာမှ နားရင်းအုပ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။
"အဲဒီဆရာမသုံးယောက်က သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ Non CDM တွေဆိုတော့ ဝိုင်းပြောမှာစိုးလို့ ယူနီဖောင်းဝတ်မလာကြဘူး။ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်တပ်ကခေါ်ပြီး စစ်ဆေးမှ ဝန်ထမ်းကတ်က ပါမလာ ယူနီဖောင်းကလည်း ဝတ်မလာတော့ သုံး ယောက်လုံးကို နားရင်းအုပ်ပြီး ကျောင်းသွားခိုင်းလိုက်တာပါ" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ဆရာတစ်ဦးက
" ဒီကောင်တွေက စာမတတ်၊ ပေမတတ်တွေဆိုတော့ ဆရာ၊ ဆရာမရဲ့တန်ဖိုးကိုလည်း နားလည်မှာမဟုတ်ဘူး ။ ဆရာမတွေကို နားရင်းအုပ်တယ် ဆိုတာတော့လွန်တယ်ဗျာ ။ ခံရတဲ့သူတွေကလည်း သူတို့ထိုက်နဲ့ သူတို့ကံပဲလေ"ဟု ထိုဖြစ်စဥ် အပေါ်မှတ်ချက်ပြုသည်။
02/11/2021
အဟိ
စာသင်တာကလွဲလို့
တခြားလုပ်တတ်တာမှမရှိတာ
နားလည်ပေးပါတယ်လေ
ဒါတောင်ကိုယ်သင်ရမယ့်ဘာသာရပ်ကိုမပိုင်နိုင်ပဲ အထူးထုတ်ကိုင်နေရတာတွေက တပုံကြီး 😁
Sry, not sry
ဒီလိုသာ
ကျောင်းတွေ မနေရဘဲဖြစ်နေရင်၊ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာ...တဲ့။
စိတ် သိပ်မပူပါနဲ့။
သားငယ်သမီးငယ်တို့အတွက်
ပညာရေးတွေရပ်တန့်နေချိန်မှာ
အကောင်းဆုံးပြင်ဆင်
ထားသင့်တာကတော့
မရှိမဖြစ် core subjects တွေဖြစ်တဲ့
-အင်္ဂလိပ်စာနဲ့
-သင်္ချာ
ဒီနှစ်ဘာသာကို
သေချာသင်ထားပါ။
ကျန်တာတွေအတွက်
ဗဟုသုတဖြစ်စရာ
စာပေတွေဖတ်ခိုင်းပါ။
အင်တာနက် မရှိရင်လည်း
နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး
လေးငါးယောက်စုပြီး
သင်ထားစေချင်တယ်။
အချိန်သိပ်မရွေးပါနဲ့။
အချိန်သိပ်မစောင့်ပါနဲ့။
အတန်းပညာတက်ရဖို့ထက်
ကလေးတွေအတွက်
စဉ်ဆက်မပြတ်
သင်ယူလေ့လာနိုင်ဖို့က
အရေးကြီးပါတယ်။
နောက်တစ်ခုက အရည်အချင်းပါ။
အရည်အချင်းကို ဦးစားပေးပါ။
ဆန္ဒမစောပါနဲ့။
သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။
စဉ်းစားဉာဏ်ကို ဦးစားပေးပါ။
ဖြန့်ထွက်တွေးတတ်အောင်
သင်ယူခိုင်းပါ။
အရွယ်နဲ့ လေ့လာမှုက
မျှတဖို့လိုပါတယ်။
ဥပမာဆိုရရင်
အသက် ၁၀ နှစ်ကလေးဆိုရင်
၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့်
ရှိနေရပါမယ်။
-ဘာသာစကား
-သင်္ချာဉာဏ်ရည်
အရေးကြီးပါတယ်။
ပြီးတော့
စောစောကပြောသလို
ပြင်ပ ဗဟုသုတ စာပေစုံ
ဖတ်မှတ်ခိုင်းပါ။
တစ်ချိန်မှာ
ဖက်ဒရယ်ပညာရေး ဖြစ်လာရင်
အတန်းပညာထက်
အရည်အချင်းကို ဦးစားပေးမယ့်
Standardization စံ
သတ်မှတ်ချက်စာမေးပွဲလိုမျိုးတွေ
အရွယ်ကိုကြည့်ပြီး
စစ်တာမျိုး ဖြစ်လာလိမ့်မယ်။
ဥပမာ
ကလေးက High school
ပြီးတဲ့ အရွယ်ဆိုပါစို့။
ကောလိပ်တက်နိုင်ဖို့
အရည်အချင်းပြည့်မီမမီကို အောင်လက်မှတ်တောင်းပြီး
ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊
College admission tests လိုမျိုး
ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။
အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက
အောင်လက်မှတ်ပေးတဲ့အဖွဲ့အစည်းမဟုတ်တော့ဘဲ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။
စာမေးပွဲရာသီတွေ
Intake ကျောင်းဖွင့်ချိန်တွေက
တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်
မတူနိုင်သလို၊
Awarding body တွေပေါ်မှာ
မူတည်ပြီး
Semester တွေ
ကွဲပြားပါလိမ့်မယ်။
ကျောင်းတွေက
ယခင်လို ဗဟိုချုပ်ကိုင်
ထိန်းချုပ်မှုမရှိတော့ဘဲ
အရည်အချင်းစစ်၊
စံချိန်မီ မမီ စစ်ဆေးမယ့်
အဖွဲ့အစည်းတွေနဲ့
အဆင့်သတ်မှတ်ချက်
(ranking)ပေးမယ့်အဖွဲ့တွေ
ပေါ်လာပါလိမ့်မယ်။
ဒီအချိန်မှာ
ကျောင်းတွေရွေးရတာလည်း
တစ်ဖက်က ပိုလွယ်လာသလို
မိဘတွေဘက်က
ပညာရေးကို
စိတ်ကြိုက်ရွေးချယ်ခွင့်
သာလာပါလိမ့်မယ်။
လောလောဆယ်
ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက
အတန်းပညာရေးထက်
အရည်ချင်းပြည့်မီအောင်ပါပဲ။
မိဘကိုယ်တိုင်က
သေချာစူးစမ်းပြီး
ကလေးကို အဆင့်လိုက်
ပြင်ဆင်နိုင်အောင်
စီစဉ်သင့်ပါတယ်။
တစ်ခုပဲ
အကြံပေးချင်တာက
စိတ်လောပြီး
တတ်ချင်လွန်းအားကြီးပြီး
ကလေးကို မနိုင်မနင်း
တစ်ခုပြီး..........တစ်ခု
တစ်ချိန်ပြီး......တစ်ချိန်
အနားမပေးဘဲ
သင်ယူနေတာမျိုး
မလုပ်မိပါစေနဲ့။
အိုးနဲ့ ဆန် တန်ရုံပဲ ကောင်းပါတယ်။
မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။
အပင်မြန်မြန်ကြီးချင်တာနဲ့
ခဏခဏအဆက်မပြတ်
ရေလောင်းနေလို့မှ မရတာ။
myanmareducation2021
#ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ
ိုးမြှင့်ကြ
#စစ်ကောင်စီကျဆုံးရမည်
01/11/2021
No offence
Just a reminder
29/10/2021
၁၈နှစ်အောက်ထိုးဖို့တရားဝင်ခွင့်ပြုချက်မရသေးတဲ့ ကာကွယ်ဆေးထိုးပြီး ၁၃ပတ်နဲ့ စာမေးပွဲမရှိပဲ အအောင်ပေးမယ့်စနစ်မှာ ခင်ဗျားတို့သားသမီးတွေကိုကျောင်းပြန်အပ်ဖို့ စိတ်ကူးနေချိန် ထန်တလန်ကကလေးတွေမှာ တတ်စရာကျောင်းမပြောနဲ့ နေဖို့အိမ် ဝတ်ပြုဖို့ဘုရားကျောင်းတောင်မရှိတော့ဘူး ကိုယ်ချင်းစာတတ်ကြပါစေ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖြိုလှဲဖို့ အမြင်မှန်တွေရကြပါစေ
18/10/2021
ကျနော်ကတော့ ဘယ်အစိုးရတက်တက် ကိုယ့်ပညာရပ်ကို သစ္စာ မဖောက်ပါဘူး
SINOPHARM ကို (၁၈) နှစ် အောက် ထိုးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကရော၊ ထုတ်လုပ်သည့် ကုပ္မဏီ (Beijing Pharmaceutical) ကရော မည်သူမှ မပြောထားကြပါ
ဒီစာရေးသော ၁၈-၁၀-၂၀၂၁ (နံနက် ၁၁:၄၅ နာရီ) အထိ
ကျနော်ပြောတာမယုံလျှင် ပေးထားသော Link မှာ ဝင်ဖတ်ပါ ခင်ဗျာ
https://www.who.int/news-room/feature-stories/detail/the-sinopharm-covid-19-vaccine-what-you-need-to-know
Crd
သုံးသောင်းကဘယ်နားနေမှန်းမသိသေးဘူး တစ်ပတ်တစ်ရက် ကင်းစောင့်ရပြီ သောက်ဂွပဲဟေ့
ကုန်ဈေးနှုန်း စက်သုံးဆီ ဒေါ်လာ ရွှေ ဈေးတွေထိုးတက်နေတာနဲ့ အဘက၃သောင်းပေးမှာနဲ့တော့ ကွက်တိပဲဟေ့ 🤣🤣🤣
Click here to claim your Sponsored Listing.
Category
Website
Address
Bago