Good Brother Restaurant
25.11.2013
ညွှန်ကြားစာတွင် “အရက်ဖြူ (BE)” ဟူ၍ တွေ့ရှိရသည့်အတွက် အဆိုပါ BE ဟူသည့် အင်္ဂလိပ်စကားလုံးအတိုကောက်၏ အပြည့်အစုံကို ယစ်မျိုးလက်စွဲ ၌ ရှာသော်လည်း မတွေ့ရသဖြင့် ဖြေကြားပေးပါ ဟု မေးလာသူ ညီငယ်အတွက် ဖြေရပါသည်။ ရှေးယခင် တော်လှန်ရေးကောင်စီ အစောပိုင်းကာလ တပ်မတော်ပိုင် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု ကော်ပိုရေးရှင်း Burma Economic Development Corporation ကို အတိုကောက်အားဖြင့် ဘီအီးဒီစီ BEDC ဟု ခေါ်ခဲ့ပါသည်။ အဆိုပါ ကော်ပိုရေးရှင်းက ထုတ်လုပ်ရောင်းချသည့် အရက်ဖြူတို့ကို သာမန် အရပ်သား လောကအတွင်း လွယ်လင့်တကူ BE ဟု ခေါ်ခဲ့ကြပါသည်။ ယင်းစကားရပ်သည် ယစ်မျိုး အက်ဥပဒေ၊ နည်းဥပဒေတို့ အရ ခေါ်ဝေါ်သည့် တရားဝင် စကားရပ် မဟုတ်ပါ။ အရက်ဖြူကို ယစ်မျိုးလက်စွဲဥပဒေ တွင် ယစ်မျိုးနည်းဥပဒေ ၁၀၇ ၌ Plain spirit ဟု ခေါ်ဝေါ်သည်ကို တွေ့ရပါမည်။ ယစ်မျိုးအက်ဥပဒေ အရ ချက်အရက် ဟူသမျှကို Spirit ဟု သတ်မှတ်ပါသည်။ ပြည်တွင်းဖြစ် ချက်အရက်ကို Country Spirit ဟု ခေါ်ပါသည်။ Country Alcoholic Liquor ဟု မခေါ်ပါ။ ထိုသို့ ခေါ်ဆိုပါက ပြည်တွင်းတွင် ထုတ်လုပ်သည့် ချက်အရက်သာမက ထန်းရည်၊ ဓနိရည်၊ လှော်ဇာရည်၊ ခေါင်ရည် အစရှိသည့် တည်အရက် Fermented Liquor တို့ပါ အကျုံးဝင် သွားနိုင်သောကြောင့် ဖြစ်ပါသည်။ ဤမျှသာ သိပါသည်။ အရက်ဖြူ ကို BE ဟု အင်္ဂလိပ် ဝေါဟာရ အသစ် ပေါ်ပေါက်နေပါမူ မိမိ မသိပါ။
FL - 17 ယစ်မျိုးလိုင်စင် ရောင်းမည် ။
သိန်း ( ၇၀ ) ၊ ပဲခူး လိုင်စင်
၀၉၇၇၇၉၃၃၃၃၀
လာ ... ညီလေး၊ ဒီမှာထိုင်
စိတ်ပျော်အောင် မဟုတ်ဘူး၊
အိပ်ပျော်အောင် သောက်တာ ။
ပထမတစ်ခွက်ကို ရေမရောပဲ
ခပ်မြန်မြန်လေးသောက်
ပြီးမှ ရေလေး နည်းနည်းခံ၊
အမြည်းလေး နည်းနည်းစား ။
နည်းနည်း ရှိန်းတက်လာရင်
ဒုတိယတစ်ခွက်ကို သောက်
မပျော်ရတဲ့ အကြောင်းတရားတွေကို
အော်ပြီး ဆဲလိုက် ။
အသဲနုရင် ငိုချလိုက် ... ညီလေး၊
ဘဝကြီးက ဒီလိုပဲကွ ။
ကြိုက်တတ်ရင် ဖက်ကြမ်းလေး ဖွာဦး ...
ရမ် နဲ့ အလိုက်ဖက်ဆုံးက ဖက်ကြမ်းကွ ။
ညနက်သန်းခေါင်ထိ အိပ်မရပဲ
တွေးနေတဲ့ အတွေးတွေ ရပ်တန့်သွားဖို့
ဒီကောင်က ကူညီလိမ့်မယ် ။
မွန်းကြပ်နေတဲ့ အကြောင်းကို
တစ်ညတာ မေ့သွားစေတယ် ။
ဒီမှာ ညီလေး..
ရမ် ဆိုတာ ကြံက ချက်တာ
ဘရန်ဒီ ဆိုတာ စပျစ်သီးက ချက်တာ
ဝီစကီ ဆိုတာ ဂျုံက ချက်တာ..
အကုန် သားသတ်လွတ်တယ် ။
မင်း ဒီမှာ ထိုင်သောက်နေတာ
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။
စိတ်သန့်သန့်သာသောက် ... ။
ညဆို ပဌာန်းရွတ်ပြီး မနက်ဆို တဖက်သားကို
ယုတ်မာဖို့တွေးတဲ့ လူတန်းစားတွေထက်တော့
ငါတို့က အပုံကြီးသာတယ် ။
မင်း စိတ်လေး ငြိမ်သက်လာရင်
တတိယတစ်ခွက်ကိုသောက်
မပြုံးတာကြာနေတဲ့ မင်းက
ပြန်ပြီး ပြုံးချင်လာမယ်
လောကကြီးကို ချစ်တတ်လာမယ် ။
နေထိုင်ရပ်တည်မှုမှာ မင်း ပျော်ရွှင်လာမယ် ။
အချိန်ကြာလာရင်
ခပ်ဝေးဝေးက ငါ့ညီကို နာကျင်စေတဲ့
မသေမချာ ရည်မှန်းချက်တွေကို မေ့ပြီး
ညနေ စောင်းဖို့ပဲ စိတ်လောနေတော့မယ် ။
အသက်ရှင် ရပ်တည်မှုမှာ
ရည်မှန်းချက်လေး ရှိလာတာပေါ့
ဒီမှာ ညီလေး ...
ငါတို့က Sucide လုပ်ဖို့အထိ မပျော့ညံ့ဘူး ။
ငါတို့က သူတော်ကောင်း ယောင်မဆောင်ဘူး ။
ငါတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ။
ငါတို့က စိတ်ပျော်ဖို့မဟုတ်ဘူး၊
အိပ်ပျော်ဖို့လေးပဲ သောက်နေကြတာ ... ။
ဒီတစ်ညသာ မနေ့ကညထက် စောပြီး အိပ်ပျော်ခဲ့ရင်
မနက်ဖြန် မနက်ဟာ နတ်ပြည်ပဲ ဖြစ်ဖြစ်၊
ငရဲပဲ ဖြစ်ဖြစ်ပေါ့ ..... ။
:-)
Credit - ယမကာလုလင်
28/01/2021
Covid 19 ကာကွယ်ဆေး ဝယ်ယူရန် အတွက် အလှူ
28/12/2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VII) အား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။
Download Link- https://bit.ly/3n1P6bL
28/12/2020
မန္တလေးရှိ (A) အဆင့်သတ်မှတ်ချက်ရ စားသောက်ဆိုင်အချို့ အခွန်မဆောင်ထား၍ ဆိုင်ဖွင့်ခွင့်မရဖြစ်နေ
မန္တလေးမြို့ရှိ စား သောက်ဆိုင်အချို့သည် (A) အ ဆင့် သတ်မှတ်ချက်ရရှိသော် လည်း အခွန်အခများ မပေး ဆောင်ထားခြင်းကြောင့် ဆိုင်ဖွင့် ခွင့်မရဖြစ်နေကြောင်း စား သောက်ဆိုင်လုပ်ငန်းရှင်များက ပြောသည်။
မန္တလေးတိုင်းတွင် ဒီဇင်ဘာ ၁၉ ရက်ကစတင်ကာ မြို့နယ်များ ရှိ စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များကို သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက်ပြီး (A) အဆင့် သတ် မှတ်ခံရလျှင် ဆိုင်ထိုင်စားစနစ် ခွင့်ပြုမည်ဖြစ်သော်လည်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်တွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဟု တိုင်းဒေသကြီး အစိုးရက ကြေညာထားသည်။
စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့် လှစ်ခွင့်ပြုရာတွင် စားသောက် ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက် (၁၅) ချက်၊ စားသောက် ဆိုင် တာဝန်ရှိသူများ၊ ဝန်ထမ်း များ လိုက်နာရမည့် အချက် (၁၈)ချက်၊ သန့်ရှင်းရေးနှင့် ပိုးသတ် သန့်စင်ခြင်းလုပ်ငန်းများ (၅) ချက်ပါဝင်ပြီး အချက်အားလုံး ပြည့်စုံမှ (A) အဆင့် သတ်မှတ် သည်။
ဆိုင်ထားစားစနစ်ရောင်းချ ရန် သတ်မှတ်ထားသည့်အချက် များတွင် အခွန်အခများပေး ဆောင်မှသာ ပြန်လည်ဖွင့်လှစ် ခွင့်ရရှိမည့်အချက်မပါဝင်သဖြင့် (A) အဆင့် သတ်မှတ်ခံရသည့် ဆိုင်များ တစ်ပြေးညီ ပြန်လည်ဖွင့် လှစ်ခွင့်ရလိုသည်ဟု စားသောက် ဆိုင်ပိုင်ရှင်များက ပြောသည်။
‘‘အားလုံးပြင်ပြီး (A) အဆင့် နဲ့ ကိုက်ညီသွားတော့လည်း ယစ် မျိုးလိုင်စင် သက်တမ်းတိုးပါ။ လုပ်ငန်းလိုင်စစ် သက်တမ်းတိုး ပါ။ ဒါတွေတိုးပြီးမှ ပြန်ပြီးဖွင့် ခွင့်ပြုမယ်ဆိုတာမျိုး စာမထုတ် ပေမယ့် အဲဒါမျိုးပြောတာတွေရှိ တယ်။ ဆိုင်တစ်ဆိုင်ပြန်ဖွင့်ဖို့ အ ခက်အခဲတွေကြားက ပြင်ဆင် ထားရတာ။ နောက်ထပ် ရင်းနှီး မြှုပ်နှံဖို့ လုပ်သလိုမျိုးကိုလုပ်ရ တာ။ တစ်နှစ်ပတ်လုံး ဖွင့်ခွင့်အ ချိန် ဘယ်လောက်မှမရှိခဲ့တာ။ ဒါတွေသွင်းပြီးမှ ဖွင့်ခွင့်ပေးမယ် ဆိုတာမျိုးကတော့ စည်းကမ်း ချက်ထဲမှာလည်း မပါသလို ဖိအားတစ်ခု ထပ်ပေးသလိုဖြစ်နေ တယ်’’ ဟု ရွှေလီထွန်း(မိုးကုတ်) စားသောက်ဆိုင်ပိုင်ရှင် ကိုကျော် သူရက ဆိုသည်။
စားသောက်ဆိုင်များသည် ယစ်မျိုးလိုင်စင်အခွန်၊ သန့်ရှင်း ရေးအခွန်၊ လုပ်ငန်းလိုင်စင်အခွန် များ စသည်တို့ကို တစ်နှစ်လျှင် ကျပ်သိန်းသုံးဆယ်မှ ငါးဆယ်အ ကြား ပေးဆောင်ရကြောင်း စား သောက်ဆိုင်ပိုင်ရှင်များက ပြော သည်။
‘‘လက်ရှိမှာ ဆိုင်စပေါ် တောင်တင်ဖို့ အခက်အခဲရှိနေ တယ်။ ယစ်မျိုးလိုင်စင်မသွင်းနိုင် လို့ ဆိုင်မဖွင့်ရဘူးဆို ယစ်မျိုး လိုင်စင်ရောင်းစားပြီး ဆိုင်က ပစ္စည်းတွေ ရောင်းစားရတော့မ လား။ ဘဝအခြေအနေက အဲဒီလို ဖြစ်နေတယ်။ ပိတ်ဆိုတော့လည်း ကျွန်တော်တို့ ပိတ်တယ်။ ခု ပြန် ဖွင့်ဖို့ကျ ကိုယ့်မြို့နယ်က မပါ ဘူး။ ဖြေလျှော့ပေးလို့ ဖွင့်ရရင် ကော ကပ်ရောဂါကြောင့် ပြန် ပိတ်ဆို့ရင် ချေးငှားပြီး ဖွင့်ထားရ တာတွေအတွက် နိုင်ငံတော်က တာဝန်ယူပေးမှာလား’’ ဟု ဆိုင် ထိုင်စားစနစ် ဖွင့်လှစ်ခွင့်မရ သည့် မဟာအောင်မြေမြို့နယ်မှ Beer Master ဆိုင်ပိုင်ရှင် ကိုဖိုး ဇေယျာက ဆိုသည်။
COVID-19 ကူးစက်မှု ကြို တင်ကာကွယ်ရန် စားသောက် ဆိုင်များကို လအတော်ကြာပိတ် ထားရသဖြင့် ဆိုင်ပိုင်ရှင်များ ငွေ ကြေးအခက်အခဲဖြစ်နေပြီး အခွန် အခများကို အချိန်တစ်ခုသတ်မှတ် ကာ ပေးဆောင်စေလိုသည်ဟုမြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်က ပြော သည်။
‘‘တချို့ဆိုင်တွေက မဆောင်နိုင်လို့ကို မဆောင်ကြ တာ။ တချို့ကျလည်း ဖွင့်ချင်ကြ တော့ မရှိရှိတာစုပြီး ဆောင်ကြ တာ။ အသင်းအနေနဲ့ကတော့ အသင်းသားတွေရဲ့ ဆန္ဒနဲ့ နိုင်ငံ တော်ကချမှတ်ထားတဲ့ မူဝါဒတွေ ကြားမှာ အဆင်ပြေအောင် ညှိ နှိုင်းပေးရမယ့် အနေအထားဖြစ် နေတယ်။ မဆောင်နိုင်သေးတဲ့လူ ကို ဇွတ်အတင်းဆောင်ခိုင်းတာ မျိုးထက် ငွေလည်ပတ်အောင် ဖွင့်ခွင့်ပေးပြီး အခွန်ဆောင်ခိုင်း သင့်တယ်’’ ဟု ဦးသင်္ကြန်ကျော်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ က စားသောက်ဆိုင်များ ပေး ဆောင်ရမည့် အခွန်အခများကို ကင်းလွတ်ခွင့်ပေးရန် (သို့မ ဟုတ်) လျှော့ပေးပေးရန် (သို့မ ဟုတ်) ဆိုင်းငံ့ပေးရန် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) က မန္တလေးတိုင်းဒေသကြီးအစိုးရထံ အသနားခံစာတင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန် ကြားမှုမရှိဟု ဆိုသည်။
မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၂ ရက်က စ၍ (A) အဆင့် သတ်မှတ်ခံရသည့် လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ခွင့်ရထားသည်။
ထက်သာဦး ( 7Day News Journal )
စားသောက်ဆိုင် ၆၀ ရာခိုင်နှုန်းခန့်အထိ ပိတ်သိမ်းရန်စီစဉ်နေပြီး အလုပ်လက်မဲ့ဦးရေတိုးပွား လာနိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၀၊ ဒီဇင်ဘာ၊ ၂၆ ရက်( ရန်ကုန်)
ရန်ကုန်တိုင်းဒေကြီးအတွင်းရှိမြို့နယ်များတွင် Stay at home ကြေညာချက်များထုတ်ပြန်ထားသဖြင့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့်ပါဆယ်စနစ်ဖြင့်သာရောင်းချနေရသည့်အတွက် အရှုံးပေါ်ကာ စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိပိတ်သိမ်းနိုင်ပြီး အလုပ်လက်မဲ့များများပြားလာနိုင်ကြောင်းစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။
"ဆိုင်တွေက ပိတ်ထားရတာ များတယ်။ ပါဆယ်က အဆင်မှ မပြေတာ။ တချို့ Brand ရှိတဲ့ဆိုင်တွေတောင်ငါးဆိုင်ရှိရင် နှစ်ဆိုင်လောက်ဘဲ ကျန်တော့တယ်။
ထပ်ပိတ်သွားမဲ့ ဆိုင်တွေ အများကြီးရှိတယ်။ ပထမလှိုင်းက ကောက်ထားခဲ့တဲ့ စာရင်းအရဆို ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ပိတ်သွားဖို့ရှိတယ်။ အခုမှာကိုဆိုင်တော်တော်များများက ဝန်ထမ်းအရင် ၁၀ ယောက်ရှိရင်အခုက ၃ ယောက်နဲ့ဘဲ လည်ပတ်နေတာ။ ဆိုင်တွေက zero income မဟုတ်ဘူး။ အနှုတ်ကိုပြနေတာ။ ဆိုင်ငှားခတွေ ဝန်ထမ်းလစာတွေရှိတယ်။ ဒီအတိုင်းဆက်သွားရင်တစ်လ နှစ်လအတွင်း အပြီးပိတ်သွားဖို့ ဆိုင်တွေအများကြီးရှိနေပြီ။ စီးပွားရေးကတော့ တော်တော်လေးအခြေအနေဆိုးနေပါပြီ"လို့ဦးနေလင်းကပြောပါတယ်။
လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ပြန်လည်ခွင့်ပြုရန်နှင့် အခွန်စည်းကြပ်မှုများလျှော့ပေါ့ပေးရေးအတွက် သက်ဆိုင်အစိုးရဌာနများသို့ နိုဝင်ဘာလကစာပို့တင်ပြထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း၎င်းကပြောပါတယ်။
"Covid နဲ့အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတဲ့အခြေအနေမှာစည်းကမ်းမလိုက်နာရင် ဆိုင်ကမှမဟုတ်ဘူး။တခြားနေရာတွေကလည်းကူးနိုင်တာဘဲ။ပိတ်တဲ့ဆိုင်ကပိတ် ဖွင့်တဲ့ဆိုင်ကဖွင့်ဖြစ်နေမဲ့အစား။ပိတ်ရင်လည်အကုန်ပိတ် ဖွင့်ရင်လည်းစည်းမျဉ်းဥပဒေတွေနဲ့အညီစည်းကြပ်အရေးယူပြီး ဖွင့်ခိုင်းရင်အဆင်ပြေမှာပါ။အခုကဖွင့်တဲ့ဆိုင်ကဖွင့်ပိတ်တဲ့ဆိုင်ကပိတ်ဆိုတော့ ဆိုင်တွေအချင်းချင်းကြားလည်းမကျေမနပ်တွေဖြစ်လာကြရပြီ"လို့ဦးနေလင်းကပြောပါတယ်။
COVID-19 ရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားနေမည်ဖြစ်ရာ COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာဆက်လက်လိုက်နာပြီး COVID-19 နှင့်အတူ ယှဉ်တွဲ၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ၂၂ ရက်တွင် ထုတ်ပြန်ကြေညာထားပါတယ်။
News-Wai Yan
မှ ကူးယူဝေမျှ ဖော်ပြပါသည်။
22/12/2020
ကိုဗစ်ကာလ နှစ်သစ်ကူး အထူးဈေးနှုန်း
**************************************
မြန်မာဘီယာ ၁ ပုလင်းကို ၁၆၀၀ ကျပ်
(Take Away) ဖြင့် လိုအပ်သလောက်
ဝယ်ယူ သောက်သုံးနိုင်ပါပြီ ။
Good Brother Restaurant
ခွန်းချိုသာကုန်းထိပ် ၊ မဟာမြိုင်လမ်း ၊
ဥဿာမြို့သစ် ၊ ပဲခူးမြို့ ။
13/12/2020
SME ရဲ့ ဆိုလိုရင်း
(အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ)
မြန်မာနိုင်ငံက လုပ်ငန်းတွေရဲ့ ၈၀% ကျော်က SME လုပ်ငန်းတွေပါ ။
ဒါပေမယ့် SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ) ဆိုတာ တကယ်တမ်း ဘာကိုဆိုလိုတာလဲ ။
SME ဆိုတာ ဘာလဲ။
၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမှ စီးပွားရေးလုပ်ငန်းများကို အမျိုးအစား (၆) မျိုးခွဲထားပါတယ် ။
၁ ။ ထုတ်လုပ်မှုလုပ်ငန်း
၂ ။ လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း
(CMP အပါအဝင်)
၃ ။ လက်ကားရောင်းဝယ်ရေးလုပ်ငန်း
၄ ။ လက်လီရောင်းဝယ်ရေးလုပ်ငန်း
၅ ။ ဝန်ဆောင်မှုပေးသည့်လုပ်ငန်း
၆ ။ အခြားလုပ်ငန်းများ
လုပ်ငန်းအမျိုးအစား တစ်ခုစီအတွက် အောက်ဖော်ပြပါ စံနှုန်းများမှ တစ်ခုနှင့် ကိုက်ညီမှုရှိပါက SME လုပ်ငန်းအဖြစ် သတ်မှတ်ပါတယ် ။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (SME Development Agency) ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ် ။
ကိုယ့်ရဲ့လုပ်ငန်းက ဒီစံနှုန်းတွေထဲက တစ်ခုခုနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင် SME လုပ်ငန်းအဖြစ် စာရင်းသွင်းလို့ ရပါပြီ ။
ဒါဆိုရင် SME အဖွဲ့ဝင်ကတ် ရရှိမှာဖြစ်ပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှလည်း အထောက်အပံ့များ ရရှိနိုင်မှာ ဖြစ်ပါတယ် ။
10/12/2020
ပဲခူးမြို့နယ် အတွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ပြန်ဖွင့်ခွင့်ပြုနိုင်ရေး အတွက်
COVID-19 ကပ်ရောဂါထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်သည့်အနေဖြင့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ လိုက်နာရမည့် အချက်(၂၆)ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ညွှန်ကြား
09/12/2020
Webportal မှ တဆင့် SME Member Card များ လျှောက်ထားနိုင်ပြီး e-payment စနစ်ဖြင့် ငွေပေးသွင်း နိုင်ကြောင်း အသိပေး ကြေငြာခြင်း
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် SME လုပ်ငန်းရှင်များ SME Member Card များကို အချိန်ကုန်သက်သာစွာဖြင့် လွယ်ကူ မြန်ဆန်စွာ Online မှ တဆင့် အောက်ဖော်ပြပါ Wepbortal တွင် ဝင်ရောက် လျှောက်ထား နိုင်ပြီး ကတ်ထုတ်ယူခြင်းအတွက် ဆောင်ရွက်မှုအခကြေးငွေကိုလည်း e-commerce “ON” ထားသည့် MPU ကတ် နှင့် Visa Master ကတ်များ အသုံးပြု၍ Online မှ တဆင့် အလွယ်တကူ ငွေပေးသွင်း နိုင်မည်ဖြစ်ပါသည်-
- www.msmewebportal.gov.mm
လုပ်ငန်းရှင်များအနေဖြင့် ကတ်ထုတ်ယူရန်အတွက် အသေးစား စီးပွားရေးလုပ်ငန်းအတွက် (၅,၀၀၀)ကျပ်နှင့် အလတ်စား စီးပွားရေး လုပ်ငန်းအတွက် (၁၀,၀၀၀)ကျပ် ပေးသွင်း၍ လျှောက်ထား နိုင်ပြီး Transaction Fee ကို ဘဏ်မှသတ်မှတ်ထားသည့်နှုန်းထားများအတိုင်း ဖြတ်ယူမည် ဖြစ်ပါသည်။ Online Registration ဖြင့် ကတ်လျှောက် ထားရန်နှင့် e-payment စနစ်ဖြင့် ငွေပေး သွင်းရန်တို့အတွက် ဆောင်ရွက်ရန်အဆင်ဆင့်တို့ကို အထက်ဖော်ပြပါ Webportal တွင် အသေးစိတ် ဖော်ပြထားပါသည်။
06/12/2020
မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ
The Burma Excise Act ,
1917 တွင် Alcoholic Liquor ဟူသည့် စကားရပ်အတွက် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည် -
“Alcoholic liquor means all liquid containing more than two per cent of alcohol by volume, also unfermented tari and any substance which the President of the Union may, by notification, declare to be alcoholic liquor for the purposes of this Act.”
ဤသို့ပြဌာန်းချက်ကို ဗြိတိသျှအစိုးရ စာတော်ပြန်ဌာနက မြန်မာဘာသာသို့ ပြန်ဆို၍၊ အစိုးရပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေသည့်အခါ၊ အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုထားကြောင်း တွေ့ရပါသည်-
“အရက်ပျံပါသည့်အရက် ဆိုသည်မှာ အတိုင်းအတာ အခြင်အတွယ် ပမာဏအားဖြင့် ၁၀၀ စုလျှင် ၂ စုကျထက် အရက်ပျံ ပိုမိုပါသည့် သေရည်သေရက် အရပ်ရပ်မှစ၍၊ ကစော်မပေါက်သည့် ထန်းရည်နှင့်၊ ယခုအက်ဥပဒေ ကိစ္စအလို့ငှာ အရက်ပျံပါသည့် အရက်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရမင်းတို့က အမိန့်ကြော်ငြာစာ ထုတ်ဆင့်၍ ပြဌာန်းသည့် မည်သည့်အရာကိုမဆို ဆိုလိုသည်။”
ဤသည်ကို အခြေပြု၍ ယခုကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ယစ်မျိုးခွန် ဥပဒေများကို ပြဌာန်းသည့်အခါ အရက် ဟူသည်ကို အဓိပ္ပါယ် ဖွင့်ဆိုချက်အဖြစ် အောက်ပါအတိုင်း အများစုက ဖေါ်ပြသည်ကို တွေ့ရပါသည်-
“အရက် (Alcoholic Liquor) ဆိုသည်မှာ အရက်ပြန် ပမာဏ ၂ ရာခိုင်နှုန်းထက် ပိုမိုပါဝင်သည့် အရည်များကို လည်းကောင်း၊ တဆေးကစော်ဖြင့် ဖောက်ထားခြင်းမရှိသော ထန်းရည်ကိုလည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အရက်ဟုသတ်မှတ်ထားသော အရာများကို လည်းကောင်း ဆိုသည်။”
တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်ကမူ အောက်ပါအတိုင်း ဖေါ်ပြထားပါသည်-
“အရက် (Alcoholic Liquor) ဆိုသည်မှာ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေတွင် သတ်မှတ်ထားသည့် အရာဝတ္ထုများ အပါအဝင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အရက်ဟု သတ်မှတ်ထားသော အရာဝတ္ထုများကို ဆိုသည်။”
ဤသည်သို့သော ဖွင့်ဆိုချက်များပါ အယ်လ်လ်ကိုဟောလ် Alcohol ဟူသည့် စကားလုံးအတွက် ရှာဖွေရာ၊ မြန်မာနိုင်ငံ ယစ်မျိုးလက်စွဲဥပဒေ The Burma Excise Manual ၏ ဒုတိယတွဲတွင် တွေ့ရသည့် အခါတွင် မှ မိမိအနေဖြင့် အမြင်ရှင်းခဲ့ရပါသည်။
အယ်လ်ကိုဟောလ် Alcohol ဟူသည့် စကားရပ်အတွက် အောက်ပါအတိုင်း ဖေါ်ပြထားခြင်းကို တွေ့ရပါသည်-
“အယ်လ်ကိုဟောလ် ဟူသည့် ဝေါဟာရသည် အလွန်သေးငယ်သော အမှုန် the fine powder ဟူ အဓိပ္ပါယ် ရသော အာရပ်စကားလုံး အယ်လ်ခူးလ် Al-kuhl ဟူသည့် ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းဝေါဟာရကို အလွန်သေးမှုန်စေရန် ပြုလုပ်ထားသည့် ခနောက်စိမ်းမှုန့် တွင်သာ ခေါ်ဝေါ် အသုံးပြုခဲ့ကြသည်။ ယင်းအမှုန့်ကို တောက်ပသည့် အသွင်သဏ္ဍာန်ဖြစ်စေရန် မျက်ခွံပေါ်တွင် သုတ်လိမ်းရန် အသုံးပြုခဲ့ကြပါသည်။
ချက်အရက်များကို သောက်သုံးလိုက်သည့်အခါ မျက်လုံးများ အရောင်တောက်လာသည့် အခြေအနေကို အကြောင်းပြု၍ ချက်အရက်များကို အယ်လ်ကိုဟောလ် Alcohol ဟု ခေါ်ဝေါ် အသုံးပြုလာကြရာမှ၊ နောက်ပိုင်းတွင် အဆိုပါ အဖျော်ယမကာ အားလုံးကို အယ်လ်ကိုဟောလ် Alcohol ဟု ဆက်လက် ခေါ်တွင်လာကြပါသည်။”
ဤသို့ သတ်မှတ်အသုံးပြုလာရာတွင် နောက်ပိုင်း၌ ဝေါဟာရ အရင်းအမြစ်ကို မျက်ခြည်ပြတ်၍၊ အယ်လ်ကိုဟောလ် Alcohol ကို အရက်ပျံ ဟု သုံးနှုန်းရေးသားမှုကို တွေ့ရပါသည်။ အမှန်အားဖြင့် အရက် ဟုသာ ရေးသား သင့်ပါသည်။ အရက်ပျံ ဟူသည့် စကားလုံးအတွက် အင်္ဂလိပ်ဘာသာအရ အီသိုင်းအယ်လ်ကိုဟောလ် Ethyl alcohol ဟု ခေါ်ဝေါ်သည်ကိုလည်း သတိပြုရပါမည်။
သို့ပါ၍ ယစ်မျိုး ဥပဒေများတွင် အရက် (Alcoholic Liquor) ဟု ရေးသားခြင်းထက် အရက်ရည် (Alcoholic Liquor) ဟု ဆိုပါက၊ ခေါ်ဆိုရသည်မှာ အနည်းငယ် ထောက်သော်လည်း၊ ဥပဒေ စကားလုံး ပြည့်စုံလေမည်လား ဟု တွေးမိပါသည်။
- Maung Maung Nyunt
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
8/6 ~ Maha Myaing Road
Bago