Ever Win Insurance Service
Insurance Knowledge
01/10/2025
လကုန်ရက် မြန်မာငွေစျေးရှယ်ကောင်း
ဘတ်ပေး ကျပ်ယူ 🇹🇭
ကျပ်ပေး ဘတ်ယူ 🇲🇲
ဘာလိုလို 𝐉𝐄𝐋𝐋𝐘 𝐓𝐇𝐀𝐈 𝐒𝐓𝐎𝐑𝐄 ကိုသတိရပေးပါနော် 🥰
ငွေလဲလှယ်မှုအတွက် ငွေလွှဲတဲ့အခါ လျင်မြန်စိတ်ချယုံကြည်စွာ အာမခံမှုရှိတဲ့ ဝန်ဆာင်မှုများဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်🥰
🔗𝐜𝐮𝐫𝐫𝐞𝐧𝐜𝐲 𝐞𝐱𝐜𝐡𝐚𝐧𝐠𝐞 တွေကိုလည်း 𝐋𝐢𝐦𝐢𝐭 အကန့်သတ်မရှိ လဲလှယ်ပေးနေပါတယ်ရှင့်
မြန်မာဘဏ်တွေဖြစ်တဲ့
𝐊 𝐩𝐚𝐲, 𝐂𝐁, 𝐀𝐘𝐀, 𝐊𝐁𝐙 𝐛𝐚𝐧𝐤 များနှင့်
ထိုင်းဘဏ်ကနေပါ တိုက်ရိုက်လဲလှယ်နိုင်သလို
ကိုယ်တိုင်လာရောက်ပြီး 𝐅𝐚𝐜𝐞 𝐭𝐨 𝐅𝐚𝐜𝐞 လည်း လဲလှယ်နိုင်ပါတယ်ရှင့်
ငွေလဲလှယ်တာနဲ့ပတ်သတ်ပြီး အသေးစိတ်ကို 𝐜𝐛 မှာမေးမြန်းလို့ ရပါတယ်ရှင့်🥰
09/01/2022
အာမခံထားထားတဲ့ ကိုယ့်Customer ကားတွေပါလား ရင်တွေတုန်နေရတာ
ကားတွေက အာမခံထားထားရင်အလျော်ရပါတယ်
လူတွေသာအားလုံးဘေးကင်းကြပါစေ...
05/03/2020
Ever Win Insurance Service ကို ကုန်ပစ္စည်းများအတွက် မီးအာမခံကို ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးပါသော Royal Smart ကုမ္ပဏီမိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။
05/03/2020
Ever Win Insurance Service ကို ကုန်ပစ္စည်းများအတွက် မီးအာမခံကို ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးပါသော ရွှေလမင်းနပါးကုမ္ပဏီမိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။
မန္တလေးဈေးချိုတော်အား ကျပ်သိန်း (၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်၊
မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး(၄၀)ကျော်အနက် ပထမဆုံး မီးအာမခံထားသည့် ဈေးဖြစ်လာမည်ဟုဆို
ဒီဒါင်းမေ၊ ဖေဖော်ဝါရီ - ၂၅
မန္တလေးမြို့ ဈေးချိုတော် အဆောက်အအုံများအား ကျပ်သိန်း(၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။
မန္တလေးဈေးချိုတော် အဆောက်အဦများသည် လေးထပ်အမြင့်ရှိ ဈေးရုံများဖြစ်ပြီး ၁၉၉၄ တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ မန္တလေးနှင့် အထက်မြန်မာပြည်၏ အကြီးဆုံးသော လက်လီ၊လက္ကား ဈေးကြီးဖြစ်သည့် မန္တလေးဈေးချိုတော်တွင် လေးထပ်အမြင့်ရှိ ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်း (၃၂၀၀)ကျော်ရှိသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် အဆောက်အအုံများအား အာမခံထားရှိရန် ၂၀၁၈ ကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မန္တလေးမြို့တော်ဝန်ထံ တင်ပြထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက Mandalay In-depth News အား ပြောသည်။
အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး အဆောက်အအုံများအား မြန်မာ့အာမခံ လုပ်ငန်းတွင် ကျပ်သိန်း(၄၅၀၀၀)ခန့် တန်ဖိုးသတ်မှတ်ကာ မီးနှင့်သဘာဝဘေး အာမခံ ထားရှိမည်ဖြစ်ပြီး ပေးသွင်းရမည့် အာမခံပရီမီယံကြေး အတိအကျ မသိရသေးသော်လည်း လိုအပ်သည့် အာမခံပရီမီယံကြေး တစ်နှစ်စာအတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့ ရန်ပုံငွေမှ စိုက်ထုတ်ပေးသွင်းရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စိုက်ထုတ်ပေးသွင်းထားသည့် မီးအာမခံ ပရီမီယံကြေးကို ဈေးချိုတော်ရှိ ဆိုင်ခန်းရှင် ဈေးသူဈေးသားများထံမှ တစ်လချင်း ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းစီအတွက် မီးအာမခံကြေး တစ်နှစ်လျှင် ကျပ်နှစ်သောင်းခန့်၊ တစ်လလျှင် ကျပ်ထောင်ဂဏန်း ကျသင့်ဖွယ်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။
"စည်ပင်သာယာအနေနဲ့ လစဉ်ဆိုင်ခန်းကြေးကောက်တဲ့အပေါ် ရာခိုင်နှုန်းအနေနဲ့ အာမခံကြေး ထည့်ဝင်ပေးဖို့ တင်ပြခဲ့တာ။ သူတို့ဘက်ကကျတော့လည်း လစဉ်ကြေးလည်း ကောက်ရမယ်၊ အာမခံကြေးလည်း ကောက်ရမယ်ဆိုရင် ဝန်ထမ်းအခက်အခဲနဲ့ လုပ်ကိုင်ရတာ အခက်အခဲ ရှိမယ်ထင်တယ်။ အခုကတော့ ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး ထားမယ်ဆိုရင် မြန်မာ့အာမခံက လက်ခံတယ်။ ဒါ့ကြောင့် ဒီအဆောက်အဦးကြီးကို မီးအာမခံကြေးနဲ့ ငလျင်အာမခံကြေး ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး လုပ်မယ်ဆိုရင် လက်ခံတယ်ဆိုပြီး တိုင်းမန်နေဂျာကိုယ်တိုင်က ဆွေးနွေးသွားတာ"ဟု ဦးမင်းမင်းက ရှင်းပြသည်။
ဈေးချိုတော် ဈေးရုံ(၈)ရုံမှ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်ခန်းရှင်များနှင့် ညှိနှိုင်းပြီးဖြစ်ကာ တတိယထပ်များမှာမူ ဈေးဆိုင်ဖွင့်လှစ်သည့် အရေအတွက် နည်းပါးသလို ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။
"မန္တလေးဈေးချိုတော် အဆောက်အဦးကို ဈေးအကျိုးတော်ဆောင်ရဲ့ ဦးဆောင်မှုနဲ့ ငလျင်နဲ့ မီး အာမခံထားမယ်။ မတော်တဆ ဘေးသင့်ခဲ့ရင် ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် အာမခံထားတာ"ဟု မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။
မီးဘေး၊ ငလျှင်ဘေးစသည့် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဈေးများ ထိခိုက်ပျက်စီးပါက ပြန်လည်ထူထောင်ရန် ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျသလို မန္တလေးမြို့တော်စည်ပင်၏ ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်ရ မည်ဖြစ်သဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဈေးအဆောက်အဦးကို အာမခံထားရန် ဈေးအကျိုးတော်ဆောင် အဖွဲ့နှင့် ဈေးသူဈေးသားများက ဆုံးဖြတ်ပြီး စည်ပင်သာယာထံ တင်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ပေါ်တွင် စည်ပင်သာယာပိုင် ဈေး(၄၅)ဈေး ရှိသည့်အနက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးသည် ပထမဆုံး မီးနှင့်ငလျင်ဘေးအတွက် အာမခံထားသည့် ဈေးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ သတင်းရရှိသည်။
မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ဈေးသည်တစ်ဦးချင်း၊ ဆိုင်ခန်းရှင် တစ်ဦးချင်းစီက အာမခံ ထားရှိကြသော်လည်း ဈေးအဆောက်အအုံ အာမခံထားရှိမှု မရှိသေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၈၄လမ်းရှိ မန္တလေးဈေးချိုတော်သည် အဝတ်အထည်၊ အစားအသောက်၊ လက်မှုပစ္စည်းစသည့် လူသုံးကုန်ပစ္စည်း အမျိုးအစားများစွာ ရောင်းချသော ဈေးဖြစ်သည်။
မန္တလေးမြို့တွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ကျပ်သိန်းသောင်းချီ ပျက်စီးဆုံးရှုံးသည့် ဈေးမီးလောင်မှုများအဖြစ် ယခုနှစ် ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေး ရတနာပုံဈေး၊ ၂၀၁၆ မတ်လအတွင်းက မန္တလေးမင်္ဂလာဈေးနှင့် ၂၀၀၈ က မန္တလေးရတနာပုံဈေး Sky Walk တို့ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်။
မန္တလေးဈေးချိုတော်/ Photo – Bhone Nay (Mandalay In-depth News)
#မန္တလေးဈေးချိုတော်
မန္တလေးဈေးချိုတော်အား ကျပ်သိန်း (၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်၊
မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး(၄၀)ကျော်အနက် ပထမဆုံး မီးအာမခံထားသည့် ဈေးဖြစ်လာမည်ဟုဆို
ဒီဒါင်းမေ၊ ဖေဖော်ဝါရီ - ၂၅
မန္တလေးမြို့ ဈေးချိုတော် အဆောက်အအုံများအား ကျပ်သိန်း(၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။
မန္တလေးဈေးချိုတော် အဆောက်အဦများသည် လေးထပ်အမြင့်ရှိ ဈေးရုံများဖြစ်ပြီး ၁၉၉၄ တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ မန္တလေးနှင့် အထက်မြန်မာပြည်၏ အကြီးဆုံးသော လက်လီ၊လက္ကား ဈေးကြီးဖြစ်သည့် မန္တလေးဈေးချိုတော်တွင် လေးထပ်အမြင့်ရှိ ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်း (၃၂၀၀)ကျော်ရှိသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် အဆောက်အအုံများအား အာမခံထားရှိရန် ၂၀၁၈ ကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မန္တလေးမြို့တော်ဝန်ထံ တင်ပြထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက Mandalay In-depth News အား ပြောသည်။
အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး အဆောက်အအုံများအား မြန်မာ့အာမခံ လုပ်ငန်းတွင် ကျပ်သိန်း(၄၅၀၀၀)ခန့် တန်ဖိုးသတ်မှတ်ကာ မီးနှင့်သဘာဝဘေး အာမခံ ထားရှိမည်ဖြစ်ပြီး ပေးသွင်းရမည့် အာမခံပရီမီယံကြေး အတိအကျ မသိရသေးသော်လည်း လိုအပ်သည့် အာမခံပရီမီယံကြေး တစ်နှစ်စာအတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့ ရန်ပုံငွေမှ စိုက်ထုတ်ပေးသွင်းရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စိုက်ထုတ်ပေးသွင်းထားသည့် မီးအာမခံ ပရီမီယံကြေးကို ဈေးချိုတော်ရှိ ဆိုင်ခန်းရှင် ဈေးသူဈေးသားများထံမှ တစ်လချင်း ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းစီအတွက် မီးအာမခံကြေး တစ်နှစ်လျှင် ကျပ်နှစ်သောင်းခန့်၊ တစ်လလျှင် ကျပ်ထောင်ဂဏန်း ကျသင့်ဖွယ်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။
"စည်ပင်သာယာအနေနဲ့ လစဉ်ဆိုင်ခန်းကြေးကောက်တဲ့အပေါ် ရာခိုင်နှုန်းအနေနဲ့ အာမခံကြေး ထည့်ဝင်ပေးဖို့ တင်ပြခဲ့တာ။ သူတို့ဘက်ကကျတော့လည်း လစဉ်ကြေးလည်း ကောက်ရမယ်၊ အာမခံကြေးလည်း ကောက်ရမယ်ဆိုရင် ဝန်ထမ်းအခက်အခဲနဲ့ လုပ်ကိုင်ရတာ အခက်အခဲ ရှိမယ်ထင်တယ်။ အခုကတော့ ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး ထားမယ်ဆိုရင် မြန်မာ့အာမခံက လက်ခံတယ်။ ဒါ့ကြောင့် ဒီအဆောက်အဦးကြီးကို မီးအာမခံကြေးနဲ့ ငလျင်အာမခံကြေး ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး လုပ်မယ်ဆိုရင် လက်ခံတယ်ဆိုပြီး တိုင်းမန်နေဂျာကိုယ်တိုင်က ဆွေးနွေးသွားတာ"ဟု ဦးမင်းမင်းက ရှင်းပြသည်။
ဈေးချိုတော် ဈေးရုံ(၈)ရုံမှ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်ခန်းရှင်များနှင့် ညှိနှိုင်းပြီးဖြစ်ကာ တတိယထပ်များမှာမူ ဈေးဆိုင်ဖွင့်လှစ်သည့် အရေအတွက် နည်းပါးသလို ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။
"မန္တလေးဈေးချိုတော် အဆောက်အဦးကို ဈေးအကျိုးတော်ဆောင်ရဲ့ ဦးဆောင်မှုနဲ့ ငလျင်နဲ့ မီး အာမခံထားမယ်။ မတော်တဆ ဘေးသင့်ခဲ့ရင် ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် အာမခံထားတာ"ဟု မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။
မီးဘေး၊ ငလျှင်ဘေးစသည့် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဈေးများ ထိခိုက်ပျက်စီးပါက ပြန်လည်ထူထောင်ရန် ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျသလို မန္တလေးမြို့တော်စည်ပင်၏ ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်ရ မည်ဖြစ်သဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဈေးအဆောက်အဦးကို အာမခံထားရန် ဈေးအကျိုးတော်ဆောင် အဖွဲ့နှင့် ဈေးသူဈေးသားများက ဆုံးဖြတ်ပြီး စည်ပင်သာယာထံ တင်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ပေါ်တွင် စည်ပင်သာယာပိုင် ဈေး(၄၅)ဈေး ရှိသည့်အနက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးသည် ပထမဆုံး မီးနှင့်ငလျင်ဘေးအတွက် အာမခံထားသည့် ဈေးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ သတင်းရရှိသည်။
မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ဈေးသည်တစ်ဦးချင်း၊ ဆိုင်ခန်းရှင် တစ်ဦးချင်းစီက အာမခံ ထားရှိကြသော်လည်း ဈေးအဆောက်အအုံ အာမခံထားရှိမှု မရှိသေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၈၄လမ်းရှိ မန္တလေးဈေးချိုတော်သည် အဝတ်အထည်၊ အစားအသောက်၊ လက်မှုပစ္စည်းစသည့် လူသုံးကုန်ပစ္စည်း အမျိုးအစားများစွာ ရောင်းချသော ဈေးဖြစ်သည်။
မန္တလေးမြို့တွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ကျပ်သိန်းသောင်းချီ ပျက်စီးဆုံးရှုံးသည့် ဈေးမီးလောင်မှုများအဖြစ် ယခုနှစ် ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေး ရတနာပုံဈေး၊ ၂၀၁၆ မတ်လအတွင်းက မန္တလေးမင်္ဂလာဈေးနှင့် ၂၀၀၈ က မန္တလေးရတနာပုံဈေး Sky Walk တို့ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်။
မန္တလေးဈေးချိုတော်/ Photo – Bhone Nay (Mandalay In-depth News)
#မန္တလေးဈေးချိုတော်
30/08/2019
Nail Excess
နှုတ်ဖြတ်ငွေ
အာမခံလောကတွင် လျော်ကြေးပေးရန်ကိစ္စများပေါ်ပေါက်လာပါက နှုတ်ဖြတ်ငွေကိစ္စရပ်များကိုလည်း ကြုံတွေ့ရပါလိမ့်မယ်… ဒါကြောင့်နှုတ်ဖြတ်ငွေဆိုတာဘာလဲ၊ ဘာတွေကိုနှုတ်ဖြတ်မှာလဲဆိုတာတွေကို ကျွန်တော်ကရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်… ဘာတွေကိုနှုတ်ဖြတ်တာလဲဆိုတာကတော့ အာမခံအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်… တချို့အာမခံ Product တွေမှာ Deductible လို့လည်းခေါ်ကြပါတယ်…
Nil Excess ဆိုတာတနည်းအားဖြင့် နှုတ်ဖြတ်ငွေလို့လည်း ဆိုနိုင်ပါတယ်… Excess ကတော့ပိုလွန်သမျှလို့ အဓိပ္ပါယ်ဖွင့်ပါတယ်… ကျွန်တော်တို့နိုင်ငံမှာလက်ရှိလက်ခံနေတဲ့ ကားအာမခံများတွင် လျော်ကြေးကိစ္စများပေါ်ပေါက်လာပါက ကိုယ်ပိုင်ကားဆိုပါက ကျပ်နှစ်သောင်းအထိ လျော်ကြေးနှုတ်ဖြတ်ပြီး အဲဒီနှစ်သောင်းကနေ ပိုလွန်သမျှကိုပဲ ပေးလျော်မှာဖြစ်ပါတယ်…
ဥပမာပြောရရင် လျော်ကြေး ၁သိန်းဆိုရင် ၂သောင်းကပိုလွန်တဲ့ ကျပ်၈သောင်းကိုပဲ ပေးလျော်ရမှာပါ… လျော်ကြေးအပြည့်ရလိုရင်တော့ အဆိုပါ Excess ကို Nil လုပ်လို့ရပါတယ်… ဒီလို Nil လုပ်လိုက်ရင်တော့ Premium အပိုကြေးထပ်ဆောင်းပေးရတာမျိုးရှိနိုင်ပါတယ်…
ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် ကျပ်၂သောင်းမနှုတ်ဖြတ်လိုလျှင် ပရီမီယံကြေး ကျပ်၂ထောင်နဲ့ အငှားယာဉ်များအတွက် နှုတ်ဖြတ်ငွေ ကျပ်၎သောင်း သတ်မှတ်ထားပြီး Nil လုပ်လိုလျှင် ပရီမီယံကြေး ကျပ်၎ထောင်ပေးဆောင်ရပါတယ်…
ယခုအခါ အဆိုပါသတ်မှတ်ချက်များကို (၁၅.၃.၂၀၁၉) ရက်နေ့မှစတင်ပြီး ကိုယ်ပိုင်ယာဉ်များကို နှုတ်ဖြတ်ငွေ ကျပ်၅သောင်း သတ်မှတ်ပြီး Nil လုပ်လိုလျှင် ပရီမီယံ ကျပ်၅ထောင်နှင့် အငှားယာဉ်များအတွက် နှုတ်ဖြတ်ငွေ ကျပ်တစ်သိန်းသတ်မှတ်ပြီး Nil လုပ်လိုလျှင် ပရီမီယံ ကျပ် တစ်သောင်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း တင်ပြလိုက်ရပါတယ်…
နောက်များမှာလည်း အာမခံနှင့်ပတ်သက်သည့် ဗဟုသုတအကြောင်းအရာများကို ဆက်ပြီးတင်ဆက်ပေးသွားဦးမှာဖြစ်လို့ ကျွန်တော်တို့ ယမ်းအာမခံ page ကို အမြဲစောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ…
“ တိကျမြန်ဆန် ယမ်းအာမခံ ”
ကျွန်တော်တို့အကြောင်း အသေးစိတ်သိရှိလိုပါက
Address : No (886/888), Pyay Road,
9 Mile, Mayangone Township, Yangon, Myanmar.
Hot Line (24/7) : 09 44 888 3311 / 3300
Phone : 09 4577 000 11 / 44
Email : [email protected]
Website : www.younggeneralmm.com
တို့ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်…
20/08/2019
#ကျေးဇူးတင်လွှာ
First National Insurance FNI ၏ 2018-2019 နှစ်အတွက်ရောင်းအားအကောင်းဆုံးနှစ်သိမ့်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်.အာမခံကိုယ်စားလှယ်သက်တမ်း ၃နှစ်ခွဲအတွင်း ၃နှစ်ဆက်တိုက် ဆုရရှိအောင် အခိုင်အမာနဲ့ယုံကြည်စွာလုပ်ငန်းအပ်နှံပေးပါသော customer များတစ်ဦးချင်းတစ်ဦးချင်းစီကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် လိုအပ်သမျှကိုအဖက်ဖက်မှကူညီပေးကြသော FNI၏တာဝန်ရှိလူကြီးများ တာဝန်ခံများ ဝန်ထမ်းများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါသည်။ ခုလိုဆုရရှိတာဟာ မိမိကြိုးစားမှူထက် ယုံကြည်ပေးကြပါသော Customer များ၊ ကူညီလုပ်ကိုင်ပံ့ပိုးပေးပါသော FNI.ရှိတာဝန်ခံများ မောင်လေး ညီမလေးများ၏ ပံပိုးပေးမှူကြောင့်သာရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့သို့ယုံကြည်အပ်နှံပေးပါသော Customer များအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှူများပေးနိုင်ရန်လည်းအစွမ်းကုန်ကြိုးစားသွားပါမည်။ အာမခံပညာရပ်များကိုလည်း တိုးတက်အောင်ဆက်လက်ကြိုးစားသင်ယူရင်း နောက်နှစ်များမှာလည်း ယခုလိုအသိမှတ်ပြုချီးမြှင့်ခြင်းများရရှိအောင်လည်းကြိုးစားသွားပါမည်။ ခုလိုသက်တမ်း ၃နှစ်ခွဲအတွင်းမိမိဘက်မှလိုအပ်ချက်များ အဆင်မပြေမှုများရှိခဲ့ပါကလည်း ခွင့်လွှတ်ပေးပါရန် အနူးအညွှတ်တောင်းပန်ပါသည်။
မအိအိအောင်
Insurance Agent
IA(O)0522
09253710877
18/08/2019
01/08/2019
Ever Win Insurance Service ကို အလုံးစုံကားအာမခံအတွက် ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးပါသော ကိုကျော်ဆန်းဦး+အအေးမြတ်မွန် (Unique IT & Mobile Center) မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။
24/07/2019
Life Insurance
စာသင်သားအသက်အာမခံ
Securing Your Child's Future
👩🎓�ရည်ရွယ်ချက်
- ရည်မှန်းထားသောကာလတစ်ခုတွင်သားသမီးများ၏ပညာသင်စရိတ်ကိုအထောက်ပံ့ပေးနိုင်ရန်
👩🎓�အာမခံထားသူ၏အသက်ကန့်သတ်ချက်
- ၁နှစ်မှ၁၂ နှစ်အထိ
👩🎓 အာမခံဝယ်ယူနိုင်သူ၏အသက်ကန့်သတ်ချက်
- ၁၈မှ ၅၅ နှစ်အထိ
👩🎓 အာမခံသက်တမ်း
- အနည်းဆုံး(၈)နှစ်မှ အများဆုံး(၁၉)နှစ်အထိ
👩🎓 ပရီမီယံပေးသွင်းရမည့်ကာလ
- အနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၆)နှစ်အထိ
👩🎓�အာမခံထားနိုင်သည့်ငွေမာဏ
- အနည်းဆုံး ကျပ်(၁၀) သိန်းမှ အများဆုံး ကျပ်သိန်း(၁၀၀၀) အထိ
👩🎓 ပရီမီယံပေးသွင်းခြင်း
- (၁) လတစ်ကြိမ်၊ (၃)လတစ်ကြိမ် (၆) လတစ်ကြိမ် (၁)နှစ်တစ်ကြိမ်
👩🎓�စာသင်သားအသက်အာမခံထားရှိခြင်း
ဥပမာ
-အာမခံထားသူရင်သွေးငယ်အသက် =၅နှစ်
-အာမခံသက်တမ်း = ၁၅ နှစ်
-ပရီမီယမ်ပေးသွင်းရမည့်သက်တမ်း = ၁၂ နှစ်
👩🎓 အာမခံအကျိုးခံစားခွင့်
- ပညာသင်ထောက်ပံ့ငွေအကျိုးခံစားခွင့်
-သေဆုံးမှုအကျိုးခံစားခွင့်
-ထာဝစဉ် မသန်စွမ်း အကျိုးခံစားခွင့်
-ပရီမီယံကင်းလွတ်ခွင့်
မိမိတို့ရင်သွေးငယ်များအတွက် စာသင်သားအသက်အာမခံထားရှိလိုပါက +95 9 253710877 (သို့) Chat Box မှတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်.အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအခမဲ့ဖြင့် လိုက်လံဆောင်ရွက်ပေးပါတယ်...
23/07/2019
Ever Win Insurance Service ကို အလုံးစုံကားအာမခံအတွက် ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးပါသော Golden Sky Travel & Tour မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Bago
95