Small Poem

Small Poem

Share

writer

09/10/2025
07/07/2024

အလိုက်သိလွန်းသွားတာပါ ။

နာကျင်နေပါပြီပြောပြီးလဲ မငိုတော့ဘူးနော်... ဂရုစိုက်မခံရလေခြင်းဆိုပြီးလဲ ရင်ထုမနာတွေ မဖြစ်တော့ဘူး... ဘာလို့ဆို ဒါတွေအားလုံးဟာ ကိုယ်ပဲ ဖန်တီးခဲ့သလို ဖြစ်ခဲ့တာလေ ။

အရင်က နှစ်ယောက်အတူတူပဲ ချစ်ခဲ့ကြတာပါပဲ... ပြီးတော့မှ ကိုယ်က ပိုချစ်ပြလိုက်မိတာ ဘာကြောင့်လဲမေးရင် သူနဲ့ကိုယ် ဒီထက်ပိုပြီးချစ်ချင်လို့ ကိုယ် ထုတ်ပြခဲ့မိတာပေါ့ ။

နားလည်မှုမရှိရင် ကွဲတယ်တဲ့...သူနဲ့မခွဲချင်ခဲ့ဘူးလေ ။ အပြင်သွားမလို့ ခွင့်မတောင်းရသေးခင် ခေါင်းငြိမ့်ပြီးသား ကျွန်မက ချုပ်ချယ်တယ်ဆိုပြီး ထွက်ပြေးသွားမှာ မလိုလားဘူး...

နေရာတကာ သူ့ကို ဦးစားပေးလွန်ခဲ့တာပေါ့ ကိုယ်တစ်ခုခု မလုပ်ခင် အရင်ပြောပြတာတွေ တစ်နေရာရာမသွားခင် ခွင့်တောင်းတာတွေ ပြီးတော့ ကိုယ်စားတာတွေတောင် သူကြိုက်တာတွေပဲ ဖြစ်နေခဲ့တာလေ ။

ကိုယ် အလိုက်သိတာတွေ နားလည်ပေးတာတွေဟာ သူပိုပြီးချစ်လာဖို့ အကြောင်းပြချက်တွေ ဖြစ်လာခဲ့မယ်လို့ ထင်ထားခဲ့တာ တကယ်တမ်းလက်တွေ့ကျတော့ ကိုယ်က တဖြေးဖြေး အလေးမထားစရာ ဖြစ်လာတယ် ။

သူ စိတ်ရှုပ်နေတယ် တစ်ယောက်တည်းနေချင်တယ် ဘာဖြစ်လို့လဲ ကိုယ့်မှာ မေးခွင့်တွေ ရှိမနေတော့ဘူး တိတ်ဆိတ်ပေးလိုက်ရတယ် ။ စကားမပြောချင်ဘူး ဘာကြောင့်လဲ သူမဖြေတော့ဘူး ကိုယ် မပြောပဲ နေလိုက်ရတယ် ။ သူမှားနေရင်တောင် ပြောပြလို့ မရတော့ဘူးလေ ။

မသိရင် တကယ်ကို အပြင်လူကြီးတစ်ယောက်လို ဖြစ်လာခဲ့တာ ။ သူဆက်သွယ်ချင်တဲ့အချိန် ဆက်သွယ်တယ် သူပစ်ထားချင်တဲ့အချိန် ပစ်ထားတယ် မီးစိမ်းလေးမြင်ရင်တောင် စကားအရင်ပြောခွင့်တွေ ရှိမနေတော့ဘူး လွမ်းရင်တောင် ဖုန်းစဆက်လို့ မရတော့ဘူးလေ ။

ပိုချစ်စေချင်လို့ အလိုက်သိပေးခဲ့တာတွေဟာ ပိုပြီးဝေးသွားစေသလိုပါပဲ... အလိုက်သိလွန်းသွားတာပါ ။

#ကျေးကို
ရင်နှင့်အမျှရေးသည်။

23/12/2023

ဆောင်းရာသီအေးတာလောက်ကတော့
ကျွန်တော်တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကိုဘယ်မှီမလဲ🔥

23/12/2023

တချို့လူတွေကို ပြင်လာမလား ပြင်လာမလားနဲ့ စောင့်တယ်။ ကူလည်းကူညီတယ်။ ဒါပေမဲ့ မပြင်ဘူး။ အဲ့ဒီတော့ “ပြင်မှာပါ” လို့မျှော်လင့်နေမိတဲ့ကိုယ်ရဲ့စိတ်ကိုပဲ ပြင်လိုက်တော့တယ်။ ပြင်တာမပြင်တာ သူ့အပိုင်း။ ကိုယ်ကသွားလုပ်ပေးလို့မရဘူး။ တခါတလေ သူများအပေါ် သွားထားမိနေတဲ့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ expectations တွေကို လျှော့ချ/လွှတ်ချလိုက်တဲ့အခါ ကျွန်တော်တို့ ငြိမ်းချမ်းသွားတယ်။

22/12/2023

ကိုယ်ကို့ကိုယ့်အရေးပ့ပီးလို
ထင်ခဲ့တာအကြိမ်ကြိမ်ဘဲ
နောက်ဆုံးတော့လည်းသိလိုက်ရတာက
ဘယ်တုန်းကမှအရေးမပ့ခဲ့ဘူးဆိုတာကိုဘဲ
🔥

20/12/2023

မူစကူဒူတို့
စကူပီဒူပီဒူတို့မသိဘူး
ငါ့ကတော့ငါ့ကောင်လေးရဲ့ပူတူးတူး👀

20/12/2023

တစ်ချို့လူတွေက သူငယ်ချင်းတော့ ဖြစ်ခဲ့ရတယ် ။
ဒါပေမယ့် အချိန်တစ်ခုရောက်တော့
သူငယ်ချင်း စာရင်းထဲကနေ ထုတ်ပြီး
သူစိမ်းတစ်ယောက်ထက် စိမ်းတဲ့ နေရာတစ်ခုကို ပို့လိုက်ရတဲ့ အခိုက်အတန့်တစ်ချို့ ရှိတယ် ။

ဘယ်လိုအချိန်မှာ
သူတို့တွေကို ဖယ်ထုတ်လိုက်ရသလဲဆိုတော့ ...
သူငယ်ချင်းတစ်ယောက်မှာ ရှိသင့်တဲ့
မုဒိတာထားနိုင်တဲ့စိတ် မရှိတဲ့အခါ .....

အောင်မြင်ချိန် ဝမ်းသာပေးတဲ့စိတ် မရှိတဲ့အခါ ...

အဆင်မပြေချိန် လက်ကမ်းကူလိုတဲ့စိတ် မရှိတဲ့အခါ ...

ဒုက္ခရောက်ချိန် ကျိတ်ပျော်နေတာတွေ့ လိုက်ရတဲ့အခါ ....

ကိုယ်အဆင်မပြေအောင် တမင်ကို ဖန်တီးလုပ်ယူတာကို သိလိုက်တဲ့အခါ ...

ကိုယ်ကူညီနိုင်ချိန်ကူညီပေးစဉ် ကျေးဇူးမတင် ၊ မကူညီနိုင်တဲ့အခါကျ အပြစ်ပြောတဲ့အခါ ...

ကိုယ်အားပါးတရ ရင်ဖွင့်ထားတာကိုမှ
ကိုယ်နဲ့အဆင်မပြေချိန်ကျ အရှက်ခွဲရင်း အားပါးတရ ပြန်ထိုးနှက်တဲ့အခါ ...

ဒီလိုကြောင့် သူစိမ်းတွေ ဖြစ်လာကြတယ် ။
ရန်သူစာရင်းထဲတော့ မထည့်ဖြစ်တော့ဘူး
ထည့်မှတ်ထားရရင် ရင်ဘတ်ကြီးလေးမှာစိုးလို့ ။

19/12/2023

ချစ်ပါတယ် ဆိုတဲ့သူတွေ
ခင်ပါတယ်ဆိုတဲ့လူတွေ
အမှန်တရားပြောလို့နာမယ်ဆိုလည်းကျော်သွားကြ။

မင်းအပေါ် ကောင်းခဲ့သလား
ဖေးမမူကောရှိခဲ့သလား။

မင်းနေထိုင်မကောင်းဖြစ်တဲ့အချိန်
စိတ်ပူပေးမယ့်သူမိဘကလွဲပြီးဘယ်သူရှိသလည်း။
ချစ်ပါတယ် ဆိုတဲ့လူတွေရော လှည့်ကြည့်ရဲ့လား

သိပါ။.over20ကျော်ဆိုရင်သိဖို့လိုတယ်

#လင်းညို

19/12/2023

2024 ရောက်တော့မယ်နော်

ဘာတွေ ကိုယ်ဟာကို
ပြောင်းလဲမယ်လို့ စဉ်စားထားကြလဲ ...

ကိုယ့်ကတော့ အဆိုးမြင်စိတ်လေကို
ဘေးဖယ်ထားပြီ အကောင်းမြင်စိတ်လေကို ပိုထားမယ်။

Toxic People တွေနဲ့ ကင်းအောင်နေမယ်။

ပြီရင် ကိုယ့်နားမှာရှိတဲ့ သူတွေကို တန်ဖိုးထားမယ်။

‌အကောင်းဆုံးသောအရာတွေကို 2024 မှာ စတင်မယ် လို ဆုံဖြတ်ထားတယ်။

19/12/2023

အမျိူးသားထုများ

ယောကျ်ားပီသစမ်းပါ။
အမျိူးသမီးတယောက်ကိုလုံလုံလောက်လောက်ချစ်ပြလိုက်စမ်းပါ။
အမျိူး သမီးထုများ

မိန်းမပီသစမ်းပါ။
ယောကျ်ားတယောက်ကိုလုံလုံလောက်လောက်ချစ်လိုက်စမ်းပါဗျာ

#လင်းညို

19/12/2023

လူတိုင်က ပျော်ရာကို လုပ်နေကြတာပဲမလား။

ကော်ဖီကြိုက်တဲ့သူက ကော်ဖီသောက်မယ်။
Weedကြိုက်တဲ့သူက weedရှိုက်မယ်။

လူတစ်ယောက်ရဲ့ ရွေးချယ်မှုအပေါ် ကျွန်တော်တို့က လွှမ်းမိုးချင်နေလို့မရဘူး။ပြောင်းလဲချင်နေလို့မရဘူး။ကျွန်တော်တို့ကို သဘောကျတဲ့သူကိုတားမြစ်ခွင့်မရှိဘူး။

ကျွန်တော်တို့သဘောကျတဲ့သူဟာ ကျွန်တော်တို့ကို
သဘောမကျနိုင်ရင်လည်း အပြစ်တင်ခွင့်မရှိဘူး။

ပေးဆပ်ရတာ ပျော်တဲ့သူတွေက ဘယ်သူတားတား ပေးဆပ်နေကြလိမ့်မယ်။

စွန့်လွှတ်နိုင်တဲ့သူတွေကလည်း စွန့်လွှတ်ကြလိမ့်မယ်။

🍀🤍

19/12/2023

စိတ်ဆင်းရဲ မခံနိုင်၊ စိတ်ရှုပ်မခံနိုင်ရင်
တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ။

တစ်ခါတလေတော့ အထီးကျန်ရလိမ့်မယ်
ဒါပေမဲ့ မပူလောင်ဘူး အာရုံမနောက်ဘူး။

နောက်ပြီး သေချာတာတစ်ခုကလည်း
ကိုယ့်ကို ဘယ်သူမှပျော်အောင်မထားနိုင်ဘူး။
ကိုယ့်ဘာသာပဲ ပျော်အောင်နေတတ်ရမယ်။

🌻🤍

Want your public figure to be the top-listed Public Figure in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago