New Chance-NC Computer Training
အိမ်မှာနေပြီး computer သင်ဖို့ NC Computer Training ကိ?
23/02/2022
ကျွန်တော်တို့ New Chance Computer Training သည် အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းထား
ခဲ့ပြီးတော့ အခုမကြာခင်မှာ နည်းပညာနဲ့ပတ်သတ်တဲ့ Video တွေ ကို အရင်လို ပြန်လည် တင်ပေးသွားတော့
မှာဖြစ်ပါတယ်ခင်ဗျာ။
နည်းပညာအခက်အခဲများကို ဖြေရှင်းလိုသူများ
Computer ပညာရပ်ကို လေ့လာနေသူများ အနေဖြင့်
Like & Follow လုပ်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်။
08/08/2021
မနက်၈နာရီမှ ညနေ ၃နာရီ အတွင်း
ပြုပြင်မည့် ကွန်ပျူတာများ
လက်ခံပေးပါ့မယ်ခင်ဗျာ
09799138318, 09969650291, 09263681428.
အမှတ်(9/18), တပင်ရွှေထီးလမ်း, ဥသာမြို့ဦးကျောင်းတိုက်ရှေ့ ၊ မဟာမြိုင်မှတ်တိုင်အနီး၊ ပဲခူးမြို့။
17/07/2021
For Bago‼‼‼‼‼
🆘
🆘
🆘
Crd;
27/06/2021
ကွန်ပျူတာသင်တန်းကို အပြင်သင်တန်းဘယ်တော့ဖွင့်မလဲ မေးနေသူများအတွက် New Chance မှ အဖြေပေးလိုက်ပါပြီ....
1.7.2021 ရက်နေ့တွင် New Chance Computer Training & Services သင်တန်းဖွင့်ပြီး ၁ ရက်နေ့မှာပဲ စတင်သင်ကြားပေးသွားပါတော့မယ်ခင်ဗျာ...
တက်ရောက်နိုင်သော သင်တန်းများ အနေနဲ့
✅Basic
✅DTP
✅Advanced Excel
✅A+ (ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းသင်တန်း)
စသည့် အတန်းများကို ဖွင့်လှစ်သင်ကြားပေးသွားပါမည်ခင်ဗျာ...
👉Basic & DTP အတန်းများအတွက် အချိန်နှင့် ရက်များ
📌Mon, Tue, Wed
9:00 - 11:00 (Section A)
12:00 - 2:00 (Section B)
3:00 - 5:00 (Section C)
5:00 - 7:00 (Section D)
📌Fri, Sat, Sun
8:30 - 11:00 (Section E)
3:30 - 6:00 (Section F)
📌Sunday only
8:30 - 12:30 (Section G)
1:00 - 4:00 (Section H)
👉Advanced Excel အတန်းအတွက် အချိန်နှင့်ရက်
Fri, Sat, Sun
12:00 - 2:30 (Section A)
👉A+ အတန်းအတွက်
အချိန်ညှိနှိုင်း
👉covid အခြေအနေကြောင့် sectionတစ်ခုလျှင် ၅ဦးသာ လက်ခံပေးပါမည်။
🔴🔴🔴အိမ်အရောက် သင်တန်းများလည်း ရှိပါသည်။ 🔴🔴🔴
သင်တန်းအပ်နှံလိုပါက👇👇👇👇
အမှတ် (၉/၁၈) ၊ ဥဿာမြို့ဦးကျောင်းတိုက်ရှေ့၊ တပင်ရွှေထီးလမ်း၊ မဟာမြိုင်လမ်းဆုံအနီး၊ ပဲခူးမြို့။
09774929510, 09263681428, 09799138318 ကိုဆက်သွယ်ပြီးအပ်နှံနိုင်ပါတယ်ခင်ဗျာ....
မှတ်ချက်။ ဇူလိုင်လ ၁ ရက်နေ့မှသာ သင်တန်းဖောင်လက်ခံပါမယ်ခင်ဗျာ...။
သင်တန်းအပ်နှံလိုပါက ဖုန်းဖြင့် ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်ခင်ဗျာ...။
18/06/2021
New Chance Compter Training က
💻 ပဲခူးမြို့အတွင်း💻
အိမ်တိုင်ရာရောက် သင်ပေးနေပြီနော်....📣📣📣
🔸 အိမ်မှာကွန်ပြူတာမရှိဘူး........
ဘယ်လိုလုပ်ရမလဲ😖
🔸 ကွန်ပျူတာမရှိလည်း Laptop ယူခဲ့ပြီး စိတ်ရှည်ရှည်သင်ပေးမှာဆိုတော့.... ဘယ်လောက်ကောင်းလဲ။🤗
🔸အိမ်မှာလာသင်မှာဆိုတော့....လုံခြုံပါ့မလား😦
🔸 မလုံခြုံမှာလည်း စိတ်မပူရဘူး။
လာသင်ပေးမယ့် နည်းပြက ရိုးရိုးအေးအေးလေး။
သူ့ပါသာ ကွန်ပြူတာ ရှေ့ရှိနေရင် ကျေနပ်နေတဲ့သူမျိုးပါ။😉
🔸 သင်တန်းချိန်တွေကဘယ်လိုများလဲ🤔
တစ်ပတ် ၂/၃ ရက်၊ တစ်နေ့ ၂ နာရီနဲ့၊ ၂ လပြတ် သင်ပေးတာနော်။
အဆင်ပြေတဲ့ရက်၊ အဆင်ပြေတဲ့အချိန် ညှိပေးပါတယ်။
🔸 ဘယ်လိုလူတွေ တတ်သင့်လဲ🤔
၁။ ကွန်ပျူတာမတက်လို့ အလုပ်ထဲမှာလစာနည်းနေတဲ့သူတွေ
၂။ ကွန်ပျူတာနဲ့ပတ်သက်ပြီး အလုပ်လုပ်ချင်တဲ့သူတွေ
၃။ တက္ကသိုလ် တက်တော့မယ့် ညီလေး ညီမလေးတွေ ကွန်ပြူတာ အခြေခံပိုင်ဖို့လိုပါတယ်။
ဒါမှ အတန်းထဲ Project တို့ Presentation တို့ လုပ်တဲ့အခါ Microsoft tools တွေသုံးပြီး ကောင်းကောင်း present လုပ်နိုင်မှာ။
ကျွန်တော်တော့ ဆယ်တန်းပြီးတည်းက အခြေခံကောင်းကောင်းရခဲ့လို့ အတန်းထဲမှာ လူရာဝင်ခဲ့ပါတယ်။
Microsoft PowerPoint နဲ့ Excel, Word တို့ကို ကောင်းကောင်းချိတ်ဆက် သုံးနိုင်ခဲ့လို ကျောင်းခန်းထဲက တင်ဆက်မှုတွေမှာ တော်တော်အဆင်ပြေခဲ့ပါတယ်။
လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးပါသည်။
🔸 ဘယ်လိုဆက်သွယ်ရမလဲ 😢⁉
📱09774929510
📱09263681428
📱09799138318
Or Page messanger🗯
`` သင့်အတွက်၊ အားလုံးအတွက်၊ New Chance´´
29/12/2020
ခုလို ရှည်လျားတဲ့ကာလမှာ ကွန်ပျူတာပညာရပ်ကို ဆက်လက်သင်ကြားနိုင်ဖို့.....!
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ခုချိန်မှာတော့ အားလုံး စောင့်မျှော်နေကြတဲ့ Computer Basic online သင်တန်း(Batch 1) ကို စတင်ဖွင့်ပေးလိုက်ပါပြီခင်ဗျာ...
သင်တန်းအပ်လက်ခံမည့်ရက်
Dec 29 - Jan 9 အထိ
သင်တန်းကြေး ပုံမှန် 60000
ယခု Batch 1(Online)တန်းခွဲအတွက် အထူး Discount အနေဖြင့်
1. Tutorial Training 15000 ks
2. Live Room Training 25000ks
သာကျသင့်မှာမို့ အခုပဲ အပ်လိုက်ကြတော့နော်...
သင်တန်းစမည့်ရက်
Jan 10, 2020
သင်ကြားပေးမည့်သင်ခန်းစာများ
1. ကွန်ပျူတာမိတ်ဆက်
2. ကွန်ပျူတာမှာ ပါဝင်သည့် အစိတ်အပိုင်းများ
3. အခြေခံသိထားရမည့် Concept များ
4. Microsoft Word
5. Miocrsoft Excel
6. Microsoft PowerPoint
7. General Knowledge
8. ကွန်ပျူတာ error များအကြောင်း
စတဲ့ course များကို အခြေခံမှစပြီး Advanced အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်...
(ပဲခူးမြို့အတွင်းမှ သင်တန်းသားများအတွက် သင်ခန်းစာများပြီးဆုံးတဲ့အခါ အိမ်တိုင်ရာရောက် revision ပြန်ပေးသွားမှာပါ)
ဒီအခွင့်အရေးကို လက်လွတ်မခံရအောင် အခုပဲ သင်တန်းအပ်လိုက်တော့နော်.....
👇👇👇👇👇
m.me/nc.computer.training/
(Or)
☎ 09799138318, ☎09263681428
သင်တန်းကြေးပေးချေရန်အတွက် Wavemoney, KBZPay, AYA Bank, CB Bank, Yoma Bank, MAB Bank paymet များဖြင့် မည်သည့် payment ဖြင့် မဆိုပေးချေနိုင်ပါတယ်...
"သင့်အတွက် အားလုံးအတွက် New Chance"
တော်တော်များများဒီအခက်အခဲလေးကိုကြုံကြမယ်ထင်ပါတယ်
©©©©©©©©©©©®®®®®®®
အဲ့တာကဘာလဲဆိုတော့ ကျနော်တို့ Printer တစ်လုံးကိုဝယ်လိုက်ပြီပဲ ဖြစ်ဖြစ် အခုမှစသုံးတာပဲဖြစ်ဖြစ် Printer တစ်လုံးကိုယ့်ရှေ့ရောက်လာပြီဆိုတာနဲ့ Print ထုတ်ချင်တယ် ထုတ်ဖို့အတွက် ကွန်ပျူတာနဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကို Printer နဲ့မရင်းနှီးတဲ့ ကျနော်တို့တွေအတွက် ခေါင်းစားရပါတယ် ဘယ်လိုစားလဲဆိုရင် ဘယ် Printer ပဲဖြစ်ဖြစ် ဟုတ်ပြီ သူ့မှာ ကြိုး(2)ကြိုးပါလာမယ်
1. Printer Power ကြိုး
2. Printer Data ကြိုး
(1) Power ကြိုးက Printer ကို Power ပေးဖို့အတွက် Printer မှာထိုးထားရမယ် (ဒါမှ သူအလုပ်လုပ်နိုင်မယ်)
(2) Data ကြိုးကတော့ ကွန်ပျူတာနဲ့ Printer ကြားမှာ အချိတ်ဆက်မိဖို့ Data transfer ဖြစ်ဖို့အတွက် ကွန်ပျူတာရဲ့ USB port မှာ တပ်ထားရမယ်ဆိုတာ ဒါကျနော်တို့သိပြီးသားပေါ့နော် ဒါမယ့် အဓိကပြသနာက ကြိုးတွေလဲ စုံအောင်တပ်ထားပြီးပီ Print ကထုတ်မရသေးဘူး ဘာကြောင့်လဲဆိုတော့ Data ကြိုးသာတပ်ထားတာ ကွန်ပျူတာက ကိုယ့် Printer ကိုမသိသေးဘူး
ဘာလို့မသိတာလဲဆိုတော့ Printer ရဲ့ driver မထည့်ရသေးလို့ပါ driver က ဘာလဲဆိုရင် ကွန်ပျူတာနဲ့ printer ကြားမှာ အချိတ်အဆက်မိဖို့အတွက်ထည့်သွင်းအသုံးပြုရခြင်းဖြစ်ပါတယ် driver သာ မသွင်းထားရင် ကွန်ပျူတာကလဲ Printer ကိုသိမှာမဟုတ်သလို Printer ကလဲ ကွန်ပျူတာကို သိမှာမဟုတ်ပါဘူး ဆိုလိုတာက Driver ဆိုတာက Printer နဲ့ ကွန်ပျူတာချိတ်ဖို့အတွက်သာမက တစ်ခြား အစိတ်အပိုင်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖို့အတွက်လဲ သုံးရခြင်းဖြစ်ပါတယ် (ဘာသာစကားလိုမျိုးပေါ့) စာတွေနည်းနည်းရှည်သွားတယ်ဗျ 😁
အတိုချုပ်ပြောရရင် ကျနော်တို့ ကွန်ပျူတာမှာ Printer ချိတ်ဆက်ဖို့အတွက်
ကြိုးတွေတပ်ပြီးရုံနဲ့မပြီးသေး driver ဆိုတာလေး ထည့်သွင်းပြီးမှ အသုံးပြုလို့ရမှာပါ
အခုလိုရင်းလေး ဆက်သွားပါ့မယ် 😁 အောက်က video ထဲမှာ ဘာတွေပါလဲဆိုရင် -
( Printer & Scanner driver ထည့်သွင်းနည်း
( Printer Scanner အသုံးပြုနည်း တို့ဖြစ်ပါတယ်
: အခုVideo ထဲမှာပါတဲ့ Printer က Epson Printer ပါ တစ်ခြား Printer ဆိုလဲ ဒီ Video ထဲအတိုင်းလုပ်ကြည့်လိုက်ပါဗျ
#မသိသေးသောသူများအတွက်ရည်ရွယ်ပြီး
#အားလုံးအဆင်ပြေကြပါစေ
#ကျန်းမာရေးလဲအထူးဂရုစိုက်ကြပါဗျ
🔆 နောက်ထပ် tutorial လေးတွေ ထပ်ပြီးတင်ပေးသွားမှာမို့လို့ ခု post အောက်မှာ ဘယ်အကြောင်းအရာလေးတွေ တင်စေချင်လဲဆိုတာ comment လေးပေးသွားဦးနော်🔆
🖥မိမိတို့၏ Computer များ ဘယ်လို Error ပဲ ကြုံကြုံ
နည်းပညာအခက်အခဲများရှိပါက သိလိုသည့်အကြောင်းရာများကို New Chance Page Messenger ကနေတစ်ဆင့် အချိန်မရွေး မေးမြန်နိုင်ပါတယ်ခင်ဗျ 🖥
ကွန်ပျူတာကို စတင်လေ့လာနေသူများအတွက်
©©©©©©©©©©©©©©©©
မိမိတို့ computer ကို သွက်လတ်မြန်ဆန်ပြီး ပေါ့ပါးအောင်ဘယ်လိုလုပ်ကြမလဲဆိုတာလေးကို video လေး create လုပ်ပေးထားပါတယ်
ဤနည်းလမ်းများအတိုင်း တစ်နေ့တစ်ကြိမ်ပုံမှန်လုပ်သွားမယ်ဆိုရင် ပုံမှန်ထက်၊ အရင်ကထက်တော့ပေါ့သွားပါလိမ့်မယ် သုံးရတာလဲပိုပြီး အဆင်ပြေသွားပါလိမ့်မယ်
#အားလုံးအဆင်ပြေကြပါစေ
#ကျန်းမာရေးလဲဂရုစိုက်ကြပါ
🔆 နောက်ထပ် tutorial လေးတွေ ထပ်ပြီးတင်ပေးသွားမှာမို့လို့ ခု post အောက်မှာ ဘယ်အကြောင်းအရာလေးတွေ တင်စေချင်လဲဆိုတာ comment လေးဝင်ရေးပေးသွားဦးနော်🔆
🖥မိမိတို့၏ Computer များ ဘယ်လို Error ပဲ ကြုံကြုံ
နည်းပညာအခက်အခဲများရှိပါက သိလိုသည့်အကြောင်းရာများကို New Chance Page Messenger ကနေတစ်ဆင့် အချိန်မရွေး မေးမြန်နိုင်ပါတယ်ခင်ဗျ 🖥
Wi-Fi Password ပြောင်းနည် & Block နည်း
****************************************
အခုနောက်ပိုင်း တော်တော်များများက အမျိုးအမျိုးသော ISP(internet services provider)တွေဆီက fiber internet service တွေကို ဝယ်သုံးလာကြပါတယ်
အဲ့ဒီမှာမှ ကျနော်တို့ User တွေအနေနဲ့ နည်းပညာအခက်အခဲများလဲရှိတာကိုတွေ့ရပါတယ် တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ ISP ကိုဖုန်းဆက်တယ် ISP တွေကလဲ သူတို့တတ်နိုင်သမျှဖြေရှင်းပေးကြတယ် ဒါမယ့် ကြားထဲမှာ မကုန်သင့်ပဲ အချိန်တွေကုန်တယ်ပေါ့နော်
အဲ့တော့ ကျနော်တို့ User တွေအနေနဲ့ ကိုယ်သုံးနေတဲ့ device အကြောင်းကို လက်လှမ်းမှီသလောက်လေ့လာထားမယ်, သိထားမယ်ဆိုရင် တစ်ချို့ Error လေးတွေဆို ISP ကိုဖုန်းဆက်စရာလဲမလိုတော့ပါဘူး အချိန်လဲမကုန်တော့ဘူးပေါ့
အဲ့ဒီအခက်အခဲများထဲကမှ အဖြစ်များဆုံးသော -fi Password ဘယ်လိုပြောင်းရမလဲဆိုတာရယ် ကျနော်တို့ User တွေ တော်တော်များများမသိသေးတဲ့ #ကိုယ်အသုံးမပြုစေချင်တဲ့သူတွေကို block နည်းလေးရယ် အဲ့ဒီအခက်အခဲလေးနှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ
#ကျနော်သုံးနေတဲ့_ISP_ကတော့_Mytel ဖြစ်ပါတယ်
ISP တစ်ခုနဲ့တစ်ခု မတူညီသည့်အတွက် Device ကလဲ တူမှာမဟုတ်ပါဘူး (ISP-Mytel, 5BB, MBT, Myanmar Net. etc. .)
#အခု video လေးသည် Mytel ISP ကို အသုံးပြုသူများအတွက်ပိုပြီး အသုံးဝင်ပါလိမ့်မယ်ဗျ
#နည်းပညာအခက်အခဲရှိသူများအတွက်_knowledge sharing_ဖြစ်ပါတယ် အားလုံးအဆင်ပြေကြပါစေ
Computer ကို စတင်လေ့လာနေသူများအတွက်
********************************************
ဖျက်မိသွားတဲ့ file တွေကို ပြန်ဆယ်နည်း
ပြန်ဆယ်လို့မရအောင် ဖျက်နည်းလေးကို မျှဝေပေးသွား မှာဖြစ်ပါတယ်
#အားလုံးအဆင်ပြေကြပါစေ
#ကျန်းမာရေးလဲဂရုစိုက်ကြပါ
🔆 နောက်ထပ် tutorial လေးတွေ ထပ်ပြီးတင်ပေးသွားမှာမို့လို့ ခု post အောက်မှာ ဘယ်အကြောင်းအရာလေးတွေ တင်စေချင်လဲဆိုတာ comment လေးဝင်ရေးပေးပါဦးနော်🔆
🖥မိမိတို့၏ Computer များ ဘယ်လို Error ပဲ ကြုံကြုံ
နည်းပညာအခက်အခဲများရှိပါက သိလိုသည့်အကြောင်းရာများကို New Chance Page Messenger ကနေတစ်ဆင့် အချိန်မရွေး မေးမြန်နိုင်ပါတယ်ခင်ဗျ 🖥
မင်္ဂလာပါ
*************
ယခုအချိန်မှာ ကျွန်ဝောာ်တို့အားလုံး Covid-19 ရောဂါဆိုး ကပ်ဘေးနဲ့ ကြုံတွေ့နေကြပါတယ် ဒီအချိန်မှာ ကျွန်တော်တို့ကြောက်နေမယ်ဆိုရင် ဒီရောဂါဆိုးကြီးက အနိုင်ယူသွားပါလိမ့်မယ် အဲ့တော့ ကျွန်တော်တို့အားလုံး
- မကြာခဏလက်ဆေးခြင်း
- Face Mask ကိုအမြဲတပ်ဆင်ခြင်း
- အတတ်နိုင်ဆုံး လူစုလူဝေးတွေကို ရှောင်ခြင်း
- အစိုးရကထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းများ
ဒီအချက်တွေအားလုံးကို ကျွန်တော်တို့တစ်ယောက်ချင်းစီက စနစ်တကျ လိုက်နာကျင့်သုံးမယ်ဆိုရင် ဒီ ငဗစ်ကြီး မကလို့ ဘာကောင်ကြီးပဲ လာလာ ကျွန်တော်တို့အေးဆေး တိုက်ထုတ်နိုင်ပါတယ်💪
"ကဲ ဒါဆိုရင် ကျွန်တော်တို့အားလုံး ခုချိန်ကစပြီးတော့ Covid-19 ကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် စည်းကမ်းများနှင့်အညီ နေထိုင်ကြစို့ဗျာ....."💪
#ကွန်ပျူတာပိုင်းနဲ့ပတ်သတ်လို့ မိမိတို့သိလိုသည့်အကြောင်းအရာများကိုလဲ Page Messenger ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်
#စေတနာများစွာဖြင့်
Click here to claim your Sponsored Listing.
Contact the business
Website
Address
7/193, 1st Street, 3 Quarter, Oaktharmyothit
Bago
6101
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |