Language Zone-Bago
ဂျပန်ဘာသာ ကိုရီးယားဘာသာ တို့အားသက်? Japanese language,Korea language, Chinese language English4skills,IELTS
29/07/2022
လက်ရှိအလုပ်လုပ်နေရင်း_သင့်မျှော်လင့်ချက်ဖြည့်ဆည်းနိုင်မယ့် #ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်လိုသူများအတွက်_Japanese class (Sunday only)31.7.22တန်းခွဲသစ်စပါမည်🥰
(9:30Am>>3:00Pm)
🧑💻ဂျပန်စာအခြေခံမှစပြီး Level တစ်ခုချင်းစီတိုင်းကို JLPTစာမေးပွဲဖြေဆိုအောင်မြင်ရုံသာမက ယဉ်ကျေးမှုပုံစံ၊လုပ်ငန်းခွင်မှာ စကားပြောနိုင်ဖို့အထိရည်ရွယ်ပြီးသင်ကြားပေးပီး N4အထိ သင်ယူတက်မြောက်အောင်မြင်သူများကို ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နိုင်ရန် တရားဝင်လိုင်စင်ရအေဂျင်စီများနှင့် လည်းချိတ်ဆက်ကူညီပေးပါသည် ။
🧑💻ဂျပန်စာN5, N4 အတန်းများကို Online class နှင့် Day class၊ ရုံးချိန်လွတ် Sunday_Only တန်းခွဲများကိုလည်းဖွင့်ပေးထါးပါတယ်နော်
(နယ်ဝေး ကျောင်းသား၊ကျောင်းသူများကို အဆောင်စီစဥ်ပေးပါမည်။ )
🧑💻အဆင်ပြေသင်ယူနိုင်စေသော သင်တန်းကြေး+အထူးDiscountများနှင့်အတူသင့်ကြိုးစားမှုအပေါ်မူတည်ပီးတာဝန်ခံမှုများဖြင့် မျှဝေပေးလိုပါသည် 💯
#နှစ်ဦးမှအထက်_အတူတွဲအပ်ရင်>>တဦးစီ15%Discount
+N4 အစတခါတည်းပေါင်းအပ်လျှင်15%Discountထါးပေးခြင်း
& Sunday only classတို့ကို #သင်တန်းကြေး2ခါခွဲသွင်းနိုင်ရန်စီစဉ်ပေးထားခြင်း❤️
သင်တန်းသားဦးရေသတ်မှတ်ထားသောကြောင့်အမြန်ဆုံးအပ်နှံနိုင်မှအဆင်ပြေမယ်နော်🥰
Page messenger (or) 📱09967518239 (Viber) ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ⭐
ကိုယ်တိုင်လာရောက်စုံစမ်းအပ်နှံလိုသူများ>> [SKY Business Institute🏆] (778)မှော်ကန်-၅လမ်း၊ပဲခူးမြို့ သို့လါရောက်အပ်နှံနိုင်ပါသည်🥰
25/06/2022
သင့်အိမ်မက်အနာဂတ်တွေသာယာလှပစေရန်_ခိုင်မာသောအလုပ်အကိုင်ရရှိစေဖို့💯
🧑💻ပြည်တွင်းဂျပန်ကုမ္ပဏီများတွင်လစာကောင်းကောင်းလုပ်ချင်သူများ၊ဂျပန်နိုင်ငံသို့ပညာတော်သင်၊အလုပ်လုပ်လိုသူများ_မည်သူမဆိုလေ့လာသင်ယူလို့ ရပါတယ်ခင်ဗျာ ။
🧑💻ဂျပန်စာအခြေခံမှစပြီး Level တစ်ခုချင်းစီတိုင်းကို JLPTစာမေးပွဲဖြေဆိုအောင်မြင်ရုံသာမက လုပ်ငန်းခွင်မှာ စကားပြောနိုင်ဖို့ရန် ရည်ရွယ်ပြီးသင်ကြားပေးပီး N4အထိ သင်ယူတက်မြောက်အောင်မြင်သူများကို ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နိုင်ရန် တရားဝင်လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ကူညီပေးပါသည် ။
🧑💻ဂျပန်စာN5, N4 အတန်းများကိုရန်ကုန်မြို့မှဂျပန်စာသင်ကြားရေးအတွေ့အကြုံရှိသောဆရာ/ဆရာမများမှ ဦးစီးသင်ကြားပေးမှာဖြစ်ပီး Online class နှင့် Offine class ၊ရုံးချိန်လွတ် Sunday_Only တန်းခွဲများကိုလည်းဖွင့်ပေးထါးပါတယ်နော်
သင်တန်းစတင်ဖွင့်လှစ်မယ့်ရက်>>9.7.22
Online class
N5-70000k
N4-100000k
Off line Class
N5-130000k
N4-150000k
Regular class>>Monday-Thusday (1Day_3hrs)
Sunday Only class
[Off_line classသင်တန်းသားများအတွက်အထူးDiscount]
7.7.22အတွင်းအပ်နှံသူတိုင်း 10%Discount
7.7.22အတွင်း2ဦးအတူအပ်နှံပါက_တဦးဆီ 15%Discount
(Kpay,Wave,KBZ Bank Acc တို့ဖြင့်လည်းသင်တန်းအပ်နှံနိုင်ပါသည်)
#အထိရောက်ဆုံးသင်ကြားပေးနိုင်ရန် တန်းခွဲတခု_7ယောက်သာသင်ပါမည်💯🏆
Language-Zone Bago🌎 (Page messenger) (or) 📱09967518239 , 09955323826 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ⭐
ကိုယ်တိုင်လာရောက်စုံစမ်းလိုသူများ>>(778)မှော်ကန်-၅လမ်း၊ပဲခူးမြို့ [SKY Businessသင်တန်းကျောင်း] သို့လါရောက်စုံစမ်းအပ်နှံနိုင်ပါသည်🏆
20/06/2022
မင်္ဂလာပါခင်ဗျာ 🙏🙏🙏
🍀သင်နှင့်သင့်မိသားစုဘဝအနာဂါတ်သာယာလှပစေရန်_ခိုင်မာသောအလုပ်အကိုင်ရရှိစေဖို့💯
🍀ပဲခူးမြို့ နဲ့ အနီးအနားမြို့နယ်၊ကျေးရွာများမှ
ဂျပန်ဘာသာစကားနှင့် ဂျပန်အလုပ်အကိုင်အခွင့်အလမ်းများစိတ်ဝင်စားသူများ၊ဂျပန်နိုင်ငံသို့ပညာတော်သင်သွားချင်သူများ_မည်သူမဆိုလေ့လာသင်ယူလို့ ရပါတယ်ခင်ဗျာ ။
🍀ဂျပန်စာအခြေခံမှစပြီး Level တစ်ခုချင်းစီတိုင်းကို JLPTစာမေးပွဲဖြေဆိုအောင်မြင်ရုံသာမက လုပ်ငန်းခွင်မှာ စကားပြောနိုင်ဖို့ရန် ရည်ရွယ်ပြီးသင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ ။
🍀N4 Level အထိ သင်ယူတက်မြောက်ပြီးသူများကိုလဲ
ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်နိုင်ရန် တရားဝင်
လိုင်စင်ရအေဂျင်စီများနှင့်အလုပ်အကိုင်များ ချိတ်ဆက်ကူညီပေးပါတယ်နော် ။
#ဂျပန်စာ Level 4 Level5 အတန်းများကို Online class နှင့် Offine class နှစ်ခုစလုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ် ခင်ဗျာ ။
ရုံးချိန်လွတ် Sunday သီးသန့် တန်းခွဲများကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်၍ တတ်ရောက်နိူင်ပါတယ်ခင်ဗျာ။
(နယ်ဝေး ကျောင်းသား ကျောင်းသူများကိုလဲ အဆောင်စီစဥ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ )
🍀ရန်ကုန်မြို့မှဂျပန်စာသင်ကြားရေးအတွေ့အကြုံရှိသောဆရာ/ဆရာမများမှ ဦးစီးသင်ကြားပေးမှာဖြစ်ပီး Homework, Assignmentများဖြင့် ဂရုတစိုက်စီစဉ်သင်ကြားပေးပါသည်🏆
🍀IELTS (Online class), Chinese HSK Level (Online class)နှင့် Korea EPS (Online class)များလည်း ဖွင့်လှစ်သင်ကြားနေပါပီခင်ဗျာ🏆
#အသေးစိတ်သိရှိလိုပါက Language Zone Bago Page messenger (or) 09967518239 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ⭐
ကိုယ်တိုင်လာရောက်စုံစမ်းလိုသူများ>>Language-Zone Bago
(SKY Businessသင်တန်းကျောင်း)အမှတ်_778မှော်ကန်-၅လမ်း၊ပဲခူးမြို့ သို့လါရောက်စုံစမ်းအပ်နှံနိုင်ပါသည်🏆
🍀စီးပွားရေးကျပ်တည်းနေတဲ့အချိန်အခါတခုဖြစ်နေချိန်မှာ_အဆင်ပြေသင်ယူနိုင်စေသော သင်တန်းကြေးများဖြင့် မျှဝေပေးလိုပါသည် 💯
ကျွန်တော်တို့. Language Zone _Bago ထံသို့ ဘာသာရပ်များ ကို စိတ်ဝင်စားဆက်သွယ်သူတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
ဝေါဟာရလေးများ
1. わかった - သိပြီ
2. いやだ - မကြိုက်ဘူး။ မလုပ်ပါနဲ့
3. いいよ - ရတယ်လေ
4. なんで - ဘာကြောင့်
5. どうして - ဘာဖြစ်လို့
6. どこ - ဘယ်ကိုလဲ
7. なに - ဘာလဲ
8. なんて いったの - ဘာပြောတာလဲ
9. なに いってるの - ဘာတွေပြောနေတာလဲ
10. どういうこと- ဘာအဓိပ်ပါယျလဲ။ ဘာကိုဆိုလိုတာလဲ။
11. とんでもない -ဝေလာဝေး။ ကြံကြီးစီရာ။ ဖြစ်စရာလား။
12. おもしろい - စိတ်ဝင်စားစရာကောင်းတယ်။
13. すごいね - အံ့သြချီးမွမ်းစရာကောင်းလိုက်တာ
14. かんぺきだ - Perfect!
15. ちがうよ - မဟုတ်ဘူး။ မှားတယ်လေ
16. まちがえた - မှားသွားပြီ
17. まちがえてる - မှားနေတယ်
18. あきらめないで - လက်မလျှော့ပါနဲ့
19. たいせつだよ - အရေးကြီးတယ်လေ
20. おめでとう - ဂုဏ်ပြုပါတယ်
21. よろしくね - တွေ့ရတာဝမ်းသာပါတယ်နော်
22. わぁ - Wow
23. かっこいい - ခန့်ချောကြီးပဲ
24. かなしい - စိတ်မကောင်းဘူး။ ဝမ်းနည်းတယ်။
25. いたい - နာတယ်
26. うれしい - ဝမ်းသာတယ်။
27. びっくり - လန့်သွားတာပဲ
28. しってる - သိလား
29. しらない - မသိဘူး
30. しってるよ - သိတယ်လေ
31. あつい - ပူလိုက်တာ။ အိုက်လိုက်တာ။
32. さむい - ချမ်းတယ်
33. むしあつい - အိုက်စပ်စပ်ကြီး
34. かわいい - ချစ်စရာလေး။ ချစ်ဖို့ကောင်းလိုက်တာ။
35. かわいそう - သနားစရာကောင်းလိုက်တာ
36. うらやましい - အားကျနေတာလား
37. わらえる - ရယ်တာလား။ လှောင်တာလား။
38. だれこれ - ဒါ ဘယ်သူလဲ
39. あなたってだれ - မင်းဘယ်သူလဲ
40. いいね - ကောင်းသားပဲ
41. うまくいったね - (လုပ်စရာတွေ)အဆင်ပြေပြေဖြစ်သွားတယ်နော်
42. こんど がんばれ - ဒီတစ်ကြိမ် ကြိုးစားပါ
43. きをつけてね - သတိထားနော်
44. うそでしょ - နောက်နေတာမဟုတ်လား
45. まじ -အတည်ကြီးလား
46. どうする - ဘယ်လိုလုပ်မလဲ
47. もう きめた- ဆုံးဖြတ်ပြီးပြီလား
48. そう おもったよ -အဲ့လို ထင်တယ်လေ
49. また かんがえよ - ထပ်စဉ်းစားဦးလေ
50. また かんがえるよ - ထပ်စဉ်းစားမယ်လေ
25/05/2022
ယနေ့ မှာတော့ ကာမာကူရ ဘုရားကြီး ဖူးမျှော်ပြီး
ရည်မှန်းချက် အိမ်မက်တွေ အမြန်ဆုံး ပြည့်ဝပါစေ
25/05/2022
ဂျပန်နိုင်ငံရောက်တဲ့အခါ သိသင့်တဲ့ ဂျပန်လူမျိုးတို့ရဲ့ ရိုးရှင်းတဲ့ အခြေခံယဥ်ကျေးမှုတွေကိုသိရှိသလောက် အနည်းငယ်ဝေမျှပေးပါရစေနော်။
📌လုပ်ဖော်ကိုင်ဖက်များနှင့် အရက်သောက်တဲ့ပါတီပွဲ၊ညစာ၊စားပွဲတွေမှာ အရက်ငှဲ့၍ လောင်းထည့်ပေးတာနှင့် မိမိသောက်မယ့် အရက်ခွက်အချိုရည်ကို လောင်းခွင့်ပေးရတာကလည်း ဂျပန်တို့ရဲ့ ယဥ်ကျေးမှုတစ်ခုပါပဲ။
📌ဦးတည်ရာနေရာ သို့မဟုတ် လူအများကို ညွှန်ပြတဲ့အခါ လက်ချောင်းများကို အသုံးပြုပြီးညွှန်ပြခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ စားလက်စတူချောင်းတို့နှင့်ညွှန်ပြခြင်းကို ဂျပန်လူမျိုးတို့က မကြိုက်နှစ်သက်ကြပါ။
📌စက်လှေကားများတွင် မတ်တပ်ရပ်ပြီးစီးတဲ့အခါ ဘေးကပ်ပြီး အရှေ့လူများ ဘယ်ဘက်(သို့မဟုတ်)ညာဘက် ကပ်လားဆိုတာကိုကြည့်ပြီး ရပ်ပေးခြင်းကလည်း ယဥ်ကျေးမှုတစ်ခုပါပဲ။ ဒါမှအလျင်လိုသူများအတွက် တက်ရ၊ဆင်းရလွယ်မှာဖြစ်လို့ပါ။
📌ရထားစီးတဲ့အခါ ဆူညံနေတဲ့ခရီးသည်များဟာစိတ်အနှောက်အယှက်ပေးသူများလို့လည်း ဂျပန်လူမျိုးတို့ ထင်မှတ်ကြပါတယ်။ ရထားပေါ်မှ အများစုလူတွေက မိမိတို့လိုရာခရီးမရောက်ခင် စာဖတ်ခြင်း၊ အနားယူခြင်း၊ အတွေးမြင်များကိုတွေးတောနေတက်ကြတဲ့အခါ ဆူညံခြင်းကလည်းစိတ်အနှောက်အယှက်ပေးခြင်းတစ်မျိုးပဲလေ။
📌လူအများကြားတွင် အကာကွယ်မလုပ်ပဲနှာချေခြင်း တို့ကိုလည်းရှောင်ကြဥ်ရမယ့်အချက်ထဲမှာပါ ပါတယ်။
📌အများသူငှာ ရေချိုးကန်၊ရေပူစမ်းများတွင် ဆပ်ပြာဖြင့်ခေါင်းမှခြေဖျားအထိသီးသန့်ရေချိုးခန်းများတွင်ရေချိုးသန့်စင်ပြီးမှ အများသုံးရေချိုးကန်ထဲသို့ဝင်ကြပါတယ်။ဒီအတိုင်းဘာမှမပြုလုပ်ဘဲ အများသုံးကန်ထဲသို့ တန်းဝင်ခြင်းကိုလည်းမနှစ်မြိုကြပါ။
📌Tatamiဟုလူသိများသော ရိုးရာဂျပ်ထည်ကြမ်းခင်းများကို နင်းသည့်အခါ ဖိနပ်ချွတ်၍ ခြေအိတ်ဖြင့် လျှောက်ခြင်းကလည်း ယဥ်ကျေးမှု တစ်ခုပါပဲ။ Tatami ကြမ်းခင်းအချို့ကို ဂျပန်စတိုင် တည်ခိုခန်းများ၊ရိုးရာစားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များတွင်တွေ့ရှိနိုင်ပါတယ်။
📌လူစည်ကားသောနေရာအချို့တွင် လမ်းလျောက်ရင်းဆေးလိပ်သောက်ခြင်းတို့ကိုလည်းမနှစ်မြိုကြပါ။ ဂျပန်နိုင်ငံရဲ့နေရာအများစုတွင် လမ်းလျှောက်ပြီးဆေးလိပ်သောက်ခြင်းကိုတားမြစ်ထားကြပါတယ်။ တစုံတယောက်မျက်နှာပေါ် ဆေးလိပ်များဖြန်းလိုက်သလိုဖြစ်တဲ့အခါ ရိုင်းစိုင်းတယ်ဟုဂျပန်လူမျိုးတို့ထင်မှတ်ကြပါတယ်။
📌ဂျပန်လူမျိုးအများစုက လမ်းလျှောက်ပြီးအစားအသောက်စားခြင်းကိုလည်းမကြိုက်နှစ်သက်ကြပါ။ ထိုင်ဖို့နေရာတစ်နေရာရှာခြင်း(သို့မဟုတ်) လမ်းဘေးတစ်နေရာတွင်ရပ်ပြီး အစားသောက်များကိုသုံးဆောင်တက်ကြပါတယ်။
📌အမှိုက်စွန့်ပစ်သည်နေရာတွင်လည်းဂျပန်လူမျိုးတို့သည် အင်မတန်စည်းကမ်းကြီးကြပါတယ်။ အမှိုက်များကိုတွေ့ရာနေရာမှာလွှစ်ပစ်ခြင်းကိုလည်းရှောင်ကြဥ်ပြီး သတ်မှတ်ထားသောနေရာများတွင် သတ်မှတ်ထားသည့်ပုံစံအတိုင်းအမှိုက်များကိုစွန့်ပစ်ပေးရပါမယ်။
ဒါတွေကတော့ဂျပန်လူမျိုးတို့ရဲ့အခြေခံယဥ်ကျေးမှုများအကြောင်းကိုသိရှိသလောက်ဝေမျှပေးလိုက်ပါတယ်နော်။ နောက်အပတ်တွေမှာလည်း ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ ရိုးရာယဥ်ကျေးမှု ဓလေ့စရိုက်များကိုလည်းသိရှိသလောက်ဝေမျှပေးသွားပါဦးမယ်။
14/05/2022
ဂျပန်နိုင်ငံမှာရှိတဲ့ ရာသီဥတု အမျိုးအစားများကို ဗဟုသုတအနေနဲ့ ကျောင်းသား၊ကျောင်းသူများကိုပြောပြပေးချင်ပါတယ်။
ဂျပန်နိုင်ငံမှာကတော့တစ်နှစ်ကို ရာသီဥတု (4)မျိုးရှိပါတယ်။ နွေဦး ရာသီ၊ နွေ ရာသီ၊ ဆောင်းဦး ရာသီ နှင့် ဆောင်း ရာသီ ရယ်လို့ရှိကြပါတယ်။
ရာသီဥတုတွေရဲ့ ကာလအပိုင်းခြားတွေကတော့...
😍 March လမှ Mayလက နွေဦး ရာသီဖြစ်ပါတယ်။
June😍 လမှ August လထိကတော့ နွေ ရာသီဖြစ်ပါတယ်။
Septemberလမှ😍 November လအထိကတော့ဆောင်းဦး ရာသီဖြစ်ပြီး
December😍 လမှ February လ အထိကတော့ ဆောင်း ရာသီဖြစ်ပါတယ်။
ကျောင်းသား၊ကျောင်းသူတို့လည်း ဂျပန်နိုင်ငံသို့ ရောက်မယ့်အချိန်ကို သိတဲ့အခါ ကိုယ်ရောက်ရှိမယ့် ဂျပန်နိုင်ငံရဲ့ ရာသီဥတုကိုကြိုတင်တွက်ဆပြီး ဘာတွေဝတ်ဆင် သွားရမလဲဆိုတာကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ သဘာဝရာသီဥတုအလှအပ ဓါတ်ပုံများကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်😇😊🤗
08/02/2022
တိကျမှန်ကန်သောအလုပ်အေဂျင်စီများနှင့် မချိတ်ဆက်မိမှာ စိုးရိမ်နေလားး✈️ ?
Level တူချင်းကို အင်တာဗျုးဘာလို့မပါတာလဲ🤔?
ကိုယ့်ဘက်မှာသာ ပြည့်ဝတဲ့အရည်အချင်းများရှိဖို့ပဲလိုအပ်ပါတယ်💯
JLPT Examကို Skillအမြင့်ဆုံးဖြင့်အောင်မြင်သည်အထိ တာဝန်ယူ+တာဝန်ခံပီးသင်ကြားပေးပီးအလုပ်အကိုင်များဆက်သွယ်ပေးနိုင်မယ်ဆိုရင်🥰အမြန်ဆုံးလှမ်းလါဖို့တော့လိုမယ်နော်( #ထူးချွန်အောင်မြင်နိုင်ဖို့ဂရုစိုက်သင်ကြားပေးဖို့သင်တန်းသားဦးရေကန့်သတ်ထါးပါတယ်)
Teaching Skill experienceရှိ အောင်မြင်စေဖို့တာဝန်ခံနိုင်သောTrainerများမှ သင့်အားကြိုဆိုနေပါတယ်🌹
သင်တန်းမှတာဝန်ယူမှု+တာဝန်ခံမှုများပေးထါးလို့>>သင်တန်းကြေးများမယ်ထင်နေလါး🙄
(Basic+4Skill+Test_book+Kanji+Old Q)
N5 level class
Online Class fee_70000k
Day Class fee_120000k
(Day Class) Discountအနေဖြင့်သင်တန်းသား2ဦးအတူတွဲအပ်နှံပါကတဦးစီ တသိန်းကျပ်သာပေးသွင်းအပ်နှံနိုင်ပါသည်✅
(ရပ်ဝေးကျောင်းသား+သူများအတွက် စည်ကမ်းရှိသောအဆောင်စီစဉ်ပေးထားပါသည်)
N4 level class
Online class fee_80000k
Day Class fee_130000k
(Day Class) Discountအနေဖြင့်သင်တန်းသား2ဦးအတူတွဲအပ်နှံပါကတဦးစီ 110000ကျပ်သာပေးသွင်းအပ်နှံနိုင်ပါသည်✅
အနီးကပ်သင်ယူရမည့်အပြင် Home work, Assignment များဖြင့်တပတ်တခါSkillများလည်းစစ်ဆေးပေးလို့ စာမလုပ်ဖြစ်မှာမစိုးရိမ်ရတော့ဘူးနော်
JLPT_Examအောင်မြင်ပီး+4 Skillပြည့်စုံနေပီဆိုရင်တော့ Self_Confidenceရှိစွာဖြင့် စိတ်တိုင်းကျ အလုပ်ရွေးချယ်ပီးအင်တာဗျူးဖြေနိုင်ပီပေါ့✈️
(သင့်ဆီမှာသာ Interviewerသဘောကျမယ့်အရာတွေပြည့်စုံနေပါက သင်ကမ္ဘာပတ်ပီးအင်တာဗျုးဖြေလို့ရပီလေ✈️ )
သင်တန်းစတင်ဖွင့်လှစ်ခြင်းအတွက်တာဝန်ခံမှုများနဲ့အတူ သင်တန်းကြေးများကို ပထမဆုံးတန်းခွဲအတွက် အထူးလျှော့ချထါးပါတယ်🥰
စုံစမ်းသင်တန်းအပ်နှံနိုင်ရန်>>Language Zone-Bago
https://www.facebook.com/Language-Zone-Bago-108928435015508/
Page_messenger(or)09764125141 Viber
Day Class>>(778),Hmor Kan_5street,Bago.
("SKY Business Management HR Institute" ပဲခူးမြို့သင်တန်းကျောင်းနေရာ)
07/02/2022
✈️🇯🇵နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊တိုင်းပြည်တစ်ခုနှင့်တစ်ခုယဥ်ကျေးမှု၊ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးစံတွေ မတူညီတဲ့အတွက် အလုပ်တစ်ခုရဖို့ ကြိုးစားတဲ့အခါဘယ်လိုအချက်တွေကို သတိထားသင့်တယ်ဆိုတာ ကိုယ်နေထိုင်တဲ့နိုင်ငံရဲ့ ဓလေ့ထုံးစံအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်၊၊
ဂျပန်နိုင်ငံမှာအလုပ်လုပ်ချင်တဲ့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် ဂျပန်ကုမ္ပဏီတွေရဲ့အလုပ် အင်တာဗျူးတိုင်းမှာ မေးလေ့ရှိတဲ့အချက်(၅)ချက်
အလုပ်အပေါ် မူတည်ပြီး မေးခွန်းအနည်းငယ် ကွာခြားနိုင်ပေမယ့် အောက်မှာ ပြောပြထားတဲ့အချက်တွေကတော့ အင်တာဗျူတိုင်းမှာ မေးလေ့ရှိတဲ့အချက်တွေပဲဖြစ်ပါတယ်၊၊
(1)ကိုယ်ကိုယ် ကိုအရင် မိတ်ဆက်ပေးပါ
အင်တာဗျူးတိုင်းမှာ အရင်ဆုံးမေးလေ့ရှိတဲ့ မေးခွန်းပါ၊၊ သေချာနေတဲ့ မေးခွန်းဖြစ်တဲ့ သေချာပြင်ဆင်ထားဖို့လိုပါတယ်၊၊အင်တာဗျူးမသွားခင်ကတည်းက ကိုယ့်ရဲ့အကြောင်းကို storyတစ်ပုဒ် လို ပြင်ဆင်ထားပြီး အင်တာဗျူးသူ စိတ်၀င်စားမှုရှိအောင်
ဘယ်လိုဖြေမလဲ ဆိုတာ အရေးကြီးပါတယ်၊၊ ၂မိနစ်လောက်အချိန်အတွင်း ကိုယ်ရဲ့ အကြောင်း ကိုပြောပြရမှာ ဖြစ်တဲ့ အတွက် ဟိုးကလေးဘ၀ကနေခုချိန်ထိ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြစရာမလိုပါဘူး၊၊ ကိုယ့်ရဲ့ နာမည် ယခုနေထိုင်ရာ မြို့နယ်၊ ပညာအရည်အ ချင်း၊ ရရှိထားတဲ့လက်မှတ် ၊ကိုယ့် ရဲ့ ၀ါသနာတွေနှင့် လုပ်ငန်းအတွေ့အကြုံရှိတဲ့ သူအနေနဲ့ ကိုယ်ရဲ့ လက်ရှိကုမ္ပဏီနာမည်နဲ့ လုပ်နေတဲ့ အလုပ်ကို အဓိကထားပြီး ပြောဖို့လိုပါတယ်၊၊
(2)ဂျပန်ကို လာရတဲ့ ရည်ရွယ်ချက်
ဘာကြောင့်ဂျပန်ကိုလာတာလဲ၊၊ ဂျပန်လာတဲ့ ရည်ရွယ်ချက်ကို ပြောပါဆိုတာလည်းဂျပန်မှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသာတိုင်းကို မေးလေ့ရှိတဲ့မေးခွန်းပါ၊၊ ဂျပန်လာရတဲ့ရည်ရွယ်ချက်အကြောင်းမေးတဲ့အခါ သတိထားရမယ့် အချက်က ကိုယ့်အကြောင်းမဟုတ်တဲ့ ယေဘူယျကျတဲ့ အချက်တွေ၊ငွေရေးကြေးရေးနှင့်၀င်ငွေတွေ အကြောင်းကိုမပြောမိဖို့ရေးကြီးပါတယ်၊၊မြန်မာကျောင်းသားအများစုကဂျပန်ကိုလာရတဲ့ ရည်ရွယ်ချက် အကြောင်းမေးတဲ့အခါတိုင်းပြည်အေးချမ်းလို့၊လမ်းပမ်းဆက်သွယ်ရေးကောင်းလို့၊စသည်ဖြင့်ယေဘူယျကျတာကိုဘဲဖြေတတ်ကြပါတယ်၊၊ ယေဘုယျအားဖြင့်တော့မှန်တယ်ဆိုပေမယ့်အင်တာဗျူးသူလိုချင်တာကဒီလို အဖြေမျိူးမဟုတ်ပါဘူး၊၊ လုပ်ငန်းရှင်တွေက သင့်ရဲ့ စိတ်နေစိတ်ထား၊ အနာဂါတ် အတွေးအခေါ်၊ သင့်ရဲ့အိမ်မက် ရည်မှန်းချက်တွေအကြောင်းကို သိချင်တာဖြစ်တဲ့အတွက် ဒီလိုမေးခွန်မျိူးမေးတဲ့အခါ ရိုးသားစွာ မိမိအကြောင်းကို အဓိကထားပြီးပြောပြတတ်ဖို့လိုပါတယ်၊၊
(3)ကျောင်းသားဘ၀မှာ ကြိုးစားခဲ့တဲ့ အကြောင်းအရာ
ဒါကလည်း ဂျပန်အလုပ်အင်တာဗျူးမှာမေးလေ့ရှိတဲ့ မေးခွန်းပါ၊၊ ကျောင်းသားဘ၀မှာ ဘာတွေကိုကြိုးစားပြီး လုပ်ခဲ့လဲ၊ ဘယ်လို activities တွေမှာပါ၀င်ခဲ့လဲ ဆိုပြီးမေးတတ်ပါတယ်၊၊ ကိုယ်ကျောင်းသားဘ၀ လုပ်ဖြစ်ခဲ့တဲ့ Projectsအကြောင်းနှင့် အောင်မြင်မှု အကြောင်းတွေကို ပြောပြဖို့လိုပါတယ်။အောင်မြင်မှုလို့ပြောတဲ့အခါအခါ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ဆိုလိုတာမဟုတ်ပါဘူး၊၊လုပ်ငန်းရှင်တွေအများစုက သိချင်တာက သင်ဘယ် လောက် ကြိုးစားချင်စိတ်ရှိလဲ၊ Team work(အဖွဲ့အစည်းနှင့် လုပ်ရတဲ့ အလုပ်)တွေမှာ သင့်ရဲ့ ပူးပေါင်းပါ၀င်နိုင်မှုကို အဓိက သိချင်လို့ဖြစ်ပါတယ်၊၊ ဥပမာ ကျောင်းတဖက်၊ အချိန်ပိုင်းအလုပ်တဖက်နှင့် အရမ်းအလုပ်ရှုပ်နေပေမယ့် ကြိုးစားပြီး JLPT level မြင့်မြင့် အောင်အောင်ဖြေခဲ့တာ ရခဲ့တာတွေ၊ ဗဟုသုတ ရှာခဲ့တာတွေ ရှိပါကပြောတတ်ဖို့လိုပါတယ်၊၊ နောက်ထပ်သိထားရမဲ့အချက်က ဂျပန်ကုမ္ပဏီတွေက Team work နှင့်အလုပ်လုပ်ရတာကို အရမ်းကြိုက်ပါတယ်၊၊ ဒါကြောင့်သင့်ရဲ့ students life style နှင့်ပတ်သတ်ပြီး မေးခွန်းတွေမေးတဲ့အခါ အချိန်အပိုင်းအလုပ် ကြီးပဲလုပ်နေတယ်ဆိုတာထက် ကိုယ်ဘယ်လို အဖွဲ့အစည်းတွေနှင့် ဘယ်လို activities မျိုးတွေမှာ ပါ၀င်လှုပ်ရှားခဲ့တယ်ဆိုတာကို အဓိကထားပြောဖို့လိုပါတယ်၊၊
(4)ဘာကြောင့် ဒီအလုပ်ကိုလုပ်ချင်ရတာလဲ
ဒီမေးခွန်းကတော့ အင်တာဗျူတိုင်းမှာ မေးလေ့ရှိတဲ့ အချက်တစ်ချက်ပါ၊၊ ဘာကြောင့် ဒီအလုပ်ကို လုပ်ချင်ရတာလဲ၊အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက် ရဲ့အရေးကြီးပုံကို နှင့် ပတ်သတ်ပြီး ယခင်အပတ်ကလည်းပြောပြခဲ့ပြီးပါပြီ၊၊ ဒီမေးခွန်းကို ကောင်းမွန်စွာဖြေနိူင်ဖို့အတွက် ကိုယ်လျှောက်မယ့်အလုပ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာတွေကို သေချာလေ့လာထားဖို့ လိုပါတယ်၊၊ ကိုယ်လျှေက်မယ့် ကုမ္ပဏီက ဘာကိုအဓိက ထားပြီးလုပ်နေလဲ၊ ဘယ်လို အရည်အချင်းရှိတဲ့သူတွေကို အလုပ်ခန့်လေ့ရှိလဲ့ စတဲ့ company နှင့်ပတ်သတ်တဲ့ informationတွေကို သေချာလေ့လာထားမယ်ဆိုရင် ဒီမေးခွန်းကို ကောင်းစွာဖြေဆိုနိုင်ပါတယ်၊၊
(5)ဘာကြောင့် မင်းကို အလုပ်ခန့်သင့်သလဲ။
ဒီအချက်က အရမ်းကိုရေးကြီးပါတယ်၊၊ အင်တာဗျူးမေးခွန်းတွေမှာ အမှား အမှန်သတ်မှတ်ထားတာ မရှိပေမယ့် အလုပ်ရနိုင်မရနိုင်ဆိုတာ သင်ဘယ်လောက်ထိ အင်တာဗျူးမေးခွန်းတွေကို လိမ္မာ ပါးနပ်စွာ ဖြေနိုင်လဲဆိုတဲ့ အချက်အပေါ်မူတည်ပါတယ်၊၊ အင်တာဗျူးလာဖြေတဲ့ သူတွေအများကြီး ရှိတဲ့ အထဲက သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်တာလဲမေးလာတဲ့အခါကိုယ့်ရဲ့အရည်အချင်းနှင့်ကိုယ်ဘယ်လောက်ကိုက်ညီကြောင်းကိုအချိန်တိုတိုအတွင်း ပြောနိုင်ဖို့လိုပါတယ်၊၊ သူများနှင့် ယှဥ်တဲ့အခါ သင့်မှာဘယ်လိုအားသာချက်၊ဘယ်လိုအရည်အချင်းတွေရှိတယ်၊ ဒီအလုပ်ဟာ သင့် အရည်အချင်း၊ သင့် အနာဂါတ်နှင့်ဘယ်လောက်ထိ ကိုက်ညီတဲ့အကြောင်း ယုံကြည်ချက်ရှိရှိပြောတတ်ဖို့ လိုပါတယ်၊၊ ဒါကြောင့်ဒီမေးခွန်းတွေဟာအင်တာဗျူးတိုင်းမှာမေးလေ့ရှိတဲ့အတွက် ဒီလိုအချက်တွေကိုသိပြီး ကြိုတင်ပြင်ဆင်ထားရပါမယ်၊ ဒီလိုမေးခွန်းတွေမေးလာခဲ့ရင် ဘယ်လိုဖြေရမလဲ၊စသည်ဖြင့် အဖြေတွေကို ကြိုတင်စဥ်းစားထားခြင်းဟာ သင့်ရဲ့ အလုပ်အင်တာဗျူး50%ကိုအောင်မြင်သွားနိုင်မည့် အခွင့်အလမ်းတခုဖြစ်ပါတယ်🧑💻
Japanese N5,N4 Classes
Day & Online class တန်းခွဲသစ်များအတွက်အပ်နှံနိုင်ပါပီ🇯🇵
LZ-B🌎 09764125141
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bago