Shweyee Soe
မွေးမြူရေးအကျိုးဆောင်လုပ်ငန်း ကြက်စာ၊ဘဲစာ၊ဝက်စာ၊ခြံသုံးဆေးဝါးနှင့်ခြံသုံးပစ္စည်း၊ဘဲဥ
29/06/2023
29/06/2023
အဆိုးတွေ နောက်လိုက်တာ ချက်ချင်းရပ်။
ချစ်ခြင်းအားဖြင့်
ပြေခိုင်
29/06/2023
ထုံးအကြောင်း သောင်းပြောင်းထွေလာ
ချဉ်ရင်ထုံး ၊ ငန်ရင်ကန့် ဆိုတဲ့ စိုက်ပျိုးရေးဆရာကြီးတစ်ဦး၏ စကားပြန်လည်ကြားယောင်မိပါသည်။ များသောအားဖြင့် မိုးများသော ဒေသများရှိ စိုက်ပျိုးမြေများသည် မြေချဉ်နေတတ်ကြပြီး၊ မိုးနည်းသော ဒေသများတွင်တော့ မြေငန်တတ်ကြသည်ဟု မှတ်သားမိဖူးပါသည်။ မြေချဉ်ငံကိန်းဆိုသည်မှာ အင်မတန်မှအရေးကြီးလှပါသည်။ လူသားတို့၏ သွေးပေါင်ချိန် ကဲ့သို့ပင် ဉပမာ ပြုလိုမိပါသည်။ သွေးပေါင်ချိန်သိမှ ကုသမှုဆက်လက်လုပ်ဆောင်၍ရမည်ဖြစ်ပါသည်။ သွေးပေါင်မြင့်လွန်းလျှင် နှင့် နိမ့်လွန်းလျှင် အသက်အန္တရာယ်စိုးရိမ်ရသကဲ့သို့ပင်။ မြေချဉ်ငံကိန်း မြင့်လွန်းလျှင် (သို့မဟုတ်) နိမ့်နေလွန်းလျှင် သီးနှံပင်တို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ အချို့ပဲတီစိုက်ခင်းများတွင် မြေချဉ်လွန်းတာကြောင့် မည်သည့် မှိုရောဂါမှ မကျရောက်ပါပဲနှင့် ပဲပင်များသေသွားတတ်ကြသည်ကို ကြားဖူးပါသည်။ ဆေးရုံဆေးခန်းများသို့ နာမကျန်းဖြစ်၍ ဆေးခန်းပြချိန် ရောဂါမကုခင်သွေးပေါင်ချိန်ကြသကဲ့သို့ ၊ စိုက်ပျိုးရေးသမားတို့သည် လည်း အပင်မစိုက်ခင် မြေကြီးကို မြေချဉ်ငန်ကိန်းချိန်ကာ ၊ မြေချဉ်နေပါက ထုံးကိုထည့်၍ ၊မြေငန်နေပါက ကန့်ထည့်သွင်းစိုက်ပျိုးသင့်ပါသည်။ဒါ့ကြောင့် ဆရာကြီးဦးဖရက်သိန်းဖေရေးသားသော မြေဩဇာအမြင် နှင့် အခြားစာစုများ စာအုပ်မှ ထုံးအကြောင်းကို ကောက်နုတ်ဖော်ပြတင်ဆက်လိုက်ပါသည်။ တောင်သူဦးကြီးများ ဖတ်မှတ်လေ့လာ၍ မိမိတို့စိုက်ခင်းအတွက် အသုံးချနိုင်ပါစေကြောင်း ဆုတောင်းရင်း………………
ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုံးကို မလွဲမသွေအသုံးရန် လိုအပ်သောပစ္စည်းများအဖြစ် အသိအမှတ်ပြုထားကြသည်။ ဤနေရာတွင် ထုံးကျောက်တောင်များမှ ထုံးကျောက်များကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး အသုံးပြုကြသည်။ တစ်ဧကလျှင် တန်ချိန်တစ်တန် မှ သုံးတန်ကို သုံးနှစ်တစ်ကြိမ်ခန့် ထည့်ပေးကြသည်။ ထုံးထည့်အသုံးပြုခြင်းမှာ သီးနှံပင်အား ကယ်လ်စီယမ်ထောက်ပံ့ရန်ထက် အကြောင်းတစ်မျိုးကြောင့် အချဉ်ဓါတ်တိုးလာသော မြေဆီလွှာကို အချဉ်ဓါတ်လျော့ကျစေရန် အသုံးပြခြင်းဖြစ်သည်။ သီးနှံပင် အများစုသည် ပီအိတ်ချ်ကိန်း ၄ ဒဿမ ၅ မှ ၇ ဒဿမ ၅ အထိ စိုက်ပျိုးကြရာ အကြောင်းတစ်မျိုးကြောင့် ပီအိတ်ချ်ကိန်း နှိမ့်ကျသွားသောမြေဆီလွှာမှ အချဉ်ဓါတ်အာနိသင်ကို လျော့နည်းစေရန် ထိုသို့ ထုံးသုံးခြင်းဖြစ်သည်။ ထိုထုံးသည် မြေဆီလွှာမှ အချဉ်ဓါတ်ကို ပြုပြင်ခြင်းဖြင့် သီးနှံပင်များ မြေဆီလွှာမှအာဟာရများကို ပိုမိုကောင်းမွန်စွာ စုပ်ယူစားသုံးနိုင်သည်။ ထုံးသည် မြေဆီလွှာ စေးလွန်းခြင်း၊ဖွယ်လွန်းခြင်း နှစ်မျိုးလုံးကို သက်သာစေသည်။ ထုံးသည် ရောဂါပိုးမွှားများကိုလည်းအထိုက်အလျောက်နှိမ်နင်းပေးသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်ကိုင်စဉ်အတွင်း ဖြစ်ပေါ်လာသောအခက်အခဲများကို ကုစားရန် ထုံးကို မလွဲမသွေ အသုံးပြုရန်လိုအပ်သည်။
သို့သော်မြန်မာ့စိုက်ပျိုးရေးဈေးကွက်တွင် စိုက်ပျိုးရေးသုံးထုံးများကို မတွေ့ရပါ။ ဝယ်ယူသုံးစွဲသူများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ ထုံးကျောက်များကို မီးဖုတ်ပြီး ရေတောက်၍ အမှုန့်ပြုလုပ်ထားသော ထုံးများကိုကား ဈေးကွက်တွင် တွေ့နိုင်ပါသည်။ ဤထုံးမျိုးကို မဖောက်ထုံးဟုခေါ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ထုံးအမျိုးအစားဖြစ်သည်။ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်ကြောင့် စိုက်ပျိုးရေးသုံးထုံးဈေးဖြင့် မရောင်းနိုင်ပါ။ သို့သော် အချို့သောစိုက်ပျိုးသူများက မိမိတို့စိုက်ခင်းတွင် ဝယ်ယူအသုံးပြုနေကြရသည်။ တတိယထုံးအမျိုးအစားမှာ ကွမ်းစားထုံးမျိုးဖြစ်သည်။ မဖောက်ထုံးကို ရေအရှင်ဖြတ်စီးစေပြီး အခိုးသတ်ထားသောထုံးမျိုးဖြစ်သည်။ ဤထုံးမျိုးမှာ စိုက်ပျိုးရေးတွင် အသုံးပြုရန် ပိုခက်ခဲပါလိမ့်မည်။
အထက်ဖော်ပြပါထုံးမျိုးနှင့်မတူသော ထုံးတစ်မျိုးရှိသေးသည်။ အချို့က ကျောက်မှုန့်၊ လချေးမှုန့်ဟုလည်း ခေါ်ပါသည်။ ဓါတုပစ္စည်းအနေဖြင့် ကယ်လ်စီယမ်ဆာလ်ဖိတ် CaSO4 ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် အသုံးပြုနေသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိမ့်စွဲသောမြေကို ပြုပြင်ရန် အသုံးပြုခြင်းဖြစ်သည်။ ဤဓါတ်ပေါင်းမှာ မြေဆီလွှာအချဉ်ဓါတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိပါ။ မလိုအပ်ပဲ အခြေအနေမရွေး အသုံးပြုလျှင်ကား ငွေကုန်ကျရကျိုးနပ်နိုင်မည် မဟုတ်ပါ။
credit ----------to ထွက်တိုး
#စိုက်ရေးပျိုးရေးဗဟုသုတပေး
29/06/2023
#သုံးရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ (ဇွန် ၂၈ ညနေ ၃ နာရီ - ဇွန် ၃၀ ညနေ ၃ နာရီ)
===================================
#လာမယ့်သုံးရက်အတွင်းမှာတော့ မိုးများနိုင်တဲ့ဒေသအချို့ရှိနေနိုင်သေးပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆိုရင်တော့ မိုးပြန်လျော့လာတော့မှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
🌦အခုလို မိုးတွေပြန်လျော့သွားတာ ဘာကြောင့်လဲ၊ လာမယ့်သုံးရက်အတွင်း မိုးများနိုင်သေးတာ ဘယ်ဒေသတွေလဲ၊ ဘယ်ဒေသတွေမှာ မိုးတွေလျော့သွားမလဲဆိုတာနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
#မိုးပြန်လျော့လာနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေကြောင့်လဲဆရာ..
🌦“ မုတ်သုံက အိန္ဒိယဘက်ကို ဝင်နေပြီဆိုတော့ ဘင်္ဂလားပင်လယ်အော်ဘက်မှာရှိတဲ့ မိုးတိမ်တောင်တွေက ပထမတော့ အရှေ့ဘက်ကိုရွေ့တယ်။ အခုကျတော့ မြောက်ဘက်ကိုပိုတက်ပြီး မုတ်သုံလေစီးကြောင်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ပတ်ပြီးတော့ဝင်တော့ မိုးတိမ်တော်တော်များများ အဲ့ဒီဘက်ကို ပါသွားတယ်။ ကျနော်တို့ဘက်ကိုလာတာကျတော့ အရှေ့ဘက်ကလာတဲ့ မိုးတိမ်တွေပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒီမိုးတိမ်တွေကမြင့်တယ်။ အလယ်ပိုင်းမှာကျတော့ နေ့အပူချိန်တွေကမြင့်လာတော့ ဒီတိမ်တွေက မိုးရွာဖို့ မလုံလောက်ဘူးပေါ့။ အဲ့ဒီအနေအထားမျိုးတော့ လောလောဆယ်ဖြစ်နေတယ်”
🌦“ ပြီးတော့ ရက်ဝေးအနေအထားအရလည်း ဇူလိုင်လ ပထမပတ်လောက်ထိ ထူးခြားဖြစ်စဉ်မျိုးမရှိသေးဘူး။ ပြောချင်တာက လေဖိအားနည်းရပ်ဝန်းတို့၊ မုန်တိုင်းတို့ ကပ္ပလီပင်လယ်ပြင်ဘက်မှာဖြစ်နိုင်တာမတွေ့သေးဘူး။ ဆိုတော့ မိုးကတော့ ပြန်ပြီးအားနည်းနေမယ့်သဘောရှိတယ်”
#ဆိုတော့ မိုးဆက်များနေနိုင်သေးတာ ဘယ်ဒေသတွေဖြစ်မလဲ..
🌧 မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တွေမှာ တော့ မိုးဆက်များနေနိုင်သေးတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းဆိုရင်တော့ ခန္တီးအထိသွားတာပေါ့။ အဲ့ဒီနေရာတွေမှာကတော့ ၂ လက်မခွဲအထက်ထိ မိုးရေချိန်များနိုင်သေးတယ်။
#မိုးနည်းသွားနိုင်တာက ဘယ်ဒေသတွေဖြစ်မလဲ..
🌦 မိုးအလယ်အလတ်ရွာနိုင်သေးတဲ့ဒေသတွေ (၁ လက်မနှင့်အထက်) ကို အရင်ပြောရရင် ရခိုင်ပြည်နယ်တစ်ခုလုံး၊ ပဲခူးတိုင်းအနောက်ခြမ်း ပြည်အထိပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာတော့ ညောင်လေးပင်ဝန်းကျင်မှာကတော့ ၂ လက်မလောက်အထိဆိုတော့ မိုးနည်းနည်း များနိုင်တယ်။ ကညွတ်ကွင်းအထက် ဖြူး၊ တောင်ငူဘက်မှာတော့ မိုးရေချိန် ၁ လက်မဝန်းကျင်ပဲရှိတယ်”
🌦“ ဧရာဝတီတိုင်းမှာလည်း မိုးရေချိန် ၁ လက်မအထက်၊ ၂ လက်မလောက်ထိ ရှိနိုင်တယ်။ ရန်ကုန်တိုင်းမှာလည်း နောက်သုံးရက်အတွင်းဆိုရင် ၁ လက်မခွဲပတ်ဝန်းကျင်တော့ ရွာနိုင်သေးတယ်။ မိုးကတော့ လျော့တော့ လျော့သွားတာပေါ့။ ရှမ်းပြည်နယ်ဆိုရင်လည်း တောင်ပိုင်းရော၊ မြောက်ပိုင်းရော ၀.၅ ကနေ ၁ လက်မဝန်းကျင်လောက်ထိပဲ ရှိမယ်”
🌦 “ နောက်ထပ်မိုးအနည်းဆုံးဖြစ်နိုင်တဲ့ဒေသတွေကို ပြောရမယ်ဆိုရင်တော့ မန္တလေးတိုင်းအောက်ပိုင်းပေါ့။ သူက နေပြည်တော်ထိပါတယ်။ ပြီးတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေပါမယ်”
🌦 “ အဲ့ဒီနေရာတွေမှာက သုံးရက်အတွင်းမှ ၀.၀၂ လက်မပဲဆိုတော့ တော်တော်ကိုနည်းတာ။ အဓိကကတော့ နေ့အပူချိန်တွေမြင့်တက်နေလို့။ Dew Point (ငွေ့ရည်ဖွဲ့မှတ်) နဲ့ကိုက်ဖို့ တော်တော်မလွယ်ဘူး။ (အပူချိန် - ငွေ့ရည်ဖွဲ့မှတ် ကိုက်ညီမှ မိုးရွာနိုင်)။ အဓိကကတော့ အလယ်ပိုင်းဒေသတွေပေါ့”
🌦 “ မြို့နယ်အနေနဲ့ပြောမယ်ဆိုရင် မကွေး၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်း၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တွေပေါ့။ နောက်ဆုံး ရှမ်းအရှေ့ဘက်က ရွာငံတောင်ပါနေတယ်”
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Green Way app ယူရန်👇
Android - https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/greenwayviber
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#မိုး
#မိုးလေဝသ
29/06/2023
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Khayan-Bago Road(ပဲခူး-ခရမ်းလမ်းမကြီ)
Bago
08093
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |